စိတ်ကလေးကိုစည်းကမ်းထားဖို့လိုမယ်ထင်

in #myanmar7 years ago (edited)

image
Steemit members အားလုံး မင်္ဂလာပါရှင်။ ဒီတစ်ခါတော့ လူတိုင်းလူတိုင်း ကိုယ့်စိတ်ကလေးကို စည်းကမ်းလေး ထားစေချင်တဲ့ အကြောင်လေးရေးသားခွင့်ပြုပါ။ ထားသင့်တယ်လို့လည်း မိုယူဆမိလို့ပါ။ ဒါကတော့ မိုအတွေးပေါ့နော်။ ဘာကြောင့် ဒီအတွေးလေး ဝင်မိလည်းဆို အလုပ်မှာရှိချိန် လူနှစ်ဦး သူတို့ဘာသာ သူ့တို့ပြောနေကြတာကို ကြားမိပြီး ဒီအတွေးလေး ဝင်ခဲ့တာပါ။ သူတို့နှစ်ဦး ဘာပြောလဲ ဆိုတော့ အချိန်ကြ အမှိုက်ကားလေး လာချိန် ပစ်သူက ပစ်လို့ မပစ်သူကလည်း မပစ်လို့ပေါ့။ အချိန်မှန် အမှိုက်ကား နေ့စဉ် လာပါတယ်။ ဒါနဲ့တောင် မြို့ရဲ့ အလှအပ ကမ်းနားလို နေရာမှာ အမှိုက်တွေက ပစ်မြဲ ရှိမြဲပဲလေ။ ကမ်းနားမှာ အမှိုက်ထည့်ပုံးများလည်း ထားထားပေးတာပဲ ဘာလို့ပုံးထဲမထည့်ပဲ ကမ်းနားမှာ ပစ်ချကြတာလဲတဲ့။ လူတွေ လူတွေ တော်တော် ခက်တာပဲ ဆိုပြီး သူတို့နှစ်ဦး ထိုင်ပြော နေကြတာ မိုကြားတော့ စိတ်ထဲ သိလိုက်တာ ဒါဟာ စည်းကမ်းပဲ။
image
စည်းကမ်းဆိုတာ လိုက်နာဖို့ပါ။ ပြင်ပမှ ချမှတ်ထားတဲ့ စည်းကမ်းကို လိုက်နာဖို့ထက် အရင်ဆုံး ကိုယ့်စိတ်လေးကို စည်းကမ်း ထားဖို့ လိုအပ်လိမ့်မယ်လို့ တွေးမိတယ်။ တစ်ဦး တစ်ယောက်ချင်း ကိုယ့်စိတ်လေးကို စည်းကမ်းလေး ထားနိုင်ပြီးဆို အများချမှတ်တဲ့ စည်းကမ်း ဆိုတာ လိုက်နာဖို့ကလည်း လွယ်လွယ်လေး ဖြစ်သွားမှာလို့ ယူဆမိတာပါ။ စည်းကမ်းဆို အများအားဖြင့် လူတွေက ကြောက်ကြတယ်။ ကိုယ့်ကို ချုပ်ချယ် ချုတ်တည်းခံရတာလို့ တွေးကြတာ များတယ် မဟုတ်ဖူးလား။ ဝေးဝေး မကြည့်နဲ့ ကိုယ်အိမ်မှာပဲ ကိုယ်ပြန်ကြည့်လိုက် အိမ်ကလူကြီးတွေက ဒီလမ်းမသွားနဲ့ ဒီဟာမလုပ်နဲ့လို့ စည်းကမ်းလေးချထားရင် မကောင်းလို့ ပေးမလုပ်တာလို့ အရင်မတွေးပဲ ငါ့ကိုချုပ်ချယ်တာပဲလို့ အရင်တွေးမိသွားတက်တော့ စည်းကမ်းဆို လိုက်နာဖို့ထက် ကြောက်ကြတာ များတယ်လို့ ဆိုရတာပါ။
image
တကယ်တော့ တွေးကြည့်ပါ စည်းကမ်းဆိုတာ လူ့တန်ဖိုးပါ။ ကိုယ့်တန်ဖိုးဟာ ကိုယ့်လုပ်ရပ်ပေါ်မှာ မူတည်တာပေါ့။ လူတစ်ယောက်ခြင်းမှာ စည်းကမ်းဟာ ချုပ်တည်းမှုလို့ မမြင်ပဲ ကိုယ့်တန်ဖိုးလို့ မြင်ပြီး ကိုယ့်စိတ်လေးကို စည်းကမ်းလေး ထားလိုက်မယ်ဆို အခုလို မြို့ရဲ့ အလှအပကို ပျက်စီးစေမယ့် လုပ်ရပ်မျိုးကို လုပ်မိမှာ မဟုတ်ဘူးလေ။ ဒါကြောင့် ဒီလိုအဖြစ်မျိုးဆိုတာ လူသားတိုင်းရဲ့ စိတ်စည်းကမ်းလေးနဲ့ ဆိုင်မယ်လို့ထင်တယ်။ စည်းကမ်း မရှိတဲ့သူ တစ်ယောက် တန်ဖိုးမဲ့သူ တစ်ယောက်က လုပ်ရပ်ကို နောက်တစ်ယောက်လည်း တန်ဖိုးမဲ့စွာ လိုက်လုပ်မယ်ဆို ဘယ်လိုလုပ် သာယာလှပတော့မှာလဲ။ ကိုယ်တောင် ကိုယ့်ကိုကို တန်ဖိုးရှိဖို့ လှပဖို့ စိတ်ကလေးကို စည်းကမ်းလေး မထားနိုင်မှတော့ ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင် ကိုယ့်မြို့ရွာ ဆိုတာ ဘယ်လိုလုပ် လှနိုင်မှာလဲနော်။ စလုံးမှာ လုပ်တဲ့ ဦးလေး ပြောဖူးတယ် ကြားလည်းကြားဖူးတယ်။ စလုံးမြို့က အရမ်းလှတာ ဘာကြောင့်လဲ သူတို့က အရမ်း စည်းကမ်း ရှိတာ သူတို့မှာ ချမှတ်ထားတဲ့ စည်းကမ်းတိုင်း နေထိုင်တာတဲ့ အမှိုက်ဆိုတာ တစ်စက်မတွေ့ရတဲ့။ အမှိုက်တွေ့ရင် ဒဏ်ကြေး ပေးရတာ မပေးရတာ လားတော့ မိုလည်းမသိပါဘူး။ မိုလည်း မရောက်ဖူးဘူး ဆိုတော့။ ဒါပေမယ့် မိုပြောချင်တာ ဒဏ်ကြေးပေးရမှာ ကြောက်လို့ဖြစ်ဖြစ် ဘာလို့ပဲ ဖြစ်ဖြစ် သူတို့ရဲ့ စိတ်လေးကို သူတို့ စည်းကမ်းလေး ထားတာလေးကို သဘောကျတာပါ။ အဲဒီ စိတ်စည်းကမ်းလေး ရှိလို့ သူတို့နိုင်ငံ လှတာလို့ မိုတော့ မြင်တယ်။
image
ဒါတွေက မိုအမြင် သက်သက်ပါနော်။ လူနှစ်ဦး ပြောစကားလေး ကြားပြီး တွေးမိတာလေးပါ။ တကယ်ဆို အမှိုက်ကားက နေ့စဉ် လာတာပဲ အမှိုက်ကား လာချိန် ကိုယ်မမှီလို့ မပစ်ဖြစ်ရင်တောင် ထားပေးထားတဲ့ ပုံးတွေထဲတော့ ပစ်သင့်ပါတယ်။ ကမ်းနားမှာ အလွယ်တကူတော့ မပစ်သင့်။ တစ်ယောက်က ပစ်တော့ နောက်တစ်ယောက်ကလည်း စိတ်စည်းကမ်းလေး မထားပဲ လိုက်ပစ်လိုက်တဲ့ ကိုယ်လည်း တန်ဖိုးမဲ့တဲ့သူ ဖြစ်သွားသလို ကိုယ့်ရဲ့ လုပ်ရပ်ကြောင့် ကိုယ့်မြို့လေး ရုပ်ဆိုး အကြည်တန်သွားစေ ပါလားဆိုတာ စိတ်စည်းကမ်းလေးသာ ရှိမယ်ဆို ဒီလို အဖြစ်မျိုး မဖြစ်ပါလားလို့ အတွေးလေးရခဲ့ခြင်းပါ။ သူတို့နှစ်ဦး ပြောစကားက မမှားပါဘူး အဲလို အတွေးမျိုး အဲလို စိတ်ဓါတ် စည်းကမ်းမျိုး လူတိုင်း ရှိဖို့တော့ လိုမယ်မဟုတ်လား။
image
လူတိုင်းကတော့ အမှားနဲ့ မကင်းနိုင်ကြပါဘူး။ လွယ်လွယ်ရ လွယ်လွယ် လုပ်တက်ကြတာ များတယ်။ ဘယ်သူ့ကိုမှ ရည်ရွယ်တာ မဟုတ်ပါဘူးနော်။ စာရေးသူလည်း ခရီးသွားရင် လွယ်လွယ်ရ လွယ်လွယ် အမှိုက်ပစ်ချတက်ခဲ့တာမို့ ဒါဟာ မကောင်းပါလား။ ဒါဟာ တကယ်တော့ စည်းကမ်း မရှိတာပဲ ငါ့လုပ်ရပ်က ငါ့ကို တန်ဖိုးမဲ့ စေပါလား ဆိုတာ အသိလေးရဖို့ အမှားလေးမြင်ပြီး ပြင်တက်ဖို့ တကယ်လိုအပ်တာပါ။ မိမိရဲ့ စိတ်ကို မိမိ စည်းကမ်းလေး ထားနိုင်ပြီးဆို ကိုယ်လည်းတန်ဖိုး ရှိ စိတ်ချမ်းသားရပြီ ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင် ကိုယ့်မြို့ရွာကို သာယာ လှပအောင် ဖန်တီး ပေးနိုင်သူ တစ်ယောက်လည်း ဖြစ်လာမှာပါလို့ မိုယုံကြည်မိတယ်။ ကိုယ့်ကိုကိုလည်း တန်ဖိုးရှိတဲ့သူ တစ်ယောက်ဖြစ်ဖို့ စိတ်ကလေးကို စည်းကမ်းလေး ထားပြီး ကြိုးစားနေပါတယ်။ အခြားသူများကိုလည်း တန်ဖိုးရှိသောသူများ လောကကိုအလှဆင်နိုင်သူ ဖြစ်စေဖို့ တိုက်တွန်း အကြံပြု ပါရစေနော်။ ဘာအရာကိုမဆို စိတ်ကလေးကို စည်းကမ်းလေး ထားပြီး လုပ်ဆောင်နိုင် စေဖို့ အမှိုက်ပစ်တာ လေးနဲ့ ဥပမာပေး ရေးသားခြင်းပါ။ လူတိုင်းမှာ စိတ်အမျိုးအမျိုး အတွေးအမျိုးမျိုး ရှိနိုင်တာမို့ မိုရဲ့ စိတ်ကလေး စည်းကမ်းထားဖို့ လိုတယ် ဆိုတဲ့ အတွေးမျိုးကို မတိုက်ဆိုင် မကြိုက်နှစ်သက်တာမျိုး ရှိခဲ့ရင်လည်း ဒီစိတ်ကူးက မိုရဲ့ အတွေးအမြင် သက်သက်မို့ နားလည်ပေးပါလို့နော်။ မိုနှင့်အတူ အားလုံး စိတ်ကလေး စည်းကမ်း ထားနိုင်ပြီး တန်ဖိုးရှိသောသူများ ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း။
Author @ayemomo (MSC 051)
Photo by google

Sort:  

အမှန်​ပါပဲ၊စည်းကမ်းရှိမှ တိုးတက်​မှာပါ။

စည်​ကမ်းကိုသိပြီး မလိုက်​နာတဲ့သူ​တွေအများကြီးပါ။

ဟုတ်ပါတယ် ဒါကြောင့်တစ်ဦးချင်းမှာ တာဝန်ရှိတယ် ထင်လို့ပါ

{ မို }တစ်ယောက် ရဲ့ အတွေးအမြင်းမျိုး
လူသားအားလုံး ရှိခဲ့ပါသော်…?

သာယာလှပစေချင်လို့ပါ

ကျေးဇူး

Congratulations @ayemomo , we r much excited to know about it, wonderful job you have done.

Coin Marketplace

STEEM 0.19
TRX 0.12
JST 0.028
BTC 65342.69
ETH 3543.20
USDT 1.00
SBD 2.39