ဒွိဟစိတ်နှင့်သူ (ဖြစ်ရပ်မှန်-ဇာတ်ကြောင်းပြန်) အပိုင်း -၁

in #myanmar7 years ago (edited)

မင်္ဂလာပါ မိတ်ဆွေတို့ရေ
ဒွိဟစိတ်နဲ့လူတစ်ယောက် အကြောင်း ဖွင့်ဟပြောဆိုခြင်းကို ခံစားမှုရသ
သက်သက်ဖြင့်သာ တင်ပြလိုက်ပါတယ်။ ဖတ်ရှု ဝေဖန် အားပေးကြပါဦး။

  • အဆုံး *
    မကောင်းမှုအားလုံး၏ အဆုံး -
    ဆိုးယုတ်ညစ်ညမ်းမှုအားလုံး၏ အဆုံး -
    ရှုံးနိမ့်ကျဆုံးမှုအားလုံး၏ အဆုံး -
    ပျက်ဆီးခြင်းအကြောင်းအားလုံး၏ အဆုံး -
    ကြွေလွင့်ခဲ့ရသော နှစ်ပေါင်း(၃၀)ကျော်၏ အဆုံး -
    အဆုံးမှ ရရှိခဲ့လေသော၊
    ပြုခဲ့ဖူးသော မကောင်းမှုအားလုံး၊
    မပြုခဲ့မိလေသော ကောင်းမှုတို့ကို
    တဖန်ပြန်လည်တွေးပူရသော နောင်တအားလုံး၏ အဆုံး -
    အဆုံး ၊ အဆုံး ၊ အဆုံးမှာတော့-
    သစ်ပင်တို့သည် ရွက်ဝါ ရွက်ဟောင်းများ ကြွေလွင့်ကုန်ဆုံးသော
    အခါသမယ၊ ရွက်နု ရွက်သစ်တို့ဖြင့် ဝေဆာလှပ
    စိမ်းလန်း တိုးတတ် ဖွံ့ဖြိုးလာပေတော့သည် တကား။

Screenshot_2018-01-04-19-48-42.png
(စိတ်ငြိမ်းချမ်းမှု ရှာပုံ)

2013 ခုနှစ်
သူဟာ အခြေခံကျန်းမာရေးတက္ကသိုလ် ကျောင်းဆင်း၊ လူထုကျန်းမာရေး
သိပ္ပံဘွဲ့ရ ကျန်းမာရေးမှူး တစ်ယောက်ပါ။ ရေနံရှာဖွေရေး မြေတိုင်း
ကုမ္ပဏီ ပရောဂျက်တစ်ခုမှာ ကျန်းမာရေးစောင့်ရှောက်မှု လခစားအဖြစ်
လေးလ ဆောင်ရွက်ခဲ့ပြီးမှာတော့ ရန်ကုန်မြို့သို့ ထွက်ခွါခဲ့ပါတယ်။
ရန်ကုန်မှာ အလုပ်တစ်ခု ရှာလုပ်ရင်း computor ပညာသင်မယ်၊
English Speaking သင်ယူမယ်ဆိုတဲ့ အတွေးနဲ့ပဲပေါ့။
ဆေးနှင့်ပက်သတ်တဲ့ ကုမ္ပဏီ တွေမှာ အလုပ် လျှောက်ခဲ့ပါတယ်။
သို့ပေမယ့် ကျန်းမာရေးပညာ အခြေခံမှလွဲ၍ Computor မတတ်
English language အရေး အပြော မတတ်၊
Marketing ပညာ မတတ်၊ ပြင်ပသင်တန်းများမှ Certificates တွေ၊ Diploma လက်မှတ်တွေ မရှိ၊ ကုမ္ပဏီ လုပ်ငန်း အတွေ့အကြုံ
မရှိတဲ့ သူလိုလူ အတွက် ရန်ကုန်မှာ အလုပ် ရှာမရ ဖြစ်ခဲ့တယ်။
မဖြစ်မနေဆို ဝင်လုပ်လို့ရတဲ့ လုံခြုံရေးအလုပ် တော့ ရနိုင်ပါပေရဲ့။
သို့သော် သူရထားတဲ့ ဘွဲ့နှင့် လုံခြုံရေးအစောင့် လုပ်မယ်ဆိုရင်
ရီရမလို ငိုရမလို ပါပဲ။ ဒီလိုနဲ့ သူငယ်ချင်းတစ်ဦးရဲ့ အကြံပေးမှုဖြင့်
ဟုမ္မလင်းမြို့နယ်ထဲက ရွှေမှော်တစ်မှော်မှာ ဆေးကုသတဲ့အလုပ် ပဲ
လုပ်တာ ကောင်းပါတယ်လေလို့ ဆုံးဖြတ်ခဲ့တော့တယ်။
Screenshot_2018-01-04-19-43-11.png
(ရေနံရှာ မြေတိုင်းကုမ္ပဏီမှာ စခန်း ပြောင်းရွှေ့ခရီး တစ်ခု)
Screenshot_2018-01-04-19-43-52.png
(GPS စက်ဖြင့် တိုင်းထွာနေပုံ)တတ်၍တော့မဟုတ်

သူဟာ ဆေးခန်းဖွင့်ပြီး ဆေးကုတဲ့အလုပ်ကို လုပ်မယ်သာဆိုတယ်၊
ငွေ အရင်းအနှီး အနည်းငယ်တောင် မရှိရှာသေးပါဘူး။ ဒါကိုတော့
ဖြစ်သလို ဖြစ်အောင် လုပ်မယ် ဆိုပြီး၊ သူကိုင်နေတဲ့ Hang Phone
လေးကို သုံးသိန်းသုံးသောင်း ရအောင် ပြန်ရောင်းခဲ့ရပါတယ်။
ဒီနောက်တော့ သူဟာ မရောက်ဖူးသေးတဲ့ ဟုမ္မလင်းမြို့နယ်ထဲက
ဥရုချောင်းနှင့် မလှမ်းမကမ်း (ဟွေဖလာ) ဆိုတဲ့ ရွှေမှော်တစ်မှော်သို့
ရောက်ခဲ့တော့တာပေါ့။

  • ဟွေဖလာရွှေမှော် *
    ဟွေဖလာရွှေမှော် ဆိုတာ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ရွာနှင့်
    နမ့်တောရွာ အလယ်လောက်မှာ ရှိပါတယ်။ အနယ်နယ်
    အရပ်ရပ်ကနေလာပြီး လူပေါင်းစုံ ရွှေရှာကြတာပါ။ အဲဒီမှာတော့
    အင်းဟောင်းထဲမှရွှေကို မုန်စုပ်ခရူဖြင့် တူးဖောက်စုပ်ယူကြပါတယ်။
    ရွှေက အပွင့်အဖတ်ကလေးများ ပါတာဆိုတော့ ပြဒါးနဲ့
    ဖမ်းယူလို့ရပါတယ်။ လုပ်ငန်းခွင်မှာ သတ္ထု တူးဖော်ရေး
    ကုမ္ပဏီတွေဖြင့် တရားဝင် သဘောမျိုးပါ။ တရားဝင်
    သဘောလို့ ပြောရတာက ကုမ္ပဏီ နာမည်ပေါက်ဖြင့်
    လုပ်ကွက်ကျတဲ့အကွက်တွေ ရှိသလို တချို့လည်း စမ်းသပ်ခွင်
    တွေမှာ လုပ်စားနေကြလို့ပါ။နိုင်ငံတော်ဆီ အခွန် အပြည့်အဝ
    မရောက်မှာတော့ သေချာပါတယ်။ကုမ္ပဏီတွေမှတဆင့်
    တပိုင်တနိုင်ရွှေမျော လုပ်ကိုင်တဲ့ သူတွေကို လုပ်ကိုင်ခွင့်
    ပေးငှါးကြပါတယ်။ရွှေမျော ပိုင်တဲ့လူတွေကိုတော့
    အရပ်အခေါ်(ပေါ်လိမ်၊မယ်လိမ်) လို့ ခေါ်ကြပါတယ်။
    သူဟာ ရွှေမျောလုပ်သားတွေ မကျန်းမမာဖြစ်ရင် ဆေးကုသဖို့
    ဆိုပြီး ရွှေမျောတဲအိမ်တွေ ရှိတဲ့ မျောမှီးခုံမှာ မိုးကာ
    အမိုးအကာဖြင့် ဆေးခန်းလေးဆောက်ခဲ့ပါတယ်။ မျောမှီးခုံ
    ဆိုတာက ရွှေမျော လုပ်ကြရာမှ ဖြစ်ပေါ်လာတဲ့ သဲသောင်ခုံကို
    ပြောတာပါ။ သူဟာ ဆေးခန်းတဲအိမ်လေးကို မိတ်ဆွေ
    တစ်ယောက် အကူအညီဖြင့် ကိုယ်တိုင် ဆောက်လုပ်ခဲ့တာပါ။
    တစ်ခါမှတောင် အိမ်ဆောက်ဖူးခြင်း မရှိပါဘဲ ငွေကြေး
    အခြေအနေအရ ကိုယ်တိုင် ဖြစ်သလို လုပ်ရတာပါ။ မုံရွာမြို့မှ
    ဆေးဝါးတစ်သိန်းခွဲဖိုးလောက်ကို တပါတည်း ဝယ်ယူခဲ့တာမို့
    ဆေးခန်းလေးတော့ ဖွင့်ဖြစ်သွားခဲ့ပါတယ်။
    Screenshot_2018-01-04-19-45-56.png
    (မိုးကာတဲဖြင့် နေထိုင်ရပုံ)
  • သူ *
    သူလား၊ သူဆိုတာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊
    တပင်ကောင်းကျေးရွာနေ ဦးအောင်ထွန်း+ဒေါ်သန်းသန်းမြင့်
    တို့၏ သားကြီးဩရသ ၂၂. ၂. ၁၉၈၃ အင်္ဂါသား ၊ မရဏဖွား
    တင်အောင်စိုး ပါပဲ။
    "တင်အောင်စိုး” ဆိုတဲ့ နာမည်ဟာ မဟာဘုတ်ခွင်အရ ဆိုရင်
    အောက်တန်းနေ့နံတွေဖြင့် မှည့်ခေါ်ထားတာမို့ မကောင်းလှပေ
    ဘူး။ မရဏဖွား ဆေးကုသရေး အကျိုးမပေးဘူး။
    မိန်ရာသီဖွားမို့လည်း မွေးရပ်မြေမှာ မပျော်ပိုက်ဘူး။
    အကျိုးမပေးဘူး။ သူဟာ ဗေဒင် ဝါသနာပါသလို ရှိခဲ့တယ်။
    ဗေဒင်အရ လိုက်နာခြင်း၊ ယတြာချေခြင်းတို့တော့ မရှိခဲ့ဘူး။
    ဒါပေမယ့် သူဟာ သူ့နာမည်ကိုတော့ မကြိုက်တာ အမှန်ပဲ။
    မိဘ ပေးထားတဲ့ နာမည်မို့လည်း မပြောင်းပစ်ခဲ့ပါဘူး။
    ဒီဇာတာ၊ ဒီနာမည်၊ ဒီဆေးနဲ့ အကျိုးမပေးပေမယ့်
    သူတတ်ထားတာကလည်းဆေးပညာ၊ တခြားပညာလည်း
    မတတ်၊ ငွေ အရင်းအနှီး လည်း မရှိတော့ဖြစ်သလို ဆေးခန်းလေး
    ဖွင့်ပြီး အသက်မွေးရတော့တာပါ။ ဒီလိုနဲ့ တစ်လခွဲလောက်
    အကြာမှာတော့ သူ့ဆေးခန်း ဝန်းကျင်မှ ရွှေမျောတဲအိမ်တွေဟာ
    အခြားတနေရာကို အပြောင်းအရွှေ့ များလာကြတယ်။
    ဒေသအသစ်မှာ မိတ်ဆွေအသစ်တွေ များများမရသေးပေမယ့်
    ဆေးခန်းဝင်ငွေက မလောက်ငှတော့ လူစီကားရာ
    ပြောင်းရပေဦးမည်။ရှိပါစေတော့၊ စမိတဲ့အလုပ် အရင်းမပြုတ်ခင်
    တစေ့တစောင်း လေ့လာလို့ အလုပ်ဖြစ်ကောင်းပါရဲ့နေရာ
    သူလည်း မှန်းဆလို့ ရွှေ့ပြောင်းခဲ့ရပြန်တယ်။ ဟွေဖလာရွှေမှော်
    မှာပါဘဲ။ ယခင်နေရာရဲ့ အခြားဘက် အဖျားမှာပေါ့။

နောက်အပိုင်းများတွင် ဆက်လက်ဖွင့်ဆိုပါမည်။ အားလုံးကို
ကျေးဇူးတင်ပါသည်။ မိတ်ဆွေများ ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေ
@billionairehein
MSC 193
Hein Khant Maung ကိုယ်တိုင်ခံစား ဖွင့်ဆိုသည်

Sort:  

ဖြတ်သန်း ခဲ့တဲ့ အတွေ အကြုံလေးတွေ ပေါ့။ နောက်လဲ ဆက်တင်ပေးပါအုံးဗျာ လေ့လာချင် လို့ ပါ။

ပျက်စီးခဲ့ဖူးတဲ့ဘဝ အပိုင်းအစတွေပါ
ခုမှ ပြုပြင်ဆဲကာလမို့
ကျေးဇူးပါဗျာ

ရင်ထဲကဆုပါ အောင်မြင်ခြင်း အဆင်ပြေခြင်းနဲ့ အမြန်ဆုံးတွေ့ဆုံနိုင်ပါစေ။ စာရေးအတတ်ပါ မထင်ရအောင်းကောင်းနေတယ်နော် bro။အစဉ်အားပေးလျှက်
ကိုဗီး

ကျေးဇူးပါ။ စိတ်ထဲ ခံစားခဲ့ရသမျှ ချရေးထားခြင်းပါ
စာရေးဆရာလို တတ်လို့ရယ်တော့ မဟုတ်
အတူ ကြိုးစားရေးလို့ အပြန်အလှန် အားပေး ဖြတ်ကျော်ကြစို့လား

ဆက်​လက်​အား​ပေး​နေပါတယ်​​bro

Thank you. Nice to meet you.

နောက်အပိုင်းတွေ စောင့်မျော်ပြီး အားပေးနေဦးမယ် ကိုယ်မရောက်ဖူးတဲ့ ဒေသ အတွေ့အကြုံမို့  စိတ်ဝင်စားတယ်ဗျာ ဖြစ်ရပ်မှန်ဆိုတော့ ပိုပြီး ဖတ်လို့ ကောင်းတာပေါ့

ဖြတ်သန်းခဲ့တဲ့ကာလက ဓာတ်ပုံလေးတွေ ပြန်ရှာတင်ပေးပါမယ်
ခုက ခံစားမှုရသတစ်ခုပါ
ကျေးဇူးတင်ပါတယ်

အပိုင်းဆက်လေးတွေ တင်ပေးဦးနော်

ဟုတ် ကျေးဇူးပါ

သင်ခန်းစာ ယူစရာတွေ ပါလာမယ်ထင်တယ် နောက်ပိုင်းမှာ

စိတ္တဇဝေဒနာတွေပါ
အောင် မြင်ချင်သူတစ်ယောက်ရဲ့ စိတ်ဖြစ်ပျက်စဉ်သက်သက်ရယ်ပါ
ကျေးဇူးတင်ပါတယ်

ဒီအကြောင်းသိချင်နေတာကြာပြီဘဒို
ဆက်တင်ပါဦး

ခံစားချက်ရသတလှည့် သုတတလှည့် လာပါမယ်
ကျေးဇူးပါ

နောက်​အပိုင်းတွဲအား ​မျှော်​​နေလျက်

လာပါမည် ကျေးဇူးတင်ပါတယ်

အတွေ့အကြုံတွေဆိုတော့ ဗဟုသုတရပါတယ်ဗျ

ဒီလို ဆိုးညစ်ခဲ့တဲ့လူကို ဘာတွေက လျှော်ဖွတ်သန့်ရှင်းပေးတယ်ဆိုတာ နောက်ထပ်လာပါမယ်

အရမ်းကောင်းပါတယ် နောက်လည်းအားပေးနေပါမယ်

ကျေးဇူးပါ ဆက်ကြိုးစား ရေးပါမည်

Coin Marketplace

STEEM 0.24
TRX 0.25
JST 0.039
BTC 93333.46
ETH 3336.69
USDT 1.00
SBD 3.26