ပက်ကင်ကောင်းတာ လူတိုင်းကြိုက်တယ်
မြန်မာစတီးမစ် ညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာပါခင်ဗျာ
ဒီနေ့တော့ စာလေးနည်းနည်းရေးလိုက်ပါဦးမည်။စာရေးမယ်ဆိုတော့ အကြောင်းအရာအကြမ်းလေးရဖို့ စာလေးနဲနဲ
ဖတ်ရသေးသည်။ဒါနဲ့လဲမပြီးသေးပြန်။ ကိုယ်ပိုင်ဟန်လေးနဲ့ ထွက်လာအောင် လမ်းထိပ်လဘက်ရည်ဆိုင်မှာ အတွေး
များ စုစည်းရသေးသည်။ တွေ့ပါပြီ မြင်ပါပြီ လဘက်ရည်ဆိုင်ရဲ့ ရှေ့တည့်တည့်တစ်ဖက်လမ်းမှာ ရာသီပေါ်အသီး
အနှံများ ရောင်းကြသည်။ထိုဆိုင်တန်းတွင် ဆိုင်လေးဆိုင်ရှိသည်။ပန်းသီးတွေကတော့ ဒီဒေသရဲ့ အဓိကထွက်ကုန်
ရောင်းကုန် သီးနှံဖြစ်လေသည်။ ဆယ့်နှစ်ရာသီ ၀ယ်ယူရနိုင်သည်။ ရာသီအလိုက် ဈေးအတက်အကျရှိသည်။
အထွက်နည်းသည့် အချိန်အခါတို့တွင် ဈေးကောင်းပေးရပြီး အထွက်များသည့်ရာသီတို့တွင် ဈေးပေါတက်လေသည်။
ထိုအသီးအနှံများရောင်းသော ဆိုင်တန်းတွင် မိတ်ဆွေနှစ်ဦးလည်း ရှိကြသည်။ သူတို့နှစ်ယောက်လုံး မြန်မာလူမျိုးများ
ဖြစ်သည်။ အောက်ပြည်အောက်ရွာမှာ လာရောက်ကာစီးပွားရှာကြရင်း ဒီဒေသမှာ အသီးအနှံရောင်းသည့်အလုပ်ကို
လုပ်ကိုင်ကြသည်။စီးပွားဖြစ်သည်ဟု မဆိုသာသော်လည်း အရောင်းအ၀ယ်ထုံးစံအတိုင်း မြတ်တလှည့်ရှုံးတလှည့်နှင့်
လုံးချာလိုက်နေသည်ဟုသာ အမြဲငြီးထွားတက်ကြလေသည်။ သူတို့နှင့်ဘေးချင်းကပ်လျှက် ဆိုင်သည် သူတို့ထက်
အလွန်ရောင်းကောင်းလေသည်။ ၀ယ်သူရောင်းသူမပျက် အလုပ်သမားများလည်းသုံးယောက်လေးယောက်ဌားထား
သည်။အသီးအနှံမျိုးစုံေ၇ာင်းသည်။ အဓိကရောင်းတာကတော့ပန်းသီးသာဖြစ်သည်။ကျွန်တော့မိတ်ဆွေနှစ်ဦးကတော့
သူ့မိတ်လေးနှင့်သူရောင်းဖြစ်သည်ဆိုရုံလောက်သာ ရောင်းကြရသည်။သူတို့ဘေးကဆိုင်ကတော့ အလွန်ရောင်းကောင်း
သဖြင့်လူတွေက အ၀င်အထွက်မပျက်ပါပေ။ ၀ယ်သူများအမြဲမပျက်ရှိတက်သည်။
ထိုဆိုင်သည် တရုတ်လူမျိုးတစ်ဦးပိုင်သောဆိုင်ဖြစ်သည်။ပန်းသီးဝယ်ယူစားသုံးသူတိုင်း ထိုဆိုင်ကိုသိကြသည်။ထိုဆိုင်
ရှင်တရုတ်မကြီးသည် မြန်မာစကားမပီကလာ ပီကလာနှင့် ၀ယ်သူများကို ပြုံးရွှင်စွာနှုတ်ဆက်ပြီး ချိုသာစွာပြောဆို
ရောင်းချတက်သည်။အလုပ်သမားများကလည်း သွက်လက်ချက်ချာသော လူငယ်ကောင်မလေးများဖြစ်သည်။ အလုပ်
သမားဟုဆိုသော်လည်း ၀တ်စားဆင်ယင်မှုတို့သည်ကား သန့်ရှင်းသပ်ရပ်စွာဝတ်စားထားလေ့ရှိသည်။ဆိုင်ရှင်ကဲ့သို့ပင်
အပြောအဆိုယဉ်ကျေးကာ နှစ်လိုဖွယ်စကားဆိုရင်း လုပ်ကိုင်ကြလေသည်။ဆိုင်ရှင်တရုတ်မကြီးသည် ဈေးဝယ်သူများ
မရှိသည့်အချိန်တို့တွင် အ၀တ်စတစ်ခုနှင့် ပန်းသီးများအား တစ်လုံးချင်းသေချာ သန့်ရှင်းသုပ်သင်နေတက်သည်။
ဝယ်သူများရွေးချယ်ပြီးသွားသောနေရာများတွင် ပန်းသီးအသစ်များ အစားထိုးနေရာချလျှက်ရှိတက်သည်။ အားလို့
ထိုင်နေသည့်အချိန်သိပ်မတွေ့ရတက်။ထိုသို့ တစ်ခုခုတော့ လုပ်နေတက်သည်။နောက်တစ်ခုထူးခြားချက်ကား သူတို့ဆိုင်က
ပန်းသီးနှင့်ကျွန်တော့်မိတ်ဆွေများဆိုင်ကပန်းသီးသည် အရည်အသွေးအတူတူသာဖြစ်သည်။သို့သော် ထိုတရုတ်မကြီး
သည် ပန်းသီးကို ဈေးတင်လို့ရောင်းပါသည်။အခြားဆိုင်များထက် သူ့ဆိုင်ကပန်းသီးသည် အမြဲဈေးပိုနေတက်သည်။
သို့သော် ၀ယ်သူများသည် ထိုဈေးပိုရောင်းသည့် တရုတ်မဆိုင်တွင် လိုလားနှစ်သက်စွာဝယ်ယူကြပါလေတော့သည်။
ကျွန်တော့်မိတ်ဆွေများသည် သူတို့ပန်းသီးကို တက်နိုင်သမျှဈေးလျှော့ကာ ရောင်းကြသည်။ သို့သော် ထိုတရုတ်မကြီး
ဆိုင်လောက် များစွာမရောင်းရပါ။ကျွန်တော်နှင့်သူတို့ တွေ့ဆုံမိကာ အရောင်းအ၀ယ်အကြောင်းစကားစပ်မိလေတိုင်း
ထိုအကြောင်းကို ပြောတက်ကြသည်။ဘေးဆိုင်က သူတို့ထက်အလွန်ရောင်းကောင်းသည်။ အဆောင်လက်ဖွဲ့တွေသူ
တို့ကကောင်းစွာရှိသည်။သူတို့က ဈေးအကျိုးပေးကောင်းသည်။ဈေးရောင်းသည့် စန်းရှိသည် ပါရမီကောင်းသည် သူတို့
ကတော့ထိုဆိုင်လောက်မရောင်းရ စသဖြင့်ပြောဆိုငြီးထွားတက်ပါလေသည်။သူတို့ပြောသလို ထိုအယူအဆများအမြင်
များသည် ဟုတ်ကောင်းဟုတ်ပေလိမ့်မည်။
တစ်နေ့တော့ တစ်ယောက်တည်းအဖေါ်မပါ လဘက်ရည်သောက်ရင်း လမ်းသွားလမ်းလာများအားငေးမောကြည့်နေ
ရင်း လမ်းတစ်ဖက်က ပန်းသီးဆိုင်တန်းကိုလှမ်းကြည့်နေမိသည်။ ကျွန်တော့်မိတ်ဆွေနှစ်ဦးကတော့ ဖုန်းကိုယ်ဆီကိုင်
လျှက် ခေါင်းများ စိုက်လို့ နေကြသည်ကိုတွေ့နေရပါသည်။ ဘေးကတရုတ်မကြီးဆိုင်ကတော့ ထုံးစံအတိုင်း ၀ယ်သူ
လေးငါးယောက်နှင့် အလုပ်ရှုပ်လို့နေကြသည်။ဝယ်သူအချို့ ကားတစ်စီးပေါ်မှဆင်းလာကာ ကျွန်တော့်မိတ်ဆွေနှစ်ဦး
ဆိုင်ဘက်သို့ ၀င်ရောက်သွားသည် ပန်းသီးများကို ကိုင်ကြည့်သည်။ ပါလာသောအဖေါ်များနှင့် စကားလှမ်းပြောနေကြ
သည်။ ကျွန်တော့်မိတ်ဆွေများကတော့ ခေါင်းမထောင်ကြပါလေ။ထိုဝယ်သူများ စကားတပြောပြောနှင့် တရုတ်မကြီး
ဆိုင်ရှေ့ရောက်သွားသည်။ ထုံးစံအတိုင်း တရုတ်မကြီးရဲ့ ချိုသာသောအပြုံး ဖော်ရွေသောစကားလုံးများနှင့် အမြင်ကြည့်
ကောင်းအောင် စီရီထားသည့် ပန်းသီးများအား သဘောကျနှစ်ခြိုက်လေပြီ ၀ယ်ကြပါပြီ တစ်လုံးနှစ်လုံးမဟုတ်ပါ။ ပန်းသီး
ဆိုင်နောက်က ဂျပ်ဖာ အခွံတွေထုတ်ယူလာသည်။ ထို့နောက်ပန်းသီးများ ရွေးချယ်လို့ ထည့်ကြလေသည်။ ဆိုင်အကူရောင်း
သော မိန်းကလေးသုံးယောက် ကားပေါ်သို့ ပန်းသီးဖာများ အခေါက်ခေါက်အခါခါတင်နေကြသည်။ ဆိုင်ရှင်တရုတ်မကြီး
ကတော့ကျသင့်ငွေများရေတွက်လျှက် ၀ယ်ယူသူများအား နောက်တစ်ကြိမ်လာရောက်ဝယ်ယူရန်အတွက်စကားချီနေဟန်
ရှိပါသည်။ပြုံးရွှင်စွာ နှုတ်ဆက်လို့နေသေးသည်။
ကျွန်တော့်မိတ်ဆွေများထံ အကြည့်ရောက်သွားမိသည်။ တစ်ယောက်က ပါးစပ်လေးဟပြီး မျက်လုံးလေးဝိုင်းကာငေး
ကြည့်နေချေသည်။တစ်ယောက်က ခေါင်းများတွင်တွင်ကုတ်လျှက် သမ်းဝေလျှက်ပင်လှမ်းကြည့်နေချေတော့သည်။
ကျွန်တော် သိလိုက်လေပြီ ကျွန်တော့်မိတ်ဆွေတို့ပြောသလိုပင် ထိုပန်းသီးရောင်းသည့်တရုတ်မကြီးထံတွင် အဆောင်
လက်ဖွဲ့ကောင်းတစ်ခုရှိနေသည်။ထိုတရုတ်မကြီးသည် ဈေးအကျိုးပေးကောင်းသည်။စန်းရှိသည်။ပါရမီရှိသည်။စသည်
စသဖြင့် ထိုထိုအကြောင်းတို့ရဲ့ အဓိကအကြောင်းရင်းသည်ကား......................
စတီးမစ်ငွေလမ်းမကြီးထက်က ရွှေမြန်မာများ ချမ်းသာကြွယ်ဝကြပါစေဗျာ..............
Author : @bobokyaw
Photos credit; Google Image
ကောင်းလိုက်တဲ့ပို့စ် ကောင်းလိုက်တဲ့ရေးသားချက်
ကောင်းလိုက်တဲ့အမြင်ကိုရေးသားထားတာ
အတုယူစရာကိုပြသွားတာပ ဘိုဘိုရေ good
ကျေးဇူးတင်ပါတယ် အစ်ကိုကြီး
မှန်တာပေါ့ကွယ်၊ ပထမဆုံးေ၇ာင်းကုန်ဟာ မိမိကိုယ်တိုင်ပဲဖြစ်ပါတယ်၊ မိမိကိုလက်ခံမှသာ မိမိရောင်းတဲ့ပစ္စည်းကိုလက်ခံမှာဖြစစ်ပါတယ်၊ ဒါကြောင့် ကုန်ပစ္စည်းမစွန်ချင် မိမိကိုယ်ကိုယ် အစွန်ထုတ်ပါဆိုတာ အရောင်းသမားတွေရဲ့ လက်သုံးစကားပါဗျာ။
ဟုတ်ကဲ့ဆရာ
ကျေးဇူးတင်ပါတယ်ဗျ
Good post
Thanks you.
Nice post. Thanks for sharing.
@bobokyaw ☺ 😎 ✌
Thanks.
Very good,
Vote me pleace
Thanks you.
I think you shoud write in english sir
Plx upvote my comment
Thanks you.
Great Content.Keep Going.All The Best.Happy Steemit.
Thanks you.
အ၇မ်းကောင်းတယ်ဗျာ ထိုင်မနေပဲ ကြိုးစားမှသာ သူများထက်အောင်မြင်နိုင်မည်
တ၇ုတ်မကြီးကဲ့သို့ အတုယူ၇မည် ကျေးဇူးပါအကိုေ၇
ကျေးဇူးပါညီ
သိပ်ကောင်းတဲ့ Message ပါ
ကျနော်လည်း ဈေးရောင်းနေသူပါ အခုpost ဖတ်ပြီး 'ဘာလုပ်သင့်သလဲဆိုတာ' သိသွားပါပြီဗျာ....။
အခုလို အတွေးကောင်းကောင်းလေးတွေနှင့် ထပ်ပြီးရေးသားပေးပါအုံးခင်ဗျာ...။
ဟုတ် ရောက်တက်ရာရာတော့ရေးနေဦးမှာပါ