Let Us Discuss To Succeed (7)

in #myanmar6 years ago

မင်္ဂလာပါ ချစ်သော မိတ်ဆွေတို့ရေ...
orca-image-1518460380123.jpg_1518460380228.jpeg
အရင်အပတ် အပိုင်း (၆) အဆက် ယုံကြည်မှု အကြောင်း
ကို ဆက်ဆွေးနွေးသွားပါမည်။
HKM။ ။ တခြားလူတွေအပေါ် ယုံကြည်မှု ကရော ဆရာ။
မိမိ အောင်မြင်ဖို့ မိမိကိုယ်တိုင် ကြိုးစားဆောင်ရွက်လျှင်
ပြီးပြီ မဟုတ်လား။
ZY။ ။ လူတစ်ယောက် အောင်မြင်မှု ရတယ်ဆိုတာ တစ်ဦး
တစ်ယောက်တည်းနဲ့ ဖြစ်ဖို့ မလွယ်ဘူး။ တခြားလူတွေရဲ့
ပူးပေါင်း ဆောင်ရွက်မှု မပါဘဲနဲ့တော့ အောင်မြင်မှု ဆိုတာ
တစ်ဦးတည်း အတွက် မလွယ်ကူသလို ဖြစ်နိုင်မှာ မဟုတ်ဘူး။
တခြားလူတွေရဲ့ ရင်းနှီးလိုက်လှဲစွာ ပူးပေါင်း ဆောင်ရွက်ဖို့
ဆိုတာ မိမိက တခြားလူတွေအပေါ် ယုံကြည်မှု ထားသလို
တခြားလူတွေကလည်း မိမိအပေါ် ယုံကြည်မှု ထားရှိဖို့
လိုတယ်။ " အောင်နိုင်ရေး စီမံခန့်ခွဲမှု ၊ စွမ်းဆောင်ရည်
မြင့်မားသော အဖွဲ့အစည်းများ ထူထောင်ရေးအတွက် စိတ်
ချရသော မဟာဗျူဟာ ခြောက်ရပ် " ဆိုတဲ့ စာအုပ်ထဲက
ဝုဖ် ဂျေ ရင်ကီ* ရဲ့ စကားကတော့ " ကိုယ့်ရဲ့ ဝန်ထမ်းတွေကို
ကိုယ်က မယုံကြည်ရင် အချိန်ရဲ့ ၃ ရာခိုင်နှုန်း ခင်ဗျား မှန်လိမ့်
မယ်။ လူတွေက သူတို့ကို မယုံကြည်ရမယ့် အကြောင်းပြချက်
မပေးမချင်း လူတွေကို ယုံကြည်ပေးရင် အချိန်ရဲ့ ၉၇ ရာခိုင်နှုန်း
ခင်ဗျား မှန်လိမ့်မယ်..."တဲ့။ ဒီစကား တော်တော်လေး မှန်တယ်။
တို့တွေဟာ တခြားလူတွေအပေါ် မယုံကြည်ရင် လုပ်ငန်းကိစ္စတွေ
ကို လက်တွဲ လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး။ တခြားလူတွေအပေါ်
သံသယပွားရင်း ပူးပေါင်း လုပ်ဆောင်နေရင်လည်း လုပ်ငန်း
လမ်းကြောင်း ဖြောင့်မှာ မဟုတ်ဘူး။ ကိုယ်မဟုတ်တဲ့ အခြားလူ
တစ်ယောက်ကို ယုံကြည်ပေးရတာ မှားယွင်းနိုင်ပေမယ့်
မယုံကြည်လို့ မလုပ်ဆောင်ဘဲ နေရင်တော့ ဘာမှ ဖြစ်လာမှာ
မဟုတ်ဘူး။
HKM။ ။ မိမိအပေါ် ယုံကြည်မှု ရှိအောင်ကြတော့ ဘာလုပ်ရ
မလဲ ဆရာ။ တခြားလူတွေရဲ့ ယုံကြည်မှု ဆိုတာ ကိုယ်က
ဖန်တီးယူလို့ ရသလား။
ZY။ ။ အိုး ရတာပေါ့။ တခြားလူတွေ မိမိအပေါ် ယုံကြည်မှု
ရှိစေရန် ပြုကျင့်ရမည့် အချက်တွေကို ပြောပြမယ်။ သေချာ
နားထောင်ပါ။ ရိုးသားရမယ်...။ အကျင့်စာရိတ္တ ကောင်းမွန်ရ
မယ်...။ ပွင့်လင်းတဲ့စိတ် ရှိရမယ်...။ လူလူချင်း တန်းတူရည်တူ
ဆက်ဆံရမယ်...။ ကိုယ်ချင်းစာတရား ထားရှိရမယ်...။ သဘော
ထားကြီးကြီး၊ ခွင့်လွှတ်ပေးနိုင်တဲ့ မေတ္တာတရား ထားရှိရမယ်...။
ဒီအချက်လေးတွေကို ကျင့်ကြံပြီး ၊ လုပ်ကိုင်ဆောင်ရွက်ရာမှာ
အတ္တ ပရ နှစ်ဝ မျှမျှတတ ရှိပြီဆိုရင် တခြားလူတွေ မိမိအပေါ်
ယုံကြည် ပူးပေါင်းလာဖို့ သေချာပြီပေါ့။
HKM။ ။ ကိုယ့်ကိုကိုယ်လည်း ယုံကြည်ပြီ၊ တခြားလူတွေ
ကိုလည်း ယုံကြည်ပြီ၊ တခြားလူတွေကလည်း မိမိကို ယုံကြည်
ပြီ...။ ဒါဆို လုပ်ဖို့ပဲ လိုတော့တာပေါ့...ဟုတ်တယ် မလား ဆရာ။
ZY။ ။ ဒါပေါ့... လုပ်ဖို့ လိုတာပေါ့။ ဒါပေမယ့် ဘာလုပ်ငန်း
လုပ်မလဲ...။ ဘယ်လို လုပ်မလဲ...။ မိမိလုပ်မည့် လုပ်ငန်းက
မိမိဘဝ အောင်မြင်နိုင်မယ့် လုပ်ငန်းရော ဟုတ်ရဲ့လား။
မိမိ ဝါသနာအရ လုပ်မှာလား...။ ဒီအလုပ်ကို လုပ်ရင် အောင်
မြင်မှာ သေချာလား...။ မိမိလုပ်မည့် အလုပ်အပေါ် ချစ်မြတ်နိုးမှု၊
ယုံကြည်မှု လည်း လိုပါသေးတယ်။ ပုံပြင်တစ်ပုဒ် ပြောပြမယ်...
Screenshot_2018-02-12-23-25-15.png
(ကျောက်သလိပ်ကား)
တနေ့ ကျောက်သလိပ်တွေ တင်လာတဲ့ ကားကြီးပေါ်မှာ...
လူတစ်စုဟာ ထွေရာလေးပါး စကားပြောရင်း စီးနင်းလိုက်ပါ
ခဲ့ကြတယ်။ အဲဒီမှာ လူတစ်ဦးက သူ့လက်မှ လက်စွပ်တစ်ကွင်း
ကို ချွတ်ပြပြီး ၊ လက်စွပ်မှာ ဆင်ထားတဲ့ ပတ္တမြားဟာ ငွေ သိန်း
(၅၀) လောက် တန်ကြေးရှိကြောင်း ပြောပြတယ်...။ အဲဒီ
ကားပေါ်မှာ ကျောက်အကြောင်း နားလည်တဲ့လူတစ်ဦးလည်း
ပါလာခဲ့တာမို့ ထိုသူက ပတ္တမြား ရဲ့ အရည်အသွေးကို ကြည့်
ပါရစေ ဆိုပြီး ယူကြည့်ခဲ့တယ်။ ပြီးတော့ ထိုသူကပဲ ဒီအရည်
အသွေးလောက်ဆို ခုခေတ်ဈေးအရ သိန်း (၅၀) တော့
အကျော်ပဲ ရှိမယ်ဗျ... ရောင်းချင်ရင် သူ့ဆီသို့ ဆက်သွယ်ဖို့
ပြောပြီး လက်စွပ်ကို ပိုင်ရှင်ဆီ ပြန်ပေးလိုက်ပါတယ်။ ထိုအချိန်
မှာပဲ ကျောက်သလိပ်ကားကြီးဟာ (လမ်း ချိုင့်ခွက်တွေကြောင့်)
ဆောင့်ရမ်းလှုပ်ခါသွားခဲ့တော့ ပိုင်ရှင်ဟာ လက်စွပ်ကို သေချာ
မယူကိုင်မိဘဲ လွတ်ကျသွားခဲ့တော့တယ်။ ဒါနဲ့ ပိုင်ရှင်ဟာ
ကျောက်သလိပ်တွေကြား လက်စွပ်ကို ရှာဖွေရတော့တာပဲ။
အကယ်၍များ ပိုင်ရှင်ဟာ သူရဲ့ပတ္တမြားလက်စွပ်ကို တွေတဲ့သူ
အပိုင်ယူ ဆိုခဲ့ရင် ကားပေါ်မှာ လိုက်ပါလာသူများဟာ မရှာဖွေဘဲ
နေကြမလား။ မင်း ဆိုရင်ရော ဘယ်လိုလဲ...။
HKM။ ။ ရှာမှာပေါ့ ဆရာ။
ZY။ ။ ဘာကြောင့် ရှာမှာလဲ... ကျောက်သလိပ်တွေကြားထဲမှာ။
HKM။ ။ လက်စွပ်ကို မြင်လိုက်တာပဲ ဆရာ။ ပိုင်ရှင်ကလည်း
ရရင် ယူပါ ဆိုမှတော့ ကျောက်သလိပ်တွေကြား ခက်ခဲလည်း
ရှာရမှာပဲ။ သေချာရနိုင်တာပဲ ဟုတ်စာကို ဆရာရယ်။
Screenshot_2018-02-12-23-44-24.png
(ယုံကြည်မှုကြောင့် ရွှေတူးဖော်ကြပုံ)
ZY။ ။ အေး...ဒါပါပဲ။ မိမိလုပ်မည့် အလုပ်ဟာ အောင်မြင်မှု
ရနိုင်မယ် ဆိုတာ သေချာရင် လူတိုင်း လုပ်ချင်မှာပဲ။ တနည်း
ပြောရရင် သေချာပေါက် ရနိုင်မယ် ဆိုတဲ့ ယုံကြည်မှု ပါပဲ။
ယုံကြည်မှု ဆိုတာ ထင်ရှားသိမြင်မှုက တဆင့်လည်း ဖြစ်လာ
နိုင်တယ်။ မင်းက အဟုတ်အမှန်လို့ ထင်တာတွေဟာ တကယ်
ဖြစ်လာနိုင်တယ်။ မြေကြီးထဲမှ ရွှေတို့၊ ရေနံတို့ တူးဖော်တဲ့
သူတွေကို ကြည့်ပါ။ သူတို့တွေဟာ ရွှေတို့၊ ရေနံတို့ ထွက်နိုင်
မည့် နေရာကို ရှာဖွေတယ်။ လေ့လာတယ်။ နောက်ပြီး
ထွက်နိုင်၊ ရနိုင်မည် ထင်ရင်တော့ အကုန်အကျခံပြီး တူးတော့
တာပဲ မဟုတ်လား။ အဲဒီ ထင်မြင်မှုမှာ ယုံကြည်မှုတွေ ကိန်း
အောင်း နေတယ်။ သူတို့ဟာ မယုံကြည်တဲ့ နေရာကို အပင်ပန်း
ခံ၊ အကုန်အကျခံပြီး မတူးကြပါဘူး။ ဒါကြောင့် အောင်မြင်မှု ရဖို့
ဆောင်ရွက်ရာမှာ ယုံကြည်မှုဟာ အရေးကြီးကြောင်း ပြောတာ။
ယုံကြည်မှုဟာ မဖြစ်နိုင်ဘူး ထင်တာတွေတောင် ဖြစ်လာတတ်
တယ်။ မင်းတို့ ဆေးဆရာတွေ ဆေးကုသရာမှာ ကြည့်ပါဦး။
လူနာတွေဟာ ဆရာတွေ အပေါ်မှာ ယုံကြည်မှုက တဝက်
ပျောက်တယ်။ ယုံကြည်မှု အရ ဆေးကုသမှု ခံယူလိုက်တော့
ရောဂါ ရှင်းရှင်း ပျောက်ရော မဟုတ်လား။
Screenshot_2018-02-12-23-47-03.png
(ယုံကြည်မှုဖြင့် ရေနံတူးကြပုံ)
HKM။ ။ ဟုတ်ပါတယ် ဆရာ။ အဲဒါနဲ့ ပတ်သက်ပြီး
ကျွန်တော် အတွေ့အကြုံ လေး ရှိတယ်ဗျ။
ZY။ ။ ဘယ်လိုလဲ... ပြောစမ်းပါဦး။
Screenshot_2018-02-12-23-55-04.png
(ယုံကြည်မှုကြောင့်- ဗိုက်နာတာကို ဗီတာမင်စီ သောက်၍ ပျောက်ကင်းး)
HKM။ ။ ဒီလို ဆရာ။ တစ်နေ့ ကျွန်တော်ဟာ မိတ်ဆွေတစုနဲ့
ခရီး ထွက်ခဲ့ထူးတယ်။ ဆိုင်ကယ်တွေနဲ့ပေါ့။ တနေကုန်လောက်
ဆိုင်ကယ်စီး ခရီးနှင်ခဲ့ကြရာ ညနေခင်း နားကြတော့ မိတ်ဆွေ
တစ်ဦးက " ဗိုက်နာနေလို့ ဆရာ... ဆေးပါရင် ပေးပါဦး" လို့
ပြောခဲ့တယ်။ ဒါနဲ့ ကျွန်တော်က ပါလာခဲ့တဲ့ " Vicee"
ဗီတာမင်စီ ငုံဆေးပြားလေး ထုတ်ပေးပြီး " ငုံထားလိုက် ...
ပျောက်သွားလိမ့်မယ် " လို့ ဆိုပြီး ပေးလိုက်ပါတယ်။ ကျွန်တော်
ဟာ ဗိုက်နာပျောက်ဆေး မပါခဲ့ပေမယ့် ပါလာတဲ့ ဆေးကို
သက်သာလိုသက်သာငြား ပေးခဲ့တာပါ။ သို့သော် တအောင့်
လောက် အကြာမှာပဲ ဗိုက်နာနေတဲ့ မိတ်ဆွေက ဗိုက်နာတာ
သက်သာသွားကြောင်း ပြောလာခဲ့ပါတယ်။ ဒါဟာ အဲဒီ
မိတ်ဆွေက ကျွန်တော်ဟာ ဆေးဆရာတစ်ဦး ဖြစ်တဲ့ အတွက်
ဗိုက်နာပျောက်ဆေး ပေးတာပဲ၊ သောက်လိုက်ရင် ပျောက်သွား
မှာပဲလို့ ယုံကြည်မှုကြောင့် ပေါ့နော် ဆရာ။
ZY။ ။ ဒါပေါ့...ဒီလောက်ဆို အောင်မြင်ဖို့ရာမှာ ယုံကြည်မှု
လိုကိုလိုတယ် ဆိုတာ မင်း လက်ခံပြီလား။ "The
Entrepreneur" စာအုပ်ထဲက Anon ရဲ့ ဒသ၁နလေး
လက်ဆောင်ပါးလိုက်မယ်။ "သူ တခုခုတော့ လုပ်နိုင်စွမ်းတယ်
လို့ ထင်နေသူဟာ အထင် မှန်တတ်ပါတယ်။ လုပ်နိုင်မှာ
မဟုတ်ဘူးလို့ ထင်နေတတ်တဲ့ လူလည်း ထို့အတူပါပဲ"တဲ့။
Screenshot_2018-02-12-23-12-26.png
ZY။ ။ ဒါနဲ့ ဆရာ... ယုံကြည်မှု အကြောင်း ပြောကြရာမှာ
တခြားလူတွေရဲ့ ပတ်သက်မှုတွေ ပါနေတယ်။ လူတွေနဲ့
ပေါင်းသင်းဆက်ဆံရေး လုပ်ဖို့ လိုမှာပေါ့။ အဲဒါ အပေါင်းအသင်း
ဆိုတာ ကောင်းတာရွေး ပေါင်းရမှာ မဟုတ်လား ဆရာ။
ZY။ ။ ဟုတ်တယ်ဟေ့... အောင်မြင်မှုသို့ သွားရာလမ်းမှာ
မိတ်ဆွေကောင်းတွေနဲ့ ပေါင်းသင်းတတ်ဖို့လည်း လိုတယ်။
ကူညီပံ့ပိုးပေးနိုင်သော ပတ်ဝန်းကျင် ရှိရင် အောင်မြင်ဖို့
လွယ်ကူတယ်လို့ ဆိုကြ မဟုတ်လား။
ဆက်ရန်....
Photos from google images
Credit to original uploader
အားလုံး ကျန်းမာ ချမ်းသာ အောင်မြင် ပျော်ရွှင်ကြပါစေ...
@billionairehein
MSC - 193
Hein Khant Maung ကိုယ်တိုင် စုတုပြု ၍ ရေးသားသည်။

Sort:  

အောင်မြင်ရေးပို့တွေကိုအစဉ်တစိုက်တင်ပေးနေတဲ့အစ်ကိုဟိန်းကျေးဇူးအရမ်းတင်ပါတယ်ဗျာ
အစ်ကို့ရဲ့ပို့တွေကိုဖတ်ပြီး မှတ်သားလိုက်နာလက်တွေ့ကျင့်သုံးနေတယ်ဗျာ

အောင်မြင်ပါစေ

ယုံကြည်တဲ့အရာက တစ်နေ့တကယ်ဖြစ်တာပါပဲ
လက်ခံတယ်ဘဒို

ယုံကြည်ရာ ရဲရင့်လိုက်
အောင်ပွဲဆိုက်

အမှန်ပဲဘဒို

ဖြည်းဖြည်းချင်း တဆင့်ချင်းလှမ်းနေခြင်းဖြင့် အတန်မြင့်သည့်နေရာ ရောက်ရှိနေကြောင်း နောက်ပြန်ကြည့်မှသိရ၏

လမ်းတဝက်က လှည့်မပြန်ဖို့တော့ လိုတယ်

ကိုယ်က ဆရာကောင်းနဲ့တွေနေရလိုအခုလို
ကိုယ့်ဘဝအတွက် အများကြီး အထောက်ကူ
ရတယ့် ဆရာရဲ့ စကားတွေကြောင့်အောင်မြင်ပါစေ အကို

ဆရာတွေနှင့် တွေ့ရဖို့ အချိန်ရော ငွေရော ရင်းနှီးရတယ်ဗျ

ဖတ်လို့ကောင်းပါတယ် အစ်ကို
စ်မှတ်သားမိပါတယ်

ဖတ်လို့ ကောင်းရုံကလည်း အလုပ်မဖြစ်ဘူး
မှတ်မိနေရုံနဲ့လည်း အလုပ်မဖြစ်ဘူး
လက်တွေ့ လိုက်နာ ဆောင်ရွက်မှ အလုပ်ဖြစ်မြောက်မှာပါ

ကျနော်တို့ Gpအခုလို အောင်မြင်ရေး postတွေ ခဏခဏမြင်တွေ့ရ တော့ အတော်လေးဂုဏ်ယူမိတယ်ဗျာ

တကယ့်လက်တွေ့မှာ မှတ်ယူလိုက်မယ်ဆိုလျှင် အောင်မြင်မှုတွေရရှိမှာပါ

Bro Hein Khant Maungအောင်မြင်ပါစေခင်မျာ

ကျေးဇူး ညီရေ
အောင်မြင်ရေးစာပေတွေက တကယ်လိုက်နာ လုပ်ဆောင်ရင်
အကျိုးများပါတယ်

ယုံကြည်မှုကတော့ ပြင်းပြရင်ပြင်းပြသလောက် အစွမ်းထက်ပါတယ် အကို။
မရောက်တာကြာလို့ ခုမှ အစကနေ လိုက်ဖတ်အုံးမယ်ဗျို့...

ကျေးဇူးပါ
စဆုံး ဖတ်ချင်ရင် pdf လုပ်ပြီး ပေးပါမယ်

အကောင်းဆုံးပါပဲဗျာ...
အစဆုံးပီးရင် PDFလေးလုပ်ပေးပါ...

ယုံကြည်မှုကတာ အဓိကပါ

ယုံကြည်ရာ ကိုးကွယ်ကြ မဟုတ်လား ဘုရား

ဆက်ရန်ဆိုတော့ ဖတ်ရမဲ့ကျွန်တော်တို့ကလည်း မျှော်ရန်ပဲပေါ့။

မျှော်ပါဗျာ
စဆုံး ပြန်ဖတ်ချင်တယ်ဆိုရင် ၁၅ပိုင်းလောက်ပြီးရင် pdf ပေးပါမည်

စာသားတွေက အကျိုးရှိတယ် အားပေးနေပါတယ်
bro ရေ

Thank you. Fighting!

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 62427.05
ETH 2721.95
USDT 1.00
SBD 2.56