Key To Secret (preface)

in #myanmar6 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ...
မိမိ လိုချင်ရချင်သော အရာကို အခိုင်အမာပြု ရေးသား ရွတ်ဆို
ဆွဲဆောင်ရယူရာတွင် အသုံးပြုရမည့် သော့ချက်များကို ဘာသာ
ပြန်ဆိုထားသည့် စာမူအား ရေးဖြစ်ခဲ့ရခြင်း အကြောင်းကို
အစချီထားပါတယ်။

orca-image-1529367989830.jpg_1529367989964.jpeg

ဤစာအုပ်ဖြစ်ရခြင်းအကြောင်း

ကျွန်တော်သည် စာဖတ်ဝါသနာထုံသူ တစ်ယောက်
ပါ။ တက္ကသိုလ်တတ်စဉ် ကာလတလျှောက် စာရေး ဆရာကြီးများ
ဖြစ်ကြသော ဦးနု၊ ဦဖေမြင့်၊ ဦးချစ်စံဝင်း၊ ဦးအောင်သင်း စသောသူတို့၏ လူမှု ဆက်ဆံရေး၊ အောင်မြင်ရေး စာအုပ်စာပေတို့ကိုလေ့လာဖတ်ရှု ခဲ့ဖူးပါသည်။ စိတ်ပညာကို တစွန်းတစ ဝါသနာပါသူ ဖြစ်ရကား စိတ်ဖြင့်ကျင့်ယူရသည်တို့ကို ပိုမို လိုက်စား ဖြစ်ခဲ့သည်။
"စိတ်ဖြင့်၊ နုတ်ဖြင့် ရွတ်ဆို တောင်းယူခြင်းဖြင့် လိုရာပြည့်စေသည်” ဟူသော ကျင့်စဉ်ကို ပေါ့ပေါ့ပါးပါး ကျင့်ဖြစ်ခဲ့သည်နှင့်အညီ အလိုဆန္ဒအချို့ အနည်းအကျဉ်းကို ရရှိခဲ့ဖူးပါသည်။

ထိုမှစ၍…..
ကျွန်တော် တက္ကသိုလ်ဘွဲ့ရပြီးစတွင် အလွှာစုံ စီးပွားရေးစနစ် (MLM) ကျင့်သုံးသော ကုမ္ပဏီ တစ်ခုတွင် လပိုင်းမျှ ဝင်ရောက်လုပ်ကိုင်စဉ် စာရေးဆရာ၊ No.1 အောင်မြင်ရေး သင်တန်းပို့ချသူ ဆရာဦးဂျော်နီကျော်မိုး၏ DVD ခွေကို ကြည့်ရှု နားထောင်မိရာမှ (Autosuggestion) ဆိုသော စကားလုံးနှင့် ရင်းနှီးရပြန်တော့
သည်။ ဆရာဂျော်နီကျော်မိုး ကို အထူးကျေးဇူးတင်ပါသည်။

(Autosuggestion)ဆိုသည်မှာ -
မိမိလိုချင်၊ ဖြစ်ချင်တာကို ရအောင်၊ ဖြစ်မြောက်အောင် စွမ်းဆောင်
နိုင်ဖို့ အရေးကြီးဆုံးနှင့် မဖြစ်မနေ လုပ်ဆောင်ရမည့်အလုပ်မှာ မိမိကိုယ်ကို တိုက်တွန်းခြင်း၊ နှိုးဆော်ခြင်း (သို့မဟုတ်) မိမိ၏ အတွင်း
စိတ်အား လုပ်ဆောင်ပေးဖို့ အမိန့်ပေးခိုင်းစေ ခြင်းပင်ဖြစ်သည်။ လူတိုင်းမှာ Will Power လို့ခေါ်တဲ့ စိတ်စွမ်းအား တန်ခိုးတွေရှိကြပါတယ်။
အဲဒီ မမြင်ရတဲ့ စိတ်စွမ်းအား တန်ခိုးသတ္တိတွေ ထွက်လာအောင်လုပ်ဖို့ ပထမ Relaxation စိတ်ရောကိုယ်ပါ အနားယူ ဖြေလျော့ပေးရပါမယ်။ စိတ်ရောကိုယ်ပါ အနားယူ ဖြေလျော့ပြီးမှ Imagination စိတ်ကူးပုံဖော်ခြင်း စတင်ကာ Autosuggestion ကို လုပ်ရပါ
မည်။

Autosuggestion ပြီးမြောက်ဖို့ အခြေခံ လိုအပ်ချက်များ

၁ မိမိ ဘာလိုချင်သည်ကို တိတိကျကျ သိရှိပြီး ဖြစ်ရမည်။
၂ မိမိ လိုချင်တာကိုရဖို့ ထိုက်တန်သော အဖိုးအခပေးဆပ်မှု (ကြိုးစားအားထုတ်ခြင်း) ပြုလုပ်ပေးရမည်။
၃ မိမိကိုယ်ကို စိတ်ချယုံကြည်သူဖြစ်ရမည်။
၎ မိမိကိုယ်ကို ထိန်းချုပ်ကွပ်ကဲနိုင်သူဖြစ်ရမည်။
၅ မလိုလားအပ်သော အပျက်စိတ်ထားများ မရှိရ။ အပြုစိတ်
အကောင်းမြင်စိတ်ကို အချိန်တိုင်း မွေးမြူရမည်။
၆ ကျန်းမာသန်စွမ်း၍ စိတ်အား ထက်သန်သူ
ဖြစ်အောင် ဂရုစိုက်နေထိုင်ရမည်။
၇ မိမိ အလိုရှိသော အရာကို ရရန်အတွက် ဘာလုပ် ရမည်၊ မည်သို့
ကြိုစားဆောင်ရွက်ရမည်ကို သိရှိရမည်။ သိတဲ့အတိုင်း ဇွဲလုံ့လ
ဝိရိယဖြင့် လက်တွေ့ အကောင်အထည်ဖော်ရမည်။
၈ မိမိ ဖြစ်ချင်တာကို ဖြစ်ရမည့်နေ့အား တိတိကျကျ သတ်မှတ်ထားရမည်။

(Relaxation, Imagination နှင့် Autosuggestion) ကျင့်စဉ်တို့အား ပို၍ ပြည့်စုံစွာ သိလိုလျှင် ဆရာ ဂျော်နီကျော်မိုး ၏ အောင်
မြင်မှုပညာနှင့် မသိစိတ် စွမ်းအင်ပညာ စာအုပ် နှစ်အုပ်ကို ဝယ်ဖတ်ပါ။

ကျွန်တော်သည်ကား ထိုကျင့်စဉ်ကို မကျင့်တချက် ကျင့်တချက်ဖြင့်သာ ရှိချေသည်။ စာဖတ်ဝါသနာအိုး
ပီပီ အောင်မြင်ရေးစာအုပ်များကိုသာ အဆင်သင့်တိုင်း ဝယ်ဖတ်
နေသော စိတ်ကူးယဉ်သမားသက်သက်သာ ဖြစ်နေသေး၏။ ထိုမှ
တဆင့် အရှင်ဣဒ္ဓိပါလ၏
“မင်းဟာ စကြဝဠာရဲ့ အရှင်သခင်” စာအုပ် လက်ဝယ် ရောက်ရှိလာသော် Autosuggestion မှ တဆင့်တိုးကာ (Law of Attraction)ဆွဲဆောင်မှု နိယာမကို လေ့လာလိုက်စားဖြစ်ခဲ့ပါ
သည်။ သို့သော် ကျွန်တော်ကား ဘာမှ ဖြစ်မလာသေးပါ။

မိတ်ဆွေအားလုံး ကျန်းမာ ချမ်းသာ အောင်မြင်
ပျော်ရွှင်ကြပါစေ...

orca-image-1529224864173.jpg_1529224864253.jpeg

@billionairehein
MSC - 193
Hein Khant Maung

Sort:  

တစ်ခုခုဟာ ဆက်တိုက်လုပ်ဖြစ်နေမှ အကောင်အထည်ပေါ်တယ်လို့ သိထားတယ်

စွဲစွဲမြဲမြဲလုပ်ဖြစ်နေဖို့ အရေးကြီးတာပေါ့

စာ​ဖတ်​ဝါသနာပါ​တော့လည်းစာအများကြီး​ရေးနိုင်​တာ​ပေါ့ရှင်​။

စာအများကြီးကလည်း နှစ်ချီရေးခဲ့ရတာ။
ခုဆက်လက်တင်မယ့် ဘာသာပြန်တောင် ၆လကြာခဲ့တယ်။

သိပြီး ထိထိရောက်ရောက်မလုပ်ဖြစ်ကြတာက များနေတယ် ကိုဟိန်းရေ

ဟုတ်ပါ့ဗျာ နည်းနည်းလေးတော့ တိုးကျင့်ကြံဦးမှပါ

သိပေမယ့် လိုက်မလုပ်နိုင်သေးတာခက်တယ်

လိုက်မလုပ်ဖြစ်တာက ပိုခက်တယ်😁

ဦးဖေမြင့်တော့ နည်းနည်းဖတ်ဖူးတယ်ဗျ

ခု ပြန်ကြားရေးဝန်ကြီး မဟုတ်လား

သိဘူးဗျ cb bank အုပ်ကထ လားလို့ ဟီး နာမည်တူတာနေမှာပါ

လက်ရှိ ပြန်ဆက်ဝန်ကြီးပါ

တကယ်လိုက်မလုပ်နိုင်သေးတာက ခက်တယ်ဗျာ။

တကယ် လိုက်မလုပ်ကြည့်သေးတာက ခက်တာ

ဆန္ဒဝတော ကိန္နာမံနသစ္စတိ

စိတ္တေန နိယျတိ လောကော

တစ်ချိန်က No 1 အောင်မြင်ရေးဆိုပြီး တော်တော်ကိုဟော့သွားသေးတယ်နော်

ခုလည်း ဆရာက ပုံမှန် သွားနေပါတယ်
သင်တန်း အမှတ်စဉ် ၁၂၀ ကျော်သွားပြီ

စာကြီး ပေကြီးတွေပါပဲဗျာ

စာကြီးပေကြီးရောက်သေးပါဘူး😁😁😁

You got a 2.87% upvote from @postpromoter courtesy of @billionairehein!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

Coin Marketplace

STEEM 0.19
TRX 0.12
JST 0.027
BTC 64920.85
ETH 3459.00
USDT 1.00
SBD 2.30