ဗျတ္တပန်းဆက်လမ်းတလျှောက်ဝယ်...

in #myanmar6 years ago

... မင်္ဂလာပါ...
orca-image--99725785.jpeg
August လဆန်းပိုင်းက MSC Gathering ပွဲ
တတ်ရောက်ရန် အလို့ငှါ ကျွန်တော်တို့ လင်မယားနှစ်ယောက်
ပုဂံညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှု မြို့တော်သို့ ရောက်ရှိ
ခဲ့ကြပါတယ်။
ထိုတွေ့ဆုံပွဲ အပြီး ၅ ရက်နေ့ မနက်ခင်းမှာတော့ တည်းခိုသည့်
ဘုန်းတော်ကြီးကျောင်းနှင့် နီးရာ ပုဂံနန်းတော်ထဲ ဝင်ရောက်
ကြည့်ရှုခဲ့ပါတယ်။ ထိုမနက်တွင်တော့ အိမ်သူသက်ထား
ဇနီးမယားလေးဟာ ရွှေစိတ်တော် မကြည်ရှာဘူးဗျ...
ဘာကြောင့်လဲ ဆိုတော့ကာ ပုပ္ပါးသို့ လိုက်မပို့တော့ဘဲ
ပြန်ကြတော့မည်ဟု ပြောမိလို့ပါပဲ။ ဒီလိုနဲ့ မဖြစ်ခြေတော့
အတူလာကြတဲ့ Steemit မိတ်ဆွေလေးတွေကို ခွဲခွာခဲ့ပြီး
ပုပ္ပါးတောင်ကလပ်ပေါ် တတ်ရောက်ဖို့ သွားဖြစ်ခဲ့ပါတယ်။

ညောင်ဦးမြို့မှ အထွက် တူရွင်းတောင်စွယ်တော်မြတ်စေတီ
ကိုလည်း ဝင်ရောက်ဖူးမြော်ခဲ့ကြပါတယ်။ ထိုမှတဆင့် ပုပ္ပါးသို့
ဆက်လက်ချီတတ်ခဲ့ကြရာဝယ်...
ညောင်ဦး-ကျောက်ပန်းတောင်းလမ်းအတိုင်း ဆိုင်ကယ်ဖြင့် စီးနင်းသွားရာမှ ဗျတ္တပန်းဆက်လမ်း အတိုင်း ပုပ္ပါးတောင်သို့
ဆက်ခဲ့ကြပါတယ်။ ထိုသောအခါဝယ်...

ဗျတ္တပန်းဆက်လမ်း အတွင်းသို့ စီးနင်းလာခဲ့လို့မှ မကြာသေး
စိတ်မချမ်းမြေ့ဖွယ်မြင်ကွင်း အချို့ကို စတင်မြင်ခဲ့ကြရပါတယ်။
ဆက်လက်၍ စီးနင်းသွားခဲ့သည်တွင်လည်း ထိုမြင်ကွင်းတို့မှာ
လမ်းတလျှောက် တစ်ခေါ်စာအကွာလောက်တိုင်းမှာ ရှိနေခဲ့ကြ
ပါတယ်။
ထိုအခါ ကျွန်တော်၏ စိတ်တွင် "ဒါ ဘယ်လို ဖြစ်တာပါလိမ့်...
သမရိုးကျ ဖြစ်နိုင်ပါ့မလား...တစ်ခုခုတော့ ထူးဆန်းနေတယ်
"
ဟု ရေရွတ်မိသောအခါ နောက်မှပါလာသော အိမ်သူသက်ထား
က ဆူပါလေရောလား 😁
သူမက ပြောတယ်ဗျ။ "ကိုယ် ကူညီနိုင်ရင် ကူညီ၊ မကူညီနိုင်
ဘာမှ ပြောမနေနဲ့
" တဲ့။ သူမကတော့ သနားလို့ နည်းနည်းပါးပါး
ကူညီချင်သည်တဲ့ဗျာ....
သို့ဖြစ်၍ ကျွန်တော်လည်း ဆိုင်ကယ်ကို ရပ်နားကာ သူမဆန္ဒ
လိုက်လျောလိုက်ပါတယ်။ မှတ်တမ်းဓာတ်ပုံရိုက်ချင်တာလေး
လည်း ပါသပေါ့ဗျာ။
IMG_20180805_102350.jpg
ကျွန်တော် ဓာတ်ပုံ ရိုက်ယူချင်ရခြင်း အကြောင်းက...
ဒီလို မြင်ကွင်းမျိုးတွေ လမ်းတလျှောက်လုံး

  • ဘာကြောင့် မြင်နေရတာလဲ
  • သမရိုးကျ ဟုတ်ရဲ့လား
  • တစ်စုံတစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုကများ ခိုင်းစေ
    ထားကြသလား
  • ဒါတွေကို စွမ်းဆောင်နိုင်အား ရှိသူတွေ မမြင်မသိကြဘူးလား
  • ကူညီကယ်မနိုင်သူတွေ သိမြင်ကြရင် ဘယ်လိုကောင်းလာ
    နိုင်မလဲ
  • မသမာတဲ့လုပ်ရပ် ဖြစ်ခဲ့ရင်လည်း ဘယ်လို ဖြေရှင်းပေးနိုင်
    ကြမလဲ
  • ဒီလောက်ကြီးကတော့ ကျွန်တော့်အမြင်မှာ ထူးဆန်းနေသလိုပင်။

ထို့ကြောင့် ကျွန်တော်ဟာ လမ်းတလျှောက် တွေးမြင်ကြည့်ရင်း
ယေဘုယျ ရေတွက်လာခဲ့မိပါတယ်။ အရေအတွက်အားဖြင့်
အဖိုးကြီး အဖွားကြီး (၃၀) ကျော်တော့ ရှိပါမယ်။ ဒီလူဦးရေကို
ခရီး တစ်ဖာလုံ ၂ ယောက် ၃ ယောက်နှုန်းလောက်ဖြင့်
အညီအညာ ရှိနေကြသည်မှာ ထိုအဖိုးအဖွားတို့သည် လမ်း
လျှောက်လာ၍ တောင်းရမ်းကြသည် မဟုတ်နိုင်ပါ။ ကားဖြင့်
အစီအရီ လာချထားသလိုသာ ထင်မိပါတော့သည်။
တောင်းရမ်းဖို့ လာချထားသည်ဟု ထင်ရပါသော်လည်း
အသံထွက်၍ တောင်းရမ်းခြင်း မပြုကြဘဲ မျှော်ကြည့်နေကြသည်မှာ
လွန်စွာ စိတ်မချမ်းမြေ့ဖွယ် ဖြစ်တော့သည်တကား။

IMG_20180805_102342.jpg
အဖိုးကြီး အဖွားကြီး (၃၀) ကျော်တော့ ရှိပါမယ်။ ဒီလူဦးရေကို
ခရီး တစ်ဖာလုံ ၂ ယောက် ၃ ယောက်နှုန်းလောက်ဖြင့်
အညီအညာ ရှိနေကြသည်မှာ ထိုအဖိုးအဖွားတို့သည် လမ်း
လျှောက်လာ၍ တောင်းရမ်းကြသည် မဟုတ်နိုင်ပါ။ ကားဖြင့်
အစီအရီ လာချထားသလိုသာ ထင်မိပါတော့သည်။
တောင်းရမ်းဖို့ လာချထားသည်ဟု ထင်ရပါသော်လည်း
အသံထွက်၍ တောင်းရမ်းခြင်း မပြုကြဘဲ မျှော်ကြည့်နေကြသည်မှာ
လွန်စွာ စိတ်မချမ်းမြေ့ဖွယ် ဖြစ်တော့သည်တကား။

သို့ပေသော်ကား ကျွန်တော်တို့ လင်မယားသည်လည်း လွန်စွာ
မချမ်းသာသေးသည် ဖြစ်သောကြောင့် အဖိုးအဖွား နှစ်ဦးအားသာ
သူတို့အတွက် ထမင်းတစ်နပ်စာပဲ ဖြစ်စေဆိုကာ အသပြာအချို့
လှူခဲ့မိပါတယ်။

ဤPost အား ရေးသားတင်ရခြင်း ရည်ရွယ်ချက်သည်ကား

  • ကူညီနိုင်သူများ သိစေရန်
  • မသမာပါကလည်း ဖြေရှင်းပေးနိုင်ရန်
  • အဖိုးအဖွားတို့၏ ဝဋ်ဒုက္ခ အတော်အသင့် ငြိမ်းအေးစေရန်
    ဖြစ်ပါသည်။ အကြောင်းသော်ကား အဖိုးအဖွားတို့မှာ
    နေပူလျှင် သစ်ပင်ရိပ် ဝင်ခိုလို့ ဖြစ်နိုင်သော်လည်း မိုးရွာလျှင်ကား
    မိုးမိပြီး နာမကျန်း ဖြစ်နိုင်လို့ပါ။ ထိုသူတို့ကို သေချာဂန
    ကြည့်ရှုခဲ့ရာ နွမ်းပါးသော အဝတ်အစားများ ဝတ်ဆင်ထားကြပြီး
    ထီးမပါ စားစရာ ထမင်းထုတ်မပါ ဖြင့် တောလမ်းဘေးတလျှောက်
    နေနေကြရသည် ဖြစ်လို့ပါ။
    ယခုကာလမှတော့ အဖိုးအဖွားတို့ ကျန်းမာဝမ်းဝနိုင်ကြပါစေဟုသာ
    ဆုတောင်းသမှု ပြုလိုက်ရပါသည်။

မိတ်ဆွေတို့လည်း ကျန်းမာ ချမ်းသာ အောင်မြင် ပျော်ရွှင်ကြပါစေ...

MSC - 193
@billionairehein

Sort:  

You got a 8.47% upvote from @dailyupvotes courtesy of @billionairehein!

ဟူး အာ့​တွေမြင်​ရင်​ စိတ်​ဆင်းရဲတာပဲ ​မေးမကြည့်​ဘူးလားကိုဟိန်း

သေချာတော့ မမေးခဲ့ရဘူး...အဲ့နားရွာကလို့ ပြောတာပဲ

တူညီမှုရှိနေတာတော့ မရိုးသားလောက်ဘူးထင်တယ်

ဟုတ်တယ်...တောလမ်းတလျှောက်လုံး အကွက်ကျကျ ရပ်နေကြတာ ...မြင်ရတာတော့ သနားစရာ စိတ်မချမ်းသာစရာပါပဲ
သူတို့ဘာသာ တောင်းစားတာ ပြဿနာ မဟုတ်ပေမယ့် တစ်စုံတစ်ဦးက ခိုင်းစားတာ.ဖြစ်မှာ စိုးရတာ
ဆုတောင်းစားမျိုးရိုးတွေလည်း မဟုတ်ကြဘူးလေ

အသက်‌ကြီး‌သော အဘိုး အဖွား‌တွေဆို‌တော့ ဘာ ဖြစ်‌ဖြစ်‌လှူလိုက်‌တာ မမှားပါဘူး အစ်‌ကို။

ဟုတ်ပါတယ်ဗျာ...
သူတို့တွေ ခိုင်းစားခံနေရမှာပဲ စိုးရိမ်မိတာပါ

ဟိုရက်က သတင်းတေထဲ ကလေးတေ အုပ်လိုက်နဲ့ အဘို အဘွားတေ အုပ်လိုက် တောင်းစားခိုင်းနေတဲ့ သူတောင်းစားဂိုဏ်း မိတေဆိုလားဖဲ အာ့တေနဲ့ ဆက်စပ်နေမလားမတိ

ဟုတ်မယ်ဗျ...အဲလိုသတင်းတွေလည်း ကြားရဖူးတော့ ခုဟာလည်း ဆုတောင်းစား မဟုတ်ဘဲ သူတို့တောင်းတာ သူတို့ အကုန်မရဘဲ
ခိုင်းစားခံရမှာ စိုးမိတာပါ

Thank you so much for using our service! You were protected from up to 20% losses!

Earn passive income in SBD/STEEM by delegating to us! 100sp, 500SP, 1000SP, ANY SP

You just received 12.08% upvote from @onlyprofitbot courtesy of @billionairehein!

ဘယ်လိုလူတွေကများခိုင်းနေပါလိမ့်
ဘိုးဘွားတွေ သနားစရာ

ပြောတတ်ပါဘူးဗျာ
မသင်္ကာလို့ တင်ပြလိုက်တာပါပဲ

အဲလိုမျိုးတောင်တွေ့နေရပါလား

ဟုတ်တယ် အန်တီရေ...
သတိထားမိအောက်ကို ဖြစ်နေလို့ပါ

သက်​ကြီးရွယ်​အိုကိုဗန်းပြပြီး​တောင်းစားခိုင်းတဲ့အဖွဲ.​တွေလည်းရှိတတ်​တယ်​....စိတ်​မ​ကောင်းစရာပါ....

ဟုတ်တယ်ဗျာ ... တွေ့ရမြင်ရ စိတ်မချမ်းမြေ့စရာပါပဲ

စာထပ်​​နေတယ်​ ကိုဟိန်း

သေချာ ထပ်ကူးထည့်ထားတာ ကျော်ဖတ်ရင်လည်း တွေ့အောင်မို့😁😁😁

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.027
BTC 60256.67
ETH 2327.64
USDT 1.00
SBD 2.46