ဒွိဟစိတ်နှင့်သူ (အပိုင်း - ၃)

in #myanmar7 years ago (edited)

မင်္ဂလာပါ မိတ်ဆွေတို့ရေ ...
ဒီနေ့ ဒွိဟစိတ်နှင့်သူ အပိုင်း ၃ ကို ဆက်လက် ဖတ်ရှု
အားပေးပါဦးဗျ။ တကယ် ခံစားခဲ့ရတဲ့ ခံစားချက် ဖြစ်ရပ်မှန်
အစစ်တွေပါဗျာ။

သူဟာ ဒဿ မတန်းကို အခြေခံပညာ အထက်တန်းကျောင်း ၊
ခင်ဦးမြို့မှာ တတ်ရောက်ခဲ့ပါတယ်။ သူဟာ စာ ကြိုးစားခဲ့ပေမယ့်
ကျောင်းမှ ဆရာ၊ဆရာမများရဲ့ အလေးပေးမှုကို မရရှိခဲ့ပါဘူး။
ဒါဟာ ကျူ ရှင် မယူနိုင်လို့၊ ငွေကြေး ချို့တဲ့တာကြောင့်ပဲလို့ သူ
ထင်ခဲ့ပါတယ်။ သူဟာ တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီး ဖြေဆို
တော့ အမှားတစ်ခု လုပ်ခဲ့မိပါတယ်။ သင်္ချာ English ဂုဏ်ထူး
နှစ်ဘာသာ ပါမှာ သေချာသလောက်နှင့် အမှတ်ပေါင်း ၄၀၀
နီးပါး ရနိုင်ရဲ့သားကို နောက်ဆုံး ဘာသာရပ် ဝိဇ္ဇာတွဲ ဖြေဆိုရာ
တွင် အမှတ်၆၀ ဖိုးလောက် ဖြေဆို ပြီး ပြန်ဖျက်ချခဲ့ပါတယ်။
orca-image-1515980771565.jpg_1515980771787.jpeg

အဲဒီနောက်တော့ သူဟာ ကျောင်း ဆက်လက် တတ်နိုင်အောင်
ဆိုပြီး သပိတ်ကျင်းမြို့နယ်ထဲက လိပ်ကျ ဆိုတဲ့ ရွှေတောတစ်ခု
မှ ဆွေမျိုးတော်စပ်သူတွေထံ အလုပ် သွားလုပ်ခဲ့ပါတယ်။ ထို
ဆွေမျိုးတွေက သူ့ကို ချစ်ခင်ကြပါတယ်။ ကျောင်း ပြန်ဖွင့်သော
အခါ သူ ကျောင်းတတ်ရစေဖို့ ဆွေမျိုးတွေ စုပေါင်းလို့ တစ်လ
လျှင် ငွေ ၅၀၀၀ ကျပ်နှုန်းဖြင့် ကျောင်းစရိတ် အထောက်အပံ့
ရခဲ့ပါတယ်။ သူဟာ မိဘတွေဆီမှ တစ်ကျပ်တစ်ပြားမှ မယူဘဲ
ကျောင်း ဆက်တတ်ခဲ့ပါတယ်။ ဒါပေမယ့် ကံကြမ္မာ အခြေအနေ
မပေးလို့ထင် ဒုတိယံပိ တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီး ဖြေဆို
ခါ နီးမှာ သူဟာ ငှက်ဖျားရောဂါဖြင့် ဆေးရုံ တတ်ခဲ့ရပါတယ်။
ဒီတော့မှလည်း သူဟာ သူ့မိဘတွေနှင့် အဆက်အသွယ် ပြန်
လုပ်ခဲ့ရပါတယ်။ ကျန်းမာရေး အခြေအနေကြောင့် ရည်မှန်းချက်
မပေါက်မြောက်လောက်တော့ဘူးဆိုကာ ထိုစာမေးပွဲကြီးကို
လည်း ပြီးဆုံးအောင် မဖြေဆိုခဲ့ပြန်ပါဘူး။
orca-image-1515980831454.jpg_1515980831648.jpeg
သူဟာ အစွမ်းအစ ရှိသလောက် ကြိုးစားခဲ့ပေမယ့် ကံကြမ္မာ
မပေးလို့ စိတ်ဓာတ်ကျခဲ့ပြီ။ ၁၀ တန်းကိုတော့ အောင်ရင် ပြီး
တာပဲ ဆိုတဲ့ စိတ်သာ ရှိခဲ့တော့တာပါ။ သူဟာ ပျက်စီးစ ပြုခဲ့
ပါပြီ။ ခေါင်ရည်တွေ၊ BE တွေ၊ Rum တွေ သောက်တတ်စ
ပြုခဲ့ပါပြီ။ တတိယအကြိမ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးကို
တော့ အထက (၂) ရွှေဘိုမြို့မှာ အပြင်ဖြေဖြင့် ဖြေဆို အောင်မြင်
ခဲ့ပါတယ်။ ဓာတုဗေဒ ဘာသာရပ် ဂုဏ်ထူး တစ်ဘာသာနှင့်
ရမှတ်ပေါင်း ၄၀၅ မှတ် ရရှိခဲ့သော်လည်း M.B.B.S ဆေး
တက္ကသိုလ် ဝင်ခွင့်တော့ မရရှိတော့ပါဘူး။ သူဟာ ဆေးပညာ
သင်ယူဖို့ ကြံရွယ်မှု ရှိခဲ့သည်နှင့် အညီ အခြေခံကျန်းမာရေး
တက္ကသိုလ် ဝင်ခွင့် လျှောက်ခဲ့ပြီးမှာတော့ ဆေးပညာ သင်ယူခွင့်
ရရှိခဲ့ပါတယ်။
orca-image-1515980889442.jpg_1515980889578.jpeg
သူဟာ ဘဝသစ် တဖန် မွေးဖွားသလို ပုံစံမျိုးဖြင့် စိတ်ဓာတ်
တတ်ကြွစေရန် အောင်မြင်ရေးစာပေတွေကို ဖတ်ရှုလေ့လာခဲ့
ပါတယ်။ တက္ကသိုလ် ပထမနှစ်တွင် အတန်းခေါင်းဆောင်
တာဝန်ယူကာဖြင့် ကျောင်းသားတွေအကျိုး တိုးတတ်ရေး သူ
ကြိုးစားကြည့်ခဲ့ပါသေးတယ်။ ဒါပေမယ့် ခေတ်ရဲ့ စနစ်ဆိုးကြောင့်
လုပ်ပိုင်ခွင့် မရှိ၊ လုပ်နိုင်စွမ်း မရရှိခဲ့ပါဘူး။ သူဟာ ကျန်းမာရေး
တက္ကသိုလ် လူထုကျန်းမာရေး ပညာကို အဆင့်တန်းရှိရှိ သင်ယူ
ရလိမ့်မယ်၊ နိုင်ငံခြား ပညာတော်သင် ဆက်လက်တတ်ရောက်
ရနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့မိပါတယ်။ သို့သော် သူ တတ်ရောက်
နေသော တက္ကသိုလ် ရဲ့ အခြေအနေဟာ စံမမှီ၊ အကြောင်းမဟန်
တာကြောင့် စိတ်ဓာတ် ကျခဲ့ရပြန်ပါတယ်။ ဒီတော့ဖြင့် သူဟာ
ဘွဲ့ရ ပြီးရော ဆိုတဲ့ စိတ်ထားလောက်သာ ထားရှိခဲ့ပြီး အပျော်အပါး
ဘက်သို့ ဦးတည်ခဲ့မိတော့တာပါပဲ။
orca-image-1515980952079.jpg_1515980952190.jpeg

  • ပြန် တွေး ကြည့် -
    သူဟာ သူ့ကိုယ်သူ စိတ်ဓာတ် ကြံ့ခိုင်သူဟု နှစ်တွေ အကြာကြီး
    ယူဆခဲ့ပေမယ့် လူညံ့လူပျော့ တစ်ယောက် ဖြစ်လို့ နေခဲ့ပါတယ်။
    ဒါပေမယ့် သူဟာ မျှော်လင့်ချက် ပျောက်ဆုံးနေတဲ့ လူတစ်ယောက်
    တော့လည်း မဟုတ်ခဲ့ပြန်ဘူး။ သူဟာ ရချင်တာကို အကောင်း
    ဆုံး မရခဲ့ရင်၊ ယူကြုံးမရ ဖြစ်မှုတွေဖြင့် အဆိုးတွေကိုလည်း
    ဆောင်ရွက်ခဲ့သူပါ။ နောက်ပြီး မနွေးထွေးသော မိသားစု
    အသိုက်အမြုံ ကို စွန့်ပယ်ပြီး အထီးကျန်တစ်ယောက်တည်းလည်း
    နေခဲ့သူပါ။ သူ့စိတ်ထဲမှာတော့ နွေးထွေးပျော်ရွှင်သော မိသားစုကို
    အမြဲလိုလို တောင့်တနေခဲ့သူပေါ့။

သူဟာ စာပေကို ဝါသနာ ပါပြီး စာတွေ ကဗျာတွေ ရေးလေ့ရှိသူ
တစ်ယောက်လည်း ဖြစ်ခဲ့တယ်။ သူဟာ အလွမ်း အဆွေး ဝတ္ထု
တွေ၊ ကြေကွဲမှု ကဗျာတွေကို တမ်းမက်နှစ်သက်ခဲ့ပြီး လွမ်းမော
ဖွယ် တေးသီချင်းတွေကို သီကျူးခဲ့သူပါ။ သူဟာ တက္ကသိုလ်
ဘုန်းနိုင် ရဲ့ ချစ်ဝတ္ထုတွေ ဖတ်ပြီး သူ့ကိုယ်သူ စိတ္တဇ ဝေဒနာသည်
လားလို့ တွေးထင်ခဲ့သူပါ။ သူဟာ ဆန္ဒနှင့်ဘဝ တသားတည်း
မကျမှုဖြင့် သင်းကွဲငှက်တစ်ကောင် လည်း ဖြစ်ခဲ့တယ်။ သူဟာ
ပေါင်းသင်းဆက်ဆံရေး၊ ပြောရေးဆိုရေး ကောင်းပေမယ့်
မိတ်ဆွေ ရှားသူ တစ်ယောက်ပါ။ တနေ့နေ့မှာ အောင်မြင်မည်
ဟု ယုံကြည်နေပေမယ့် ဆုံးရှုံးမှုတွေဖြင့် ခရီး မတွင်သေးသူပါ။
သူဟာ ချစ်ခြင်းမေတ္တာကို ငတ်မွတ်နေသူ တစ်ယောက်လည်း
ဖြစ်ခဲ့ပေါ့။
သူဟာ လူငယ်ဘာဝ ရည်းစားတွေ လက်တစ်ဆုပ်စာမက ထား
ခဲ့ဖူးသူပါ။ သူဟာ ထားခဲ့ဖူးတဲ့ ရည်းစားတွေကို လက်ထပ်ယူဖို့
ဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ့် ငွေကြေးဥစ္စာ၊ဂုဏ်ဓနနှင့် ရိုးရာ
ဓလေ့ကို ဖက်တွယ်ထားကြတဲ့ မိန်းကလေးတွေနဲ့ အဆင်မပြေ
ခဲ့ပါဘူး။ သူ့မှာကလည်း မိန်းကလေးတွေ စိတ်ကြိုက် စီးပွားရေး
အဆင်မပြေခဲ့ရှာဘူး။ သူဟာ ချစ်တယ် ဆိုပြီး ချစ်ရုံသာလေး
ရည်းစား အဖြစ်သာ နေနေခဲ့ကြတဲ့ မိန်းကလေးတွေကို အယုံ
အကြည် မရှိခဲ့တော့ပါဘူး။ မိန်းကလေးတွေဟာ ချစ်မှုရေးရာမှာ
အညှာလွယ်လွန်းတာ၊ အပျော်ရှာကြတာပဲလို့ သူ ထင်မြင်ခဲ့မိ
တော့တယ်။ ဒီနောက်တော့ ချစ်မှုရေးရာမှာ ယုံကြည်မှု မရှိတော့
တာတွေ၊ စိတ်ဓာတ် ကျဆင်းတာတွေနှင့် သူဟာ ပျက်စီးဖို့ပဲ
တာစူနေခဲ့ပါပြီ။ ဒါပေမယ့် သူဟာ ရည်မှန်းချက် အပျောက်ခံသူ
တစ်ယောက်တော့ မဟုတ်ခဲ့သေးဘူး။

သူဟာ ချစ်ခြင်းမေတ္တာနှင့် ပတ်သက်လို့ နှလုံးလမ်းကြောင်းမှာ
ကျွန်းခံနေသူလား။ သူ့စိတ်တွေ ကယောက်ကယက်နဲ့ ပျံ့လွင့်
နေခဲ့ပြီ။ ဒီလိုနဲ့ စိတ္တဇ နယ်ပယ်သို့ ဝင်ရောက်ခဲ့လေသလား။
သူဟာ အရက်သောက်နေတတ်ခဲ့ပြီ။ အပျော်အပါး မက်တတ်ခဲ့
ပြီ။ စိတ်ဓာတ်ကျ ပျက်ပြားခဲ့ပြီ။ တွေတွေငေးငေး မှိုင်နေတတ်ခဲ့
ပြီ။ သူဟာ သင်းကွဲငှက်တစ်ကောင်ရဲ့ ခံစားမှုမျိုးဖြင့် စာတွေ
ဖတ်ပြီး နေတတ်ခဲ့ပြီ။ ခံစားမှုရသစာတွေ ရေးပြီးလည်း နေတတ်
ခဲ့ပြီ။
orca-image-1515981029951.jpg_1515981030188.jpeg
ဒီလိုနဲ့ ညတွေမှာ သူဟာ အိပ်လို့ မပျော်နိုင်ခဲ့ပါဘူး။ နွေးနွေးထွေး
ထွေး တိုင်ပင်ဖော်လည်း သူ့မှာ မရှိခဲ့။ သူဟာ အောင်မြင်မှုကို
မျှော်လင့်နေသေးသူ တစ်ယောက်ပါ။ သူဟာ စိတ်ကို လွှတ်ထား
ခဲ့ပြီ။ သူ့အတွေးထဲမှာ မိန်းမတွေကို မယုံကြည်တော့ဘူး။
ယောက်ျားတွေကိုလည်း မယုံချင်တော့ဘူး။ ချစ်ခြင်းမေတ္တာရဲ့
စစ်မှန်မှုကို သူ မသိခဲ့ရသေးဘူး။ သူဟာ သံသယတွေကို
ထွေးပိုက်ရင်း နွေးထွေးကြင်နာမှုကို ငတ်မွတ်စွာ ရှာဖွေနေခဲ့
ပါတယ်။

သူဟာ မိသားစု အပြည့်အစုံ ရှိလျက်နဲ့ အသိုက်အမြုံထဲမှာ မနေတတ်
နိုင်ခဲ့သူပါ။ သူဟာ အသိုက်အဝန်းရဲ့ နွေးထွေးကြင်နာမှုကို တောင့်
တ နေခဲ့သူပါ။ သူဟာ ပျော်ရွှင်ကြည်နူးဖွယ် လုံခြုံတဲ့ မိသားစုတစ်ခု
ကို ဖန်တီးချင်ခဲ့သူပါ။ သူဟာ ဘယ်အရာနဲ့မှ နေသားကျအောင်
မနေတတ်ခဲ့ပေမယ့် ထိုင်းမှိုင်းလေးလံတဲ့ စိတ္တဇ စိတ်ကူးယဉ်
ကမ္ဘာထဲမှာတော့ နေသားကျနေခဲ့ပြီလား။ သူဟာ အချစ်ကို
နွံအိုင်လို သဘောထားနေခဲ့ပေမယ့် နွံအိုင်ထဲ ခုန်ဆင်းကြည့်ချင်
ခဲ့သူပါ။ သူဟာ အောင်မြင်မှုကို ငတ်မွတ်နေခဲ့သလို မေတ္တာတရား
ကို အလိုအပ်ဆုံးသူပါ။

သူဟာ ပန်းတိုင်ကို အရောက် လွင့်မျောဖို့ ရွက်လွှင့်ခဲ့ပေမယ့်
လွင့်ချင်ရာလွင့် မျောချင်ရာမျောခဲ့တဲ့ သူပါ။ သူဟာ သူ့ဘဝကို
အခက်အလက်တွေ ဝေဆာဖို့ တောင့်တခဲ့ပေမယ့် အခက်အခဲ
တွေ ဝေသီနေခဲ့သူပါ။ ဒီလိုနဲ့ သူဟာ အိပ်မရတဲ့ညပေါင်းတွေမှာ
စိတ္တဇ အတွေးရေယဉ်ထဲ ဝဲလည်ကာ ရူးနေပြီလားလို့ အကြိမ်
ကြိမ် ထင်မြင်ခဲ့သူပါ။ သူဟာ လူတွေကို မယုံချင်တော့ဘူး။
မိန်းမတွေကို ပိုပြီး မယုံကြည်တော့ဘူး။ သူ့ကိုယ်သူလည်း
မယုံတော့ဘူး။ သူဟာ သန်းခေါင်ကျော်ရင် မိုး လင်းပါ့မလား
လို့ အတွေးတွေ ခြောက်လှန့်ခံနေရပြီ။ အာရုံဦးရောင်ခြည်ဟာ
သူ့အတွက် ရှိပါ့မလားလို့ ကြောက်ရွံ့နေခဲ့ပြီ။ သူဟာ နွေးထွေး
သာယာတဲ့ မိသားစုအသိုက်အမြုံကို ငတ်မွတ်စွာ တမ်းတရင်း
မိသားစုနဲ့ အတူမနေနိုင်၊ ဝေးရာ ထွက်ပြေးနေခဲ့သူပါ။
မနွေးထွေးခဲ့သော မိသားစုမှာ ပျော်စရာနွေးထွေးမှုဖြင့်
ရိုက်ခဲ့သော မှတ်တမ်းဓာတ်ပုံလည်း မရှိခဲ့ပါ။

အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။
အားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင် ကြပါစေ။
@billionairehein
MSC-193
Hein Khant Maung ကိုယ်တိုင်ခံစားတင်ပြသည်။

Sort:  

ပညာ​ရေးမှာမိဘအား​ပေးမူမရတဲ့ဘဝကအရမ်းကိုဆိုးလွန်းပါတယ်​​ဗျာ😔😔

ငွေအား မပေးနိုင်တာကို သူတ်ု့ အပစ်ပြောလို့လည်း မဖြစ်ချေဘူး

အဲ...ရည် စားတွေများကြီးထားခဲ့လို့
နှလုံးသားလမ်းကြောင်းမှာ ကြွင်းခံတာမဟုတ်တော့ပါဝူးလို့ အဲ
စာပိုဒ်လေးတွေခွဲရေးပါလားလို့ အဲ
အကြံပြုပါရစေလို့ အဲ(တွံတေးသိန်းတန်အသံဖြင့်)

စာပိုဒ်တွေ ကြီးသွားလားဗျို့
အဲတုန်းက ရည်းစားသာရပြီး လက်ထပ်ဖို့ လက်မခံကြလို့ပါ
အကြံ ပြုလို့ ကျေးဇူးပါဗျာ

ပိုပီးပြည့်​စုံသွား ​စေချင်​လို့ပါ

ရည်စားစကားတစ်ခါပြောဖူးတယ် မရခဲ့ဘူး

လူပျိုကြီးစစ်စစ်ပေါ့

ရီးစားစကား တစ်​ခါ​ပြောဖူးတယ်​ ညားတွားတယ်​😝😝😝😝😝

ဒီလိုပါဘဲ ဘ၀ဆိုတာ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်ကြတာမှမဟုတ်တာ

ဖြစ်အောင်တော့ လုပ်နေရမှာပဲ broရေ

သူဟာ တစ်​​နေ့​တော့ Steemit မှာ ​အောင်​မြင်​လာမှာပါ

Steemit booster ဖြစ်ရင် ကောင်းမယ်နော
ကျေးဇူးပါ

ရည်​မှန်းခက်​​တွေပြည့်​မှာပါအကိုရ

ယောက်ျားတံခွန် လူရည်ချွန် ကောင်းကင်တမွတ် ကြယ်ကိုဆွတ်မယ်ဗျာ
ကျေးဇူးပါ

အားပေးနေပါ တယ် Bro.

ကျေးဇူးပါ
အပြန်အလှန် အကြံဉာဏ်ပေးလို့ ရှေ့ဆက်ကြရအောင်

steemit မှာတော့အောင်မြင်လာမှပါbro

Thank you.
We are together.

ဒီလိုပါဘဲလေ

တင်ပါ့ဘုရား
ဟိုလို ဖြစ်ချင်နေလို့ပါဘုရား

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 63802.69
ETH 3413.56
USDT 1.00
SBD 2.55