Hope, Love And Life

in #myanmar6 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ...

ဒီနေ့ မျှော်လင့်ချက်၊ ချစ်ခြင်းမေတ္တာနှင့် ဘဝ အကြောင်း
နည်းနည်းလောက် မျှဝေပေးပါရစေ...

လူသားတစ်ဦး၏ ဘဝမှာ တိုးတတ်ဖွံ့ဖြိုး မြင့်မား ရှင်သန်
နေစေရန် အထူး လိုအပ်ချက်လေးတွေ ထောက်ပြရင်းပေါ့😁

ဒီရက်ပိုင်း Facebook ကို သုံးဖြစ်နေတော့
ကမ္ဘာတလွှား အောင်မြင်ရေးလောကမှာ ကျော်ကြားနေသူ
ဟောပြောရေး စာရေးဆရာများ၏ ပို့စ် တွေကို ကြည့်ဖြစ်ပါတယ်။
ထိုထဲမှ ဒဿနဆန်ဆန် အတွေးအခေါ်စာကြောင်းလေး
သုံးကြောင်းကို သတိထားမိခဲ့ပါတယ်။ ဒါနဲ့ပဲ...
မိမိ နားလည်သိရှိသလို တွေးမြင်ရေးသားလိုက်ပါတယ်။
image
ပထမဆုံး Love and Caring (ချစ်ခြင်းမေတ္တာနှင့် ဂရုတစိုက်
ယုယမှု ပေးခြင်း) အကြောင်း ပြောပြပါမယ်။

ကျွန်တော်တို့ လူသားမျိုးဆက် ပွားများတည်ရှိနေခြင်း၏ အကြောင်းတစ်ရပ်မှာ ချစ်ခြင်းမေတ္တာ (Love) ဟာ အဓိက နေရာမှ ပါဝင်မည်ဟု ယုံကြည်ပါသည်။
တစ်ဦးအပေါ်တစ်ဦး ချစ်ခြင်းမေတ္တာတွေ ထုံသင်းမိကြတဲ့အခါ
တစ်ဦးကိုတစ်ဦး ဂရုတစိုက် နွေးထွေးကြင်နာ ယုယမှုတွေ
ပေးတတ်ကြတယ် မဟုတ်ပါလား။ ထိုအခါ ဘဝဟာ
သာယာအေးချမ်းပြီး နေပျော်ဖွယ် အတိပါပဲ။

ထိုသို့မဟုတ်မူဘဲ ဂရုတစိုက်ယုယတာတွေ မရှိတော့တဲ့အခါ
သို့မဟုတ် ရပ်တန့်လိုက်သောအခါ ချစ်ခြင်းမေတ္တာဟာ
ကုန်ဆုံးပျက်ပြားသွားတတ်ကြပါတယ်။ အချစ် မရှိကြတော့
တဲ့အခါ ကမ္ဘာကြီးဟာ မငြိမ်းချမ်းတော့ပါဘူး။

ထို့ကြောင့် ကျွန်တော်တို့တွေဟာ လူသားအချင်းချင်း ဖြစ်စေ၊
မိတ်ဆွေအပေါင်းပါ အချင်းချင်း ဖြစ်စေ၊ မိသားစု အိမ်ထောင်ဖက်
အချင်းချင်း ဖြစ်စေ ဂရုတစိုက်နွေးထွေးကြင်နာယုယမှုတွေ
ပေးနေတတ်ကြဖို့ အရေုးကြီးကြောင်း ပြောလိုပါတယ်။
image
ဒုတိယ အနေဖြင့် Hope and Believing (မျှော်လင့်ချက်
နှင့် ယုံကြည်နေခြင်း) အကြောင်း ဆက်ပါမယ်။

ကျွန်တော်တို့တွေဟာ မိမိတို့ ယုံကြည်ရာကို မျှော်လင့်တတ်ကြ
ပါတယ်။ မျှော်လင့်မိသလို လုပ်ဆောင်လေ့လည်း ရှိတတ်ကြပါတယ်။ ထိုအခါ ယုံကြည်ရာ စွမ်းဆောင်ကြိုးစား
တတ်ကြတော့ ယုံကြည်ရာ ဖြစ်မြောက်လာပါတယ်။

ထိုသို့မဟုတ်မူဘဲ မိမိတို့ ယုံကြည်နေတာတွေကို
လက်မခံချင်တော့သောအခါ၊ ဆက်ယုံနိုင်စွမ်း မရှိတော့သောအခါ၊
ယုံကြည်နေတာတွေကို ရပ်တန့်လိုက်သောအခါ
မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားတတ်ကြပါတယ်။
ဘဝမှာ မျှော်လင့်ချက် မရှိတော့သောအခါ ရှင်လျက်သေနေသူ
အလား ဖြစ်တော့တာပါပဲ။

ထို့ကြောင့် ကျွန်တော်တို့တွေဟာ မိမိတို့၏ ယုံကြည်ချက်တွေကို
ပိုမိုခိုင်မာအောင် တည်ဆောက်သင့်ကြပါတယ်။
image
နောက်ဆုံး Life and Dreaming (ဘဝနှင့် စိတ်ကူးအိပ်မက် မက်ခြင်း) အကြောင်းဖြင့် အဆုံးသတ်ပါရစေ။

ကျွန်တော်တို့ဘဝတွေဟာ တကယ်စင်စစ်မှာ စိတ်ကူးအိပ်မက်တွေ
ဖြင့် ရှင်သန်နေရခြင်းပါ။ စိတ်ကူးစိတ်သန်းတွေဖြင့် ဘဝကို
တည်ဆောက်ထားကြတာပါ။ မိမိတို့ အကယ်စင်စစ်
မက်ခဲ့ကြသော၊ မြင်မက်နေသော စိတ်ကူးအိပ်မက်တွေ အတိုင်း
ဘဝဟာ ဖြစ်တည်နေလေ့ ရှိပါတယ်။ စိတ်ကူးအိပ်မက်တွေ
ကြီးမားလျှင် ကြီးမားသလို၊ လှပလျှင် လှပသလို ဖြစ်တတ်လေ့
ရှိကြပါတယ်။

ထိုသို့မဟုတ်မူဘဲ စိတ်ကူးအိပ်မက်တွေ မြင်မက်နိုင်စွမ်း
မရှိတော့သောအခါ၊ မက်လက်စ စိတ်ကူးအိပ်မက်တွေကို
ရပ်တန့်လိုက်သောအခါ ဘဝဟာ အဆုံးသတ်သွားတော့တာပါပဲ။
အဆုံးသတ်သွားတဲ့ ဘဝဟာ အသက်ရှင်လျက် သေနေခြင်း
တစ်မျိုးပါ။

ထို့ကြောင့် ကျွန်တော်တို့တွေဟာ မိမိတို့ ဘဝကို ဘယ်လို
ဘယ်ပုံ ဖြစ်မြောက်ချင်တယ်... ဘယ်လို ဘဝမျိုးမှာ
ရှင်သန်နေထိုင်ချင်တယ်... ဆိုတာတွေကို အစဉ်အမြဲ
အိပ်မက်စိတ်ကူးပုံဖော်နေတတ်ကြရပါမယ်။

သို့ဖြစ်ပါ၍ မိတ်ဆွေတို့၏ ဘဝလေးကို သာယာစိုပြည်
ငြိမ်းချမ်းလှပ အောင်မြင်ချင်သပ ဆိုလျှင်ကား...

လူသား အချင်းချင်း ဂရုတစိုက်မေတ္တာထားတတ်ကြပါစေ😁
ယုံကြည်နေတာတွေကို အခိုင်အမာတည်ဆောက်နိုင်ကြပါစေ😁
စိတ်ကူးအိပ်မက် ကြီးကြီးလှလှတွေ ဆက်မက်နိုင်ကြပါစေ😁

ဟု တိုက်တွန်းပြောကြားလိုက်ရပါတယ်။

MSC - 193
@billionairehein

Sort:  

မှန်​ပါ့ဗျာ အချစ်​မရှိရင်​ သက်​ရှိ​တွေလဲမရှိနိုင်​ပါဘူး
သက်​ရှိ​တွေမရှိရင်​လည်း အချစ်​မရှိ​တော့ပါဘူး
အချစ်​ညီမျှခြင်း ဘဝဆိုတာ ​တွေးကြည့်​တာနဲ့သိနိုင်​ပါတယ်​၊

ချစ်တတ်လို့လားဗျ😁😁

Posted using Partiko Android

ကိုဟိန်းက စာရေးနိုင်မှုကောင်းတယ်
ကျနော်တော့မရေးနိုင်လို့ proတောင်မတင်ဖြစ်ဘူး

Posted using Partiko Android

ရေးချင်စိတ် ရှိရင် ပုံတစ်ပုံ စာတစ်ကြောင်းကနေ ပို့စ် တစ်ခု ရသွားတာပဲ😁

သူများပို့စ်တွေ ဝင်မမန့်နိုင်တာနဲ့ နေ့တိုင်း pro မတင်ဖြစ်တော့တာ😁

Posted using Partiko Android

အိပ်မက်မက်နေဆဲပါဗျာ

Posted using Partiko Android

ဒါကြောင့် ယုံကြည်မှုပျောက်ရင် လမ်းပျောက်တာနဲ့တူသတဲ့

Posted using Partiko Android

လမ်းပျောက်ရင် ရောက်ချင်တာ မရောက်တော့ဘူး😁

Posted using Partiko Android

လမ်းမပျောက်အောင်တော့ လျှောက်နေကြရတာပဲကိုဟိန်းရေ

လမ်းကောင်းမတွေ့သေးဘူး ဖြစ်နေတယ်ဗျာ😁

Posted using Partiko Android

အားလုံးကို ဂရုစိုက်ပါတယ် ကြင်နာပါတယ် မေတ္တာထားပါတယ် လေးစားပါတယ်

ဆာဓု ဆာဓု ကောင်းပါပေတယ်ဗျာ

Posted using Partiko Android

လူအချင်းချင်း မေတ္တာထားနိုင်မှသာ...

လုံးစုံများစွာ သတ္တဝါ ဘေးရန် ကင်းကွာ ငြိမ်းချမ်းသာယာကြပါစေ

Posted using Partiko Android

အမှန်​ပါ...​ယုံကြည်​ချက်​နှင့်​​မျော်​လင့်​ချက်​မရှိရင်​ဘ၀က​သေသလိုဖြစ်​​နေမှာပါ...ပြီး​တော့တစ်​ဦးအ​ပေါ်တစ်​ဦး​မေတ္တာထားနိုင်​ရင်​လည်းအ​ကောင်းဆုံးပါ....

Posted using Partiko Android

မေတ္တာ မထား ယုံကြည်ချက် မရှိ မျှော်လင့်ချက် မထားတတ်တော့ရင် ဘဝဟာ ဘာမှအဓိပ္ပါယ် မရှိတော့ပါ

Posted using Partiko Android

That's right bro

Real😁😁

Posted using Partiko Android

မှတ်သားထားလိုက်ပါတယ်ကိုဟိန်း၊ကျေးဇူးပါ။

ကျေးဇူးပါပဲဗျာ

Posted using Partiko Android

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 63099.80
ETH 2455.59
USDT 1.00
SBD 2.58