Near The Place I Live In

in #myanmar7 years ago (edited)

မင်္ဂလာပါ မိတ်ဆွေတို့ရေ...
မနေ့ညနေက ကျွန်တော် မြန်ပြည်သာရွာ ဆေးခန်းထိုင်ဖို့
အုန်းချောကျေးရွာမှ ၂ နာရီ ထိုးခါနီးလေးမှာ ထွက်လာခဲ့ပါ
တယ်။ မြန်ပြည်သာ ရောက်တော့ ဆေးအိပ်လေး ချထားခဲ့
ပြီး တနေရာကို ဆက်သွားခဲ့ပါတယ်။ ထိုနေရာကတော့
ဆုတောင်းပြည့် ခိုနန်းရှင်ဘုရား နှင့် လှိုဏ်ဂူတော် ဖြစ်ပါတယ်။
ဘုရား ရောက်သောအခါ အလှူ ငွေ အနည်းငယ် ထည့်လှူ ပြီး
ဖုန်းကင်မရာဖြင့် ဓာတ်ပုံတွေ ရိုက်ယူခဲ့ပါတယ်။ ဒါမှလည်း
မိတ်ဆွေတို့ကို ပြပေးလို့ ရမယ် မဟုတ်လား။ ဟီး တကယ်
တော့ Steemit မှာ Photo blog တင်ချင်တာလည်း
ပါပါတယ်။ ကဲ ရှုစားကြည့်ပါဦးဗျာ။

image
၎င်း ခိုနန်းရှင် လှိုဏ်ဂူနှင့် ဘုရားသည် ပြင်ဦးလွင်လမ်းမပေါ်ရှိ
ကျောက်ချောရွာမှ တောင်ဘက်သို့ ရဲရွာရေအားလျှပ်စစ်ဆီ
သွားရာလမ်း ဒီးဒုတ်ရေတံခွန်သို. မရောက်ခင်လေး မကျည်းအင်း
ကျေးရွာတွင် ရှိပါတယ်။
image

အဝင်ဝမှ လှမ်းရိုက်ထားပုံ

image
ဣစ္ဆာသယအောင်မြေစေတီတော်

image
ခိုနန်းရှင် လှိုဏ်ဂူ အတတ်လမ်းမှ နဂါးရုံ ဘုရား

image
လှိုဏ်ဂူတော် အတတ်လမ်းဘေးမှ ဘုရားသုံးဆူသို့

image
အတတ်လမ်းကို ကွန်ကရစ်လှေကားထစ်များခင်းပေးထားပြီး
စောင်းတန်းတလျှောက် အမိုးပါရှိသည်။

image
သဘာဝလှိုဏ်ဂူအမိုးအား မော့ရိုက်ထားပုံ

image
လှိုဏ်ဂူဝ အမိုးအောက်မှ စေတီတစ်ဆူ

image
လှိုဏ်ဂူဝ ကျောက်သားများ

image
လှိုဏ်ဂူတွင်းမှ ဘုရားတစ်ဆူ (သပိတ်ခံထားသည်မှာ အပေါ်ကျောက်စက်
ပန်းဆွဲမှ ရေစက်ရေပေါက်များ ကျဆင်းနေ၍)

image
ကျောက်စက်ကျောက်သားများ

image
လှိုဏ်ဂူအတွင်း လျှိုပေါက်

image
လှိုဏ်ဂူအတွင်း သူတော်စင်တစ်ဦး တရားထိုင်နေ၍ အထဲသို့
ဆက်မဝင်တော့ဘဲ မှတ်တမ်းဓာတ်ပုံ ရိုက်ယူခဲ့ပါတယ်။

image
လှိုဏ်ဂူဝ မှ အောက်သို့ လှမ်းရိုက်ထားပုံ

image
လှိုဏ်ဂူဝ မှ စေတီများ

image
လှိုဏ်ဂူဝ မှ ဆုတောင်းပြည့်ဘုရား လျောင်းတော်မူ ပုံ

image
မြတ်စွာဘုရား နှင့် ထွက်ရက်ပေါက်သူတော်စင်ဘိုးဘိုးများ

image
image
လှိုဏ်ဂူဝ ရောက်ရောက်ခြင်း ရိုက်ထားသော ပုံများ

ကြည့်ရှုအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
လာလည်ကြပါ မိတ်ဆွေတို့ရေ ဖိတ်ခေါ်ပါတယ်။

အားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေ

@billionairehein
Hein Khant Maung ကိုယ်တိုင်သွားရောက် ရိုက်ထားပါသည်။

Sort:  

တကယ်​ကို သာယာတဲ့ ​နေရာ​လေး သွားလယ်​ဦးမယ်​ ပြင်​ဦးလွင်​ပြန်​ရင်​ အမြဲဖြတ်​သွား​နေတာ မသိဘူး

အုန်းချောရောက်ရင် ဆက်သွယ်လိုက်ပေါ့

အရင်တစ်ခေါက် ဒီးဒုတ်သွားကတည်းက သွားချင်နေတာ . . အချိန်မရလိုက်လို့ . . အရမ်းလှတာပဲ . . ဒီတစ်ပတ်မန္တလေးပြန်တဲ့အခါသွားရမယ်

Ok လာဘည်ပါဗျာ
ဆုတောင်းပြည့်တယ်တဲ့ဗျ

This post has received gratitude of 0.46 % from @appreciator thanks to: @billionairehein.

မမြင်ဖူးတဲ့ ရှုခင်းလေးတွေနဲ့ ၊ စေတီပုထိုးလေးတွေကို
မြင်တွေ့ ဖူးမြှော်ခွင့်ရလို့  ကျေးဇူးတင်ပါတယ် broရေ
.
ဒါနဲ့ ဖူးမြှော်တာနဲ့ 
ဖူးမျှော် ဘယ်ဟာ အမှန်လည်းဗျ
မြန်မာလိုပါ မေ့လာပီဗျိုး😁😁

Bro မေးမှ လည်သွာပြီ သိတော့ဘူးဗျ
ဖူးမြော် ထင်ပါတယ်
မျှော်လင့်တာလည်းပါရင်တော့ ဖူးမျှော်

မရောက်ဖူးတဲ့နေရာဒေသရဲ့ပုံလေးတွေတင်ပေးတော့ ဒေသန္တရ ဗဟုသုတလည်းရလိုက်ပါတယ်။အခွင့်ကြုံရင်လည်း လာလည်ပါအုံးမယ်။

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 63749.66
ETH 3419.02
USDT 1.00
SBD 2.48