Steem Power ဘယ်လိုစုခဲ့သလဲ (3)
စတီးမစ်ငွေလမ်းမကြီးထက်မှာ ယုံကြည်ချက်နဲ့မျှော်လင့်ခြင်းတွေကို ရင်ဘက်ကြီးထဲထိုးသိပ်ထည့်ပြီး ကြိုးစားနေကြသော
မြန်မာ ညီအစ်ကိုမောင်နှမများ အားလုံး မင်္ဂလာပါခင်ဗျာ။
အရင်နေ့က အဆက်လေးကိုပြန်ရေးပါ့မယ်။ ဘယ်နေရာရောက်သွားပါလိမ့်။ တင်ထားတဲ့ ပို့စ်တွေ တန်းစီနေတဲ့နေရာ
ရောက်ပြီ ဟုတ်ကဲ့ အဲ့ဒါကနေပြန်စပြောပါ့မယ်။ တစ်ရက်ကို ပို့စ်နှစ်ပုဒ်လောက် ပုံမှန်တင်တယ်ပေါ့အရင်က။ တစ်ရက်
တော့ ဘာစိတ်ကူးရတယ် မမှတ်မိတော့ဘူးဗျာ တစ်ရက်ကို ပို့စ် လေးငါးပုဒ်တင် မိတယ်။ စာတွေအဲ့လောက်ရေးနိုင်တယ်
လို့တော့ မထင်လိုက်ပါနဲ့ဦး။ ဖုန်းကင်မရာလေးနဲ့ တွေ့ကရာရိုက်ထားတဲ့ပုံလေးတွေကို တင်တာပါ။ တင်တာမှ အယ်လဘမ်
ပုံစံနဲ့တင်ရကောင်းမှန်းမသိသေးဘူး။ ဓါတ်ပုံတစ်ပုံ ပို့စ်တစ်ခု လုပ်ပြီးတင်တာပေါ့။ တစ်ရက်ထဲ ဓါတ်ပုံရှစ်ပုံလား ဆယ်ပုံ
လားမသိတော့ဘူး။ အဲ့လိုတွေတင်ပစ်လိုက်တာ။ဘာစာမှထည့်မရေးဘူး ။နောက်မှ စာလေးဘာလေး သုံးလေးငါးကြောင်း
ဖုတ်ပူမီးတိုက် လိုက်ထည့်ရေးရပါတယ်။အဲ့ဒီလို လုပ်မိတာ အမှားတစ်ခုကျူးလွန်မိတာ ဆိုတာလဲ နောက်မှသဘော
ပေါက်ရပါတယ်။ ခုချိန်တင်ပါလို့ အက်ဘီဒီတွေ အလကား ပေးပြီးခိုင်းရင်တောင် ကျွန်တော် မတင်တော့ပါဘူး။
မတင်ရဲတော့ပါဘူး။အဲ့ဒီလို မတင်သင့်ဘူးလို့ လေ့လာမိထားလို့ပါ။
မထင်မှတ်ဘဲ ပို့စ်အရေအတွက် များစွာတင်ထားမိသွားတယ်ပေါ့။မနက်ခင်းနဲ့ နေ့ခင်း အလုပ်ခဏလေးအားရင် နားရင်
ဖုန်းလေးပွတ်ပြီး ကောက်တင်လိုက်တာပါဘဲ။ ညပိုင်း အေးအေးဆေးဆေး အနားယူချိန်ရောက်တဲ့အခါ မှာတော့ ဘုတ်ပါ
ပြီ ထွက်လာသမျှ အက်ဘီဒီ လက်ထဲပူအောင်မကိုင်ထားပါဘူး အခုထွက်အခုတန်းဘုတ်ပစ်တာပါဘဲ။တင်ထားသမျှအကုန်
ဘုတ်တယ်။ပို့စ်တစ်ခု ငါးဒေါ်လာ သုံးပြီး ဘုတ်ပါတယ်။ ဘုတ်လုပ်ပြီး တွက်ကြည့်တာ ပို့စ်တစ်ခုကို 1.00 စတင်းလောက်ရယ်
1.500 အက်ဘီဒီရယ် မြတ်ပါတယ် ။ ဘုတ်တာပေါ့ဗျာ အဲလောက်ကို ချက်ချင်းမြတ်နေတာ။ဒါတောင် လက်ထဲရှိတာလေး
ကိုဘဲ ပါတ်လည်ဘုတ်နေတာနော်။ အပြင်ကနေ အက်ဘီဒီ တစ်ရာ ၀ယ်ဖို့လိုက်မေးပါသေးတယ်။ ဘယ်သူမှမရောင်းပါ
ဘူး။ဝယ်နေကျမဟုတ်တာရယ်။ရောင်းမဲ့သူနည်းတာရယ်။ အက်ဘီဒီ တစ်ရာကိုင်ထားသူလည်းမရှိတာနောက်မှသိပါတယ်။
ဘလော့ထရိတ်တို့ဘာတို့ကနေ၀ယ်လို့မရဘူးလား မမေးပါနဲ့ဗျာ။ အရင်တစ်ခါနှစ်ခါ ၀ယ်ဖူးပါတယ်။ ဆင်ဖိုးထက်ချွန်းဖိုး
ကြီးနေလို့ ပေးရတာနဲ့ပြန်ရတာ မကာမိလို့ မ၀ယ်ရဲတော့ပါဘူး။ တကယ်လို့သာ အဲ့တုန်းက အက်ဘီဒီ တစ်ရာဝယ်တာများ
အောင်မြင်ခဲ့ရင် ခုချိန်အကျိုးအမြတ်က ဒီထက်နှစ်ဆနီးနီးလောက်တော့ရှိရောပေါ့။ လွတ်တဲ့ငါး အတော်ကြီးသွားပါတယ်
ဟုတ်မဟုတ် အောက်ဖော်ပြပါ အကြောင်းကို ဖတ်ကြည့်ပါလေ။
ကျွန်တော့်အတွက် လှေကားအထစ်တွေကျော်တက်ခွင့်ရမယ့် နေ့ကတော့ရောက်လို့လာပါတော့တယ်။အက်ဘီဒီအတက်
မှာ စတင်းကမလိုက်လာတဲ့အတွက် အက်ဘီဒီကို စတင်းသို့ချိန်းလိုက်တာမှာ များစွာအကျိုးအမြတ်ရခဲ့တယ်။ ဟော...အခု
လာပါပြီ အက်ဘီဒီတန်ဖိုးနောက်ကို စတင်းကလိုက်လာတယ်။လက်ထဲမှာ အက်ဘီဒီမကိုင်ထားပါဘူး ရှိလဲမရှိတော့ပါဘူး
ရှိသမျှ အက်ဘီဒီတွေကလဲ ခုနှစ်ရက်မပြည့်သေးတဲ့ ပို့စ်တွေထဲမှာပါ။
ဒါပေမယ့်ကျွန်တော် များစွာအကျိုးအမြတ်ထပ်ရပြန်ပါတယ်။ပို့စ်တစ်ပုဒ်ကို ငါးဒေါ်လာအမြဲဘုတ်ခဲ့တယ်နော်။အဲ့ဒီလိုခုနှစ်
ရက်မပြည့်သေးတဲ့ပို့စ်များစွာရှိနေခဲ့တယ်ပေါ့။ပို့စ်တစ်ခုကို ဆယ့်ခုနှစ်ဒေါ်လာနားလောက်စီရှိနေတာတွေက စတင်းအတက်
မှာ သူတို့လဲလိုက်တက်သွားလိုက်ကြတာ လေးဆယ် လေးဆယ့်ငါးဒေါ်လာလောက်အထိဖြစ်ကုန်ပါတော့တယ်။ကျွှန်တော်
ထခုန်ပြီပေါ့ဗျာ။ အချိန်အခါကျတယ်ဘဲပြောရမလား တိုက်ဆိုင်မှုက အတိအကျရောက်လာတယ်ဆိုရမလား မည်သို့ပင်
ဆိုစေကာမူ........ ကျွန်တော်ပထမမူလရည်မှန်းထားသည့် တစ်နှစ်ပြည့်ရင် ပါဝါ တစ်ထောင်စုနိုင်ရမည်ဆိုတဲ့ ရည်မှန်းချက်
ဟာဆိုရင် စတင်းဈေးအပြောင်းအလဲတစ်ခုမှာတင် တစ်နှစ်မပြည့်သေးဘဲ ငါးလသားအရွယ်မှာ
ပြီးမြောက်ပြည့်စုံသွားပါတယ်။ ပြီးပြည့်စုံသွားတာထက်တောင် ကျော်လွန်သွားခဲ့ရပါတယ် သာလွန်ခဲ့ရပါတယ်။
နောက်ရည်မှန်းချက်အတွက် ကြီးမားသောအထောက်အပံ့တစ်ခု ဖြစ်စေခဲ့ပါတယ်။
ဒီနေ့လဲ ဒီနားမှာခဏရပ်ထားပါရစေဦး။နောက်နေ့မှာတော့ ကျွန်တော် ဒီလိုဘုတ်တွေကို သရဲမရဲစီးဘုတ်ဖြစ်အောင်
သင်ပြပေးခဲ့တဲ့မြင်ဆရာနှစ်ဦးရဲ့ အကြောင်းရယ် ဘုတ်တွေအပေါ်ကျွန်တော့်ရဲ့အမြင်ရယ် လက်ရှိယနေ့ဘုတ်တွေရဲ့
အခြေအနေအတွေ့အကြုံတို့အားဆက်လက်ဖေါ်ပြပါဦးမည်လို့အမြည်းပေးပါတယ်။
ကိုယ်တိုင်အတွေ့အကြုံအား လက်တန်းချရေးရသည်ဖြစ်သောကြောင့် ပညာရှင်များ ၀င်ရောက်ဖတ်ရှုမိခဲ့ပါလျှင်
အမှားအယွင်းများ တင်ပြပုံအဆင်မပြေမှုများအား စာနာနားလည်းပေးပါလို့တောင်းဆိုပါတယ်။
စတီးမစ်ငွေလမ်းမကြီးထက်က ရွှေမြန်မာများအားလုံး ကိုယ်စီကိုယ်ငှ ချမ်းသာကြွယ်ဝနိုင်ကြပါစေဗျာ။
Author : @bobokyaw
Photos credit; Google Image
အခုလို မအားလပ်တဲ့ကြားကနေ postတွေရေးသားပေးတဲ့အတွက် ကျေးဇူးပါဗျာ....။ တကယ်တန်ဖိုးရှိတဲ့ စာတွေပါ။
ကျေးဇူးတင်ပါတယ်ဗျာ
I am unable to understand but it is looking a bit similar to Tamil an Indian language
Thanks
1.80% @pushup from @bobokyaw
Thanks you
Thank you for collaborating with me to promote this post as explained at https://steemit.com/steemit/@jerrybanfield/10-ways-to-fund-a-steem-growth-project.
Thanks
This post has received a 2.2 % upvote from @boomerang thanks to: @bobokyaw
Thanks you.
You got a 1.06% upvote from @postpromoter courtesy of @bobokyaw!
Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!
Thanks