MSC Myanmar Steemit and Mo

in #myanmar7 years ago (edited)

image

Steemit members အားလုံး မင်္ဂလာပါရှင်။
မို steemitကို စတင်သိခဲ့ချိန်က fbမှာလိုပဲ ကိုယ်တင်ချင်လေးတွေတင်လိုက် fbမှာက ပိုက်ဆံမရဘူး ဒီမှာကတော့ ပိုက်ဆံလည်းရတယ် ဆိုတာကနေ steemit ကို စဝင်လာခဲ့တယ်။ လုပ်စကတော့ မြန်မာကလည်း နည်းနည်းပဲရှိပါသေးတယ်။ post တင်လိုက်ရင် karmaကပေးလိုက် ရှိတဲ့ မြန်မာအချင်းချင်းကို ဆရာ nyan lynnက နှစ်ဖွဲ့ခွဲပြီး အချင်းချင်း voteခိုင်းစေခဲ့ပင်မယ့် voteတဲ့သူကvote မvoteတဲ့သူက မvoteနဲ့ ဆိုတော့ ဘယ်လောက်မှမကြာဘူး အဖွဲ့ပျက်ပြီး တင်ချင်တင် မတင်ချင်နေပေါ့။ ကိုယ်ပေးချင်တဲ့သူပေး မပေးနဲ့ ဖြစ်လာကြတာပေါ့။ လူအမျိုးမျိုး စိတ်အထွေထွေမို့ ခေါင်းဆောင်မှာလည်း မထိန်းနိုင် လက်လျှော့လိုက်တော့တာပေါ့။ ဒါပေမဲ့ မိုကတော့ ဆက်တင်ခဲ့တယ်။ အဲဒီတုန်းကတော့ မိုတင်တဲ့ postများဟာ copy ချည်းသာ ဖြစ်ခဲ့ပါတယ်။ ဘာမှန်းညာမှန်းမသိ postတင် ပိုက်ဆံရတာပဲ သိတာလေ။ karma ပေးတဲ့ pointစွန်းလေးကိုပဲ ကျေနပ်ပျော်ရွှင် နေတာတော့ အမှန်ပါ။

အဲ့လိုတင်လာရင်းက steemit myanmar အဖွဲ့ကြီးနှင့် ချိတ်ဆက်မိပြီး steemit myanmar အဖွဲ့ထဲ စတင်ရောက်ရှိလာတော့တာပေါ့။ steemit myanmar အဖွဲ့ဝင်ဖြစ်လာတော့ ထိပ်ဆုံးသိခဲ့ရတာက copyမကူးပဲ ကိုယ်တိုင်ရေး post ဖြစ်ဖို့ လိုတယ်ဆိုတာပဲ။ ခေါင်းဆောင်အကိုဟင်နရီက ဦးစီးပြီး adminများနှင့် ဖွဲ့စည်းထားကာ စည်းကမ်းများလည်း ချမှတ်ထားပြီး အဖွဲ့ဝင်လည်း ယခုလောက် မများပြားသေးဘူးပေါ့။ ဒီအဖွဲ့ထဲရောက်မှ သိခဲ့ရတာက အကိုဟင်နရီက မိုတို့ထက် အရင်ထဲက steemitမှာ သူ့ဘာသာသူ အောင်မြင်နေသောသူ မြန်မာတစ်ယောက်ဆိုတာ သိခဲ့ရတယ်။ အဲတော့မှ အကိုဟင်နရီရဲ့ postတွေရှာဖတ်မှ တကယ်လည်းတော်ပြီး မိုတို့အားကျလောက်အောင် steemit မှာ မြန်မာတစ်ယောက်အနေနဲ့ မြန်မာတို့ရဲ့ အကူအညီမပါပဲ သူ့ဘာသာ ရပ်တည်နေသူမို့ ဂုဏ်ယူမိသလို တကယ်လည်း အားကျခဲ့ရသူပါ။ သူက steemit ထဲ မြန်မာတွေ ရောက်ရှိလာပြီးမို့ မြန်မာတွေကို လက်တွဲခေါ်ချင်တဲ့ ဆန္ဒ၊ အောင်မြင်စေချင်တဲ့ ဆန္ဒနဲ့ အခုလို steemit myanmar အဖွဲ့လေးဖြစ်လာရတာ ဆိုတာ သိခဲ့ မြင်ခဲ့ရပါတယ်။

Steemit myanmar အဖွဲ့လေး အောင်မြင်ဖို့ အကိုဟင်နရီက ဦးဆောင်ပေးပြီး adminများထားရှိလို့ တိုးသထက် တိုးတက်အောင်လို့ စည်းကမ်းများနှင့် အဖွဲ့ကို စနစ်တကျ ဖွဲ့စည်းထားတာပါ။ steemitမှာ copyများ လက်မခံဆိုတဲ့ စည်းကမ်းကို သေချာလေးချမှတ်ခဲ့သလို မိုတို့အဖွဲ့ဝင်တွေကိုလည်း copy မလုပ်ဖို့ ကိုယ်တိုင်ရေးဖို့ အကြိမ်ကြိမ်တိုက်တွန်း ပြောကြားခဲ့ပါတယ်။ ဘာလို့ဆို steemit မှာ မြန်မာတွေ နေရာတစ်ခုရဖို့ အောင်မြင်ဖို့ သိက္ခာရှိဖို့တွက်ပါပဲ။ steemit မှာကိုကလည်း copy လက်မခံတာ cheetah များလိုက်နေတာ အသိပါ။ steemit myanmarမှလည်း သူ့အဖွဲ့စည်းလေး အောင်မြင်ဖို့ သိက္ခာရှိရှိ ရပ်တည်နိုင်ဖို့ copyဆိုတာကြီး မရှိရလေအောင် စည်းကမ်းများ သေချာချမှတ်ထားသလို သေချာလည်း စိစစ် စစ်ဆေးပြီး adminများ အပင်ပန်းခံလိုက်လုပ်ပေးကြတာ အဖွဲ့ဝင်တစ်ယောက် အနေနဲ့ မိုအသိဆုံးပါ။ ဒါကြောင့်လဲ steemit myanmar စရောက်ချိန်ကစလို့ copy ဆိုတာ လုံးဝ မလုပ်ခဲ့သလို ကိုယ်တိုင်ရေးနိုင်ဖို့ကိုပဲ ကြိုးစားခဲ့ပါတယ်။ အဲလို ကိုယ်တိုင် ကြိုးစားရေးပြီး ရလာတဲ့ vote&ment များဟာ copyတင်လိုက်လို့ ရလာတဲ့ v&m တွေနဲ့ ခံစားမှု မတူတာ ကိုယ်တိုင်သိခဲ့ရပါတယ်။

ကိုယ်တိုင်က စာရေးဆရာ မဟုတ်ပင်မယ့် ကိုယ်ကိုယ်တိုင် ရေးလိုက်တဲ့စာကိုဖတ်ပြီး voteတွေပေး အကြံဥာဏ်တွေပေးကြတဲ့ခါ ဘယ်လိုပျော်မှန်းမသိ ပျော်ခဲ့တာ အမှန်ပါ။ အရင်က copyတွေတင်ခဲ့တာကို ကိုယ့်ကိုယ်ကို ရှက်မိလာပါတယ်။ အဲ့ချိန်မှစလို့ စာရေး၊ စာဖတ်ပျင်းတဲ့မို စာရေးခြင်း၊ စာဖတ်ခြင်းမှာ ပျော်လာမိပါတယ်။ ကိုယ်က စာရေးဆရာလည်း မဟုတ်တော့ တက်သလောက် သိသလောက်လေး ခရီးသွား အတွေ့အကြုံလေးတွေကို ရေးတက်သလောက်လေး ချရေးလာခဲ့တာ အခုချိန်ထိပါ။ အဲ့လိုရေးလာရင်းက သိလိုက်တာက steemitဟာ ပိုက်ဆံရတာ တစ်ခုတည်း မဟုတ်ပဲ ဗဟုသုတများလည်း ပေးစွမ်းနိုင်တယ် အသိမိတ်ဆွေမျာလည်း တိုးလာသလို ကိုယ်ကိုယ်တိုင်လည်း ပျော်ရွှင်မှုတွေ ရရှိရာ နေရာလို့ ခံစားသိရှိလာပါတယ်။ steemitကို မြန်မာများ လူသိများလာသလို အဖွဲ့ဝင်တွေလည်း တိုးသထက် တိုးလာခဲ့ပါတယ်။ လူများလာသမျှကိုလည်း ခေါင်းဆောင်နှင့် adminများက မသိတာများကို လိုက်လံသင်ကြားပေးပြီး လက်တွဲခေါ်ခဲ့ကြတယ်။ ဘာလို့ဆို မြန်မာတွေများလာလေ steemit မှာ မြန်မာတွေ ရပ်တည်မှု ခိုင်မာလေ ဖြစ်အောင်လို့ ဆိုတာ မိုသိခဲ့ပါတယ်။ လူများလေ အဖွဲ့စည်းကြီး ပိုအောင်မြင် တိုးတက်ဖို့ copyအပြင် တစ်ခြားသော စည်းကမ်းများ တိုးကာ MSC no များ ထုတ်ဝေပေးပြီး ရက်များခွဲလို့ အကိုဟင်နရီက မြန်မာများ အားတက်စေဖို့ ရရှိစေဖို့ နိုင်ငံခြားသားများရဲ့ အကူအညီများကို တောင်းခံပေးခဲ့ကာ promotion postအဖြစ်နေ့ရက်လိုက်ခွဲတင် တင်သမျှကို curieတို့အဖွဲ့ကို voteများ ပေးဖို့ အကူအညီတောင်းဆို ပေးခဲ့တာမို့ postတွေမှာ pointစွန်းကနေ မမြင်ဖူးတဲ့ $ဂဏန်းများကို မြင်လာခဲ့ရတော့တာပေါ့။

မိုတို့အဖွဲ့ဝင်တွေ အနေနဲ့ ပျော်စရာကောင်းခဲ့တာပေါ့။ အဖွဲ့ဝင်တွေ တိုးလာသလို ခေါင်းဆောင်နဲ့admin များ ပိုအလုပ်များ ခေါင်းရှုတ်ခံ လုပ်ကိုင်ပေးရတာကို မိုသိတာတာမို့ မိုကတော့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ သူတို့ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း လိုက်နာ ရေးသား တင်ခဲ့ပါတယ်။ တစ်ချို့ချို့သော copy post များကြောင့် adminများ အမုန်းခံ လိုက်လံ အပင်ပန်းခံ ရရှာမှန်းသိပါတယ်။ မိုက တော့ ရေးတက်သလောက် ကိုယ်တိုင်ပဲ ရေးခဲ့တယ်။ မိုadminများကို ကူညီသူမဖြစ်နိုင်ရင်တောင် admin များချမှတ်ထားတဲ့ စည်းကမ်းကိုလိုက်နာတဲ့ steemit msc member တစ်ယောက်အဖြစ် steemitမှာ ပျော်နေခဲ့သူပါ။ အဖွဲ့အစည်းနဲ့ အပင်ပန်းခံ လုပ်ကိုင်ပေးနေကြပင်မယ့် လူအမျိုးမျိုး စိတ်အထွေအထွေကြောင့် ခေါင်းဆောင်နဲ့ adminများ ပင်ပန်းနေရမယ် ဆိုတာ ကိုယ်ချင်းစာ နားလည်မိပါတယ်။ မိုတကယ်လည်း steemitမှာ mscကလွဲလို့ တစ်ခြား အဖွဲ့တွေရှိမှန်း မသိခဲ့ပါဘူး။ ဟိုတစ်နေ့က proရပ်နားလိုက်ပြီးဆိုမှ တစ်ခြားအဖွဲ့တွေ ရှိမှန်းသိခဲ့တာလေ။ ဒါကတော့ steemitကို စသိချိန်မှ steemit myanmar msc အဖွဲ့ကြီးမှာ ပျော်နေသူ member တစ်ယောက်အနေနဲ့ မိုတွေ့ကြုံ သိမြင်ခဲ့တာလေးကို ချရေးထားတာပါ။ မိုကတော့ steemit myanmarကို လက်တွဲခေါ်သူ အကိုဟင်နရီနဲ့ mscအဖွဲ့ကြီးကို ခေါင်းရှုတ်ခံ အပင်ပန်းခံပေးနေတဲ့ adminများကို အမြဲတမ်း ကျေးဇူးတင်နေမှာပါ။ msc က ဘယ်လိုစည်းကမ်းပဲ သတ်မှတ် သတ်မှတ် အမြဲတမ်းလိုက်နာမယ့် အဖွဲ့ဝင်တစ်ယောက် အဖြစ် အမြဲ အသင့်ရှိနေမှာပါ။
Mo love steemit myanmar msc
Author@aye momo(MSC-051)
Photo by google

Sort:  

ဟုတ်ပါတယ်ရှင့်

စည်းကမ်းလိုက်နာပြီး ဆက်ကြိုးစားကြမယ်

ဟုတ်ကဲ့ပါ fighting

အလဲ့ သူ ပုံတစ်ပုံတည်း သုံးတယ်တော့...

ဟုတ်တယ်လေ တစ်ခါတစ်လေပေါ့

MSC ကတကယ်ကောင်းတဲ့နေရာတစ်ခုပါ

ဟုတ်တယ်ရှင့်

အတူတူကြိုးစားကြပါမယ်

ဟုတ်ကဲ့ fighting

လိုက်ရောညီထွေနေတတ်တာလည်း မင်္ဂလာပါ

ဟုတ်ကဲ့ပါရှင့်

အတူကြိုးစားကြတာပေါ့ဗျာ

ဟုတ်ကဲ့၊fighting

အတူတူကြိုးစားရမှာပါ ကိုဟင်ရဲ့စေတနာတွေအလကားမဖြစ်အောင်

ဟုတ်ကဲ့ပါ

အပေါ်ကလူတွေအပင်ပမ်းခံလုပ်ပေးနေတာကိုသိရင် ရင်ထဲကြည်နူးမိတယ် မြန်မာတွေpost နောက်ဆို $1000 ကျော်တွေမြင်အောင်ကြိုးစားကြမယ် copy မကူးခြင်းဖြင့်အတွေးတွေတိုးတတ်လာမယ် တဖြည်းဖြည်းအရေးသားတွေကောင်းလာမယ် အသိဥာဏ်ပွင့်လင်းလာမယ် MSC တစ်ဖွဲ့လုံး တိုးတတ်ကြပါစေဗျာ..

ဟုတ်ကဲ့ရှင်
ပေးတဲ့ဆုနဲ့အတူတူပြည့်ကြပါစေ

အားတက်​​စေပါတယ်​။အစ်​မpostကိုဖတ်​ရတာ။

ဟုတ်ကဲ့ပါ fighting

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 58054.32
ETH 2357.16
USDT 1.00
SBD 2.42