ယုံနိုင်ပါ့မလား
Good Morning!
All Poem Lover Friends...
မင်္ဂလာပါ ကဗျာချစ်သူ မိတ်ဆွေတို့ရေ...
ဒီနေ့တော့ ကျွန်တော်ရဲ့ ချစ်ခြင်းတရား အပေါ် ထားရှိတဲ့
စိတ်ရင်းအတိုင်း စာစီထားခဲ့တာလေး ချပြလိုက်ပါတယ်။
ယုံနိုင်ပါ့မလား
အလှမွေးရဖို့သက်သက်နဲ့
တောကစား မထွက်ချင်ဘူး
အသားစားဖို့ အတွက်နဲ့
အမဲ မလိုက်ချင်ဘူး
မုဆိုး မဟုတ်ဘူး
သားကောင် မလိုချင်ဘူး
-ရင်ခုန်ရရုံလောက်နဲ့
မချစ်ကြိုက်ချင်ဘူး
တဒင်္ဂသာယာမှု အတွက်နဲ့
ရည်းစား မထားချင်ဘူး
ချစ်သူ ဆိုရင်တော့
တစ်သက် တစ်ဘဝ
အတူတကွ ရှိနေချင်တာ
ဟုတ်တယ်...
ကံကြမ္မာနှင့်သံသရာဂယက်မှာ
လက်ချင်းဆက်လို့
ခရီးဆုံးကို လျှောက်ချင်တာ
အေးအတူ ပူအမျှ
အပေးအယူ တူကြမယ့်
Monogamy အချစ်နဲ့
ကြင်ဖော်အစစ်ပဲ လိုချင်တယ်။ ။
:::::::::::: ခက်ဝေ :::::::::::
Monogamy = တစ်လင်တစ်မယားဓလေ့
ကျွန်တော်၏ ကဗျာကလောင်အမည်မှာ ခက်ဝေ ဖြစ်ပါသည်။
မိတ်ဆွေများ ပြုံးပျော်နိုင်ကြပါစေဗျာ...
With Kindness,
@billionairehein
အပေးယူတူတူ ရီးစားမရှိသူကနှုတ်ခွန်းဆက်ခဲ့ပါသည်။
Morning...😁😁
ရည်းစားမရှိသူတွေ သုံးလို့ရတဲ့စာတွေပါ
အပေးအယူ တူအမျှနဲ့ သက်ဆုံးတိုင် မယိုင်မလဲ ဆေးပေးမီးယူနိုင်ပါစေဗျာ ...
Same to you. Thank you.
တစ်သက်တစ်ဘဝ ထပ်တူမျှလို့ ချစ်ပါမယ်
ကျေးဇူးပါကွယ်
ရင်ထဲကို ထိသွားတာပဲ
ခုနေ ကျောင်းသားဘဝဆိုရင် ကောင်မလေးကို
ကူးပေးပစ်ပြီ credit တော့ပေးမှာပါ😁
ယူပါကွယ် ... လူပျိုလူလွတ်တွေပဲ သုံးလို့ရပါတယ်...
You got a 3.43% upvote from @dailyupvotes courtesy of @billionairehein!
Please upvote this comment to support the service.
Ohh..Monogamy
Thank you. စာကဖတ်လို့ရဘူးဗျာ
Good tal😍😍
ကျေးဇူးပါ
ယုံနိုင်ပါ့မလားမေးတော့ မယုံနိုင်ပါဘူးလို့ ဖြေတော့မယ်။😁😁😁
တစုံတဦးကတော့ ယုံလို့ ချစ်ပါတယ်တဲ့😁😁😁
ဒိစကားလုံးတွေနဲ့ လုပ်စားခဲ့တာလားကိုဟိန်း
အဲလို ပြောရဘူးလေ😁😁