ဘဝအောင်မြင်ရေး ပြုပြင်လုပ်ဆောင်ပေး

in #myanmar5 years ago

မင်္ဂလာပါ မိတ်ဆွေတို့ရေ...
image
ဘဝအောင်မြင်ရေးနှင့် ပတ်သက်လို့ အတွေးအမြင်
လိုက်နာ ကျင့်ကြံဖွယ်ရာ အချက်အလက် အချို့ကို
မျှဝေပေးပါရစေ....

မင်း ဘယ်က လာတယ်ဆိုတာ
အရေးကြီးကိစ္စ မဟုတ်ပါဘူး။
မင်း ဘယ်ကို သွားနေလဲ ဆိုတာကမှ
အဓိကကျပါတယ်။

ဟုတ်ပါတယ်...ဖြစ်ပြီးခဲ့သော အရာတွေက
ပြောင်းလဲလို့ မရတော့သလို ရွှေထီးဆောင်းခဲ့တဲ့ဘဝကို
ပြန်တမ်းတနေရုံနဲ့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။

လက်ရှိအချိန်မှာ မိတ်ဆွေတို့ သွားနေတဲ့နေရာဟာ
မိတ်ဆွေတို့ ဘဝကို ဘယ်လိုဖွံ့ဖြိုးတိုးတတ်စေသလဲ။
မိမိနှင့် မိမိပတ်ဝန်းကျင်ကို ဘယ်လိုအကျိုးပြုစေမလဲ။
မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကောင်းမြတ်တဲ့အရာတွေ
တိုးတတ်ဖွံ့ဖြိုး အကျိုးပြုစေတာ မဟုတ်ရင်
ဦးတည်ချက်ကို ပြောင်းလဲသင့်က ပြောင်းလဲရမည်။
လမ်းကြောင်း ပြောင်းသင့် ပြောင်းရမည်။
နည်းနာပြောင်းသင့် ပြောင်းရမည်။

သို့ဖြစ်၍ လမ်းကြောင်းသစ်ကို ပြောင်းလဲ လျှောက်လှမ်းဖို့
နည်းပညာအသစ်တွေ လေ့လာရပါမည်။
ရရှိသိမြင်လာသော ဗဟုသုတနည်းနာတွေကို
သိနားလည်ရုံနဲ့ မလုံလောက်ပါဘူး။
ထပ်မံသင်ယူလေ့ကျင့်ရပါမယ်။

မိမိတို့ ဖြစ်မြောက်ရရှိလိုတာ အတွက်လည်း
ဆန္ဒ ရှိနေရုံနဲ့ မလုံလောက်ပါဘူး။
စွမ်းဆောင်လှုပ်ရှားရပါမယ်။
တတ်ကြွလုပ်ဆောင်မှုမရှိဘဲ ဘယ်အရာမှ
အောင်မြင်မှုကြီးရဖို့ မဖြစ်နိုင်ပါဘူး။

ထို့ကြောင့် ဘဝမှာ အောင်မြင်မှုကြီး ရရှိရေးအတွက်
ရည်ရွယ်ချက် ပြောင်းသင့် ပြောင်းရမည်။
နည်းလမ်း ပြောင်းသင့် ပြောင်းရမည်။
စဉ်ဆက်မပြတ် လေ့လာသင်ယူလေ့ကျင့်ပေးရမည်။
စိတ်အားတတ်ကြွစွာ လက်တွေ့ လုပ်ဆောင်ရမည်။

Start it NOW!

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...
image
MSC - 194

@billionairehein

Sort:  

ကောင်း ဖို့ ပြောင်းရမယ်။ ပြောင်း ဖို့ ဟောင်းတာတွေ ဂျောင်း ရမယ်။

Posted using Partiko Android

ဒါပါပဲလေ😁

Posted using Partiko Android

တကယ့်ကောင်းတဲ့ အောင်မြင်ရေး နည်းနာပဲ။
ဖြစ်မဖြစ်တော့မသိဘူး စိတ်ခွန်အားတော့ရစေတယ်ဗျာ။
ဖိုက်တင်း ကိုဟိန်း 💪💪💪

လောလောဆယ် မန္တလေးရောက်အောင် လာနေပြီ 😁

ကောင်းမွန်လှသော post လေးတစ်ခုဖြစ်ပါတယ်။မှတ်သားထားပါ့မယ်အစ်ကို။

Posted using Partiko Android

ခွန်အားတွေ အသိတွေ တိုးစေပါတယ်ကိုဟိန်း ။ ကျေးဇူးပါ။

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64359.90
ETH 3105.50
USDT 1.00
SBD 3.87