To Be Perfect Life (2)

in #myanmar6 years ago (edited)

မင်္ဂလာပါ အောင်မြင်ချင်သူ မိတ်ဆွေတို့ရေ...
Screenshot_2018-04-26-12-41-01.png
ဒီနေ့မှာဖြင့် ပြည့်စုံသောဘဝ ဖြစ်ဖို့ မဖြစ်မနေ ပြောင်းလဲပြုပြင်
ရမည့် စိတ်နေသဘောထား ကနေ ဘယ်လို ပြောင်းလဲပြုပြင်
လုပ်ဆောင်သွားရမလဲ ဆိုတာကို ဆက်လက်ရှင်းပြသွားပါမယ်။

စိတ်နေသဘောထား

စိတ်နေသဘောထား ဆိုတာ ရှင်းရှင်းပြောရရင် ကျွန်တော်တို့တွေ
စဉ်းစားတွေးခေါ်နေတာတွေ ပါပဲ။ မိတ်ဆွေတို့ရဲ့ ဘဝတွေ...
အောင်မြင်မယ်၊ ကျရှုံးမယ် ဆိုတာဟာ မိတ်ဆွေတို့ရဲ့ သဘောထား
အပေါ်မှာ မူတည်ပါတယ်။
ဒီမှာ အောင်မြင်ပြည့်စုံသောဘဝကို သွားဖို့ ဆိုပါတော့...
ယခင်က မိတ်ဆွေတို့ရဲ့ သဘောထားတွေ ဘယ်လိုပင် ရှိခဲ့ရှိခဲ့၊
ယခုက စပြီး အပြုဘက်ဆိုင်ရာ သဘောထား ၊ ကောင်းသော
စိတ်နေသဘောထားကို တွေးခေါ်ကျင့်သုံးရမှာပါပဲ။ ကျွန်တော်တို့
တွေဟာ ရှုံးနိမ့်ဖို့ မွေးဖွားလာတာ မဟုတ်ပါဘူး။ အောင်မြင်ဖို့
မွေးဖွားရှင်သန်လာတာပါ။ ဒါကြောင့် ကျွန်တော်တို့ အတွေးအခေါ် ၊
အပြောအဆို၊အပြုအမူတွေဟာ အပြုသဘောဆောင်နေဖို့ လိုပါတယ်။
Screenshot_2018-05-01-09-35-31.png
အဲဒီတော့ အပြုသဘောဆောင်တဲ့ Positive Attitude ၊
ကောင်းသော Good Attitude ကို ဘယ်လို မွေးမြူ ကြမလဲ။

ဒီမှာ သဘောထားတစ်ခုကို တွေးခေါ်ပြုမူဖို့ Stimulate -
လှုံ့ဆော်တဲ့အရာ ရှိမယ်။ Respond - တုန့်ပြန်တာ ရှိမယ်။
ဆိုချင်တာက Good Attitude ကောင်းသောအပြုသဘောထား
ဖြစ်ဖို့ လှုံ့ဆော်မှု တစ်ခုကို တုန့်ပြန်ရာမှာ Choice - ရွေးချယ်မှု
ရှိရပါမယ်။ Good Feeling - ကောင်းသောခံစားမှု ရှိရမယ်။
Screenshot_2018-05-01-09-35-03.png
ကျွန်တော်တို့တွေဟာ ဘယ်လို လှုံ့ဆော်မှု မျိုးမှာမဆို အကြောင်း
တရားက ဘာလဲ၊ ဘယ်လို တုန့်ပြန် ပြုမူ လိုက်ရမလဲ...ဆိုတာကို
ရွေးချယ်မှု တစ်ခု ပြုကျင့်ပေးရပါမယ်။ ရွေးချယ်မှုက မိမိအတွက်
အကောင်းဆုံး နှင့် အသင့်တော်ဆုံး ဖြစ်ရပါမယ်။ ဒီလို မိမိ
ရွေးချယ် တုန့်ပြန်မှာကိုလည်း ခံစားချက်ကောင်းကောင်း ထားနိုင်
ရပါမယ်။ ကျွန်တော်တို့ တွေ့ကြုံလာရတဲ့ အခြေအနေများ ကောင်း
နေလျှင် သဘောထားများ ကောင်းနေနိုင်သော်လည်း အခြေအနေများ
ဆိုးနေခဲ့လျှင် သဘောထားများက ဆိုးသွားတာမျိုး မဟုတ်ဘဲ
ကောင်းနေနိုင်ရပါမယ်။
ဒီတော့ ယခုလက်ရှိ ကျွန်တော်တို့တွေရဲ့ အခြေအနေတွေဟာ
ဘယ်လိုပင် ရှိနေရှိနေ၊ ကျွန်တော်တို့တွေဟာ ဒီထက် အခြေအနေများ
ကောင်းလာနိုင်မယ်ဟု မျှော်လင့်နိုင်တာပဲ မဟုတ်လား။
စိတ်နေသဘောထား ဆိုတာက ကျွန်တော်တို့၏ ဝါသနာထက်
ပိုအရေးကြီးပါတယ်။
"မိတ်ဆွေတို့ဟာ အောင်မြင်ပြည့်စုံသောဘဝတစ်ခုကို ပိုင်ဆိုင်ချင်
တယ် ဆိုရင် စိတ်နေသဘောထားတွေကို အပြုသဘော ဖြစ်နေဖို့၊
ကောင်းသော သဘောထား ဖြစ်နေဖို့ ၊ ပြောင်းလဲပြုမူရပါမယ်။
ကောင်းသော အလားအလာတွေကို စဉ်းစားတွေးခေါ်ပါ။ မိမိ
ဖြစ်ချင်တာကိုပဲ တွေးခေါ်ပါ၊ ပြုမူပါ။ မဖြစ်ချင်တာတွေကို မပြောဆိုပါနဲ့၊
မတွေးခေါ်ပါနဲ့။ ဖြစ်ချင်တာတွေ ဖြစ်မလာနိုင်ဘူးဟုလည်း သံသယ
မဝင်ကြပါနဲ့။ ဟု အထူးတလည် ပြောချင်ပါတယ်။

ယုံကြည်မှု

ရာခိုင်နှုန်းပြည့် ယုံကြည်မှု ရှိခြင်းဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး
အင်အားတစ်ခု ဖြစ်ပါတယ်။ အောင်မြင်နေသူအားလုံးဟာ တစ်ခု
သော အဆင့်ကို ရောက်ရှိနေသော တစ်ဘက်စွန်းရောက် ယုံကြည်မှု
ပြင်းသူများသာ ဖြစ်ကြပါတယ်။ ယုံကြည်မှုဟာ အောင်မြင်မှုရဲ့
မဟာအစိတ်အပိုင်းကြီး ဖြစ်ပါတယ်။
Screenshot_2018-05-01-09-36-13.png
မိတ်ဆွေတို့လည်း အောင်မြင်ပြည့်စုံသောဘဝကို ရယူပိုင်ဆိုင်ချင်
တယ်ဆိုရင် မိတ်ဆွေတို့ရဲ့ နှလုံးသားမှာ ယုံကြည်မှု အပြည့်အဝ
ကိန်းအောင်နေဖို့ လိုပါတယ်။ မိတ်ဆွေတို့ရဲ့ ပြုကျင့်မှုတွေမှာလည်း
ယုံကြည်မှုတွေ ပျော်ဝင်နေဖို့ လိုပါတယ်။ ဒါဆို ကျွန်တော်တို့တွေဟာ
ယုံကြည်မှု ကို ဘယ်လို တည်ဆောက်ယူကြမလဲ။

ယုံကြည်မှု ဆိုတာကို Skill - ကျွမ်းကျင်မှု က လာတယ်လို့
ပြောချင်ပါတယ်။ ကျွန်တော်တို့တွေဟာ ကိုယ်တိုင် ကျွမ်းကျွမ်း
ကျင်ကျင် လုပ်ကိုင်ဆောင်ရွက်ခဲ့ဖူးတဲ့ အလုပ်ကိစ္စတွေကို
ဒီဟာတော့ဖြင့် "ငါဟာ ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်တယ်" ဟု
ယုံကြည်မှု ရှိကြတာပဲ မဟုတ်လား။
ကျွမ်းကျင်မှု ဆိုတာက လက်တွေ့ လေ့ကျင့်တာ - Practice
မှ တတ်မြောက်လာပါတယ်။
လက်တွေ့လေ့ကျင့်မှုကိုလည်း အပြုအမူ - Action က စတင်
ခဲ့တာပါပဲ။
ကျွန်တော်တို့တွေဟာ အပြုအမူတစ်ခု စတင်ဖို့ကြတော့ ပထမဦးဆုံး
စိတ်ကူးအတွေး - Thought တွေးခေါ်ခဲ့ကြရတယ် မဟုတ်လား။
Screenshot_2018-05-01-09-36-41.png
ဒီတော့ မိတ်ဆွေတို့ဟာ အောင်မြင်ပြည့်စုံသောဘဝ တစ်ခု ဖန်တီးဖို့
အပြုဘက်ဆိုင်ရာ ယုံကြည်မှု တည်ဆောက်ကြမယ် ဆိုပါတော့...
မိမိ ဆောင်ရွက်မည့် ကိစ္စ(အောင်မြင်လိုသော အရာ) အတွက်
"ဘာတွေကို လေ့လာသင်ယူမယ်၊ ပြုမူလုပ်ဆောင်ရမယ်။"
ဆိုတာကို မလုပ်ခင်မှာ စဉ်းစားတွေးခေါ်ရပါမယ်။ ပထမအတွေး
အခေါ်ကိုလည်း ဒုတိယမြောက် ပြန်လည် တွေးခေါ်ပြီး ကောင်းမယ့်၊
သင့်တင့်မယ့် အရာကို ရွေးချယ်ရပါမယ်။
အဲဒီ အတွေးအခေါ် - Thought ကိုမှ Action - ကို စတင်
ပြုမူဆောင်ရွက်ရမယ်။
အဲဒီလို အပြုအမူတစ်ခုကို ထပ်ခါထပ်ခါ လုပ်ဆောင်ခြင်းမှ
အလေ့အကျင့် လေ့ကျင့်တာ - Practice ရလာပြီး၊ ထိုမှ
ကျွမ်းကျင်မှု - Skill ရလာပါမယ်။ ကျွမ်းကျင်မှု ရလာပြီ ဆိုရင်တော့
မိမိ လုပ်ကိုင်ဆောင်ရွက်တာတွေမှာ ယုံကြည်မှု - Belief
ဝင်လာပြီပေါ့။
ဒါကိုတော့ "ငါ လုပ်လို့ ရတယ်၊ ငါ လုပ်နိုင်တယ်။ ငါ လုပ်ရင်
ဖြစ်တယ်
" ဆိုတဲ့ ယုံကြည်မှုဟာ မိတ်ဆွေတို့ ရချင်တဲ့ အောင်မြင်မှု
သို့ အရောက်ပို့နိုင်မှာပါပဲ။ ကဲ! ဟုတ်ပြီ... ကျွန်တော်တို့တွေဟာ
အထက်ပါနည်းလေးတွေကို အသုံးပြု ပြီး မိမိကိုယ်တိုင် ယုံကြည်မှု
တည်ဆောက်သင့်တယ် မဟုတ်ပါလား။

ဆက်ရန်...
{မှတ်ချက်။ ။ To Be Perfect Life အပိုင်းဆက် အောင်မြင်ရေး
လမ်းစဉ်များကို ကျွန်တော်၏ Facebook Page ဖြစ်သော
Hein Khant Maung Perfect Life တွင် လွန်ခဲ့သော
သုံးနှစ်ခန့်က Power Point ကို Photo ရိုက်ယူ၍ တင်ခဲ့ဖူး
ပါသည်။ [Page Link မှာ https://www.facebook.com/heinkhantmaung.tinaungsoe/]}

မိတ်ဆွေအားလုံး ကျန်းမာ ချမ်းသာ အောင်မြင် ပျော်ရွှင်ကြပါစေ။
With Kindness,
@billionairehein
MSC -193
Hein Khant Maung ပြုစုရေးသားခဲ့သည်။

Sort:  

မိမိတွေးတောသည့် သဘောအတိုင်းသာ မိမိဘ၀ဖြစ်လာတာပါ ... စိတ်ထားတတ်ဖို့ အရမ်းအရေးကြီးပါတယ်

စိတ်ထားမြတ်ဖို့ထက် စိတ်ထားတတ်ဖို့ ပိုအရေးကြီးပါတယ်။
"Thought become Thing. "ဟု ကမ္ဘာကျော် ဟောပြောရေး
ဆရာတွေက ဆိုမိန့်ကြတာပဲ။ မိမိတွေးတာက မိမိသဘောထားပါပဲဟုလည်း
ဆိုကြပါတယ်။ ကောင်းတာတွေးမှ ကောင်းတာဖြစ်မှာပေါ့...ဒီသဘော
တရားတွေပါပဲ။

နောက်​အပိုင်း​တွေဆက်​ဖတ်​အုံးမယ်

ယုံကြည်မူ့ရှိမှ သွားချင်တဲ့နေရာကိုရောက်နိုင်တာ 100% လက်ခံတယ်ဘဒို

"Faith is the force of life." ဟု Leo Tolstoy*
က ဆိုမိန့်ထားတာပဲ။ ယုံကြည်သက်ဝင်မှု ရှိမှ ဘဝမှာ
ရဲရဲလျှောက်လှမ်းနိုင်မှာ...ရဲရဲလျှောက်လှမ်းရဲမှ အောင်မြင်မှု
ရတတ်တာပါပဲ။

ဟုတ်တယ်ဘဒိုရေ
ယုံကြည်မူ့က ရဲရင့်စေတယ်

သံသယနဲ့ ယုံကြည်မှုဆိုတာ တွဲနေတယ်လို့မြင်နေတယ် ကိုဟိန်းရေ ကိုယ့်ကိုယ်ကိုယ် မယုံကြည်နိုင်လောက်ဘူးဆိုတဲ့အတွေးသံသယတွေကိုဖယ်ပြီး ကိုယ်လုပ်ဆောင်တဲ့အရာတွေကို ထပ်ခါထပ်ခါ သုံးသပ်နိုင်မယ်ဆိုရင်တော့ ပိုမိုကောင်းမွန်တဲ့အလုပ်တွေကိုဖန်တီးလာနိုင်မှာအမှန်ပါပဲ ကိုဟိန်းရေ......

ဟုတ်တယ်ဗျို့... သံသယဝင်နေလျက် ဇွတ်ယုံကြည်စေပြီး
လုပ်ဆောင်တော့လည်း ဖြောင့်ဖြောင့် မလုပ်နိုင်ပါဘူး။
သက်ဝင်ယုံကြည်မှုက လုပ်ယူရတာ ခက်တယ်။
သူ့အလိုလိုကျတော့လည်း ယုံနေတတ်ပြန်ရော...

အရမ်း​ကောင်းတယ်​ဗျာ ​နောပ်​လည်း​စောင့်​​မျှော်​​နေဦးမယ်​လကိုဟိန်း တိုးတက်​ရာတိုးတက်​​ကြောင်း​တွေဖတ်​ရတာ စိတ်​ဝင်​စားဖို့အရမ်း​ကောင်းတယ်

စိတ်ဝင်စားဖို့ အရမ်းကောင်းရုံနှင့် စာဖတ်ဗဟုသုတကတော့ ဘာမှ
ထူးထူးခြားခြား ဖြစ်လာမည် မဟုတ်သေးပါ။
နည်းလမ်းများသည် လက်တွေ့ လျှောက်လှမ်းကြည့်မှ အကောင်းအဆိုး
သိပြီး ကောင်းတာကို ဆက်လုပ်မှသာလျှင် အောင်မြင်တိုးတတ်ပေလိမ့်မည်။

လောကကြီးရဲ့ နိယာမက တူရာကိုစွဲငင်တက်တဲ့ သဘောရှိတယ်လို့
မှတ်သားဖူးပါတယ်... ကောင်းတာတွေတွေးနေမှ ကောင်းတာတွေ
ဖြစ်လာမှာပေါ့နော်...

ဒါပေါ့ ညီရေ...ဆွဲငင်အားနိယာမအရ တူရာကို ဆွဲငင်တတ်ကြပါတယ်။
ကောင်းတာတွေးမှ ကောင်းတာ လုပ်ဖြစ်မှာ...ကောင်းတာ လုပ်မှ
ကောင်းတာ ရမှာပါပဲ...

မိမိကိုယ် မိမိ ယုံကြည်စိတ်ရှိမှ ဘဝက တိုးတက်မှုရနိုင်မယ်ဗျား ထိုသို့မိမိကိုယ်မိမိ ယုံကြည်နိုင်အောင်ကလည်း မိမိလိပ်ပြာက သန့်နေဖို့ လိုမယ်လို့ ထင်မြင်ယူဆမိပါတယ် ကိုဟိန်းရေ

တင်ပါ့ဘုရား...
စိတ်သန့်သန့်၊ လိပ်ပြာသန့်သန့် ဖြင့် မိမိ လုပ်ဆောင်မည့်အရာအပေါ်
သက်ဝင်ယုံကြည်စွာ ဆောင်ရွက်ရင် အောင်မြင်မှာ သေချာပါတယ်။

You got a 2.95% upvote from @minnowvotes courtesy of @billionairehein!

အကို​ရေ အကို့ Fb Page ​လေးကိုလည်း ပြန်​လည်​ ရှင်​သန်​လာ​အောင်​ post​လေး​တွေ အမြဲတင်​​ပေးပါအုံး....။

Steemit သုံးနေရတာနဲ့ facebook ဘက် အားလျော့သွားတယ်ဗျာ...
ကြိုးစား တင်သွားပါမယ်ဗျ

မှန်ပါတယ် ကိုယ့်ကိုကို ယုံကြည်မှုရှိမှသာ ရှေ့ဆက်လျှောက်လမ်းခြင်းဟာ အားအင်အပြည့်ဖြစ်မှာပါ

မိမိကိုယ်ကို ယုံ ကြည်မှု အားနည်းနေတော့ ဆုံးဖြတ်ချက်
ကောင်းကောင်း မချနိုင်ဘဲ ဟိုဟာကောင်းနိုး ဒီဟာ ကောင်းနိုး
တွေဝေနေတတ်တာကြောင့် အောင်မြင်မှု မရနိုင် ဖြစ်ရတယ်။

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 62186.49
ETH 2417.64
USDT 1.00
SBD 2.56