I have a Dream!

in #myanmar6 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ...
Screenshot_2018-01-27-22-24-49.png

ဤခဲပန်းချီပုံကို Let Us Discuss To Succeed
စာမူ၏ မျက်နှာဖုံးမှာ ဆွဲထားပါသည်။

ကျွန်တော်သည် အောင်မြင်ချင်သူ တစ်ယောက်
ဖြစ်သောကြောင့် အောင်မြင်ရေးတတ်ကျမ်းစာပေ
တို့ကို တစိုက်မတ်မတ် လေ့လာဖတ်ရှုခဲ့ပါတယ်။

ထိုဖတ်ရှုခဲ့သမျှ စာအုပ်များစွာထဲတွင်မှ ကျွန်တော်
အကြိုက်နှစ်သက်ဆုံး အကြောင်းအရာများမှာ
Law Of Attraction - ဆွဲဆောင်မှုနိယာမ၊
Autosuggestion - မိမိကိုယ်ကို အလိုအလျောက်
ညွှန်းချက်ပေးခြင်း၊ Relaxation - စိတ်ရောကိုယ်ပါ
အနားယူခြင်း၊ Imagination - စိတ်ကူးပုံဖော်ခြင်း
နှင့် Visualization - စိတ်ကူးမြင်ယောင်ခြင်း
စသည်တို့ ဖြစ်ပါတယ်။

ထို့ကြောင့် ကျွန်တော်သည် ထိုအကြောင်းအရာများကို
မှတ်စုထုတ်နုတ်ပြန်လည်မွန်းမံ ရေးသားခြင်းများ၊
လက်တွေ့လိုက်နာ ပြုမူလုပ်ဆောင်ခြင်းများ ရှိခဲ့ပါတယ်။

ထိုအထဲမှ မိမိ ဖြစ်ချင်ရချင်တာကို ကိုယ်တိုင် ပုံကြမ်း
ဆွဲ၍ သာမန်မျက်စိဖြင့် ခဏခဏ ကြည့်ရှုပေးခြင်း၊
အမြင်အာရုံဖြင့် စိတ်ကူးမြင်ယောင်ခြင်း တို့ကို ပြုလုပ်
ခဲ့ပါတယ်။

ထိုအရာမှာ အထက်တွင် ပြထားသော ခြံဝင်းနှင့်တိုက်
ပုံ ဖြစ်ပါတယ်။ ထိုပုံကို အစပထမတွင် A4 စာရွက်
ပေါ်၌ ခဲတံဖြင့် ဆွဲခြစ်ခဲ့ခြင်း ဖြစ်ပါတယ်။ နောက်မှ
အရောင်မမှိန်စေရန် Ball Pen ဖြင့် ထပ်မံ ခြယ်သ
ခဲ့ပါတယ်။

ထိုတိုက်နှင့်ခြံဝင်းမှာ ကျွန်တော် နေထိုင်ချင်သော နေရာ
ဖြစ်ပါတယ်။ တိုက်မှာ နှစ်ထပ်တိုက်လေးသာ ဖြစ်ပြီး
တိုက်မျက်နှာစာတွင် ကား ထားရန် ရည်ရွယ်ထားသော
လသာဆောင်ကို တည်ဆောက်ထားပါတယ်။ လသာ
ဆောင်တွင် ညခင်း၏ သာယာမှုကို အပြည့်အဝ ခံစားရန်
အိပ်မက်တစ်ခု ဖြစ်ပါတယ်။

အပေါ်ထပ်တွင် မိသားစု အိပ်ခန်းများ ထားရှိပါတယ်။
အောက်ထပ်တွင်တော့ စာကြည့်ခန်း၊ Meeting ခန်းမ
နှင့် ထမင်းစားခန်း တို့ ထားရှိပါတယ်။

တိုက်၏ မျက်နှာစာ ရှေ့ဘက်တွင် မြက်ခင်းပြင်နှင့်
ရေကူးကန် တို့ကို ယှဉ်လျက် ထားရှိပါတယ်။ ထိုအရာ
တို့ကို ပတ်လျက် ကား အဝင်အထွက် လမ်း ထားရှိပါတယ်။
မြက်ခင်းပြင်တွင်လည်း ပျော်ပွဲရွှင်ပွဲအခမ်းအနား လုပ်ဖို့
ရည်စူးထားပါတယ်။

တိုက်၏ အနောက်ဘက် ခြံဝင်း၏ ထောင့်နှစ်ဘက်တွင်
ဝါးပင်များကို စိုက်ထားပါသည်။ ဝါး စိုက်ရခြင်း ရည်ရွယ်ချက်
မှာ လေထုသန့်စင်စေခြင်းမှ ကျန်းမာရေး ကောင်းစေရန်
ဖြစ်ပါတယ်။

ခြံဝင်းနှင့်တိုက်၏ တည်နေရာမှာ ပြင်ဦးလွင်မြို့ အနီးရှိ
အေးချမ်းငြိမ်ဆိတ်သော နေရာဟု မျှော်လင့်ထားပါတယ်။

အထက်ပါ စိတ်ကူးအိပ်မက် အတိုင်း ဖြစ်လာစေရန်
ကျွန်တော် လေ့လာထားသော အောင်မြင်ရေးစာပေ
တို့ကို အခြေခံ၍ လက်တွေ့ကျကျ လုပ်ဆောင်သွားဖို့
အိပ်မက်ပန်းတိုင် တစ်ခု ချမှတ်ထားပါတယ်။

ယခုတော့ ကျွန်တော်၏ စိတ်ကူးအိပ်မက်ကို အကြမ်းဖျဉ်း
ချရေးပြလိုက်ပါတယ်။
orca-image-1526538279712.jpg_1526538279855.jpeg
မိတ်ဆွေအားလုံး ကျန်းမာ ချမ်းသာ အောင်မြင်
ပျော်ရွှင်ကြပါစေ.....

With A Dream ,
@billionairehein

Sort:  

အိပ်မက်ကလေး အမြန်ဖြစ်ပါစေ
အတူနေချင်လှပြီ

ဖြစ်ရမှာပေါ့ကွယ်

အမြန်အကောင်အထည်ဖော်နိုင်ပါစေ

ကျေးဇူးပါ...
ထပ်တူပြည့်ဝပါစေ

You got a 3.38% upvote from @minnowvotes courtesy of @billionairehein!

You got a 3.48% upvote from @dailyupvotes courtesy of @billionairehein!

Please upvote this comment to support the service.

You got a 1.86% upvote from @postpromoter courtesy of @billionairehein!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.033
BTC 62414.94
ETH 3019.57
USDT 1.00
SBD 3.58