စတင်ပါ..ပြီးဆုံအောင် လုပ်ပါ

in #myanmar6 years ago

... မင်္ဂလာပါ မိတ်ဆွေတို့ရေ ...
orca-image-251479155.jpeg_1537324958874.jpeg

အောင်မြင်မှု၊ ဆုံးရှုံးမှုနှင့် ပတ်သက်လို့ရယ်...
အောင်နိုင်သူ၊ ကျရှုံးသူတို့နှင့် ပတ်သက်လို့ရယ်...
လူတွေမှာ ဖြစ်လြေ့ဖစ်ထ ရှိတဲ့ စိတ်အနေအထားရယ်...
အောင်နိုင်ခြင်းမှာ စတင်ဖို့ သည်သာ အဓိက အရေးကြီးကြောင်း
နှင့် ဇွဲမှတစ်ပါး အခြား မရှိကြောင်း နှိုးဆော်စာလေး
နည်းနည်းလောက် ပြောပြ ၊ ရေးချလိုက်ပါတယ်။

ဆုံးရှုံးမှုက အောင်မြင်မှု ရဲ့ အစိတ်​အပိုင်း တစ်ခုပါ။
သင် သိပါသလား?
အောင်မြင်မှု မရခင်မှာ ရှုံးနိမ့်မှုတွေ ကြုံရတတ်တယ် ဆိုတာကိုပေါ့။
သင် တခါမှ မဆုံးရှုံးဖူးဘူး ဆိုရင်တော့
သင် ဘာမှ ကြီးကြီးမားမား မလုပ်သေးလို့ ဟု ယူဆရမှာပါပဲ။
ဆုံးရှုံးမှုကို လက်ခံပြီး သင်ခန်းစာယူကာ
ဆက်လက်လုပ်ဆောင်လျှင်တော့
သင် အောင်မြင်မှု ရမှာပေါ့ ဟု ထောက်ခံ ပြောကြားလိုပါတယ်။

ဘာကြောင့်လဲ ဆိုတော့ကာ...
လမ်းတဝက်မှလှည့်ပြန်သောသူဟာ
အောင်မြင်မှု ရရှိမှာ မဟုတ်လို့ပါပဲ။

အောင်နိုင်သူဟာ အရှုံး​ပေး ထွက်ပြေးခြင်း မရှိသလို
အရှုံးပေးထွက်ပြေးသူဟာလည်း အောင်နိုင်ခြင်း
ရှိမှာ မဟုတ်လို့ပါပဲ။
orca-image-1481734654.jpeg

ဒါပေမယ့် လူအတော်များများဟာ သူတို့တွေ
မအောင်မြင်ကြတဲ့အခါ ဆင်ခြေဆက်လက်တွေဖြင့်
အကြောင်းပြချက်တွေ ပေးတတ်ကြပါတယ်။
အရှုံးပေး ထွက်ပြေးဖို့ အကြောင်းပြချက်
ကောင်းကောင်း ပေးတတ်သူတွေ ရှိကြသလို
ဆက်လက်ကြိုးစား အနိုင်ယူဖို့ အကြောင်းပြချက်
ကောင်းကောင်း ထားတတ်သူတွေလည်း ရှိကြပါတယ်။

တစ်ကယ်က မအောင်မြင်ခဲ့သေးတာကို ဘာကြောင့်
ညာကြောင့် ဆိုပြီး အကြောင်းပြချက် ပေးနေမယ့် အစား
နည်းနည်းလောက် ဖြစ်ဖြစ် ပိုကြိုးစား ဆက်လုပ်
ကြည့်သင့်တယ် မဟုတ်ပါလား။
မိတ်ဆွေတို့ရော ဘယ်အထဲမှာ ပါကြသလဲ?
အခက်အခဲ ပြဿနာတွေကို ကြုံရလို့ ထွက်ပြေးအောင်နိုင်သူဆိုတာမရှိပါဘူး။
ရင်ဆိုင်ကျော်ဖြတ်မှ အောင်မြင်မှာပါ။

တချို့ကြပြန်တော့လည်း...
မိမိ ဖြစ်မြောက်ချင်တာ တစ်ခု အတွက်
လုပ်ဆောင်ရယူဖို့ ဆန္ဒသေးသေးလေးတွေ ရှိတတ်ကြပါတယ်။
သို့သော် ဘယ်အခြေအနေရောက်မှ...
ဘာတွေ ရှိလာမှ... ဘယ်လို ဖြစ်လာမှ...( စသည်ဖြင့်)
လုပ်မယ်ဟု စိတ်ထားမျှော်မှန်းနေတတ်ကြပါတယ်။

အရာအားလုံး မှန်ကန်ပြည့်စုံလာဖို့ထိ စောင့်မနေပါနဲ့။ ဘယ်တော့မှလည်း ပြီးပြည့်စုံလာမှာ မဟုတ်လို့ပါပဲ။
ရာခိုင်နှုန်းပြည့် မှန်ကန်သိရှိရသည်အထိ...
မိမိ စတင်လုပ်ဆောင်နိုင်မည့် အခြေအနေကို စောင့်နေပါက အဲဒီအချိန် ရောက်လာကောင်း ရောက်လာနိုင်သော်လည်း
မိမိရဲ့ အခြေအနေတွေကလည်း တစ်မျိုးတစ်မည်
ပြောင်းလဲသွားနိုင်ပါတယ်။
အရာရာတိုင်း အလုံးစုံ မှန်ကန်လာဖို့ထိ မစောင့်ပါနဲ့ ဟု ထပ်ပြောချင်ပါတယ်။ ဘယ်တော့မှ ပြည့်စုံလာမှာ
မဟုတ်ပါဘူး။ ပြည့်စုံတဲ့အနေအထားအောက်
လျော့နည်းနေတာ ရှိမယ်။ စိန်ခေါ်မှုတွေ ၊
အတားအဆီးတွေ အမြဲတမ်းလိုလို ရှိနေမယ်။
ဒါ​ကြောင့်​ ခုပဲ စတင်လိုက်ပါ။ လုပ်ဆောင်လိုက်တဲ့
အဆင့်တိုင်းက စွမ်းအားမြင့်သည်ထက် ပိုမြင့်လာမယ်။ ကျွမ်းကျင်သည်ထက် ပိုကျွမ်းကျင်လာမယ်။
ကိုယ့်ကိုကိုယ် ယုံကြည်သည်ထက် ပိုယုံကြည်လာပြိီး အောင်မြင်သည်ထက် ပိုအောင်မြင်လာမှာပဲပေါ့။

သို့ဖြစ်၍ သိသမျှနဲ့ ရသလောက် လုပ်ဆောင်ပါ။
မိမိမှာ ရှိတာဖြင့် စပါ။ မိမိ လုပ်နိုင်စွမ်းသလောက် စလုပ်ပါ။
ဦးစွာချက်ခြင်း လုပ်ဆောင်ပါ။

ထို့နောက် မည့်သို့သော အခက်အခဲ ကြုံရပါစေ...
စိတ်မပျက် လက်မလျှော့ဘဲ ရှေ့ဆက် လုပ်ဆောင်ကြဖို့
အောင်မြင်ရေးမှာ ဇွဲ မှတစ်ပါး အခြား မရှိပါ ဟု
တိုက်တွန်းလိုက်ရပါတယ် ခင်ဗျား...

........... Hein Khant Maung ..........

မိတ်ဆွေအားလုံး ကျန်းမာ ချမ်းသာ
အောင်မြင် ပျော်ရွှင်ကြပါစေ....
orca-image-1529224864173.jpg_1529224864253.jpeg

MSC - 193
@billionairehein

Sort:  

အဆိုးများကို ကျော်ဖြတ်မှာ
ဒုက္ခက ခဏလေးပါ
ခရီးများအဆုံးထိလျှောက်

Let us go to success!

You got a 9.52% upvote from @dailyupvotes courtesy of @billionairehein!

ကိုဟိန်းရေ။
ရှေ့ဆက်ဖို့ ခွန်အားတွေအများကြီးရလိုက်ပါတယ်။
ကျနော်လည်း အဆင်ပြေမဲ့ အချိန်ကို ထိုင်စောင့်ခဲ့ဖူးတယ်။

ကိုယ်လည်း ထိုင်စောင့်နေတတ်တာ..ပြင်ရဦးမယ်

လဲတိုင်းသာ မထဘဲ​နေရင်​ ​ရှေ့​ရောက်​မှာမဟုပ်
လူ့ဘဝမှာ မလဲဘူးသူမရှိပါ

7 ခါလဲ ၈ ခါပြန်ထရမပေါ့ဗျာ

စတင်​ဖို့ကအဓိက​ပေါ့....ပြီး​တော့ဇွဲလုံ့လကိုယ်​ဖြစ်​ချင်​တာမဆုတ်​မနစ်​ကြိုးစားဖို့...

စတင်ဖို့က ပထမ ပြီးဆုံးအောင် လုပ်ဖို့က ဒုတိယ😁😁

ကိုယ်‌ချမှတ်‌ထားတဲ့ လမ်း‌ကြောင်းကိုပြီးဆုံး‌အောင်‌ ကြိုးစား‌လျှောက်‌လှမ်း ရမှာဘဲ။ကိုဟိန်းေ ပြာသလို ဇွဲက အဓိကပါဘဲ။

တစ်လှမ်းမှ မစရင် မရောက်သလို
ဆုံးအောင် မလျှောက်ရင်လည်း မရောက်ဘူးပေါ့ဗျာ

You got a 9.36% upvote from @minnowvotes courtesy of @billionairehein!

တစ်ဝက်မှာတော့ ရပ်မနေတော့ပါဘူး ရောက်အောင်တော့ လျှောက်ရတော့မပေါ့

ရောက်အောင်လျှောက်မယ် ရအောင်လုပ်မယ်

အခုက စတင်ဖို့ကိုပဲ ကြိုးပမ်းနေရတယ် ကိုဟိန်းရေ 😪

ရဲရဲကြီး စတငိလိုက်စမ်းပါညီ

စမှ မှတော့ အဆုံးထိသွားရမှာဘဲ ကိုဟိန်းရေ

Let us go to golden steem dream!

Coin Marketplace

STEEM 0.17
TRX 0.14
JST 0.028
BTC 58607.22
ETH 2616.94
USDT 1.00
SBD 2.43