ရင်ထဲမှာ တစ်ဘဝစာ
မင်္ဂလာပါ ကဗျာချစ်သူ မိတ်ဆွေတို့ရေ...
ချစ်ခြင်းတရားနှင့် ခံစားရသမျှကို စာဖွဲ့ရေးတင်လိုက်ပါတယ်။
ရင်ထဲမှာ တစ်ဘဝစာ
"အချစ်ဆိုတာ
အမှီအတွယ်ရှိမှ ပွင့်တဲ့ပန်း"
ဒါဆိုရင်တော့...
မေတ္တာ အဆီအနှစ်ကိုစား
သံယောဇဉ် ရေစင်သောက်
ငါ့ရင်ခွင်မှာ ပွင့်ရောက်ခဲ့ပေါ့။
သမုဒယ အစွယ်အပွားတွေနဲ့
ယုယမယ် တအား ဆိုပြီး
နင့်ကို ချစ်တယ် ဆိုတဲ့ စကား
အပျော်အပါးဖက်...
မတော်မတရား ပြောထွက်ခဲ့တာ မဟုတ်ဘူး။
ဟုတ်တယ်...
နင့်ကို ချစ်တာ တစ်ဘဝစာ
တစ်သက်တာ မြတ်နိုးကြင်နာ
မသင်္ကာမျက်နှာထားနဲ့
ရင်နာစရာ စကား
နင် ဆိုခဲ့တာပေါ့နော်
တစ်ဘက်သတ်စွပ်စွဲချက်တွေနှင့်
ရင်ခုန်သံကို
ဒဏ်ခတ်လိုက်တာပေါ့နော်။
တစ်ကယ်ဆို...
ခါးသီးခြင်း နာကြည်းခြင်းတွေနဲ့
မုန်းတီးသွားတဲ့ နင့်ရှေ့မှာ
ငါ...
ဒူးထောက်ဖို့ ဝန်မလေးပါဘူး။
ဒါပေမယ့်ဟာ...
မကြိုးစားသင့်သေးမှတော့
တစိမ့်စိမ့်လေး ဆွေး
တိတ်တိတ်လေးပဲ ချစ်နေလိုက်တာ
ရင်ထဲမှာ ဆိုတော့
နင် မသိဘူးပေါ့လေ
"ဝေးကွာ ခွဲခွာနေရခြင်းဟာ
အချစ်ကို
မေ့ပျောက်လွင့်ပါးစေခြင်းငှါ
မစွမ်းသာဘူး" တဲ့
ဟုတ်တယ်...
ငါ ချစ်ခဲ့တာ
ရင်ထဲမှာ တစ်ဘဝစာ။ ။
........................... ခက်ဝေ ..........
ကျွန်တော်၏ ကဗျာကလောင်အမည်မှာ ခက်ဝေ ဖြစ်ပါသည်။
မိတ်ဆွေများ ပြုံးပျော်နိုင်ကြပါစေ...
With Kindness,
@billionairehein
မိုက်ဒယ် ကိုဟိန်းရေ..
ဒါလည်း ရတာပဲလား...
ငယ်တုန်းက ပိုးလေးတွေပါ
ရင်ထဲကို ထိတယ်ဗျို့
ရင်ထဲက လာတာတွေပဲလေ
ခံစားမှုတွေက ပြင်းထန်လှပါသည် Good
ကျောင်းသားတုန်းက အားတိုင်း ခံစားနေလိုက်တာ😁😁
အရမ်းကောင်းပါတယ်ရှင်။အဲလိုရေးတတ်ချင်တာ။
ခံစားတတ်ရင် ထွက်လာပါလိမ့်မယ်