အချစ်နွံ ၁

in #myanmar6 years ago

orca-image--2071218955.jpeg_1538533555223.jpeg

..."အချစ်နဲ့ စပြီး အလွမ်းနဲ့ အဆုံးသတ်ရမယ်မှန်း
သိခဲ့ရင် ကျွန်တော် တစ်ကယ် ချစ်တတ်ခဲ့မှာ
မဟုတ်ပါဘူး
"

" အချစ် တဲ့
တစ်သံသရာလုံးစာ ဆုံးရှုံးခဲ့ရင်တောင်
အပြုံး မပျက်တဲ့ မေတ္တာတွေဖြင့်
အဆက်မပြတ် စီးဆင်းနေမယ့် မြစ်တစ်စင်း" လို
ကျွန်တော်ဟာလေ...

ဟိုး...လွန်ခဲ့တဲ့ (၁၀ နှစ်) လောက်တုန်းက
အောင်ဇေယျာ ဆိုတဲ့ ရွာလေး တစ်ရွာသို့
အိမ်စဉ်လှည့် ဆေးကုသပေးခဲ့ဖူးပါတယ်။
ထိုရွာကလေးသည် အိမ်ခြေ ၁၀၀ ဝန်းကျင်ခန့်
ရှိခဲ့ပြီး စပါး၊ ပဲ၊ ကြက်သွန် နီဖြူ၊ ပန်းမုန်လာ၊
ကွမ်း စသည်တို့ စုံစွာ စိုက်ပျိုးလုပ်ကိုင်စားသူတွေ
နေထိုင်ကြပါတယ်။ ချောင်ကျလှသော ရွာလေး
ဖြစ်၍ ဆေးဆရာ မရှိခဲ့သော အရပ်ပါ။

ကျွန်တော်သည် စူပါကပ်ဆိုင်ကယ်လေးဖြင့်
သူတို့တွေဆီ ဆေးကုသမှု လာပေးတော့
သူတို့ခမျာ လွန်စွာပဲ ဝမ်းသာကျေနပ်ကြပါတယ်။
ထိုမှ မိုးဦးကျခါနီးသောအခါ ထိုရွာသူရွာသားတို့က
ကျွန်တော့်အား တစ်ခု တောင်းဆိုလာခဲ့ကြပါတယ်။
ဤသည်မှာ သူတို့ရွာလေးသည် မိုးရာသီတွင်
ရွှံ့နွံထူထပ် သွားလာရ ခက်ခဲသောကြောင့်
ကျွန်တော့်အား သူတို့ရွာလေးမှာပဲ လာနေစေချင်
ကြောင်းပါ။ ကျွန်တော် ကြိုက်နှစ်သက်သည့်အိမ်
တွင် တည်းခိုစေ၍ စားရေးသောက်တာ အတွက်
လည်း ရွာမှ တာဝန်ယူမည် ဖြစ်ကြောင်း ပြောလာ
ခဲ့ကြပါတယ်။ သို့ဖြစ်၍ ကျွန်တော်သည်လည်း
ဖခင်၏ မိန့်ဆိုစကားကို ထောက်ချင့်၍ ထိုရွာလေး
၌ နေထိုင်ဆေးကုသမှု ပေးဖြစ်ခဲ့ပါတယ်။
(ဖခင်၏ မိန့်ဆိုစကားမှာ... ငါ့သားရာ ကိုယ်
တတ်ထာတဲ့ ပညာလေးဖြင့် လူတွေကို ကူညီ
နိုင်ဖို့ အရေးကြီးတယ်ကွ... ငွေ က အရေးမကြီး
ပါဘူး...ဟူလို)

ကျွန်တော်ဟာ ထိုရွာလေး မှာ နေထိုင်လာခဲ့သည်
မှာ နှစ်ဝက်လောက် ရှိခဲ့သောအခါ...

ကျွန်တော်၏ ချစ်ခရီးလမ်းဟာ အဆက်မပြတ်
စီးဆင်းနေမယ့် မြစ်တစ်စင်း လို ထာဝရ တည့်တံ့
နေဖို့ ရည်စူးခဲ့ပေမယ့် သူမကတော့ မြစ် စစ်စစ်
ဖြစ်ဖို့ ကွေ့ကောက်ခွေရစ်တော့တာ
ပါပဲ...
orca-image--2068338882.jpeg_1536890288776.jpeg

တစ်နေ့... ကျွန်တော် မြို့တတ် ဆေးဝယ်ခဲ့ပြီး
ပြန်ရောက်ချိန်...

"ဆရာ မိုးတိမ် ပြန်လာပြီလား... သတင်းကောင်း
ရှိတယ်...သတင်းကောင်း
"

"ဘာလဲဗျ... ပြောစမ်းပါဦး"

"ဆရာ့ ကောင်မလေး.. သူ့အဆက်ဟောင်းနဲ့
ချိန်းတွေ့နေကြတာ... မိသီတို့ အိမ်ထဲမှာ
"

"ဟင်! ဟုတ်ရဲ့လား... မမာဆွေ"

ရွာအဝင် အရက်ဆိုင်ပိုင်ရှင် မမာဆွေရဲ့ သတင်း
စကားကို ကြားရပြီး ကျွန်တော်ဟာ တည်းခိုနေထိုင်
ရာ အိမ်သို့ ဆက်သွားခဲ့ပါတယ်။
မမာဆွေ ဆိုသည်မှာက ကျွန်တော့်ရဲ့ မိတ်ဆွေ
ရင်းခြာဟု ပြောရပေမည်။ သူမ လင်သားမှာ
ကျွန်တော်နှင့် တစ်ရွာတည်းသား ဖြစ်၍ ကျွန်တော့်
အတွက် အဓိက စားတော်တည်ခင်းပေးရာ သူတွေ
ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ကြိုက်တတ်သော
ဟင်းသီးဟင်းရွက်များကို ပျူပျူငှါငှါ ချက်ပြုတ်
ကျွေးလေ့ ရှိခဲ့ပါတယ်။ ကျွန်တော်ရဲ့ ထမင်းရှင်
ကျေးဇူးရှင်ဟု ပြောရပေမည်။

နေထိုင်ရာ အိမ်သို့ ရောက်လျှင် ရောက်ခြင်းပဲ...

"လေးစန်း...လေးမာကြည်ရော"

"ရှိပါ့ သူ့အိမ်မှာ"

ကျွန်တော်လည်း ဆိုင်းငံ့မနေတော့ဘဲ...

"လေးမာကြည်...လေးမာကြည်... လာပါဦးဗျာ"

ကျွန်တော်နေထိုင်ရာအိမ်နှင့် လေးမာကြည်ရဲ့ အိမ်
မှာ ကပ်ရပ်ဖြစ်ပါတယ်။

"ဘာတုန်း ဆရာ"

"ခင်ဗျားတို့ တူမ... မိသီ အိမ်မှာ ကောင်လေး
တစ်ယောက်နဲ့ တွေ့နေတာတဲ့... သွားကြည့်လိုက်
ပါဦးဗျာ
"

"ဟုတ်လား...ကျုပ်တို့တော့ သိပေါင်...
ဟုတ်ရင်တော့လား...တွေ့ကြသေးတာပေါ့...
ကောင်မတော့
"

ဟုဆိုကာ လေးမာကြည်ဟာ လေးစန်း ကိုပါ
ခေါ်၍ ထွက်သွားခဲ့လေတယ်။

ဆက်ရန်...

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...
orca-image-1529224864173.jpg_1529224864253.jpeg

MSC - 193
@billionairehein

Sort:  

အ ဟား မိုက်​တယ်​ဆရာ ချချ အား​ပေးတယ်
လုံးချင်းထုပ်​ရ​အောင်​၊

ဟီး နောက်တစ်ပိုင်းတောင် ဘယ်သို့ ရေးရမယ် မသိသေး😁

Posted using Partiko Android

အယ်လဲ့ ဘယ်လိုများတွေ့လိုက်ရလို့တုန်း ဟင် မေးလဲ နောက်တစ်ပုဒ်ရောက်မှ ပြောမှာဟာ အင်းလေ နောက်တစ်ပုဒ်ပေါ့

ဘယ်လိုတွေ့လဲ ပြောပြရရင်လည်း ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလိုပါပဲ

Posted using Partiko Android

အဲ့လို မယူဆပါနဲ့ဗျာ။ လူလွတ်လေးတွေကို နည်းပေး လမ်းပြတယ်လို့ပဲ ယူဆပါ 😁

Congratulations! This post has been upvoted from the communal account, @minnowsupport, by billionairehein from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Thank for your supporting

Posted using Partiko Android

ရေးရဲတဲ့သတ္တိကိုချီးကြူးပါတယ်။ ငါဆိုကြောကော့နေပြီဟီး။

မိန်းမသိရင်တော့ အနာဟောင်း ပြန်ဆွရလား ဆိုပြီး ဗိုက်ဆွဲ လိမ်ခံရမှာ 😁😁😁

Posted using Partiko Android

ဖတ်ရမာ လန့်တာဟာ😁

Posted using Partiko Android

မလန့်ပါနဲ့ဗျာ ယဉ်ယဉ်လေးပါ😁

Posted using Partiko Android

နာတို့ကတော့ အချစ်တစ်ခုရှိရင် အပူတစ်ခုရှိတယ်လို့မှတ်ပါတယ်

အချစ်က မီးလား😁😁

Posted using Partiko Android

ဇာတ်လမ်းလေးတွေ ရှိခဲ့ဘူးသည့် တစ်ချိန်တစ်ခါ လွမ်းမိပါသည်ပေါ့ ☺

ဇာတ်လမ်းလေးတွေ ပြန်အောင့်မေ့ကြည့်တာ😁😁😁

Posted using Partiko Android

အစ်ကို ဖွဖွလေးရေးပါဗျာ။စိတ်ဝင်စားလို့ နောက်အပိုင်းမျှော်နေမယ်။

ဘယ်လို ဖွဖွလေးလဲကွယ်😁

Posted using Partiko Android

ဖိမရေးနဲ့တဲ့
😁

အရေးအသားကောင်းပါတယ်၊ ဖွဲ့စည်းတင်ပြပုံ ကိုနဲနဲပြင်ဆင်စေချင်တယ်။

ဟုတ်ဆြာ သင်ပြပါဦး

Posted using Partiko Android

ဟွန်းနော်

Posted using Partiko Android

😀😍😘

Posted using Partiko Android

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63968.82
ETH 2633.99
USDT 1.00
SBD 2.84