Let Us Discuss To Succeed (9)

in #myanmar7 years ago

မင်္ဂလာပါ စာချစ်သူ မိတ်ဆွေတို့ရေ...
orca-image-1519274386055.jpg_1519274386257.jpeg

ကျွန်တော်ဟာ ကျေးလက်တောရွာမှ ဆင်းရဲတဲ့ မိသားစု
က ပေါက်ဖွားလာခဲ့တာပါ။ ကျွန်တော့ မိဘတွေဟာ စားဝတ်
နေရေး ခက်ခဲတဲ့ ကြားက ကျွန်တော့်ကို တက္ကသိုလ်ပညာထိ
သင်ယူစေခဲ့တာပါ။ ကျွန်တော်ကလည်း မိဘက ကျောင်းထား
စေချင်အောင် စာကြိုးစားခဲ့သူပါ။ ကျွန်တော့်မိဘတွေနှင့်
ပတ်ဝန်းကျင်ရဲ့ အယူအဆက ပညာထူးချွန်အောင် ကြိုးစား၊
တက္ကသိုလ်ဝင်တန်းမှာ အမှတ်ကောင်းကောင်းရရင် အသက်
မွေးဝမ်းကျောင်း တက္ကသိုလ် ကောင်းကောင်းမှာ တတ်ရောက်
နိုင်မယ်...။ အထူးသဖြင့် ဆေးပညာ သင်ယူနိုင်ရင် စီးပွားရေး
အရ စားဝတ်နေရေး မပူပင်ရတော့ဘူး...တဲ့။
ကျွန်တော်ကလည်း ဒီအယူအဆတွေဖြင့် တက္ကသိုလ်ဝင်တန်း
အောင်သောအခါ ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်
တို့ကို ဦးစားပေး လျှောက်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း
အခြေခံကျန်းမာရေး တက္ကသိုလ် ကို ဆေးရုံမှတဆင့်
လျှောက်ခဲ့ပါသေးတယ်။ ဒီလိုကြောင့် ကျွန်တော်ဟာ အမှတ်
မှီရာ အခြေခံကျန်းမာရေး တက္ကသိုလ် ကို တတ်ရောက်ခဲ့ရ
ပါတယ်။ တက္ကသိုလ် မှ ဘွဲ့ရလာသောအခါ လက်ထောက်
ကျန်းမာရေးမှူး အဖြစ် အစိုးရဝန်ထမ်း နိုင်ငံတာဝန် ထမ်းရွက်
ခဲ့ပါသေးတယ်။ အခြေအနေအရ အစိုးရဝန်ထမ်း အလုပ်မှ
ထွက်ခဲ့ပြီး ၊ တောရွာတစ်ရွာမှာ ဆေးခန်းဖွင့် အသက်မွေး
ဝမ်းကြောင်းခဲ့ပါသေးတယ်။
Screenshot_2018-02-22-11-31-21.png

ကျွန်တော်ဟာ စားဝတ်နေရေး ပြေလည်ခဲ့ပေမယ့် မပျော်ရွှင်ခဲ့
ပါဘူး။ ဒါနဲ့ပဲ ကျွန်တော်ဟာ ကုမ္ပဏီ လုပ်ငန်းတွေ လျှောက်
ကြည့်ခဲ့ပါတယ်။ သို့သော် ဆေးပညာ အခြေခံ မှလွဲ၍ တခြား
နည်းပညာ ကျွမ်းကျင်မှု မရှိသောကြောင့် အလုပ်ကောင်းကောင်း
မရခဲ့ပါဘူး။ ဒီလိုနဲ့ ကျွန်တော်ဟာ မိမိ တတ်ထားသော ဆေး
ပညာနှင့်လည်း စီးပွား မရှာချင်၊ တခြားလုပ်ငန်း ကောင်းကောင်း
လည်း မလုပ်တတ်၊ ငွေအရင်းအနှီးကလည်း မရှိနဲ့ ဟိုလိုလို
ဒီလိုလို ဖြစ်နေခဲ့ပါတယ်။
ဒီဘက်ခေတ်မှာ ကုမ္ပဏီ ဝန်ထမ်း အဆင့်မြင့်မြင့် ဖြစ်ဖို့ကလည်း
အစိုးရ ကျောင်းပညာရေးက မလုံလောက်ပါဘူး။ ပြင်ပမှ
Diploma နှင့် Certificate တွေက ပိုပြီး အရေးပါနေ
တယ်။ ဒါကြောင့် ကျွန်တော်ဟာ အစိုးရရဲ့ ကျောင်းပညာရေး
ကို အချိန်ကုန်၊ ငွေကုန်ခံကာ သင်ယူခဲ့ရတာကို (မှားခဲ့တယ်)
လို့ ထင်ခဲ့မိပါတယ်။ ချမ်းသာဖို့ ဆိုတာ စီးပွားရေး ပညာကို
ပြင်ပ အတွေ့အကြုံတွေမှ သင်ယူတတ်ရမယ်လို့ ယူဆမိပါ
တော့တယ်။ တခါတလေတော့လည်း ချမ်းသာအောင်မြင်မှု
ဆိုတာက ကျောင်းပညာရပ်မှာ ထူးချွန်ခြင်း၊ မတတ်ခြင်းနှင့်
မဆိုင်သလိုပဲဟု ထင်မိပါတော့တယ်။ သို့ဖြစ်၍ ကျွန်တော့်
အတွေးအမြင် အယူအဆတွေ ကို ပြန်လည်ဆန်းစစ်ကြည့်ဖို့
အောင်မြင်ရေးအကြောင်း ဆွေးနွေးနေရာ ဆရာ ဦးဇယံ ဆီ
ထွက်လာခဲ့ပါတယ်။
HKM။ ။ မင်္ဂလာပါ ဆရာ... ဘာစာတွေ ဖတ်နေပါလဲ ဗျ။
ZY။ ။ အေး! လာဟေ့...မောင်ဟိန်းခန့်မောင်။ ဆရာတော့
အခြေခံ ကွန်ပျူတာပညာကို လေ့လာနေတာပါ။ ဒီနေ့ ဘယ်
အကြောင်းအရာ ဆွေးနွေးကြမလဲ။
Screenshot_2018-02-22-11-21-58.png

HKM။ ။ ဘာများ လုပ်ဖို့ပါလဲ ဆရာ။ Computor
Programer တို့ Designer တို့ လုပ်မလို့လားဗျ။
ZY။ ။ မဟုတ်ရပါဘူးကွာ။ ဒီဘက်ခေတ်မှာ ကွန်ပျူတာပညာ
အခြေခံလေးလောက်တော့ တတ်ထားဖို့ လိုတယ်။ နောက်ပြီး
တို့တွေ (လူသားတွေ) ဆိုတာ ပညာရပ်တွေကို မသေမချင်း
သင်ယူဖို့ ၊ လေ့လာဖို့ လိုတယ်။ Life is long learning.
ဘဝဆိုတာ ရှည်လျားထွေပြားသော သင်ယူလေ့လာနေခြင်းပဲတဲ့။
မလေ့လာမသင်ယူဘဲနေတဲ့ ဘဝဟာ အသက်ရှိလျက် သေနေ
သလိုပဲတဲ့။ ပညာဗဟုသုတဆိုတာ တတ်ထားလေ ကောင်းလေ
ပါပဲ။
Screenshot_2018-02-22-11-38-34.png

HKM။ ။ ဒါဆို ဗဟုသုတ ပညာ အကြောင်း ဆွေးနွေးကြတာပေါ့
ဆရာရေ။ ကျွန်တော်ကတော့ ချမ်းသာဖို့ ၊ အောင်မြင်ဖို့ ဆိုတာ
ကျောင်းပညာရေးက အဓိက မကျဘူးလို့ ထင်တာပဲဗျ ။
Screenshot_2018-02-22-11-41-03.png

ZY။ ။ တထစ်ချတော့ ပြောလို့ မရဘူး။ အတန်းပညာ မတတ်ဘဲ
ချမ်းသာ အောင်မြင်နေသူတွေတော့ ရှိကြတာပေါ့။ ဥပမာ။ ။
သောမတ် အက်ဒီဆင်* ဒါပေမယ့် ကျောင်းသင် ပညာရေးဟာ
တတ်ထားဖို့ လိုပါတယ်။ အမှန်စစ်စစ် အောင်မြင်ချင်တယ်ဆိုရင်
ဗဟုသုတ များများ ရှိထားရမယ်။ ကျောင်းပညာရေးရော ၊
ပြင်ပပညာရော အစုံတတ်လေ ကောင်းလေပဲ။ မိမိ အောင်မြင်
ချင်တဲ့ နယ်ပယ်အလိုက် ကျွမ်းကျင်ပညာ ဗဟုသုတ ရှိဖို့က
အထူးလိုမယ်လို့ ပြောချင်တယ်။
Screenshot_2018-02-22-11-42-21.png

HKM။ ။ ဆရာက ကွန်ပျူတာပညာ လေ့လာနေတာ ကောင်း
တာပေါ့နော်...ဒီဘက်ခေတ်မှာကလည်း ကွန်ပျူတာက မရှိမဖြစ်
ရလောက်အောင် ခေတ်စားနေပြီ။ ကွန်ပျူတာမှ တတ်မထားရင်
အလုပ်အကိုင် အခွင့်အလမ်း က မကောင်းတော့ဘူး။
ZY။ ။ ဒါပေါ့။ ဒါပေမယ့် ကွန်ပျူတာပညာ မတတ်လည်း
ချမ်းသာ အောင်မြင်နိုင်ပါတယ်။ ကွန်ပျူတာပညာ မတတ်လို့
အားငယ်နေသူတွေ အတွက် ဂျာနယ်တစ်ခုထဲမှာ ဆရာ
ဖတ်ခဲ့ဖူးတာလေး ပြောပြမယ်။
HKM။ ။ ဟုတ်... လင်းပါဦး ဆရာ။
ZY။ ။ တခါတုန်းက အလုပ်လက်မဲ့ လူငယ်တစ်ယောက်ဟာ
ကုမ္ပဏီတစ်ခု၌ အလုပ် လာလျှောက်သတဲ့။ ထိုအခါ သူ့ကို
HR မန်နေဂျာက interview လုပ်တာပေါ့ကွာ။ ထိုလူငယ်
ဟာ အရည်အချင်း ရှိတာကြောင့် အလုပ်ခန့်ဖို့ သဘောကျမိ
တယ်ပေါ့။ ဒါကြောင့် သေချာစီစစ်ရွေးချယ်ပြီးရင် အလုပ်ခန့်စာ
ပို့လို့ရအောင် Email လိပ်စာ ပေးထားခဲ့ပါလို့ တောင်းလိုက်
သတဲ့။ ထိုအခါ အလုပ် လာလျှောက်တဲ့ လူငယ်လေးဟာ
အနည်းငယ် တုန့်ဆိုင်းသွားပြီး ၊ လေသံပျော့လေးနဲ့ "ကျွန်တော့်
မှာ Email တို့ Computor တို့ မရှိပါဘူး" လို့ ပြေလိုက်ပါ
တယ်။ ဒီတော့ မန်နေဂျာကလည်း "မင်းမှာ Email မှ မရှိဘူး
ဆိုရင် ခေတ်နဲ့ မျက်ခြေပြတ်နေပြီ...ဒါဆိုရင်တော့ အလုပ် မရနိုင်
ဘူး"လို့ ပြန်ပြောလိုက်တယ်တဲ့။ အဲဒီ လူငယ်လည်း မျှော်လင့်
ချက် ပျောက်ဆုံးပြီး စိတ်ပျက်လက်ပျက်နဲ့ ပြန်လာခဲ့တယ်။ ဘာ
လုပ်ရမှန်းလည်း မသိတော့သလို သူ့မှာလည်း ငွေက ($10)
လောက်သာ ကျန်တော့တယ်။ ဒါနဲ့ပဲ လူငယ်လေးဟာ ခြေဦး
တည့်ရာ လျှောက်သွားရင်းနဲ့ စူပါမားကပ်တစ်ခုရှေ့ ရောက်လာ
တော့ စိတ်ကူးတစ်ခု ရသွားတယ်တဲ့။ သူ့မှာ ကျန်ရှိနေသေးတဲ့
ငွေဖြင့် ဟင်းသီးဟင်းရွက်တွေ ဝယ်ယူပြီး ၊ ရပ်ကွက်ထဲ တစ်အိမ်
တက်ဆင်း လိုက်ရောင်းခဲ့တယ်တဲ့။ ဟင်းသီးဟင်းရွက်တွေ ကုန်
သွားတော့ သူ့မှာ ငွေနှစ်ဆ ဖြစ်လာခဲ့တယ်။ လူငယ်ဟာ
ဒီလို နည်းဖြင့် သူ့ဘဝကို ရပ်တည်နိုင်မယ်လို့ မြင်သွားခဲ့တယ်။
Screenshot_2018-02-22-11-26-41.png

ဒါကြောင့် သူဟာ နေ့စဉ် ဟင်းသီးဟင်းရွက်တွေ တစ်အိမ်တက်
ဆင်း လှည့်ရောင်းခဲ့တယ်။ ဒီလိုနဲ့ပဲ သူဟာ တဖြည်းဖြည်းခြင်း
ရွေ့လျားကုန်စည်ဖြန့်ဖြူးရောင်းဝယ်ရေးအဖွဲ့ကို ဖွဲ့စည်းဖြစ်ခဲ့တယ်
တဲ့။ နှစ်တွေ တော်တော်ကြာလာတော့ သူဟာ အောင်မြင်တဲ့
ကုန်စည်ဖြန့်ဖြူးရေးသမားကြီး အဖြစ် ချမ်းသာလာခဲ့တယ်တဲ့။
ထို့အတွက် သူဟာ သူ့မိသားစုရဲ့ အနာဂတ်အတွက် အစီအမံ
တွေ လုပ်ဖို့ အာမခံကိုယ်စားလှယ်တစ်ဦးကို ခေါ်ယူတွေ့ဆုံခဲ့
တယ်။ မိသားစုစီမံကိန်းတွေ ရေးဆွဲဖို့ ဆွေးနွေးပြီးသောအခါ
အာမခံကိုယ်စားလှယ်က အဆက်အသွယ်လုပ်ဖို့ သူ့ရဲ့
Email လိပ်စာကို မေးပါသည်တဲ့။ သူက သူ့မှာ Email
မရှိသေးပါဘူးလို့ ပြန်ဖြေလိုက်ပါတယ်။ အာမခံကိုယ်စားလှယ်
ကလည်း "ခင်ဗျားမှာ Email လိပ်စာလေးတောင် မရှိပါဘဲနှင့်
ဒီလောက်ထိ အောင်မြင်ချမ်းသာလာခဲ့တယ်... Email လိပ်စာ
သာ ရှိခဲ့ရင် ခင်ဗျား ဘာဖြစ်လာမယ်လို့ မတွေးမိဘူးလား" လို့
မေးခဲ့တယ်။ ထိုအခါ သူက ဘယ်လို ပြန်ဖြေခဲ့လဲ ဆိုတော့ကာ
"ကျွန်တော့်မှာသာ Email လိပ်စာ ရှိခဲ့ရင် ကုမ္ပဏီဝန်ထမ်း
ရုံးစေ တစ်ယောက် ဖြစ်နေမှာပေါ့"တဲ့။
HKM။ ။ ဒါဆို ကွန်ပျူတာ မတတ်လည်း ကြီးပွားနိုင်တာပေါ့
နော်... ဆရာ။
ZY။ ။ ဒါတော့ ဒါပေါ့...ဒါပေမယ့် မိမိ အောင်မြင်ချင်တဲ့ နယ်ပယ်
အလိုက် ကျွမ်းကျင်ပညာ တတ်ထားဖို့ အရေးကြီးပါတယ်။
ဆက်ရန်.....
Photos from google images
Credit to original uploader
စာချစ်သူ မိတ်ဆွေအားလုံး ကျန်းမာ ချမ်းသာ အောင်မြင်
ပျော်ရွှင်ကြပါစေ....
Screenshot_2018-02-04-07-28-13.png

@billionairehein
MSC - 193
Hein Khant Maung ကိုယ်တိုင် စုတုပြု၍
စီကုံးရေးသားသည်။

Sort:  

အားတက်မိတယ်ဗျာ။ကျေးဇူးပါ။

အားတတ်မိရင် ပြန်မကျအောင်ထိန်းရမယ် ညီရေ

သိပ်မှန်တာပေါ့ bro လောကမှာ အောင်မြင်လာဖို့တွက် ခေတ်ပေါ်ပညာမလိုအပ်ဘူး ကိုယ်ပိုင်တွေးခေါ်တတ်တဲ့ idea သာလိုပါတယ်ဗျာ တန်ဖို့ရှိတဲ့ post တစ်ခုပါဗျာ

နိုင်ငံခြားမှာတော့ ကိုယ်ပိုင် idea နှင့် Creator တွေပဲ အောင်မြင်ကြတယ်

ဘဝက​ပေးတဲ့သင်​ခန်းစာ​တွေကပိုတယ်​လို့ညီ​တော့ထင်​မိတယ်​အစ်​ကို

အတွေ့အကြုံက အကောင်းဆုံးဆရာပါပဲ

ကျွန်တော်ကတော့ ကို့ကိုယ်ကို Joker တစ်ကောင်ဖြစ်နေချင်တာဗျ😂😂

Joker ဖဲလို နေရာတိုင်း အသုံးဝင်တန်ဖိုးရှိရင် ပိုကောင်းတာပေါ့
Joker လူရွှင်တော်လို ပျော်တော်ဆက်နိုင်ရင်လည်း လူအများ စိတ်ချမ်းသာတာပေါ့

လူအများစိတ်ချမ်းသာဖို့အတွက် ပျော်တော်ဆက်နိုင်အောင်ကြိုးစားမယ်ဗျာ

မှန်ပါတယ်ဗျာ ဘွဲ့မရ ဆယ်တန်းမအောင်ပေမယ့်လဲ အောင်မြင်နေတဲ့လူတွေအများကြိးပါဘဲ

အောင်စိတ် ရှိတဲ့သူတွေ အောင်မြင်ကြတာပဲ
အောင်စိတ်သာ မွေး

ကိုဟိန်းစာ​တွေဖတ်​ပြီး အားတက်​မိတါအမှန်​ပဲ

အားတတ်ပြီးပြန်မကျဖို့ လိုတယ်ဗျ
ကိုယ်ဆို ဖတ်လိုက် တတ်လိုက် ကျလိုက်😁😁

ကိုယ်အသုံးချနိုင်တဲ့အပေါ်မှာပဲ မူတည်တာပါ

အသုံးချတတ်မှ အသုံးကျတာတွေကြည့်ပဲပေါ့

ရှိထားရင်ပိုကောင်းတာပေါ့ဗျ

တတ်ထားတော့ အသုံးချလို့ ရတာပေါ့
မတတ်တာနဲ့စာရင် တတ်ထားတာပိုကောင်း

မှန်ပ ဗျာ.

မဖတ်အားတော့လို့ ခွင့်လွှတ်ပေးကြပါဗျား vote ခဲ့ပါတယ်

V/Mပြည့်ပြီးသားတွေအတွက်က အဆင်ပြေပါတယ်ဘုရား

မှန်​ပါတယ်​bro

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 59880.83
ETH 2301.55
USDT 1.00
SBD 2.50