ဒွိဟချစ်စိတ်

in #myanmar6 years ago

... မင်္ဂလာပါ ....
မိတ်ဆွေတို့ရေ...
orca-image--2077073194.jpeg_1537490330383.jpeg

လွန်ခဲ့သော ၅ နှစ်ကျော်လောက်
ကျွန်တော်ဟာ ကောင်မလေးတစ်ယောက်နှင့်
ချစ်သူရည်းစား ဖြစ်ခဲ့ကြတာ သုံးနှစ်ကျော်လောက်
ရှိခဲ့ချိန်တုန်းကပေါ့ စားဝတ်နေရေး အတွက်
ရုန်းကန်နေရချိန် မပြေလည်တဲ့ ဘဝမှာ
ဤသို့ ခံစားခဲ့ရပါတယ်ဗျာ...

ကျွန်တော်ဟာ ချစ်သူကောင်မလေးနှင့်
နီးရာမှာ နေချင်ခဲ့သော်လည်း သူမက မြို့မှာနေပြီး
မြို့မှာက ကျွန်တော့်အလုပ်က အဆင်မပြေ...
အဆင်မပြေဆို ကျွန်တော်ဟာ အစိုးရနိုင်ငံ့ဝန်ထမ်း
အဖြစ်က ထွက်ခဲ့ပြီး ပြင်ပတောရွာမှာသာ ဆေးခန်း
ဖွင့် ဆေးကုသလို့ရတဲ့ HA တစ်ယောက် ဖြစ်နေခဲ့
တာကိုးဗျ။ ဒီတော့ ကျွန်တော်ဟာ ငွေဝင်လမ်း
ကောင်းလောက်မယ့် ဟုမ္မလင်းမြို့နယ်ထဲက
ရွှေမှော်တွေဆီကို ဆေးခန်းဖွင့်၊ စီးပွားရှာဖို့
သွားနေခဲ့ပါတယ်။

အဲဒီလို သွားနေခဲ့တော့ ချစ်သူကောင်မလေးနဲ့က
အနေဝေးသွားခဲ့ရတာပေါ့။ အနေဝေးတော့ဗျာ...
လွမ်းတာတွေလည်း ဖြစ်ခဲ့ပါတယ်။ အနေဝေးလို့
သွေးအေးသွားပြီး ချစ်သူရည်းစားဘဝ ပျက်စီးသွား
မှာ ကိုလည်း စိုးတထင့်ထင့် ဖြစ်ခဲ့ပါတယ်။
တခါတခါကြတော့ အဝေးကနေ သဝန်တိုနေတတ်ခဲ့
ပါတယ်။ ချစ်သူကို စိတ်မချခဲ့ဘူးပေါ့...
မပြေလည်တဲ့ ဝမ်းရေးကို တွေးပြီးတော့
ချစ်သူကို ဆင်းရဲတွင်းထဲ ခေါ်ရမှာကိုလည်း
သနားခဲ့ပါတယ်။ ဒီတော့ စွန့်လွှတ်နိုင်မလား
ဆိုတော့လည်း လုံးဝ မတွေးရဲခဲ့တာပါ။

ကျွန်တော့်ဘဝကလေ...
ချစ်သူကို အနုအလှတွေဖြင့် ယုယပြီး ပျော်အောင်လည်း
မထားနိုင်ခဲ့ပါဘူး။ ချစ်သူ ကို အဆုံးရှုံးခံပြီး
ဘဝအတွက်ပဲ ကြိုးစားမလား ဆိုတော့လည်း
မဝံ့ရဲခဲ့ပါဘူး။ ဒီလိုနဲ့ ကျွန်တော်ဟာ ချစ်သူနှင့်
ပျက်စဲဖို့ ကြိုးစားစိတ်ကူးလိုက်၊ ချစ်သူကို တမ်းတ
လွမ်းဆွတ်လိုက်နဲ့ သောကစိတ်ဖြင့် ချစ်စိတ်ဒွိဟ
ဖြစ်နေခဲ့ပါတယ်။
အဲဒီလို အနေအထားမျိုးမှာ အောက်က
ကဗျာလိုလို ခံစားချက်စာတိုဘေးများကို
ရေးချခဲ့ဖူးပါတယ်။ ခုတော့လည်း ထိုချစ်သူ
ကောင်မလေးနဲ့ပဲ အကြောင်းဆက်လို့ ပေါင်းဖတ်
ပျော်ပျော်နေခဲ့ပါပြီဗျာ....

...ဒွိဟချစ်စိတ်

" အချစ် " တဲ့...
ခံစားမှု ရသတစ်ခု
တယုတယနဲ့ ထွေးပိုက် အရေးစိုက်ချင်ပေမယ့်
ရပ်တည်မှုတစ်ခု အတွက်
ရုန်းကန်နေရချိန်
ပန်းသီတဲ့ ကြိုးကလေးလို မတွေးရဲဘူး
မအေးဆေးတဲ့ ဘဝ
အနုအလှတွေ မဝေဆာ
အချစ်ဟာ...
ဘယ်လောက်ရာနှုန်း သေချာလဲ
ဖြေရှာဆဲ အနေအထား
တို့ ဝေးသွားတာပဲ ကောင်းမလား
အသိ၊ သတိနဲ့ ယှဉ်
ဒီအပင်ကို ဆွဲနုတ်ပစ်ရမတဲ့လား
သွား... သွား ...
သမုဒယတွေ နွယ်ရစ်လို့
မပြေညစ်နွမ်းနေ ဒီစိတ်
တရိပ်ရိပ် တတ်လာ စိတ်အရိုင်းတွေ
ပြေပါစေ...
ဒွိဟချစ်စိတ်
ကိုယ် ဘယ်လိုဖြေလေမလဲ
ရေလောင်းပေါင်းသင် ပြီးကာမှ
ဆွဲနုတ်ပစ်ရမတဲ့လား
အရူးစိုက်ပျိုးရေးဥယျာဉ်မှူး
မထူး ဇာတ်ထုတ် ကကွက်
လွတ်လပ်စွာ ရှင်သန်ပါစေတော့လား
အချစ်ဟာ...
သဘာဝတရားလား?
ဒီအပင်ဟာ
ကိုယ်တိုင် စိုက်ပျိုးခဲ့လေသလား
အစေ့ကျပေါက်ပင်ပဲလား
မကွဲပြား မခွဲခြားနိုင်ခဲ့
မပြေဒီစိတ်နဲ့
တို့ ဝေးသွားတာပဲ ကောင်းမလား
တကယ်ဆိုရင်
လှုံ့ဆော်မှုတစ်ခု အတွက်
တုန့်ပြန်မှုတစ်ခုဟာ
ဆင်ခြင်ဉာဏ်ဖြင့် ရွေးချယ်တော့
တွေဝေစေတတ်ပေါ့ ဟုတ်လား
လားပေါင်းများစွာ...
ဝေခွဲမရ ဒွိဟ
စိတ်က မပျော်ရှာ
တော်ရာထင် ထွက်ပြေး
သွေးအေးသွားစေမလားကွယ်
အို... အချစ်ရယ်....။

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...
orca-image-1529224864173.jpg_1529224864253.jpeg
MSC - 193
@billionairehein

Sort:  

အိုခွယ် ဒေါက်တာရယ် နုနေတာဖဲ😁😁

ဒေါက်ချာပါဂျာ

ဆန်းကြယ်သောအချစ်ဖူးစာ

မေတ္တာစစ်ခဲ့လို့ပဲလား😁

You got a 7.96% upvote from @dailyupvotes courtesy of @billionairehein!

အယ်‌လဲ့ အနုအရွ ‌လေး‌တွေပါလား။ ပုဂံမှာ‌တွေ့ကတည်း သိပ်‌ချစ်‌ကြတယ်‌ဆိုတာ ယုံပါတယ်‌ဗျာ။

မေတ္တာထား ချစ်ပြနေရတာပါ😁

အလယ့်​....​ပေါက်​ကွဲကုန်​ပြီ
ခံစားချက်​​တွေ​မြိုသိတ်​ထားရတာကြာပြီထင်​တယ်​​နော့

မြိုသိပ်မထားဘူး စာရွက်ပေါ် ချရေးထားတာ😁

ဘဝမှာ ဒီလိုမျိုးဒွိဟစိတ်တွေနေရာတကာမှာကြုံခဲ့ပါတယ် ၊အမှားတွေလည်းဆုံးဖြတ်မိခဲ့တယ်လေ

အိမ်ထောင်ရေးမှာတော့ မှန်မှန်မှားမှား ပြေလည်အောင် ဆက်လျှောက်နေပါတယ်ဗျာ😁

အတွေ့အကြုံလေးတွေ ရေးတင်ရင် ကောင်းမယ် ကိုဟိန်းရေ ဗဟုသုတ ရတာပေါ့

အတွေ့အကြုံတွေက feeling တွေ များသဗျ😁

ကုန်ချောထုတ်ပီး feelတွေရောင်း

ခံစားချက်​နဲ့​ရေးဖွဲ့တာမို့ဖတ်​​ကောင်းပါတယ်​...

ဟုတ် ...ကျေးဇူးပါဗျာ

ကဗျာအဖွဲ့လေးနဲ့စကားပြေလေးရောထားတာ ဖတ်လို့ကောင်းတယ်ရှင်

Motivation တွေပဲ များနေမှာစိုးလို့ feel ကြည့်ထားတာ😁

အချစ်သည် တခါတရံ မုန်တိုင်းလား လေပြေလား

မုန်တိုင်းထန်လိုက် လေပြေမြူးလိုက်ပါ😁

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64455.55
ETH 3147.84
USDT 1.00
SBD 3.94