Steemit ကချိုသလား ခါးသလား အရသာလေးသိပါရစေ

in #myanmar7 years ago

bobo (1).jpg

မြန်မာစတီးမစ်မိသားစုအားလုံး မင်္ဂလာပါခင်ဗျာ
ဒီနေ့တော့ စတီးမစ်နဲ့ပါတ်သက်တဲ့ရင်တွင်းခံစားချက်လေးတွေ အတွေ့အကြုံလေးတွေရင်ဖွင့်ပါရစေ
ကျွန်တော်စတီးမစ်ကို လုပ်ကိုင်လာသည်မှာ ငါးလတင်းတင်းပြည့်ခဲ့လေပြီ။ ဒီငါးလအတွင်းမှာ အကျိုးတစ်စုံတစ်ရာ လည်းရှိခဲ့ပြီ
ဖြစ်လေ၏။အများသူငါလိုပင်လျှင် နေ့စဉ်ပုံမှန်အလုပ်အကိုင်များကြားကနေဘဲ စတီးမစ်အလုပ်အပေါ် မိမိစွမ်းဆောင်နိုင်
သမျှ အားအင်တို့အား ရာနှုန်းပြည့်စိုက်ထုတ်လုပ်ဆောင်ကြိုးစားခဲ့ပါလေသည်။ လောဘကြီးသည်
ဟုတော့ သတ်မှတ်လို့မရပါ။ ယခုလောက်ဖြစ်တည်လာသည်ကို သိပ်အားမရလှ။ ဆက်လက်ပြီး အင်ပြည့်အားပြည့်ဖြင့်
ရှေ့တိုးလုပ်ဆောင်သွားရန်တို့အား အတွေးနယ်ချဲ့နေမိသည်။ မိမိမှားယွင်းစွာလျှောက်ခဲ့သည့်လမ်းတို့လည်းရှိသည်။
မှန်ကန်စွာလုပ်ဆောင်ခဲ့သည်တို့လည်းရှိလေသည်။ အကျိုးရှိသည့်အခါများရှိခဲ့သလို အကျိုးမဲ့သည့်အခိုက်အတန့်တို့သည်
လည်းရှိခဲ့ပါလေသည်။ရှေ့ဆက်လျှောက်ရမည့်လမ်းခရီးအတွက် ခဏတာမျှရပ်တန့်ပြီး တွေးတောကြံစည်စိတ်ကူးလို့
နေမိလေသည်။
vuxns9prkof3y3bgn0xs.jpg
ဒီအလုပ်ကိုစတင်လုပ်ကိုင်ပြီး နှစ်လခန့်အကြာတွင် ဒီအလုပ်ရဲ့အဆင်ပြေသည့်အခြေအနေနဲ့ ရှေ့အလား အလာတို့အား
ရိပ်စားမိလာလေသည်။ သို့နှင့် မိမိအဆင်ပြေသလို မိမိအကျိုးရှိသလို ရရှိနိုင်စေရန်အတွက် မိမိနှင့်နီးစပ်သူများအား ရှင်း
ပြပြောဆိုစည်းရုံးကာ မိမိလျှောက်သောလမ်းသို့ လက်ကမ်းခေါ်ခဲ့သည့်လူများစွာရှိလေသည်။မိမိစွမ်းဆောင်ရည် လိုအပ်
ချက်ကြောင့်ထင်ပါသည်။ ဒီလမ်းပေါ်သို့မိမိတင်ပေးလိုက်သူသည် ယခုအချိန်ထိ နှစ်ယောက်သာရှိလေသည်။ တစ်ယောက်
မှာခင်မင်ရသူ မိတ်ဆွေတစ်ဦးနှင့် ကျန်တစ်ယောက်မှာ မိမိရဲ့ ညီငယ်တစ်ဦးဖြစ်လေသည်။ ထိုသူနှစ်ဦးသည်သာ ယခုတိုင်
စတီးမစ်လမ်းပေါ်တွင် မိမိနှင့်အတူ ယုံကြည်စွာ ကြိုးစားလျှောက်လှမ်းလျှက်ရှိကြလေသည်။စတီးမစ်ရဲ့အကျိုးကျေးဇူးကို
လည်းသူတို့ ခံစားဖူးပြီဖြစ်ကြသည်။ ဆက်လက်ပြီးခံစားစံစားနိုင်ရန်လည်း အားထုတ်လျှက်ရှိကြသည်။ဆိုလိုချင်တာက
သူတို့သည် စတီးမစ်မှဒေါ်လာများအား အပြင်သို့ရောက်အောင် ထုတ်ယူနိုင်သည်အထိ ကျွမ်းကျင်နေကြပြီလို့ပြောချင်ပါ
လေသည်။မိမိကိုယ်တိုင်ကသာ စတီးမစ်ရဲ့ အရသာက ချိုသလား ခါးသလား အရသာတောင်မသိသေးတာပါ ကိုယ်သင်ပေး
လိုက်တဲ့သူတွေက သျှာအရင်းမြတ်နေကြပြီးဖြစ်၏။ဘယ်လိုဖြစ်ပါစေ သူတို့ရဲ့အပြုံးတွေကိုကြည့်ပြီး များစွာပီတိဖြစ်ရပါသည်။

eight_col_01-QEII-Wave.gif
နီးစပ်သူမိတ်ဆွေအတော်များများကို ဒီအလုပ်အားပြောပြပါသည်။ထိုသို့ပြောလေတိုင်း မိမိအား အရူးတစ်ယောက်လို
လိမ်ညာပြောဆိုနေသူတစ်ယောက်လို မယုံကြည်သောသံသယမျက်လုံးများနှင့်ဦးစွာဝိုင်းကြည့်ကြလေသည်။ထို့နောက်
မိမိအား ဂရုဏာတစ်ပိုင်း လှောင်ပြောင်ကဲ့ရိသော စကားတစ်ပိုင်းတို့နှင့် ရောသမမွှေထားသော စကားလုံးများနှင့် မေး
ခွန်းများမေးလို့သူတို့ထင်ရာမြင်ရာ လက်ခံယုံကြည်ထားရာ အသိပညာအဟောင်းအနွမ်းများနှင့် မိမိစကားကို ဆုံးအောင်
ပင်နားမထောင်ဘဲ တုန့်ပြန်ပြောဆိုလေတော့သည်။ထိုနေ့ထိုအချိန်မှစလို့ ယနေ့ထိ မိမိသည် နောက်ထပ်စကားဝိုင်းတစ်ခု
နောက်ထပ်သူတစ်ထူး တစ်ဦးတစ်ယောက်ကိုမျှ ဒီအလုပ်နှင့်ပါတ်သက်သော စကားကို ယောင်လို့တောင် မပြောဖြစ်တော့
ပါလေ။မှန်ပေသည်။ လူအတော်များများသည် စာမဖတ်ကြတော့ ။ အသစ်အသစ်တွေကို လက်ခံနိုင်သော လက်ခံချင်သော
ဓါတ်ခံများလည်း အားနည်းလို့နေကြသည် စိတ်မကောင်းဖွယ်တွေ့မြင်လိုက်ရပါလေသည်။
brothers cartoon.jpg
ထို့နောက်ပိုင်းမှအစပြုလို့ မိမိသည်ကိုယ့်အလုပ်ကိုသာ အာရုံစိုက်လို့လုပ်ဆောင်ပါလေသည်။မိမိစကားပြောကျွံထားမိသူ
များက မိမိလုပ်နေသောအလုပ်ကို ဆက်လက်လှောင်ပြောင်သောအကြည့်တို့ဖြင့်ယနေ့တိုင်ကြည့်လျှက်ရှိကြလေသည်။
မကောင်းတက်လို့သာ လူရှေ့တွင်မပြောခြင်းဖြစ်သည်။ ကွယ်ရာတွင်တော့ အားတိုင်းနားတိုင်း အရေမရအဖတ်မရ
မစားရ၀ခမန်း သူများပြောတိုင်း ပိုက်ဆံရမယ်ဆိုပြီးလုပ်နေတာ စသည် စသည် စသဖြင့် စကားများကိုကြားသိရလေသော
အခါ ထိုသို့ပြောသူများအား အလွန်ပင်သနားဂရုဏာသက်မိပါလေသည်။ ဘာမှတော့မပြောဖြစ်တော့ ပြုံး၇ုံလေးသာ ပြုံးလို့
ကြည့်နေမိပါလေ၏။ ထိုသို့ပြောတက်သောသူများအကြောင်း အနည်းငယ်ပြောလိုသေးသည်။ ထိုသူတို့သည်ယခုအချိန်
တွင် ဖေ့ဘွတ်ဆိုတာကြီးကို ခေါင်းမထောင်တမ်းသုံးနေကြသူများ ဖေ့ဘွတ်ပေါ်မှသတင်းအတင်းများအား စကားဝိုင်းတွင်း
ထည့်သွင်းကာ ဆွေးနွေးငြင်းခုန်တက်သူများဖြစ်ကြလေ၏။ထိုသူတို့အသုံးပြုနေသော ဖေ့ဘွတ်အကောင်းများရဲ့ကနဦး
အကောင့်များသည်ကား မိမိရဲ့စွမ်းဆောင်ပေးမှုကြောင့် ဖေ့ဘွတ်စာမျက်နှာပေါ်သို့ ထိုသူတို့ရဲ့ပုံများ ပထမဆုံးရောက်ရှီ
ခဲခြင်းလည်းဖြစ်လေသည်။
bobo (2).jpg
ဟိုတုန်းက ဖေ့ဘွတ်အကောင့်တစ်ခုရဖို့ ဘယ်လိုအခြေအနေကိုဖြတ်သန်းခဲ့ရသည်ကိုအားလုံး
အသိပင်ဖြစ်ပေမည်။ ဟုတ်ကဲ့ပါ ထိုအခြေအနေသို့ နောက်တစ်ကျော့ပြန် တစ်ခါတစ်ခေါက် ရောက်ပြန်ပါဦးမည်။
စတီးမစ်အကောင့်တစ်ခုရဖို့အရေး ထိုသူများ တိုင်ပတ်ကြပါဦးမည်။ ဖေ့ဘွတ်လို ခပ်လွယ်လွယ်အကောင့်တစ်ခုတောင်
ရအောင် မလုပ်တက်ခဲ့သူများ စတီးမစ်အကောင့်ရဖို့အရေး မိမိအား ဆရာတင်ကြပေတော့မည်။ အဲ့ဒီအခါမှ နရင်းရိုက်ပြီး
တစ်ယောက်လျှင်တစ်ခုကျ မက လုပ်ပေးပါဦးမည်။ ယခုတော့ သူတို့အထင်အမြင်များအား မသိယောင်ဆောင်လျှက်
မိမိရဲ့စတီးမစ်မှရသောနေ့စဉ် ၀င်ငွေအား သာသာယာယာ ရှာဖွေရင်းနေလိုက်ပါဦးမည်။သိပ်မကြာတော့မဲ့အချိန်တစ်ခု
တွင်တော့ ပြောခဲ့ဖူးသလိုပါဘဲ ဟိုကလဲစတီးမစ် ဒီကလဲစတီးမစ်နဲ့ အုတ်အော်သောင်းနင်း အိုးနင်းခွက်နင်းဖြစ်ကြမဲ့
အချိန်ကတော့နီးသထက်နီးလို့လာချေပြီ။ဆရာများကတော့ ဒီထက်များစွာ စိတ်ပင်ပန်းကိုယ်ပင်ပန်းဖြစ်ကြပါပေဦးမည်။
Diverse-family.jpg
ဟုတ်ကဲ့ခင်ဗျာ ကျွန်တော်လဲ ပြောချင်ရာပြောရေးချင်ရာရေးဆိုသလိုတောင်ဖြစ်နေပါပြီလေ
အစကတော့ ကျွန်တော့်ညီငယ်လေးအကြောင်းကို ရေးမယ်ဆိုပြီး ဦးတည်ထားတာပါ သို့သော်လည်း ရေးရင်းက ဟိုလူ
တွေအကြောင်းရောက်သွားခဲ့ရပါတယ်။အဲလိုဘဲ ဘာရေးရမယ်မှန်းမသိတဲ့အခါ တစ်ခုခုသာကောက်ရေးလိုက် ရေးစရာ
ကတစ်ခုမကထွက်လာလိမ့်မယ်လို့ ဆရာ့ဆရာတွေပြောထားတာတွေတောင်ပြန်ပြောင်းသတိရမိပါသေးတယ်လေ။
ခုတော့ဒီလောက်နဲ့ဘဲ နားပါဦးမည်။ နောက်တစ်ခေါက်မှသာ ညီငယ်လေးအကြောင်းကိုဆက်ရေးပါတော့မည်။
လေးနက်သောစာများမဟုတ်လင့်ကစား ကိုယ်တိုင်ရေးစာများဖြစ်လေသောကြောင့် မိမိသည်များစွာ လိပ်ပြာလုံပါသည်။
စတီးမစ်အကောင့်တန်ဖိုးတက်လာလေ စောင့်ထိန်းရမယ့် စည်းကမ်းကိုလည်း အလိုလိုထိန်းကျောင်းပြီးသားဖြစ်လေလေ
ဆိုတာကိုတော့ လုပ်ရင်းကိုင်ရင်းသဘောပေါက်နားလည်လာရပါသည်။ယခုမှစတင်လုပ်ကိုင်သူများလည်း ယခုလိုအသိ
များစောလျှင်စွာ သိရှိကြမည်ဆိုလျှင် ကိုယ့်အတွက်များစွာအထောက်အကူဖြစ်ပါသည် ဆိုတာကိုလည်း စကားပိုလေး
အဖြစ်ထည့်သွင်းလိုက်ရပါသည်။

မြန်မာညီအစ်ကိုမောင်နှမများအားလုံး စတီးမစ်လမ်းမထက်မှာ ချမ်းသာ အောင်မြင်နိုင်ကြပါစေဗျာ..........

image
Author : @bobokyaw
Photos credit; Google Image
MSC-060

Sort:  

Good ပဲ ကိုဘိုဘိုရေ
ကျွန်တော်တော့ အစ့်ကိုမှီနိုင်မယ် မထင်ဘူး
အစ်ကိုက စက်ဘီးစီးနေချိန် ကျွန်တော်က ခုမှလမ်းလျှောက်နေတုန်းပဲဖြစ်နေတာ။
Steemitကိုက တခြားသူတွေပြောပြလမ်းပြပေးရင်
အချိန်လည်းကုန်သေးတယ် အပြောလည်းခံရ လှောင်တာလည်းခံရနဲ့။
တစ်ကယ်လုပ်ချင်တဲ့သူတွေကိုပြောပြပေးရတဲ့အခါတော့ပျော်မိပါတယ်။
ကျွန်တော်လည်း အစ်ကို့ Spကို ကြည့်ပြီး အားကျနေတာ
တစ်ဖြေးဖြေးပဲနောက်ကလိုက်ခဲ့ပါတော့မယ် ကိုဘိုဘိုရေ။

ကျေးဇူးပါ ကိုမိုးဇော်ရေ
တကယ်တော့ သိပ်မကွာသေးပါဘူး
ဒီလိုဘဲ မှန်မှန်လျှောက်နေဖို့သာလိုရင်းပါ
ကျွန်တော်နဲနဲကံကောင်းတာက အက်ဘီဒီနဲ့ စတင်းဈေးကွာ
ခြားတဲ့အချိန်မှာ ရှိသမျှအားလုံး စတင်းထဲကို ရဲရဲတင်းတင်းပစ်ထည့်လိုက်တာက အကျိုးဖြစ်ထွန်းလာတာပါ
နောက်တစ်ချက်က ကျွန်တော်ဘုတ်တွေကို အားကိုးပါတယ် စိတ်ရှည်ရှည်နဲ့ဘုတ်ရင် သူ့အသွားအလာနား
လည်လာရင် အကျိုးအမြတ်ရှိပါတယ်။ ရပ်လိုက်စောင့်ကြည့်လိုက်ဘုတ်လိုက်ဒီလိုဘဲလုပ်လာခဲ့တာပါ
အပြင်ကနေ၀ယ်ထည့်တာလဲ အနည်းအကျင်းတော့ရှိပါတယ် ဖီးကြေးများတော့ ခုနောက်ပိုင်းမ၀ယ်ရဲတော့ဘူး မှန်မှန်သာချီတက်ပါကိုမိုးဇော်ရေ ဒါကအစဘဲရှိပါသေးတယ်
ထင်မှတ်မထားတဲ့အပြောင်းအလဲတွေလာပါဦးမယ်
ဆက်လက်ပြီးကံကောင်းဖို့တော့ စောင့်ကြည့်ဆဲပါဘဲ

ဟုတ်
ကိုဘိုဘိုရေ
မှန်မှန်တော့လျှောက်နေပါတယ်ဗျ
ကိုဘိုဘိုကို အားကျမိတာတော့အမှန်ပဲ
တစ်ဖြေးဖြေးတော့ ကိုဘိုကို မမှီပေမယ့်
ကိုဘို ခုရောက်တဲ့ပမာဏ ကျွန်တော်လည်းရောက်ရမယ်လို့ 
ယုံကြည်တယ်ဗျာ

မြန်​မာလူကအများစုမှာOnline making moneyနှင့်​မရင်းနှီးကြ​သေးပါ။ မသိသူများအားရှင်းပြရသည်​မှာ လွန်​စွာခက်​ခဲပါသည်​။မယုံသင်္ကာနှင့်​လည်း​လှောင်​​ပြောင်​ခံခဲ့ရပါသည်​။Good post.steemitမှာဒီထက်​​အောင်​မြင်​ပါ​စေ; bro.

ဟုတ်ကဲ့ခင်ဗျ
ကျေးဇူးတင်ပါတယ်ခင်ဗျ

wow!!!

Thanks

မယုံတဲ့သူတွေအတွက် အချိန်မပေးနဲ့ ကိုဘိုဘိုကျော်ရေ

ဟုတ်တယ် ညီမရေ
နောက်မှ ဘဲ နောက်ကျတဲ့အတိုင်း
သူတို့လိုက်လာကြမှာပါ

ကျေးဇူးတင်ပါတယ်ဗျ

steemitကချိုပါတယ်။အရေးအသားအရမ်းကြိုက်မိပါတယ်

ကျေးဇူးတင်ပါတယ်ဗျာ
အမှန်ပြောရရင် အရေးပိုင်းက မကျွမ်းကျင်ပါဘူး
အဆင်ပြေအောင်တော့ ဒီလိုဘဲလုပ်ကြရတာပါဘဲလေ

ကျွန်တော်ကတော့ steemit ရဲ့ ချိုမြိန်သော အရသာကို သိရှိပြီး သောက်သုံးနိုင်ဖို့ ကြိုးစားနေပါပြီဗျ

မနားတမ်းဆက်တိုက် လုပ်ဆောင်ပါလို့ တိုက်တွန်းပါတယ်ခင်ဗျ

ကျေးဇူးးပါခင်ဗျ

ခါးချိုစိမ့် လေးပါအကို 😁😁😁

အေး ညီပြောသလိုဆိုရင်တော့ အရသာအတော်ကောင်းမဲ့သဘောဘဲ
အစ်ကိုကတော့ နောက်နှစ်မှ မြည်းစမ်းကြည့်တော့မယ်

ဟုရယ် steemit အကြောင်းပြောရင် အဲ့လိုဘဲ ပြောကြတာပါဘဲလေ

လွယ်လွန်းရင်လည်း မကောင်းဘူး ကိုဒိုမီရေ
သူတို့နောက်မှသိကြမှာပါ

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.026
BTC 57142.47
ETH 2437.81
USDT 1.00
SBD 2.39