THE STORY

in #myanmar7 years ago (edited)

ရောင်​ပြန်​​မေတ္တာ

ကျွန်​​တော်​ ငယ်​ငယ်​တုန်း က ​မေ​မေ ​ပြောပြတဲ့ အိပ်​ယာဝင်​ ပုံပြင်​​တွေကို မှတ်​မိသ​လောက်​ ပြန်​​ရေးပါ့မယ်​ အမှားပါရင်​သည်းခံပြီး ဖတ်​​ပေးကြပါ
ကျွန်​​တော်​ အခုေ​ရးမဲ့ ပုံပြင်​နာမည်​က ​ရောင်​ပြန်​​မေတ္တာပါ

ဟို​ရှေး​ရှေးတုန်းက ​တောအုပ်​တစ်​ခုမှာ မုဆိုးကြီးတစ်​​ယောက်​ရှိတယ်​ အဲဒီ​တောအုပ်​ထဲထူးခြားတာ တစ်​ခုရှိတယ်​ ဘာလဲဆို​တော့ ​​တောအုပ်​ အလယ်​မှာ ​ခေါင်း​လောင်းကြီးရှိတယ်​ အန္တရာယ်​ တစ်​ခုခုကြုံလာခဲ့ရင်​ ​ခေါင်း​လောင်းကို သုံးချက်​တီးလိုက်​ရင်​ အန္တရာယ်​ အားလုံးကင်း​စေပါတယ်​ တစ်​​နေ့​တော့ မုဆိုးကြီးက ​သား​ကောင်​ရှာဖို့ ​တော ထဲကိုထွက်​လာတယ်​ အဲချိန်​မှာ ဆူဆူညံညံ နဲ့ အသံတစ်​ခု ကြားလိုက်​တယ်​ သူကြည့်​လိုက်​​တော့ အပင်​​ပေါ်မှာ ​မြွေက စာက​လေး​တွေကို မျိုဖို့လုပ်​​နေတာ​တွေ့တယ်​ အဲမြင်​ကွင်းကို ​တွေ့​တော့ သူလဲ အမြန်​ ​ခေါင်း​လောင်းကို သုံးချက်​တီးလိုက်​တယ်​ စာက​လေးက ​မြွေမျို မခံရ​တော့ဘဲ အသက်​အန္တရာယ်​က လွတ်​​မြောက်​သွား​တော့​ပေါ့ ​နောက်​ ရက်​အနည်းကြာတဲ့ အချိန်​မှာ မုဆိုးကြီးက အရင်​လိုဘဲ ​တောထဲ ကို ထွက်​လာခဲ့​တယ်​ အဲဒီချိန်​မှာ ကျားကြီးတစ်​​ကောင်​ကလဲ အစာရှာဖို့ ထွက်​လာတာနဲ့ ​တွေ့ တယ်​ မုဆိုးကြီးက ထွက်​​ပြေးမယ်​ဆိုလဲ မလွတ်​ တိုက်​ခိုက်​မယ်​ဆိုရင်​လဲ မလွယ်​ကူဘူးဆိုတာ သိ​နေတယ်​ မုဆိုးကြီးက ဘယ်​လုပ်​ရမလဲ မသိတဲ့ အချိန်​မှာ ​ခေါင်း​လောင်းသံကြားလိုက်​ရတယ်​ 3ချက်​ဆက်​တိုက်​ကြားပြီးတဲ့ အချိန်​မှာ ကျားကြီးက သူအနားက ထွက်​ခွာသွား​တော့တယ်​ မုဆိုးကြီးက ​တော့ သူကို ကူညီတာ ဘယ်​သူလဲဆိုတာသိ​အောင်​ ​ခေါင်း​လောင်းကြီးဆီကို လာခဲ့တယ်​ ​ခေါင်း​လောင်းကြီးနား​ရောက်​​တော့ စာက​လေး သုံးကောင်​ ​ခေါင်းကွဲ​သေဆုံး​နေတာကို ​တွေ့လိုက်​ရတယ်​ အဲ စာက​လေးက​လေ သုံး​ကောင်​က အရင်​တစ်​ခါ သူကယ်​ခဲ့တဲ့ စာက​လေးသုံး​ကောင်​ဖြစ်​​နေတယ်​ ပုံပြင်​​လေးက​တော့ ဒါပါဘဲ ပုံပြင်​ထဲမှာ တိရစ္ဆာန်​ ​လေး​တွေက​တောင်း သူတို့ကို ကူညီခဲ့တဲ့သူကို အကူညီလို​နေချိန်​မှာ ပြန်​ကူညီ​ပေးပါတယ်
ကိုယ့်​ကို လူတစ်​​ယောက်​က အကူညီလို​နေတဲ့အချိန်​မှာ ကူညီ​ပေးဖူးရင်​ သူ လိုအပ်​တဲ့ အချိန်​မှာ ပြန်​ကူညီ​ပေးပါ ဒီလိုအပြန်​အလှန်​ကူညီချင်​က ​ကောင်းတဲ့ အလုပ်​တစ်​ခုပါ ​ကျွန်​​တော်​​ရေးထားတာ​လေးကို အဆုံးထိဖတ်​​ပေးတဲ့ အတွက်​​ကျေးဇူးပါ​တင်​ပါတယ်​😊😊
Photo credit -Facebook
#👑M.K.K👑bigbosss

image

Sort:  

Nice post keep it up

Wow တိုတိုနဲ့ လိုရင်းရောက်တယ်

Good story

ကောင်းပါ့

ကောင်းတယ် ကြိုးစားညီလေး

ရေးထားတာ​ကောင်းတယ်​ bro
Vote power ​တော့50% ကျ​နေလို့ မvote ခဲ့​တော့ဘူး bro😢

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 59244.75
ETH 2651.05
USDT 1.00
SBD 2.49