အချိန်တွေကကုန်လွယ်လွန်းလှတယ်

in #myanmar7 years ago (edited)

နာကျင်မှုနဲ့ အဆင်မပြေခြင်းတွေ
ဖန်တရာတေနေတဲ့အခါ စိတ်ဖိစီးခြင်းများ
စိုးမိုးလာတဲ့အခါ အလိုမကျတဲ့အခါ
အောက်လက် အောက်ကိုင်းတွေ
ချိုးဖဲ့မပြစ်ပါနဲ့ အပေါ်ကိုတက်နေတဲ့
ခွန်အားမဲ့သောတစ်နေ့ နားခိုရာခဏ
ခြေတစ်ချတော့ မင်းရလိမ့်မယ်
စိတ်ငြိမ်ဆေးတွေနဲ့ အရက်သေစာတွေက
ပျော်ရွှင်ငြိမ်းချမ်းခြင်းခဏတော့ရမှာဘဲ
ထွက်ပြေးတိမ်းရှောင်ခြင်းက ထာဝရပုန်းခိုခြင်း
မဟုတ်တာဘဲလေ
စိတ်ကလေးကိုတော့ အနားပေးထားပေါ့
သွေးပူလေ့ကျင့်ခန်းလေး ဆယ်မိနစ်လောက်လုပ်
ခွန်အားဖြစ်စေမယ့်စာတွေ ကောက်ဖတ်နေလိုက်
မခုန်ခင် အရင်ကြည့်ပေါ့ မင်းခြေချမဲ့နေရာ
အဆင်ပြေတဲ့အရပ် ဟုတ်ပါ့မလား
ခက်ခဲတဲ့ ကြမ်းတမ်းခြင်း ကြိုတင်ကာမြင်ယောင်ထား
မှန်းဆချက်လည်း ကိုက်ညီနေပါစေ
လွဲမှားမှုအတွက်လည်း ပြင်ဆင်ကာထားပေါ့
ရင်ထဲက အဆိုးဆုံးအခြေအနေ မျှော်လင့်ချက်လောက်
မင်းမကြုံနိုင်ပါဘူး အလစ်အငိုက်အဖမ်းခံရမယ့်
အချိုးအကွေ့ တားဆီးမရနိုင်လဲ
ရင်ဆိုင်ကာ အကောင်းဆုံးကျော်ဖြတ်
ခွန်အားတော့ မမဲ့စေနဲ့ပေါ့
ကယ်သူရှိတုန်းမှာ လက်လှမ်းဖို့လိုတယ်လေ
လက်မကမ်းမိလို့ ကယ်သူဝေးရင်
ဘယ်ဆီဘယ်ကမ်း ကပ်မှာတဲ့လဲ
မယောင်ရာ ဆီလူးနေတဲ့အချိန်
အောင်မြင်ခြင်းအတွက်ကတော့
တစ်ခြမ်းပဲ့တဲ့ နာရီလက်တံ
အသံပေးနေလဲ ညွန်ရာလွဲပြီပေါ့
image
Author : @bobokyaw
Photos credit; Google Image

Sort:  

This post has received gratitude of 1.72 % from @appreciator thanks to: @bobokyaw.

Thanks.

You got a 1.20% upvote from @postpromoter courtesy of @bobokyaw!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

Thanks you.

စာသား​တွေ ရင်​ထဲထိတယ်​ bro.

ကျေးဇူးတင်ပါတယ် ညီရေ

မော်ဒန်လိုင်းကူးနေပြီပေါ့၊ ကောင်းပါတယ်ကွာ။

မင်္ဂလာပါဆရာရေ
စာရေးချိန်မရလို့ အမြန်ရတာလေးရေးလိုက်တော့တယ်
ကျေးဇူးတင်ပါတယ်ဆရာ။

This post has received a 2.0 % upvote from @boomerang thanks to: @bobokyaw

Thanks you.

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 62938.05
ETH 2552.06
USDT 1.00
SBD 2.63