Key To Secret (preface 2)

in #myanmar6 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ...
orca-image-1529367989830.jpg_1529367989964.jpeg

ထိုနောက် ဆရာဦးသုတစိုး ဘာသာပြန်ထားတဲ့ “အောင်မြင်မှု၏ လျှို့ဝှက်အမှုအကျင့်များ” စာအုပ်ကို ဖတ်ပြီး ဘဝအောင်မြင်ရေး လေ့ကျင့်ခန်းစာအုပ်ကို ရေးသွင်းခဲ့ပါတယ်။ ထိုထဲမှ တစ်ချို့တစ်ဝက်မှာ
ငါ့ဘဝအတွက် ငါဟာ ၁၀၀ ရာခိုင်နှုန်းတာဝန် ယူသူဖြစ်တယ်။ ဒါကြောင့် ဒီအောက်က မေးခွန်းနဲ့ လေ့ကျင့်ဖို့ ငါ့ကိုယ်ငါ ကတိပေး လက်မှတ်ထိုးပြီး ငါ့ဘဝ ပိုကောင်းလာအောင် လုပ်မယ်။

$........1-8-2016

ငါလိုချင်တာတွေ အားလုံးကို ငါရကိုရရမယ်လို့ ယုံကြည်တယ်။

$........1-8-2016

မဖြစ်နိုင်ဘူး၊ မရနိုင်ဘူးဆိုတဲ့ စကားလုံးတွေ ငါ့ဘဝထဲမှာ ဘယ်တော့မှ ထပ်ရှိတော့မှာမဟုတ်။

$........1-8-2016

ငါဝါသနာပါတာကို ငါလုပ်ပြီး ပိုက်ဆံရှာနိုင် မလား၊ ဒါဆိုဘာအလုပ်တွေဖြစ်မလဲ?
၁။ငါဟာ စာဖတ်စာရေးရတာကို ဝါသနာ ပါတယ်။
၂။လူတွေနဲ့ စကားပြောရတာကို ဝါသနာ ပါတယ်။
၃။လူတွေကို နည်းပေးလမ်းပြ သင်ကြားရတာကို ဝါသနာပါတယ်။
၎။ငါ့ဝါသနာကို အခြေပြုပြီး ပိုက်ဆံရှာလို့ ရတယ်။ ဘာအလုပ်လဲဆိုတော့...
၅။ခေါင်းဆောင်မှုပညာ ထပ်မံရှာမှီးပြီး အောင်မြင် ချင်သော လူတွေကို နည်းပေးလမ်းပြ ဟောပြော ဆွေးနွေးရင်းမှ ခေါင်းဆောင်ကောင်း တစ်ဦး ဖြစ်လာအောင် လုပ်ရမည်။
၆။ဗဟုသုတ၊ အောင်မြင်ရေးပညာပေး စာတွေ
ရေးမယ်။
၇။ထိုမှတဆင့် စိတ်ဓါတ်မြှင့်တင်ရေး ဟောပြော
သော စာရေးဆရာဖြစ်လာမည်။

ဒီနောက်မှာတော့ ကျွန်တော်ဟာ အောင်မြင်ရေး ပညာ ဟောပြောဆွေးနွေးသော သင်တန်းအချို့ကို တက်ဖြစ်ပါတယ်။ ဖတ်ခဲ့သမျှ စာအုပ်တွေမှလည်း ကြိုက်နှစ်သက်ရာ စာသားတွေကို ကူးယူရေးမှတ် ပါတယ်။ Facebook ဖြင့် ကမ္ဘာအရပ်ရပ်က ဟောပြောရေးဆရာတွေကို ဆက်သွယ်ပါတယ်။
သူတို့ တင်သော Post များကို ဘာသာပြန်၍ ပြန်
မျှဝေပါတယ်။ အချို့ဆရာများရဲ့ Gmail မှတဆင့် ပို့လာသော Ebook များကို Download ဆွဲထား ပါတယ်။ အချို့တစ်ဝက်ကို ဖတ်ရှုပြီး ဘာသာပြန်နေ ပါတယ်။ ၂၀၁၇ ခုနှစ်၊ မေလမှာတော့ ဆရာ
ကိုပြေခိုင် ရဲ့ B2S သင်တန်းကို တတ်ဖြစ်ခဲ့ပါ
တယ်။ ထိုမှ ၂၀၁၇ ခုနှစ်အတွင်း လုပ်ဆောင်မည့် အရာများကို ချရေးခဲ့ပါတယ်။ ၎င်းတို့မှာ -
အိမ်ထောင်ပြုမည်
ဘာသာပြန်စာအုပ်ရေးထုတ်မည်
ကိုယ်ပိုင်လုပ်ငန်းတစ်ခု တည်ထောင်မည်
၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလရောက်သော်ကား ကျွန်တော်သည် အိမ်ထောင်ပြုပြီးပါပြီ။ ဆရာမ Heather Matthew ရဲ့Primary manifestation စာအုပ်ကို ဘာသာပြန်ပြီး
ပါပြီ။ ထုတ်ဝေဖို့ရန် စီစဉ်ရပါဦးမည်။ ကိုယ်ပိုင်
လုပ်ငန်းကား ကြီးကြီးမားမား မယ်မယ်ရရ မရှိ
သေးပါ။
မိတ်ဆွေ ဆရာဝန်တစ်ယောက်၏ ဆေးခန်းတွင် အကူဆရာ အဖြစ်လုပ်ကိုင်နေပါသည်။ ယခု စာအုပ်သည်ကား ကျွန်တော်၏ ရည်မှန်းချက် ပန်းတိုင်တစ်ခု ဖြစ်သော စိတ်ဓါတ်မြှင့်တင်ရေး ဟောပြောသော စာရေးဆရာ ဖြစ်ဖို့ ပထမဆုံး လှေကားထစ်ဖြစ်ချေတော့သည်။

ဤစာအုပ်ထဲတွင် Autosuggestion လုပ်၍ မအောင်မြင်သေးသော သူများအတွက် ဆရာ
ဦးညီညီနိုင် ၏ “The Secret” ဘာသာပြန် လျှို့ဝှက်ချက်စာအုပ်ကို ဖတ်ပြီး တိတိကျကျ မလုပ်ဆောင်နိုင်သေးသူများ အတွက်၊ နေ့စဉ်အခိုင်အမာပြုရွတ်ဆိုချက်များကို အောင်မြင် အောင် မလုပ်နိုင်သေးသူများအတွက် လိုအပ်နေ
သော အမယ်များနှင့်မှားယွင်းချက်များကို ထောက်ပြ ရေးသားထားပါတယ်။ လျှို့ဝှက်ချက်စာအုပ်ဖြင့်
အပြန်အလှန် ပူးတွဲဖတ်ရှုကာ လေ့ကျင့်လျှင်ဖြင့် အောင်မြင်မှု မုချရမည်ဟု ဆိုချင်ပါသည်။

စာရေးသူ - ဟိန်းခန့်မောင်
orca-image-1529224864173.jpg_1529224864253.jpeg

မိတ်ဆွေများ ကျန်းမာ ချမ်းသာ အောင်မြင် ပျော်ရွှင်ကြပါစေ...

MSC - 193
@billionairehein

Sort:  

စာအုပ်ထုတ်တော့မယ်လားဗျ အားပေးနေပါတယ် စာမြည်းဖတ်ခွင့်ရှိရင် ဖတ်ချင်ပါတယ်

စာအုပ်ထုတ်ဖို့ ဆရာ ဂျော်နီကျော်မိုးဆီ ပေးထားတာ သိပ်မရှင်းလို့တဲ့
အားပျက်သွားလို့ steemit မှာပဲ တင်တော့မယ်😁😁😁

hein khat mg ဆုတောင်းပေးတဲ့ဆုနဲ့မိတ်ဆွေများအားလုးံရကြပါစေ

ကျေးဇူးတင်ပါတယ် ထပ်တူရပါစေ

ကျွန်တော်အိမ်ထောင်ကျခါစက မိန်းမက သူများတွေလိုရွှေတို့၊ TV တို့၊ အိမ်တို့ ဒီတစ်သက်မရနိုင်တော့ဘူးလို့ပြောခဲ့တယ်။လစာကလည်းနည်းတာကိုး။ ဒါကြောင့်မင်းလိုချင်တာတွေစာရွက်ပေါ်ချရေးထားပြီးနေ့တိုင်းဒါကိုရရယ်လို့ရွတ်ခိုင်းခဲ့တယ်။ခုတော့ အားလုံးရခဲ့ပြီ

ခုလိုကြားသိရတာ ဝမ်းသာတယ်ဗျာ
ယုံကြည်စွာ ဆက်လုပ်ရမှာပါပဲ

တိကျတဲ့ရည်းမှန်းချက်​ရှိရင်​ဘာမဆို​အောင်​မြင်​နိုင်​ပါတယ်​ရှင်​။ွှန်းထားတဲ့စာအုပ်​က​လေး​တွေဝယ်​ဖတ်​ဦးမယ်​ရှင့်​။

တိကျတဲ့ ရည်မှန်းချက်ကိုလက်တွေ့ အကောင်အထည် ဖော်ဖို့တော့
လိုမယ်။ ဝယ်ဖတ်ကြည့်ပါ တကယ် ကောင်းပါတယ်။

စာအုပ်ထုတ်ရင်အားပေးမယ် Bro

ကျေးဇူးပါဗျာ

ကိုဟိန်းက လုပ်ချင်တာတွေကို စာနဲ့ရေးမှတ်ထားတယ်ပေါ့။

ဟုတ်တယ် ဖြစ်ချင်တာတွေ ချရေးထားတယ်

စာအုပ်ထုတ်ရင်အားပေးမယ်ဗျို့

ထုတ်တော့ ထုတ်ချင်တယ် ကြိုးစားရဦးမယ်

အောင်​မြင်​မှု့များ ရရှိပါ​စေ

ကျေးဇူးပါ ကိုလင်းရေ

အရမ်းတန်​ဖိုးးရှိတဲ့ postပါဗျာ

တန်ဖိုးသိတဲ့သူမှ တန်ဖိုးရှိတာ သိတာပါ
ကျေးဇူးပါ

ကိုဟိန်း ရည်မှန်းချက်တွေနဲ့ ထပ်တူအောင်မြင်ပါစေ
ခင်ဗျ

ကျေးဇူး ညီရေ... same to you.

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.031
BTC 60578.94
ETH 2625.05
USDT 1.00
SBD 2.54