အောင်မြင်ဖို့ရာ အလို့ငှါ ရွေးချယ် ချိန်ခါ ဇွဲခတ်ကြိုးပမ်းပါ
...မင်္ဂလာပါ မိတ်ဆွေတို့ရေ...
ကျွန်တော်တို့ လူတွေမှာ ကံကောင်းတာက မွေးကတည်းက
ပါလာတဲ့ မွေးနေ့လက်ဆောင် အဖြစ် ရွေးချယ်စရာ၊ ရွေးချယ်ခွင့်တွေ အများကြီး ရှိပါတယ်။
နေ့စဉ်နေ့တိုင်း နံနက်တိုင်း အိပ်ယာ ထလာပြီဆိုရင်
ဒီနေ့ကို ငါ ဘာတွေလုပ်မလဲ.. ဘယ်လိုလုပ်မလဲ..
ဘယ်လို ဖြတ်သန်းမလဲ.. ဘာတွေ စားသုံးမလဲ..
စသည်ဖြင့် နေ့စဉ် ရွေးချယ်စရာတွေ ရှိကြပါတယ်။
ဒေါသထွက်၊ စိတ်တိုနေတဲ့ သူတစ်ယောက်အနေနဲ့ ဖြတ်သန်းချင်လား၊ ဒါမှမဟုတ်ရင် ပျော်ရွှင်တဲ့သူတစ်ယောက်အနေနဲ့လား။ စိတ်မပါလက်မပါနဲ့ပဲ အလုပ်လုပ်ကိုင် ဖြတ်သန်းမှာလား။ အောင်မြင်တဲ့လူ၊ ယုံကြည်မှုရှိတဲ့ လူတစ်ယောက်အနေနဲ့ပဲ ဖြတ်သန်းမှာလား။
လုပ်ရည်ကိုင်ရည် မရှိတဲ့သူလို ခေါင်းကြီးငုံပြီး ထိုင်နေမှာလား။ အတွေးတွေ တအားကောင်းပြီးတော့ ဖြတ်ဖြတ်လတ်လတ် တက်တက်ကြွကြွနဲ့ အချိန်ကုန်ဆုံးမလား။ ဒါတွေ အကုန်လုံး ကျွန်တော်တို့ ရွေးချယ်နိုင်ပါတယ်။
ဒါပေမယ့် အားလုံး ရွေးချယ်ပြီး အားလုံး ရရှိဖို့တော့
မလွယ်ပါဘူး။
ဥပမာ။ ။ စားသောက်ဆိုင်တစ်ခု ရောက်ပြီဆိုပါတော့...
ဘာတွေ သုံးဆောင်မလဲ.. ရွေးချယ်ရပါမယ်။ ဒီလိုမှ
မဟုတ်ဘဲ.. ရှိတာ အကုန်ချ ခိုင်းလို့ အဆင်ပြေပါမလား။
ဆိုင်မှာ ရှိတာအားလုံးက မိမိတို့ စားသုံးချင်တာ အကုန်
ဖြစ်နိုင်မလား.. မိမိတို့ကရော ဆိုင်မှာ ရှိတာ အကုန်
စားသုံးနိုင်မလား.. စားပွဲထိုး ချပေးတာပဲ စားမလား..
မိမိတို့ ကြိုက်နှစ်သက်ရာကို မှာစားမလား..
မဖြစ်မနေ ရွေးချယ်သင့်တယ် မဟုတ်ပါလား။
အဲဒီလိုလည်း မဟုတ်.. ဟိုဟာလိုလို ဒီဟာလိုလို
ရောင်ဝါးဝါး လုပ်နေရင်ကော စားပွဲထိုးက စိတ်ရှည်ပါမလား..
မိမိတို့ စားသုံးချင်တာကို မြန်မြန် ရနိုင်ပါမလား။
သို့ဖြစ်၍ ကျွန်တော်တို့တွေဟာ ရွေးချယ်စရာတွေ ရှိနေတဲ့
လူသားတွေ ဖြစ်သည့်အလျောက် မိမိတို့ ဖြစ်ချင်၊ ရချင်၊
လုပ်ဆောင်ချင်တာတွေကို တိတိကျကျ မှန်မှန်ကန်ကန်
ရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။
နောက်တစ်ဆင့် လူတိုင်းမှာ အချိန်ဇယား ရှိသင့်ပါတယ်။
မိမိတို့ ရွေးချယ်ထားတာတွေမှ လုပ်ဆောင်ဖို့ လိုအပ်တာ
တွေကို အချိန်မှန် ဆောင်ရွက်တတ်ဖို့ လိုပါတယ်။
မည်သည့်ကိစ္စကို မည်သည့် အချိန်မှာ စတင်မယ်..
အချိန် ဘယ်လောက် ပေးမယ်.. စသည်ဖြင့် ဆုံးဖြတ်
သတ်မှတ်ထားဖို့ လိုပါတယ်။
မိမိတို့ တွေ့ကြုံလာရသမျှ ကိစ္စအဝဝကို အရေးတကြီး လုပ်ဆောင်ရန်၊ သာမန် ဆောင်ရွက်ရန် နှင့်
လုပ်ဆောင်ရန် မလိုအပ် ဟူ၍ ကဏ္ဍသုံးမျိုး ခွဲခြား
တတ်ရပါမယ်။
ထို့နောက် ထိုကဏ္ဍသုံးရပ်ကို လက်တွေ့ လိုက်နာ
ကျင့်ဆောင်ရပါမယ်။ သို့မှသာ မိမိတို့ ရွေးချယ်သတ်မှတ်
ထားတာတွေကို အကျိုးသက်ရောက်ပေမည် မဟုတ်ပါလား။
ဟုတ်ပါပြီ... ကျွန်တော်တို့တွေဟာ မိမိတို့ ရချင်၊ ဖြစ်ချင်၊
လုပ်ချင်တာတွေကို ရွေးချယ်ပြီး အရေးတကြီး၊ သာမန်၊
မလိုအပ် ကဏ္ဍသုံးရပ် ခွဲ အချိန်ဇယား ဆွဲကာ
လက်တွေ့ လုပ်ဆောင်ခဲ့သော်လည်း မအောင်မြင်သေးတာ
တွေ့ကြုံရနိုင်တာပါပဲ။
သို့သော် စိတ်မပျက် လက်မလျှော့ပါလေနဲ့ဦး။
အဘယ်ကြောင့်ဆိုသော် အချိန်အခါ ဆိုတာ ရှိသေးလို့ပါပဲ။
ဘယ်သူကတော့ ဘယ်အသက်အရွယ် ဘယ်အချိန်မှာ
အောင်မြင်မည်ဟု အတတ် မပြောနိုင်ပါ။
တစ်ကြိမ်တည်းဖြင့် အောင်မြင်သူတွေ ရှိကြသလို...
အကြိမ်များစွာ ကြိုးစားမှ အောင်မြင်ကြသူတွေလည်း
ရှိကြပါတယ်။
အသက် ငယ်ငယ်ဖြင့် အောင်မြင်သူတွေ ရှိကြသလို...
အသက် ကြီးလွန်းမှ အောင်မြင်ကြသူတွေလည်း
ရှိကြပါတယ်။
သို့ဖြစ်၍ မိမိ၏ အောင်မြင်မည့် အချိန်အခါကို
တွက်ချက်ဖို့ ခဲယဉ်းသည့်အတွက် ကျွန်တော်တို့သည်
လမ်းတစ်ဝက်မှ လှည့်ပြန်မိသူတွေ မဖြစ်ကြဖို့
ဇွဲခတ်ကြိုးပမ်းဖို့လည်း အရေးကြီး လိုအပ်ပါကြောင်း
ဆွေးနွေး တင်ပြရင်း အဆုံးသတ်လိုက်ရပါတယ်။
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...
MSC - 193
ဆိုင်ထိုင်မိတာနဲ့ မိနူးမကြည့်ဘူး ကြေးအိုးဆီချက် ဝက်သားနဲ့ လို့ ပြတ်ပြတ် မှာပလိုက်တယ်😁
Posted using Partiko Android
အယ် မကြည်က ဝက်သား စားသလား
Posted using Partiko Android
ငမ့် နာ ကုလားမရား😁😁
Posted using Partiko Android
ရွေးချယ်မှုတွေမှန်ကန်ဖို့နဲ့...အဆုံးထိကြိုးစားဖို့ပေါ့....
Posted using Partiko Android
ဟုတ်ပါ့ဗျား
Posted using Partiko Android
ပန်းတိုင်ကကြိုးစားနေသူအဖို့ လက်တကမ်းမှာပါခင်ဗျာ
ကြိုးစားနေသူအဖို့ ပန်းတိုင်ကို လှမ်းကိုင်နိုင်မှာပါ
Posted using Partiko Android
စဉ်းစားပါ ရွေးချယ်ပါ ဆုံးဖြတ်ပါ ကြိုးစားပါ ဇွဲရှိပါ
Posted using Partiko Android
Yes... Right
Posted using Partiko Android
မလျှော့စတမ်း ရမြဲလမ်း
Posted using Partiko Android
ဇွဲခတ်ကြိုးပမ်း အောင်ပွဲလမ်း
Posted using Partiko Android
Yes... I do
Posted using Partiko Android
Do it now!
Posted using Partiko Android
အောင်မြင်ပါစေ
Posted using Partiko Android
ကျေးကျေးပါကွယ်
Posted using Partiko Android
အောင်မြင်မှုရဖို့အတွက် ဇွဲသန်မှ ဖြစ်ပါမယ်
Posted using Partiko Android
ဇွဲ မှတပါး အခြားမရှိ
Posted using Partiko Android
အဘယ့်ကြောင့်ဆိုသော် steem ဈေးက ဈေးမတက်သေးတာလဲ အဘယ်ကြောင့်
အဘယ်ကြောင့် ဆိုသော် ဝယ်ယူသူနည်းပါးလို့ ထင်ပါသည်😁
Posted using Partiko Android
အောင်မြင်လိုပါသလား ဆာဟိန်းဆီသွား အခမဲ့အကြံပေးမည် တိုးတက် လိုပါသလား YBS ကိုစီးပါ ကြီးပွား ချင်တယ်ဆိုရင်တော့ ပန်းထိမ်သည်နဲ့ပေါင်းပါ ☺ဆက်လက်စောင့်မျှော်ဖတ်ရှုနေပါမယ်ဗျို့
အပြောပဲ ဖြစ်သေးတာပါဗျာ😁😁😁
Posted using Partiko Android