Let Us Discuss To Succeed (17)

in #myanmar6 years ago

မင်္ဂလာပါ စာချစ်သူ မိတ်ဆွေတို့ရေ...
orca-image-1523161118138.jpg_1523161118411.jpeg

အောင်မြင်ဖို့ စကားပြောကြရအောင် ဆွေးနွေးမေးမြန်းမှုလေးများ
ကို အပိုင်းဆက် တင်ပေးလာခဲ့သည်မှာ အခုဆိုရင် ၁၇ ပိုင်း
မြောက် ရှိလာခဲ့ပါပြီ။ မိတ်ဆွေတို့ အနေဖြင့် ဗဟုသုတတွေ
တိုးပွားလို့ အကျိုးများတာများ ရှိကြရဲ့လားဗျာ။
ကျွန်တော်ကိုယ်တိုင်လည်း အောင်မြင်မှုနှင့် ပတ်သက်သော၊
စိတ်အားတတ်ကြွစေသော စာများကို ဖတ်မိတဲ့အခါများတွင်မှာတော့
ခုပဲ အောင်မြင်တော့မှာလိုလို၊ ခုထလုပ်လို့ ခုပဲ ချမ်းသာတော့မှာ
လိုလို ဖြစ်ခဲ့ပါတယ်။ သို့သော် ထိုစိတ်လေးများက ကြာရှည်အမြစ်
မတွယ်သောအခါဝယ် ပြန်ပြုတ်ကျခဲ့ပါတယ်။ စာတွေဖတ်လိုက်
အားတွေ တတ်လိုက် ၊ အချို့တဝက် ထလုပ်ကြည့်လိုက်
မအောင်မြင်တော့ ဆိုင်းငံ့နေလိုက်ဖြင့် ဒုံရင်းကနေ သိပ်မကွာခြား
ဘဲ ရှိနေခဲ့ပါတယ်။
သို့ပေသော်လည်း အရှုံးမပေး ဇွဲမလျှော့ဘဲ လုပ်စရာရှိတာ
ဆက်လုပ်ရင်း ပြောစရာရှိတာ ဆက်ပြောပါဦးမယ်ဗျ ။
သို့ဖြစ်၍ ဆရာဦးဇယံ ဆီ အရောက်သွားလို့ သိလိုတာတွေ
ဆက်ဆွေးနွေးရဦးမယ်ဗျို့။

HKM ။ ။ မင်္ဂလာပါ ဆရာရေ...Motivation က ရေရှည်
မခံဘူး ဖြစ်နေတယ်။ စိတ်အားထက်သန်မှု မပြင်းထန်လို့လားဗျ ။
ZY။ ။ မင်းဟာ အောင်မြင်ရေးနှင့်ပတ်သက်လို့ စိတ်ဓာတ်
တတ်ကြွစေမယ့် စကားလုံးတွေ ပြောဆိုရာမှာ ဖြစ်ဖြစ်၊
အပြုအမူတွေ ပြုမူရာမှာ ဖြစ်ဖြစ်၊ အေးတိအေးစက် မှိုင်တိ
မှိုင်ခွေ ပြုမူပြောဆိုနေမယ် ဆိုရင် နားထောင်နေတဲ့သူတွေ၊
မင်းနှင့်ပတ်သက်တဲ့လူတွေဟာလည်း 'အင်းမလုပ်၊အဲမလုပ်'
ဆို ဘယ်မှာလာ အလုပ်ဖြစ်ပေတော့မလဲ။
"ထက်သန်စိတ်မရှိဘဲ လောက၌ မည်သည့် ကြီးမားသော
အောင်မြင်မှုမျိုးကိုမျှ မရရှိနိုင်" ဟု ရပ်ဝေါ်လဒို အီမာဆင်*
က ဆိုထားပါတယ်။ လူတစ်ယောက်ဟာ ကန့်သတ်မဲ့ စိတ်
အားထက်သန်မှုတွေ ရှိနေရင် ဘာမဆို အောင်မြင်အောင်
လုပ်နိုင်မယ်တဲ့ဟေ့။
orca-image-1523161519545.jpg_1523161519733.jpeg

HKM။ ။ ကျွန်တော်က လူအေးပဲ ဆရာ...စိတ်အားထက်သန်
အောင် ဘယ်လိုလုပ်ရမလဲ။
ZY။ ။ အေး...အေးတိအေးစက်သမားကတော့ မီးပေါင်
မပြည့်တဲ့ ရေနွေးငွေ့ ရထားလိုပဲ လိုရာခရီး ရောက်မှာ
မဟုတ်ဘူး။ စိတ်အားထက်သန်မှု ဆိုတာ ကူးစက်တတ်တဲ့
အရာပါ။ ဒါကြောင့် မင်းဟာ စိတ်အားထက်သန်ချင်တယ်
ဆိုရင် စိတ်အားထက်သန် ပျော်ရွှင်နေတဲ့သူတွေနှင့် ပေါင်းသင်း
ဆက်ဆံရမယ်။ ကြီးကြီးမားမား ရည်မှန်းချက် ချထားရင်လည်း
အစွမ်းအစများ ပေါ်လာကာ စိတ်အားထက်သန်လာတတ်တယ်။

Gilbert Amelio* ကတော့...
"ခေါင်းဆောင်များသည် စိတ်အားထက်သန်မှုနှင့် အလျှင်အမြန်
ဆောင်ရွက်နိုင်မှု စွမ်းအားတွေ ဖြစ်ပေါ်စေရန် ဗဟုသုတနှင့်
အကြံဉာဏ်များကို မျှဝေခြင်းဖြင့် စွမ်းဆောင်နိုင်ရမည်" ဟု
ဆိုထားတယ်။ ပညာတတ်ပြီး မအောင်မြင်တာဟာ စိတ်အား
ထက်သန်မှု မရှိလို့ပဲ။ အောင်မြင်ချင်တယ် ဆိုရင် ကိုယ်ကိုတိုင်
စိတ်အားထက်သန်တတ်ကြွနေရမယ်။ ဒါမှလည်း ကိုယ်နှင့်
ပတ်သက်တဲ့ လူတွေကလည်း စိတ်ပါလက်ပါ ဖြစ်လာပြီး
ကိုယ်လို လိုက်လုပ်လာကြမှာပါ။

HKM။ ။ ဟုတ်မှာနော် ဆရာ။ စိုင်းစိုင်းခမ်းလှိုင်* ကို
သတိထားမိတယ်...မြင်လိုက်ရရင် တတ်ကြွလန်းဆန်းနေတော့
သူ့ပရိတ်သတ်ကလည်း သူလို တတ်ကြွလာတယ်။ ဒါကြောင့်
အောင်မြင်တာ နေမှာပေါ့။
ZY။ ။ ဒါပေါ့... မင်းဟာ ဆောင်ရွက် ပြုမူသမျှမှာ စိတ်အား
ထက်သန်မှု ပြင်းပြင်းထား ကြိုးစားရမယ် ဆိုတာ သဘော
ပေါက်ပြီလား။
HKM ။ ။ ဟုတ်ကဲ့...ပေါက်ပါပြီ ဆရာ။ ဒါနဲ့ ခေါင်းဆောင်တစ်ဦး
ဖြစ်ဖို့ ဇွဲလုံ့လ ဝီရယ ထားရမယ် ဆိုတာကရောဗျ ။
ZY။ ။ အလုပ်တစ်ခု ပြီးမြောက်ဖို့ ၊ အောင်မြင်မှုတစ်ခု ရဖို့
ဆိုတာ ဇွဲလုံ့လ ဝီရိယ မပါဘဲနဲ့တော့ မဖြစ်နိုင်ပါဘူး။ ခု
ချက်ချင်းလုပ်၊ ခုချက်ချင်း အောင်မြင်ဖို့ ဆိုတာ ဘယ်လို
အရာမျိုး ဖြစ်နိုင်မလဲ။ လုပ်ငန်းတစ်ခုကို လုပ်ဆောင်ရာမှာ
အောင်မြင်မယ်၊ ကျရှုံးမယ်၊ ဘယ်လောက်တောင့်ခံနိုင်မယ်
ဆိုတာဟာ တစ်ခုတည်းသော အာရုံနှင့် ကြိုးစားပြီး ၊
ဘယ်လောက် စွဲစွဲမြဲမြဲ ဇွဲကောင်းကောင်း ထိန်းသိမ်းထား
နိုင်မလဲ ဆိုတဲ့ အချက်ပေါ်မှာ မူတည်တတ်ပါတယ်။
orca-image-1523162066901.jpg_1523162067095.jpeg

HKM။ ။ ဘယ်လို အခြေအနေမျိုးမှာ ဖြစ်ဖြစ် ဇွဲ ရှိရမှာလား...
ဆရာရေ။
ZY။ ။ ဇွဲ ကောင်းဖို့တော့ လိုတာပါပဲ။ ဒါပေမယ့် ဉာဏ်နှင့်
ယှဉ်သော ဇွဲ ဖြစ်ရမယ်။ မှန်ကန်တဲ့ အခြေအနေ တစ်ရပ်အပေါ်
မှာ ဇွဲ ရှိရမယ်။ ဆင်ခြင်ဉာဏ် နည်းပါးစွာ ဆက်လက်လုပ်ဆောင်
တာကိုတော့ ဇွဲ လို့ မခေါ်ထိုက်ဘူး။
အောင်မြင်မှုသို့ ရောက်နိုင်သည့် အကောင်းဆုံးနည်းမှာ
အခြေခံ ကို နှိုက်နှိုက်ချွတ်ချွတ် သိအောင်လုပ်၍ တစ်ကြိမ်မှာ
ခြေတစ်လှမ်း လှမ်း၊ လှေကားတစ်ထစ် နင်းကာ အထက်သို့
ရောက်အောင် တတ်နိုင်ခြင်းပါပဲ။
မင်းဟာ အောင်မြင်မှုသို့ သွားနေခြင်းတွင် နှေးသည်၊ မြန်သည်
ဟာ အခရာ မဟုတ်ပါဘူး။ ရှေ့သို့ သွားနေခြင်းသည်သာ
အဓိက ကျပါတယ်။ "တစ်နေ့တစ်လံ ပုဂံ ဘယ်ရွေ့မလဲ"
ဆိုရိုးဟာ ဇွဲ ရှိဖို့ ပြောတာပါပဲ။ သောမက်စ် အက်ဒီဆင်* ကို
သိတယ်... မဟုတ်လား။

HKM။ ။ ဟုတ်ကဲ့၊ သိပါတယ် ဆရာ။ လျှပ်စစ်ကို တီထွင်
ခဲ့သူ မဟုတ်လား။
ZY။ ။ အေး... အက်ဒီဆင်ဟာ တီထွင်မှု မအောင်မြင်ခင်က
အကြိမ်ပေါင်း (၁၄၀၀၀) လောက် ရှုံးနိမ့်ခဲ့ဖူးတယ်။ ထို ရှုံးနိမ့်မှု
များကို သင်ခန်းစာယူ၍ မအောင်မြင်နိုင်တဲ့ နည်းလမ်းတွေ
ရှာတွေ့ခဲ့ပေခြင်းဟု အပြုသဘောထားကာ ဆက်လက် ကြိုးစား
ခဲ့၍ အောင်မြင်မှု အကြီးအကျယ် ရရှိခဲ့ခြင်းပါ။ ဒီမှာ အက်ဒီဆင်

ရဲ့ ဒသနစကားလေး မှတ်ထားပါ။
" လက်မြှောက် အရှုံးမပေးပါနဲ့၊ ဘဝမှာ ဆုံးရှုံးတဲ့လူ အများကြီး
အနက် လူအတော်များများဟာ သူတို့ဆုံးရှုံးပြီ ထင်လို့
လုပ်နေတဲ့ အလုပ်တွေကို စွန့်လွှတ်လိုက်ကြတာ ဖြစ်တယ်။
တစ်ကယ်တော့ သူတို့ဟာ အောင်မြင်မှုနှင့် လက်တစ်ကမ်းသာ
လိုတော့တယ် ဆိုတာကို သူတို့ မသိကြဘူး။" တဲ့ဟေ့။
မအောင်မြင်ခင်မှာ ဆုံးရှုံးမှုတွေ၊ အခက်အခဲတွေ ဆိုတာ
ကြုံနိုင်တာပါပဲ။ ဆုံးရှုံးမှု ဆိုသည် ဇွဲ၊ သတ္တိ၊ လုံ့လနည်းတဲ့
သူတွေ ကြုံရတဲ့ အရာပဲ။ မင်း ထွက်ပြီး မပြေးသမျှ မရှုံးသေး
ဘူးပဲ။
ဒါကြောင့် အောင်မြင်ချင်တယ် ဆိုရင် ဆုံးဖြတ်ချက် မှန်မှန်
တစ်ခါတည်းချ၊ မရမက ရအောင်လုပ်ရမယ်။ ဘယ်တော့မှ
စိတ်မပျက်ပါနဲ့...စိတ်ပျက်လျှင်လည်း စိတ်ပျက်တဲ့ကြားကပဲ
ဆက်လုပ်ရပါမယ်။ ဇွဲ ရှိရှိနှင့် လုပ်နေစဉ်မှာ အာရုံစူးစိုက်မှု
ရှိဖို့လည်း လိုပါမယ်။
orca-image-1523163021870.jpg_1523163022059.jpeg

HKM။ ။ အာရုံစူးစိုက်မှု ဆိုတာ တစ်ခုတည်းသော အာရုံနှင့်
လုပ်တာကို ဆိုလိုပါသလား ဆရာ။
ZY။ ။ အာရုံစူးစိုက်မှု ကို FOCUS လို့ သုံးနှုန်းချင်တယ်။
(Follow One Couse Until Success)
အောင်မြင်မှု ရသည်အထိ လမ်းကြောင်းတစ်ခုတည်း နောက်
စိုက်လိုက်မက်တပ် လိုက်သွားခြင်းပါပဲ။ ဒါဟာ ဇွဲ ရှိခြင်းလည်း
ဖြစ်တယ်။
FOCUS နှင့် ပတ်သက်ပြီး ရှင်းအောင် ပြောရရင်...
နေရောင်ခြည်နှင့်မှန်ဘီလူးကို အသုံးပြုပြီး မီးတောက်အောင်
လုပ်လို့ရတာ သိတယ် မဟုတ်လား။ မင်းဟာ လောင်စာ
အဖြစ် ဂွမ်းစကို ချထားသော်လည်း မှန်ဘီလူးကို ဟိုရွှေ့ဒီရွှေ့
လုပ်နေပါက မီးတောက်တစ်ခုကို ရရှိမှာ မဟုတ်ဘူး။ နေရောင်
ခြည်ဟာ စုရပ်တစ်ခု အပေါ် စူးရောက်သွားမှသာ မီးတောက်
လောင်ကျွမ်းမှာ မို့ပါ။ သို့ဖြစ်၍ အာရုံစူးစိုက်မှု ဟာ အရေးပါ
တယ်လို့ ပြောတာပါ။
ဒါကြောင့်ပဲ "ဘဝ၌ အောင်မြင်မှု ရှိမရှိ ဟူသည် ဉာဏ်ပါရမီ
နှင့် အခွင့်အလမ်းသာမှုများထက် စူးစိုက်စွဲမြဲမှုနှင့် ဇွဲလုံ့လ
ရှိမှုတို့ အပေါ် ပို၍ မူတည်နေပေသည်။" ဟု
စီ. ဒဗလျူ ဝင်းဒဲ *က ဆိုထားပါတယ်။

HKM။ ။ ဟုတ်ပါပြီ ဆရာရေ... အောင်မြင်ဖို့ရာမှာ ဇွဲ ကောင်း
ကောင်းနှင့် အာရုံစူးစိုက်ပြီး ကြိုးစားရမယ်ပေါ့နော်။
ZY။ ။ ဒါပဲပေါ့... "မိုင်တစ်ထောင်ခရီးရဲ့အစဟာ ပထမဆုံး ခြေ
တစ်လှမ်းမှ စတာ "ဟု တရုတ်ပညာရှိ ကွန်ဖြူးရှပ်* က မိန့်ဆို
ခဲ့တယ်။ ဒီနေရာမှာ ဟောပြောရေးဆရာကြီး ဒေးလ်ကာနက်ဂျီ*
ရဲ့ စကားလေးတချို့ လက်ဆောင်ပါးလိုက်မယ်။
" သင့်ကို စိတ်ပျက်လက်လျှော့စေမည့် မည်သည့်အရာကိုမျှ
ခွင့်မပြုပါနဲ့။ ဆက်ကြိုးစားပါ။ မည်သည့်အခါမှ လက်မမြှောက်
ပါနဲ့။ ဤသည်မှာ အောင်မြင်သူ အတော်များများ၏ မူဝါဒပင်
ဖြစ်သည်။ လက်တွေ့တွင် စိတ်ပျက်စရာများ ပေါ်ပေါက်လာလိမ့်
မည်။ အရေးကြီးဆုံးမှာ ထိုစိတ်ပျက်စရာများကို ကျော်လွှားရန်ပင်
ဖြစ်ပါသည်။ ထိုစိတ်ပျက်စရာအားလျော့ခြင်းမျာကို ကျော်လွှား
နိုင်မည် ဆိုလျှင် ကမ္ဘာကြီးသည် သင်၏ ကမ္ဘာကြီး ဖြစ်နေလိမ့်
မည်။" ပါတဲ့။ ဒီစကားကို မြဲမြဲမှတ်ထားပြီး အောင်မြင်မှု ရရန်
ဇွဲလုံ့လ ဝီရိယ စိုက်ထုတ်ပေတော့ပဲ။
HKM ။ ။ ကျေးဇူးကြီးလှပါတယ် ဆရာရေ။
ဆက်ရန်....
မိတ်ဆွေအားလုံး ကျန်းမာ ချမ်းသာ အောင်မြင်
ပျော်ရွှင်ကြပါစေ။
@billionairehein
MSC - 193
Hein Khant Maung စုတုပြု၍ ကိုယ်တိုင်
စီကုံးရေးသားသည်။

Sort:  

ပုံတွေ အဲ့သလိုလုပ်ပြီးထည့်တာပိုအဆင်ပြေမယ်ထင်တယ်နော် ဘယ်သူ့မှ ခွက်ဒစ် ပေးနေစရာမလိုတော့ဘူး အေးဆေးပဲ။

ခွက်ဒစ် တွေ လင့်ယူနေရမှာ ပျင်းလို့ ကိုယ့်ပုံကိုယ်သုံးသွားသည်။
Credit...Hein Khant Maung 😁😁😁

ပုံ​တွေကို​တော့ကြိုက်​သွားပြီ ဟီး

Original photo တွေနော်😁

မှတ်​သားစရာ​တွေချည်းပါပဲ ကိုဟိန်း​ရေ

မှတ်သားရုံထက် လေ့ကျင့်ကြည့်ရင် ပိုကောင်းပါမယ်။

ပြတ်သားမှု Focus ရှိဖို့လိုသလို တက်ကြွလန်းဆန်းနေဖို့လည်းလိုတာပေါ့နော်။ နေမကောင်းသူတစ်ယောက် လန်းဆန်းမှုမရှိတော့ ဘာမှမလုပ်နိုင်သလိုမျိုးပေါ့။ကျန်းမာ လန်းဆန်းပြီး တက်တက်ကြွကြွရှိနေရင် အခြားသူတွေကိုတက်ကြွလန်းဆန်းမှု ပေးနိုင်တာပေါ့။
မှက်သားနာယူလုပ်ဆောင်ရမယ့်အရာတွေပါပဲကိုဟိန်းရေ။

မိမိဖြစ်မြောက်ချင်တာအတွက် ရှင်းလင်းပြတ်သားတဲ့အမြင်ဖြင့် ရရှိသည့်
တိုင်အောင် ဆက်တိုက်လုပ်ဆောင်ဖို့ လိုအပ်သလို
ဘာပဲလုပ်လုပ် လန်းဆန်းတတ်ကြွ ပျော်ရွှင်နေမှ အောင်မြင်မှုကို
အမှန်အကန် မြန်မြန်ရမယ်ဗျို့။

Motivation ဖြစ်ဖို့ စာတွေ ဖတ်ပြီး ပြန်မကျဖို့ လိုပါတယ်။

ဟုတ်တာပေါ့။ စာတွေဖတ်လိုက် စိတ်အားတတ်လိုက်၊
ပြီးတော့ ပြန်ကျသွားတော့ အထက် မရောက်နိုင် ဖြစ်နေတာပဲ။
စိတ်အားတင်းပြီး မဆုတ်မနှစ် ကြိုးစားရမှာပေါ့။

အကိုရဲ့ စာကို ဖတ်လိုက်ရတဲ့အတွက် များစွာ အင်အားဖြစ်မိတယ်ဗျာ
နောက်ပြီး အကိုယ့်လိုမျိုး လူတွေကို ညီလည်း စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ စာမျိုးရေးချင်လိုက်တာဗျာ

စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စာရေးချင်ရင်
စိတ်ဓာတ်ခွန်အားဖြစ်မယ့်စာတွေနှင့် အောင်မြင်သူတွေရဲ့
အထုပ္ပတ္တိတွေကို ဖတ်ပါ။

ဖတ်​ရှုမှတ်​သားသွားပြီ

ဖတ်ရှုမှတ်သားရုံကတော့ ဘာမှ ဖြစ်မလာနိုင်သေးဘူး ဆိုတာ
ကိုယ်တွေ့ပါပဲ။ ဗဟုသုတတွေ ဆိုတာ တကယ် လက်တွေ့
အသုံးချမှ အသုံးကျပြီး တကယ်လုပ်မှ အဟုတ်ဖြစ်မှာပါ။

မှတ်​သားစရာများပါပဲရှင်​။

မှတ်လည်းမှတ်သား လိုက်လည်းလိုက်နာ
လက်တွေ့လည်း လေ့ကျင့် တကယ်လည်း လုပ်ဆောင်ရင်
ဗဟုသုတကနေ စွမ်းအားဖြစ်လာပြီး အောင်မြင်မှု ရရှိမှာပါ။

မျှဝေပေးတာ ကျေးဇူးတင်ပါတယ်ဗျာ

ဖတ်ပေးတာလည်း ကျေးဇူးတင်ပါတယ်လေ

ခွန်အားရှိလှသော စာပေများဖြစ်၍ သိမ်းထားလိုက်ပြီ
ကိုဟိန်း

သိမ်းထားပြီး လက်တွေ့လုပ်ကြည့်ရင် ပိုကောင်းပါမယ်။

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 59911.66
ETH 2306.14
USDT 1.00
SBD 2.49