MSC နှင့် ကြာလေလေအတွေးစများ

in #myanmar5 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ...
image
ကျွန်တော် စိတ်ထဲ ထင်မြင်မိတာလေး အချို့
ပြောပါဦးမယ်ဗျ...
ကျွန်တော်သည် Steemit အသုံးပြု၍ စာပေရေးသား
ပို့စ်တင်လာသည်မှာ တစ်နှစ်ခွဲလောက် ရှိပါတော့မည်။
ကျွန်တော် ဝင်ရောက်ထားသော အဖွဲ့အစည်း တစ်ခုဖြစ်သည့်
Myanmar Steemit Community (MSC)
ကတော့ စတင်ဖွဲ့စည်းခဲ့တာ နောက်နှစ်လလောက်ဆို
နှစ်နှစ်ပြည့်ပါတော့မည်။

MSC ဖွဲ့စည်းပြီး ၆ လ ဝန်းကျင်လောက်တွင်ကား
အဖွဲ့ဝင် နံပါတ်များမှာ 250 ကျော် 300 နီးပါးလောက်
ရှိသွားခဲ့ပါသည်။ Online ပေါ်တွင် ထိုမျှလောက်
စုစည်းမိခဲ့သည်မှာ အံ့လောက်စရာပင် ဖြစ်သလို
မြိုင်ဆိုင်တတ်ကြွခဲ့ကြသော အသင်းအဖွဲ့တစ်ခု ဖြစ်ပေသည်။

သို့ဖြစ်၍ ရည်ရွယ်ချက် ကြီးကြီးထားကာ
မြန်မာနိုင်ငံတွင် တရားဝင်အဖွဲ့အစည်း ဖြစ်စေရန်
သင်းဖွဲ့လျှောက်လွှာတင်ကာ ပြည်နယ် တိုင်းအလိုက်
ခေါင်းဆောင်များဖြင့် ဆောင်ရွက်ကြဖို့ ကြံစည်ခဲ့ကြပါသေးသည်။
Steemit မှ ရရှိသော ဝင်ငွေဖြင့် ပရဟိတအချို့လည်း
ဆောင်ရွက်ဖြစ်ခဲ့ကြပါသည်။ MSC သည် ဂုဏ်ယူစရာ
ကောင်းသော Online Community တစ်ခု ဖြစ်ခဲ့ပါသည်။
မမေ့နိုင်ကောင်းသော အရာများပါပေ...

သို့သော် Steem ဈေး ကျဆင်းမှုနှင့်အတူ စာရေးသား
ပို့စ်တင်ကြသူ အဖွဲ့ဝင်ဦးရေမှာ တဖြည်းဖြည်းနဲ့
ကျဆင်းလာခဲ့ရာ ယခုအချိန်တွင် ဆယ်ဂဏန်းမျှသာ
ကျန်ပါတော့သည်။

ကျွန်တော်၏ မနေ့က ပို့စ် တွင် ယုံကြည်မှုနှင့်ပတ်သက်၍
ရေးသားထားခဲ့ရာ MSC ၏ Admin တစ်ဦးဖြစ်သော
ဦးစိုး @ansoe မှ ယုံကြည်မှုရဖို့ အချိန်လိုနေသေး
ထင်ကြောင်း comment ပေးခဲ့ပါတယ်။
တစ်ကယ်ပဲ အချိန်လိုအပ်သေးတာ ဖြစ်နိုင်ပါမလား...

လက်ရှိအနေအထားကို ထောက်ဆကြည့်ရလျှင်
MSC Pro သည်လည်း Link ချသူ အရေအတွက်
နည်းနေပါသည်။
ပြင်ပစီးပွားရေး လုပ်ရန် အကြံဉာဏ်တောင်းခံသော်လည်း
စိတ်ဝင်စားစွာ ဆွေးနွေးပေးသူမှာ နည်းလှပါသည်။
MSC chat group တွင်လည်း chatting ဝင်သူ
နည်းလာကြပါသည်။

ထို့ကြောင့် ကျွန်တော့် စိတ်ထင်ကား....
ကြာလေလေ သွေးအေးသွားခဲ့ကြလေပြီ။
ကြာလေလေ အနေစိမ်းသွားခဲ့ကြလေပြီ။
ကြာလေလေ စည်းလုံးမှု ပျက်ပြားခဲ့ကြလေပြီ။
ဟူ၍သာတည်း....

ကျွန်တော်တို့ MSC အဖွဲ့ဝင်များသည်
ယုံကြည်မှု၊ စည်းလုံးမှု၊ တတ်ကြွမှု၊ နွေးထွေးခင်မင်မှုသည်ကား
Steem ဈေး အပေါ်မှာပဲ အခြေခံကြပါသလားဗျာ...
Steem ဈေး တတ်တတ်ကျကျ မပြောင်းလဲဘဲ
ရှိနေနိုင်ကြပါမလားဗျာ....

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ....

MSC - 193

@billionairehein

Sort:  

Steem ဈေးအပေါ်အခြေခံတာပေါ့၊ စာပေရေးကြတာက $ လိုချင်လို့ရေးကြတာလေ အဓိက စာရေးဆရာတွေမှမဟုတ်ကြတာ

Posted using Partiko Android

ကျွန်တော်ကတော့ $ လိုချင်တာ အမှန်ပါပဲဗျာ...
မိတ်ဆွေတွေနှင့် ခင်မင်မှုကိုတော့ steem ဈေး အပေါ် မူမတည်တတ်ပါဘူးဗျ😁

Posted using Partiko Android

ဦးမင်းရေးထားတာ မှန်နေတာပ

ဦးထွေးရောပေါ့လား😁

Posted using Partiko Android

ကျနော့ အတွေးက မှားချင်လည်း မှားမှာပေါ့လေ။ MSC က တခြားမှာ ရင်းနှီးမဲ့ အရင်းကို STEEM မှာပဲ ပြန်ရင်းလိုက်ပါလားဗျာ။ စတီးမစ်ကို ယုံကြည်တဲ့သူတွေပဲဟာ ဆုံးရှုံးသွားလည်း အပြစ်တင်မဲ့ သူ မရှိလောက်ပါဘူး။ ဒီကြားထဲ ဈေးတက်လာရင်တော့ ထောပေါ့။ :)

Posted using Partiko Android

Steem မှာ ရင်းစရာ ကြံဉာဏ်လေးများ ပေးပါဦးကွာ

Posted using Partiko Android

ကျွှန်တော်ကတော့ သွေးမအေးပါဘူး စာမရေးဖြစ်ချင်နေပါလိမ့်မယ် ကျွှန်တော့မယ် Online မှာ ခင်ရသောသူဆိုလို့ MSC က အကိုတွေ နဲ့ တစ်ခြားသူ အလွန်နည်းနည်လေးသာ ရှိပါတယ်လေ ။ဒီ့အရင်က online က အသိတောင်မရှိပါ ။ steemit သည် ကျွှန်တော်တို့ကိုတွေ့ဆုံစေရုံသာ ခင်မင်မှုတွေ ယုံကြည်မှုတွေ နွေးထွေးတာတွေ ဘာတွေ အကုန် ကျွှန်တော်တို့ဖာသာ တည်ဆောက်ကြတာပါ ။ ဈေးနှင့် လုံးဝမဆိုင်

ဝမ်းသာပါတယ်ဗျာ... ဆက်လက်နွေးထွေး ခင်နိုင်ပါစေ

Posted using Partiko Android

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62014.91
ETH 2410.27
USDT 1.00
SBD 2.50