မျက်နှာသစ်ပြီးမှသွားတိုက်မည်(2)

in #myanmar7 years ago (edited)

automate-brushing-teeth.jpg

ယနေ့အလုပ်နားရက်ဖြစ်ပါသောကြောင့် ကျွန်ပ်လည်းအိမ်မှာ အေးအေးလူလူပင်စာဖတ်ခြင်းဖြင့်အချိန်ဖြုန်းလျှက်ရှိလေသည်။
ကျွန်ပ်၏တူတော်မောင် သည် သူငယ်တန်းဖတ်စာအုပ်မှသူ၏ကျောင်းစာများကို အော်လို့၇ွတ်ဆိုလျှက်ရှိချေသည်။
"စောစောထ သွားတိုက် မျက်နှာသစ် အိပ်ရာသိမ်း အစာစား ပလုတ်ကျင်း ကျောင်းသွား ကျောင်းပြန် မိဘကူ ကစား ရေချိုး
ညစာစား စာကြည့် အိပ်ရာဝင်" တူတော်မောင်စာဆိုနေသည်ကို အဖိုးဖြစ်သူသည်ကြားလျှက် အခန်းတွင်းမှထွက်လာကာ
"ဟဲ့ ငါ့မြေးလေး သွားတိုက်ပြီးမှ မျက်နှာသစ်ရင် ငါ့မြေးသွားတွေ ငယ်ငယ်လေးနဲ့ ကျိုးကုန် နဲ့ကုန်မှာပေါ့ကွဲ့ "ဟုပြောဆိုလေ
တော့သည်။ ကျောင်းသင်ခန်းစာကမှားသည်လား တူတော်မောင်ကပဲ မှားပြီး၇ွတ်ဆိုနေလေရော့လား တစ်ခုခုတော့မှားနေ
ပြီထင်ပါသည်။

woman-about-to-brush-teeth.jpg

ကျွန်ပ်လည်း စိတ်အတွင်းကမတင်မကျဖြစ်နေသည့်အတွက် သေချာစေရန်အိမ်ရှိစာအုပ်စင်ကိုမွှေနှောက်ရှာဖွေရလေသည်။
အသေအချာမဖတ်မှတ်ခဲ့လေသည့်အတွက်ထင်သည် ။ယခုလိုစိတ်ထဲမှာမတင်မကျဖြစ်နေသည်မှာ အမှတ်သညာက သိပ်တော့
အားမကိုးလောက်တော့ သေချာစေရန်ပြန်လည်ဖတ်ရှုရပေတော့မည်။ ညအိပ်ချိန်တွင် သွေးအေးသွားခြင်း ကိုယ်လက်လှုပ်ရှား
မှုမရှိဘဲ ငြိမ်သက်စွာအိပ်စက်ခဲ့ခြင်းကြောင့် ကိုယ်တွင်းသက်စောင့် ဥသမ္မာ တေဇောခေါ် အပူငွေ့များအတွင်းသို့ ငုပ်လျှိုးသွား
ပြီး နံနက်အိပ်ရာထသောအခါ ပြန်လည်နိုးကြားကာ ခန္ဓာကိုယ်၏ဒွာရကိုးပေါက်များပါပွင့်ပြီး အခိုးအကင်းများ ပြင်ပသို့ထွက်ပြီး
လန်းဆန်းသွားမည်ဖြစ်သည်ဟုဆိုပါသည်။
4675896.jpg
ထိုအချိန်တွင် သွားတိုက်လိုက်ပါက အပူအခိုးအငွေ့များသည် အထက်သို့တက်ပြီး သွားဖုံး။မှတစ်ဆင့် အတွင်းအာခေါင် ထိုမှ
တစ်ဆင့် မျက်စိနှင့်ဦးခေါင်းငယ်ထိပ်အထိတက်သွားပြီး အပူအောင်းသွားနိုင်ပါသည်။ မျက်စိအမြင်အာရုံရစေသည့် မျက်ကြည်
လွှာနှင့်မှန်ဘီလူးသည် အာခံတွင်းမှတက်လာသော အငွေ့ကြောင့် မှုန်ဝါးသွားစေနိုင်သည် ။ အငွေ့ရိုက်ဖန်များလျှင် မျက်စိအ
တွင်းတိမ်ဖြစ်တတ်သည်ဟုဆိုပါသည်။ထို့ကြောင့် အရင်ဦးစွာသွားတိုက်လိုက်သဖြင့် သွားအခြေ သွားဖုံးအတွင်းသို့ငုပ်လျှိုးသွားသည့်
အပူငွေ့ကြောင့် သွားခြေယိုင်နဲ့ခြင်း သွားဖုံးကြွခြင်း သွားနာခြင်းရောဂါများဖြစ်ကြလေသည်ဟုထင်သည်။
morning-1180435-small.jpg
မျက်နှာသစ်ခြင်းသည် သွားအတွင်း သွားအဖုံးအတွင်းနှင့်ခံတွင်းမှတတ်လာသောအငွေ့များကို မျက်နှာချွေးပေါက်များမှတစ်ဆင့်
ထွက်ပေါက်ပေးခြင်းပင်ဖြစ်ပါသည်။အအေးရှိရာအပူလာသော နိယာမအရ မျက်နှာမှ အအေးဓာတ်ရှိရာသို့ အတွင်းမှအငွေ့များ
သည်အရေပြားအောက်မှတစ်ဆင့် မွေးညင်းပေါက်များကို ကျော်ဖြတ်ပြီး ပြင်ပသို့ထွက်သွားနိုင်မည်ဖြစ်ပါသည်။
မျက်နှာကိုအရင်သစ်ပြီးမှ သွားတိုက်ခြင်းသာ မှန်ကန်သောအလေ့အထဖြစ်သည်ဟု ရှေးလူကြီးသူမများကအခိုင်အမာပင်ဆိုခဲ့
ကြလေသည်။

မျက်စိအဆုံး နားအရှုံး ဟုဆိုကြပါသည်။ ထိုအထဲတွင်မပါသော်လည်း သွားအရှုံးကိုလည်းထည့်သင့်သည်ဟုထင်သည်။သွားသည်
သဘာဝကပေးသော အမာကြောဆုံးအရိုးဖြစ်သည်ဟုဆိုပါသည်။နတ်များဖန်ဆင်းသည့် နတ်သစ်မြစ် ဟုလည်းတင်စားပြောဆို
သည်များရှိသည်။သွားတိုက်ရာတွင် နည်းစနစ်မမှန်ကန်သောကြောင့် သွားများအရွယ်မတိုင်မီပျက်စီးနိုင်ပါသည်။ မျက်နှာသစ်
ပြီးမှ သွားတိုက်ခြင်းဖြင့် သွားဖုံးများအတွင်းသို့ အပူတေဇောဓာတ်များ ရောက်ခြင်းကိုကာကွယ်နိုင်သည် မျက်နှာပြင်မှအခိုးအငွေ့
များထွက်သွားအောင် ရေအေးဖြင့်မျက်နှာသစ်ပြီးမှသာ သွားတိုက်သင့်ပါသည်။

မျက်စိသည်လည်း ထို့အတူပင် အရေးပါသောအရာဖြစ်လို့နေပါသည်။အမြင်အာရုံဖြင့်နေ့စဉ်သွားလာ လှုပ်ရှားကြရပါသည်။
ငယ်စဉ်ကျောင်းသားဘ၀ကစလို့ကြီးပြင်းလာရာအရွယ်တစ်လျှောက်လုံးတွင်မျက်စိကိုအသုံးပြုကာ စာဖတ်ခြင်း စာရေးခြင်း
တို့ကိုပြုလုပ်ကြရပါသည်။မျက်စိအတွင်းတွင် သဘာဝကပေးထားသော မှန်ဘီလူးခုံးရှိပါသည်။ထိုမှန်ဘီလူးခုံးတွင် အခိုးအငွေ့
များသည် အနီးစပ်ဆုံး အာခေါင်အတွင်းမှလာပါသည်။မျက်နှာမသစ်မီ သွားတိုက်သောအခါ အာခေါင်မှအငွေ့များသည် အ
ထက်သို့တက်ကာ မျက်စိအမြင်အာရုံကို တိမ်များဖုံးသကဲ့သို့ဖြစ်စေနိုင်သည်ဟုဆိုလေသည်။
images (1).jpg
ယခုဖေါ်ပြပါ အကြောင်းအရာနည်းတို့သည် မှန်သည်မှားသည်ဟု မပြောလိုပါ။မိမိအယူအဆနှင့်မိမိကိုယ်သာ သင့်လျှော်ပါသည်။
အမှုမဲ့အမှတ်မဲ့အကျင့်မှားများကြောင့်ကျန်းမာရေးကို မထိခိုက်စေရန်အတွက်သာရည်ရွယ်လိုရင်းဖြစ်ပါသည်။မျက်နှာသစ်ပြီးမှ
သွားတိုက်ခြင်းသည် မှန်ကန်သော အကျင့်ကောင်းဖြစ်သည် ကျန်းမာရေးအတွက်အထောက်အကူပြုစေနိုင်သည်ဟုကျွန်ပ်ယုံ
ကြည်လက်ခံထားမိလေတော့သည်။

ကိုးကား
ကြည်လွင်မြင့် (မျက်နှာသစ်ပြီးမှသွားတိုက်ခြင်းရဲ့အကျိုးများ)

d0mqwxwgr7ec4zrjazij.jpg

@bobokyaw
MSC-060
photo : google image

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.029
BTC 62213.63
ETH 2420.81
USDT 1.00
SBD 2.59