Let Us Discuss To Succeed (1)

in #myanmar7 years ago (edited)

မင်္ဂလာပါ
ကျွန်တော့်အမည်က ဟိန်းခန့်မောင် ပါ။ ဆေးသိပ္ပံ ဘွဲ့ရ
ကျန်းမာရေးမှူး တစ်ဦးပါ။ ကျွန်တော်ဟာ အစိုးရဝန်ထမ်း
အလုပ်ကို ၂ လတာမျှ ဝင်ရောက်လုပ်ကိုင်ပြီး အလုပ်ထွက်
ခဲ့ပါတယ်။ ဒီနောက်မှာတော့ ကျွန်တော်ဟာ စီးပွားရေးအရ
သော်လည်းကောင်း၊ စားဝတ်နေရေး (အတွက်ဆို ပိုမှန်ပါမည်)
အရ သော်လည်းကောင်း၊ ဒေသ တော်တော်မျာများသို့
ရောက်ရှိခဲ့ဖူးပါတယ်။ အောင်မြင်ချင်သူတစ်ယောက်လည်း
ဖြစ်တာကြောင့် မိမိဘဝ တိုးတတ်ရာ တိုးတတ်ကြောင်းတွေ
ကို လေ့လာရှာဖွေနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။
အများအားဖြင့်တော့ အောင်မြင်ရေး၊ စိတ်ဓာတ် တတ်ကြွစေ
မည့် စာအုပ်စာပေတွေကို ဝယ်ယူဖတ်ရှု့လေ့ရှိသူလည်း
ဖြစ်ပါတယ်။ ယခု ကျွန်တော် မျှဝေမှာကတော့ နှစ်များစွာ
ဖတ်ရှုခဲ့သော အောင်မြင်ရေးတတ်ကျမ်းစာအုပ် ၅၀ လောက်မှ
မှတ်သား၊ မှတ်မိနေသော အောင်မြင်စေမည့်၊ စိတ်ဓာတ်ခွန်အား
ဖြစ်စေမည့် စာ၊စကားလုံးတွေကို ဆွေးနွေးစကားပြောပုံစံဖြင့်
တင်ပြထားပါတယ်။ ဖတ်မှတ်လေ့လာလေ့ကျင့် အောင်မြင်မှု
ရရှိကြပါစေ ခင်ဗျာ။
Screenshot_2018-01-25-11-38-19.png

ယခု တင်ဆက်မှုမှာတော့ ကျွန်တော်နှင့် ဦးဇယံ တို့၏ ဘဝ
အောင်မြင်ရေးနှင့် ပက်သတ်လို့ ဆွေးနွေးခန်းလေးများ
ဖြစ်ပါတယ်။
HKM။ ။ မင်္ဂလာပါ ဆရာ။ ကျွန်တော်က ဟိန်းခန့်မောင် ပါ။
အောင်မြင်ချင်လို့ လာခဲ့တာပါ ဆရာ။
ZY။ ။ ဟေ! အောင်မြင်ချင်လို့ ဟုတ်လား။ ငါက ဘာလုပ်ပေး
နိုင်မှာတုန်း။ မင်း ဘာသာကိုယ်တိုင်လုပ်မှ ရမှာလေ။
HKM။ ။ ဟုတ်ကဲ့ပါ ဆရာ။ အဲ့ဒီ အောင်မြင်ရေးအတွက်
လမ်းညွှန်ချက်လေးများ ပေးပါဦး။
ZY။ ။ ဒါဆို ထိုင်ဟေ့။ မင်းကို ပုံတို တစ်ခု ပြောပြမယ်။
ဟိုရှေးရှေးတုန်းက လူငယ်လေးတစ်ဦးဟာ (မင်းလိုပဲ)
အောင်မြင်ချင်လို့ ဆိုပြီး ဒဿ န ဆရာကြီးတစ်ဦးဆီ သွား
သတဲ့။ ဆရာကြီးဆီ ရောက်တော့ အောင်မြင်မည့် နည်းလမ်း
ပေးပါလို့ တောင်းဆိုတာပေါ့။ အဲဒီတော့ ဆရာကြီးကလည်း
"လာ...အောင်မြင်ချင်ရင် ငါ့နောက်လိုက်ခဲ့" ဆိုပြီး ပင်လယ်ကမ်း
စပ်ဘက် ထွက်သွားခဲ့တယ်။ လူငယ်လေးကလည်း နည်းလမ်း
ရတော့မှာပဲ အထင်ဖြင့် ပျော်ရွှင်စွာ လိုက်သွားခဲ့တာပေါ့။ ဆရာကြီး
က ပင်လယ်ထဲ ခါးလောက်မြုပ်တဲ့နေရာထိ ဆင်းသွားပြီး
လူငယ်လေးကို "ဒီနား လာခဲ့" လို့ ခေါ်လိုက်တယ်။ လူငယ်လေး
လည်း ရောက်လာရော ဆရာကြီးက လူငယ်လေးရဲ့ပုခုံးကို
ကိုင်ပြီး ရေထဲနှစ်ပစ်လိုက်တယ်။ လူငယ်လေးက ရေထဲမှာ
ခဏတော့ ငြိမ်နေခဲ့တယ်။ ကြာလာတော့ ရေမွန်းလာမှပဲ
လူငယ်လေးဟာ ရုန်းကန်ပါတော့တယ်။ လူငယ်လေးက
ရုံန်းလေ၊ ဆရာကြီးက ပိုဖိနှစ်လေနဲ့ပေါ့။ နောက်ဆုံး လူငယ်လေး
ဟာ "ဒီလိုနဲ့ သေရလိမ့်မယ်၊ မဖြသ်ခြေဘူး" ဆိုပြီး ခွန်အားစိုက်
ထုတ် အသားကုန် ရုန်းလိုက်မှပဲ လွတ်သွားတော့တယ်ပေါ့။
ဒီနောက်တော့ လူငယ်လေးက " ဘယ်လိုလုပ်လိုက်တာလဲ
ဆရာကြီး၊ ကျွန်တော်က အောင်မြင်ချင်လို့ ဆရာကြီးဆီ လာပြီး
နည်းလမ်းတောင်းတာ၊ ခုတော့ ရေနှစ်သက်တယ်၊ ဘာကြောင့်လဲ "
လို့ ဒေါနှင့်မောနဲ့ မေးခဲ့တယ်။ ဒီတော့ ဆရာကြီးက "ဒါ အောင်မြင်
ရေးနည်းလမ်းပဲ။ မင်း ယူတတ်ရင်ရပြီ" ဟုဆိုကာ ထွက်ခွါသွား
တော့သတဲ့။
ကဲ! ဒီပုံပြင်ကနေ မင်းရော ဘာရလိုက်တုန်း။
HKM။ ။ သိပ်တော့ မရှင်းဘူးဆရာ။ လုံ့လစိုက်ထုတ် ကြိုးစားရင်
အောင်မြင်မယ်လို့ ဆိုလိုတာလား။
ZY။ ။ နည်းနည်းတော့ မှန်တယ်၊ အလုံးစုံတော့ မဟုတ်သေးဘူး။
ငါ နားလည်ထားတာက ဒီလို။ ရေနစ်တဲ့အခါမှာ အသက်ရှူ မဝ၊
ရေမွန်းပြီး သေစေနိုင်တော့ အသက်ရှင်ဖို့ လေကို ရှူ ရမှ ဖြစ်မယ်။
အဲဒီတော့ ဆိုချင်တာက " မင်းဟာ အသက်ရှူ ချင်လောက်အောင်
အောင်မြင်ချင်ပြီလား" ဒါပဲ၊ ဒါဟာ ဆန္ဒစိတ်ပဲ။
HKM။ ။ ကျေးဇူးပါပဲ ဆရာ။ ဒါနဲ့ လူ့ဘဝမှာ ဘာတွေ လိုအပ်
လဲ သိချင်ပါတယ်။
ZY။ ။ မေးခွန်းက ယေဘုယျဆန်တယ်။ ဘဝမှာ လိုအပ်ချက်ကို
သိချင်တာလား။ လိုအင်ကို သိချင်တာလား။ NEED လား၊
WANT လား။
HKM။ ။Need ကို အရင် ရှင်းပေးပါဦး ဆရာ။
ZY။ ။ လိုအပ်ချက် ဆိုတာလည်း သာမန်လူတန်းစားရဲ့ လိုအပ်
ချက်နှင့် အောင်မြင်ပြည့်စုံတဲ့လူအတွ လိုအပ်ချက် ဆိုပြီး နှစ်မျိုး
နှစ်စား ခွဲပြောရမယ်။ သာမန်လူတန်းစားရဲ့ မရှိမဖြစ်လိုအပ်ချက်
ကတော့ (အခြေခံလိုအပ်ချက်လို့ ပြောရမယ့်) စား၊ ဝတ်၊ နေရေး
ပဲ။ ဒါတော့ မင်း အထူးတလည် သိချင်မှာ မဟုတ်ဘူး။ အောင်မြင်
ပြည့်စုံတဲ့လူအတွက် လိုအပ်ချက်ကတော့ ကျန်းမာခြင်း၊ ချမ်းသာခြင်း
နှင့် အားလပ် ပျော်ရွှင်ခြင်းတို့ပဲ။
Screenshot_2018-01-24-20-40-56.png
(ကျန်းမာဖို့ လေ့ကျင့်ခန်း လုပ်နေပုံ)

HKM။ ။ ဟုတ်ကဲ့၊ အကျယ်ချဲ့ ရှင်းပေးပါဦး ဆရာ။
ZY။ ။ ကျန်းမာရေး ဆိုတာကို ပြည့်ပြည့်စုံစုံ အဓိပ္ပာယ် ဖွင့်ရရင်
ကိုယ်ကာယ ကောင်းမွန်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်ခြင်း၊
နှင့် လူမှုဆက်ဆံရေး ကောင်းမွန်ခြင်းတို့နှင့် ပြည့်စုံခြင်းလို့ ဆို
ရမယ်။ ကျန်းမာရေး ကောင်းခြင်းနှင့် ပြည့်စုံနေရင် အတတ်ပညာ
တို့ကိုလည်း သင်ယူနိုင်မယ်။ ငွေကြေးဥစ္စာတို့ကိုလည်း ရှာဖွေနိုင်
မယ်။ မိတ်ဆွေအပေါင်းတို့နှင့်လည်း ပျော်ရွှင်စွာ နေနိုင်မယ်။
စသဖြင့်ပေါ့။ ဒါကြောင့် ကျန်းမာရေး ကောင်းခြင်းဟာ သက်ရှိ
ဘဝ အတွက် နံပါတ် (၁) လိုအပ်ချက်လို့ ပြောချင်တယ်။ ရှင်း
အောင် ဥပမာ ပေးရရင် ဒီမှာကြည့်...
၁ ... ကျန်းမာခြင်း
ဝ ... ငွေကြေးဥစ္စာ
ဝ ... ရာထူးဂုဏ်
ဝ ... ပိုင်ဆိုင်မှုများ
ဒီ (၁၀၀၀) ဆိုတဲ့ ကိန်းအစု တစ်ခုမှာ နောက်မှ (၀) တွေ ဖြစ်တဲ့
ငွေကြေးဥစ္စာ၊ ရာထူးဂုဏ်၊ ပိုင်ဆိုင်မှုများ ဆိုတာတွေဟာ ၄င်းတို့
တွေ ရှိလေ တန်ဖိုး ပိုတတ်လေ ဆိုပေမယ့် ၄င်းတို့တွေ ပြုတ်ထွက်
သွားလည်း တန်ဖိုးတစ်ခုတော့ ရှိနေသေးတယ်။ ဒါပေမယ့် ရှေ့က
(၁) ကျန်းမာခြင်း သာ ပြုတ်ထွက်သွားရင်တော့ ဘာတန်ဖိုးမှ
ကျန်ရှိတော့မှာ မဟုတ်ဘူး။ ဒါကြောင့် ကျန်းမာရေး ကောင်းအောင်
ဂရုစိုက်နေထိုင် ကျင့်ကြံကြဖို့ ပြောချင်တယ်။

Screenshot_2018-01-24-20-47-18.png
(Photo from Facebook)
HKM။ ။ ချမ်းသာခြင်း ဆိုတာကော ဆရာ။ ဘယ်အတိုင်းအတာ
ထိကို ပြောတာပါလဲ။
ZY။ ။ ချမ်းသာခြင်း ဆိုတာကို စား ဝတ် နေရေး လွတ်မြောက်ခြင်း
လို့ ဆရာ လက်ခံထားတယ်။ အစားအသောက်၊ အဝတ်တန်ဆာ၊
နေထိုင်ရာတို့ အတွက် ငွေကြေးစီးပွား ရှာနေရခြင်း မရှိတော့တဲ့
အနေအထား၊ လုံခြုံတင့်တယ်စွာ ရှင်သန်နေရခြင်းလို့ပဲ ဆိုချင်
တယ်။ Money is second God. ငွေကြေးဟာ ဒုတိယ
ဘုရားသခင်လို့၊ Money make everything. ငွေဟာ
အရာရာကို လုပ်ဆောင်တယ်လို့ ဆိုကြတယ် မဟုတ်လား။ မင်း
အနေဖြင့် အောင်မြင်ချင်တယ်ဆို ချမ်းသာကြွယ်ဝမှု ရှိအောင်လည်း
လုံ့လစိုက်ထုတ်ရမှာပါ။
Screenshot_2018-01-24-20-45-40.png
(ကားကြေငြာတစ်ခုမှ ရိုက်ယူထားသောပုံ-ချမ်းသာလျှင် ဝယ်စီးဖို့)

HKM။ ။ ပျော်ရွှင်မှုကရော ဘယ်လောက်အရေးပါလဲ ဆရာ။
ZY။ ။ အားလပ်ပျော်ရွှင်မှုလို့ ဆိုတာပါ။ မိမိရဲ့မိသားစု၊ မိတ်ဆွေ
အသိုင်းအဝိုင်းတို့နှင့် နွေးထွေးစွာ၊ သိုက်ဝန်းစွာ၊ လွတ်လပ်ပျော်ရွှင်
စွာ နေနိုင်ရန် အချိန်ပေးနိုင်ခြင်းကို ဆိုလိုချင်တယ်။ မိမိ ကြိုးစား
အောင်မြင်ခဲ့၍ ပိုင်ဆိုင်သမျှတို့ကို အဓိပ္ပာယ် ရှိရှိ အသုံးပြု ပျော်ရွှင်
နိုင်ဖို့လိုတယ်။ ကိုယ်ကျင့်တရားအပေါ် အခြေခံတဲ့ ပျော်ရွှင်မှုဆိုတာ
အနှစ်သာရရှိတဲ့ ဘဝတစ်ခု အတွက် အလိုအပ်ဆုံးပါ။ အပျော်အပါး
ကို အမှန်တရားထက် ပိုချစ်မိနေရင်တော့ ဒုက္ခ ရောက်သွားနိုင်တာ
ပေါ့။ စိတ်အလိုလိုက် ပျော်ပါးဖို့ မဟုတ်ဘူး။ စည်းကမ်းတကျ
ပျော်ပျော်နေတတ်ဖို့ ကျင့်သုံးစေချင်တယ်။
Screenshot_2018-01-24-20-44-03.png
Screenshot_2018-01-24-20-48-54.png
(အားလပ်ပျော်ရွှင်စွာ နေထိုင်ပုံများ)

HKM။ ။ ဆရာ့စကားတွေကို ကောက်ချက်ချကြည့်ရရင်
ကျန်းမာခြင်း၊ ချမ်းသာခြင်းနှင့် အားလပ်ပျော်ရွှင်ခြင်းတို့သာ
ပိုင်ဆိုင်ခဲ့ရင် လူ့ဘဝမှာ အောင်မြင်ပြီလို့ ပြောလို့ရမလား ဆရာ။
ZY။ ။ ဒါကတော့ အခြေခံ အကြောင်းတရားပဲ။ အောင်မြင်မှု
ဆိုတာကို ပညာရှင်တွေ ကျွမ်းကျင်သလို အဓိပ္ပာယ် ဖွင့်ကြပါစေ။
မက်း လိုအပ်တာ ယူသုံးပေါ့။ မင်းဘဝ အတွက် အောင်မြင်မှု
ဆိုတာ မင်း ရွေးချယ်မှု အတိုင်းသာပါပဲ။ ဘယ်လောက်ထိလဲ၊
ဘယ်အနေအထားလဲ၊ ဘယ်လိုမျိုးလဲ ဆိုတာ မင်းကိုယ်တိုင်သာ
ဆုံးဖြတ်ပေတော့ဟေ့။
HKM။ ။ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် ဆရာ။

နောက်အပိုင်းများတွင် ဆက်လက်ဆွေးနွေးသွားပါမည်။
အားလုံးကို ကျေးဇူးတင်စွာဖြင့်....ဟိန်းခန့်မောင်...
မိတ်ဆွေအားလုံး ကျန်းမာ ချမ်းသာ အားလပ်ပျော်ရွှင်ကြပါစေ။

@billionairehein
MSC-193
Hein Khant Maung ပြုစုရေးသားသည်။

Sort:  

ဖတ်လို့ကောင်းပါတယ် အစ်ကို

ဖတ်ရတာအရသာရှိပါပေ့ဆရာရယ်။

ကျေးဇူးတင်ပါတယ်
ခုလိုပြောပေးတော့ ပိုပိုရေးချင်လာတယ်

ဒါ့ကြောင့်နာမည်က အစအတိတ်နမိတ်နဲ့ ပေးထားတယ်ထင်ပါ့

ဒါပေါ့ ဒါပေါ့
ညီလည်း ချမ်းသာချင်တယ်မလား

Good တယ်ဗျာ

Good ရင် ဆက်တင်မယ်ဗျ
ကျေးဇူးပါ

ဖတ်လို့ ကောင်းပါတယ် ဆရာ
ဆက်အားပေးပါ့မယ်

တင်ပါ့ဘုရား ကျေးဇူးတင်ပါတယ်

အသိတွေတိုးစေပါတယ်ဗျာ

Thank you. I try my best.

ဆက်ပြီး အားပေးနေပါ့မယ်bro

စုံရာစိ မုံရွာကငပိ
ဟဲဟဲ
ကျန်းမာရေး
စီပွားရေး
ပျော်ပျော်နေတတ်ဖို့
ဆောင်းပါးတခုတည်းနဲ့ အများကြီးပေးသွားတာ
တော်တယ်ဗျာ
နာမည်နဲ့လိုက်ပါဘိ ကိုဘီလီယံတာရယ်

အောင်မြင်ချင်တော့လည်း လေ့လာနေရတာတွေ ချရေးရတာပဲ

အောင်​မြင်​​အောင်​​လျှောက်​​နေတဲ့လမ်း​လေးပိုပြီးအဆင်​​ချော​စေမဲ့စာ​လေးပါ​ဗျ

လိုက်နာရင် အကျိုးရှိမယ်
ကျေးဇူးပါ

ဗဟုသုတရပါတယ်​ အကို ​ကျေးဇူးပါပဲ

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.029
BTC 61224.26
ETH 2383.35
USDT 1.00
SBD 2.55