လေညင်းလေးရဲ့ အချစ်
...မင်္ဂလာပါ...
လေညင်းလေးရဲ့ အချစ်
တိတ်တဆိတ်ပါပဲ
လေညင်းကလေးလို
မင်းအနား
အသာအယာ ညှင်းသွဲ့အေးမြစေပြီး
ထွက်သွားပါရစေတော့
တကယ်ပါ
ခုနေခါများ
လေညင်းလေးရဲ့ ယုယမှုမျိုးနဲ့
ထွက်သွားပါရစေတော့
တိတ်တဆိတ်ပါပဲ
မင်းအနား
ပြတင်းတံခါး ဖွင့်ထားတယ် ဆို
ဝင်လာလှည့်ပါ့မယ်
လေညင်းလေးလိုပေါ့
အသာအယာ ညှင်းသွဲ့အေးမြစေဖို့
တွေးရင်း ကြည်နူးစေပေါ့
ခုတော့...
ထွက်သွားပါရစေတော့
လေညင်းလေးလိုလေ...။ ။
......... Hein Khant Maung ..........
လေညင်းလေးက တိုးတိုးလေးပြောသွားတယ်
မင့်းချစ်သူ မင်းကို မုန်းပြီတဲ့...သူမုန်းမုန်း မမုန်းမုန်း...ကျွန်တော်ကတော့ မုန်းလို့ မရပါဘူး...
You got a 7.09% upvote from @dailyupvotes courtesy of @billionairehein!
You got a 5.00% upvote from @minnowvotes courtesy of @billionairehein!
ဇာတ်လိုက်တော့ဖြစ်သွားပြီ။
ဇာတ်လိုက်ကျော်ပေါ့ဗျာ