လွတ်လပ်ရေးအကြိုဂုဏ်ပြုဂီတပွဲလေး

in #myanmar6 years ago (edited)

image
Steemit members အားလုံး မင်္ဂလာပါရှင်။
မိုတို့ရပ်ကွက် ဆွမ်းကြီးလောင်းပွဲလေးလည်း ပြီးရော နောက်တစ်ပွဲ ရောက်လာပြန်ပေါ့။ ပွဲနှစ်ရက်လုံး ညီမလေးက ကြည့်ချင်တယ်ဆိုလို့သာ အဖော်လိုက်ကြည့်ပေးရတာ စိတ်ကမပါတော့။ ငယ်ငယ်တုန်းကလို မပျော်တော့။ ဒီကြားထဲ ပွဲက မကောင်း၊မင်းသမီး၊မင်းသားကလည်း မချော အိပ်ပါငိုက်တာ ညီမလေးကို သနားလို့ သည်းခံပြီး ကြည့်ပေးတာ။ အခု ပွဲနှစ်ရက်ပြီးလို့ နောက်တစ်ပွဲတွက် ပြင်ဆင်နေကြတာ မိုတို့ ရပ်ကွက်မှာလေ။

ဘာပွဲလည်းဆိုတော့ လွတ်လပ်ရေးနေ့ ရောက်တော့မှာမို့ လွတ်လပ်ရေး အကြို ဂုဏ်ပြုတဲ့ ဂီတပွဲလေးပေါ့။ ဂီတပွဲလေး ဆိုလို့ နိုင်ငံကျော် အဆိုတော်တွေ လာမှာတော့ မဟုတ်ဘူးနော်။ ရပ်ကွက်မှ ကာလသား၊ကာလသမီးများမှ တီးဝိုင်းငှားပြီး နှစ်ရက်တာ အဆိုတော် လုပ်ကြတဲ့ ပွဲလေးပေါ့။ ဒီပွဲလေး လုပ်လာတာတော့ သိပ်မကြာသေးဘူး။ လေးငါးနှစ်လောက်ပဲ ရှိအုန်းမယ်။ ရပ်ကွက်လူငယ်များ ဦးစီးကာ ရပ်ကွက်မှ အဆိုဝါသနာပါသူ မည်သူမဆို ဆိုခွင့်ရအောင် ပြုလုပ်ပေးတဲ့ ပွဲလေးပေါ့။ အဲဒါကြောင့်လဲ ရပ်ကွက်လူငယ်များ၊တစ်ချို့လူကြီးများ ပျော်ရွှင်ကြတဲ့ ပွဲလေးပေါ့။ လူကြီးအားလုံးတော့ မပျော်ဘူးပေါ့။ ဘာလို့ဆို လူကြီးများဟာ အသက်အရွယ် ရလာကြတော့လည်း ဆူညံပူညံ သံတွေကြားရတော့ သူတို့မှာတော့ စိတ်ညစ်ရှာကြတာပေါ့။ ဒါကြောင့် တစ်ချို့လူကြီးလို့ ပြောရတာပါ။ ရပ်ကွက်ထဲမှာနေတာ့လည်း လူကြီးများမှာ စိတ်ညစ်လည်း သည်းခံရတာပေါ့။
image
လွတ်လပ်ရေးနေ့ကို အကြိုဂုဏ်ပြုပြီး ဂီတပွဲလေးလုပ်တာဆိုတော့ လွတ်လပ်ရေးနေ့ မရောက်ခင် သုံးရက်နေ့ညနဲ့ လေးရက်နေ့ည နှစ်ရက်တိုင်တိုင် ကျင်းပတဲ့ ပွဲလေးပေါ့။ ရပ်ကွက်က လူငယ်တွေဆိုတော့ အဆိုတော်တွေ မဟုတ် အလေ့အကျင့်က မရှိ ဆိုချင်ကြတာပဲ သိတာလေ။ မိုတို့မြို့ရဲ့ နာမည်ကြီး တီးဝိုင်းကိုငှားပြီး သေချာစတိတ်စင်နဲ့ ကျင်းပတာ ဆိုတော့ တီးဝိုင်းနဲ့ အဆင်ပြေပြေ ဆိုနိုင်ဖို့ကို ပွဲမဖြစ်ခင် နှစ်ရက်လောက်ထဲက ရပ်ကွက်ဓမ္မာရုံမှာ တစ်ယောက် တစ်လှည့် သီးချင်းတိုက်ကြတာ ဆိုတော့ တစ်ရပ်ကွက်လုံး သီချင်းသံများနဲ့ ဆူဆူညံနေတော့တာပေါ့။ နေရော ညရော အားရပါးရ သီချင်းတိုက်ကြတာ ရပ်ကွက်ဓမ္မာရုံက မိုတို့လမ်းထဲ မိုတို့အိမ်နဲ့ မျက်စောင်းထိုးမှာ ရှိတော့ အသံကတော့ ဘယ်ပြောကောင်းမလဲ အတိုင်းတိုင်းပေါ့။ အိမ်က အဖွားကတော့ လူကြီးဆိုတော့ စိတ်ညစ်တာပေါ့။ မိုကတော့ ညံတယ်ဆိုပင်မယ့်လည်း သီချင်းနားထောင်တာ ဝါသနာပါတော့ အကြိုက်ပေါ့။ သူတို့သံတွေက အဆိုတော်တွေ မဟုတ်တော့လည်း တစ်အားကြီး အဆင်မပြေကြပင်မယ့် နားထောင်ကောင်းသော အဓိပ္ပါယ်ရှိတဲ့ သီချင်းများသာ ဆိုကြတာ ဆိုတော့ နားထောင်ရတာ အဆင်ပြေပါတယ်။ တစ်ချို့လည်း အဆိုတော်တွေလို ကောင်းတဲ့သူတွေလည်း ရှိကြတာမို့ မိုတို့ ရပ်ကွက် တီးဝိုင်းပွဲဆို လူကစည်ကားမြဲ။

မိုတို့ရပ်ကွက်က အလှူလုပ်ရင်လည်း တက်ညီလက်ညီ ရှိကြသလို ပျော်ပွဲရွှင်ပွဲ ဆိုလည်း တက်ညီလက်ညီ လုပ်ကြတာပါပဲ။ အခုပဲကြည့်လေ ဆွမ်းကြီးလောင်း ပွဲပြီးတာနဲ့ နောက်နေ့ သီချင်းတိုက်နေကြပြီး ပွဲနှစ်ရက်လုံးလည်း အိပ်ရေးပျက်ထားကြတာ မမောနိုင် မပန်းနိုင် နောက်တစ်ပွဲတွက် ပြင်ဆင်နေကြပြီလေ။ ဂီတပွဲတွက် ပြင်ဆင်ရသလို လွတ်လပ်ရေးနေ့မှာ ကလေးများတွက် ပျော်ပွဲရွှင်ပွဲ ကစားပွဲတွက် အမျိုးစုံအောင် စီစဉ်ပေးကြရသေးတာ၊ အဲလို မိုတို့ရပ်ကွက်က အလှူလုပ်ဖို့ တက်ကြွသလို ပျော်ပွဲရွှင်ပွဲလုပ်ရာမှာလည်း တက်ကြွတယ် လူညီတယ်လို့ ပြောရမှာပဲ။ ဒါကြောင့်လည်း မိုတို့ရပ်ကွက်လေးဟာ အေးချမ်းပါတယ်ရှင်။

မိုနေတဲ့ မော်လမြိုင်မြို့လေးကို နှစ်သက်သလို မိုမွေးကတည်းက နေထိုင်ရာ ရပ်ကွက်လေးမှာလည်း ပျော်သလို မိုတို့ နိုင်ငံ မြန်မာပြည်ကြီးကိုလည်း အရမ်းချစ်ပါတယ်။ မြန်မာနိုင်ငံသား ဖြစ်ရလို့ ကျေးဇူးလည်း တင်သလို ဂုဏ်လည်းယူတယ်။ မြန်မာပြည်ကြီး လွတ်လပ်အောင် စွမ်းဆောင်ပေးတဲ့ ဖခင်ကြီး ဗိုလ်ချုပ်ကို ဂုဏ်ပြုတဲ့ မိုတို့ရပ်ကွက်က ကျင်းပပေးတဲ့ ဂီတပွဲလေး အကြောင်း ရေးသား ဝေမျှလိုက်ရတာပါ။ steemit members အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ကောင်းမွန်သော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေနော်။
@ayemomo(MSC-051)
Photo by google

Sort:  

မကြီးရေလာလည်လို့ရလားသားလည်းပျော်ချင်ဘီလေ

ရပါတယ်ရှင့်

ဟုတ်​...​ပျော်​စရာကြီးဘဲ...​ပြောပြ​ပေးလို့လည်း​ကျေးဇူးပါ

ဟုတ်ကဲ့၊ဖတ်ပေးလို့လည်းကျေးဇူးပါ

မော်​လမြိုင်​က စည်​ကားပြီး​နေချင်​စရာ​လေး​နော်

ဘာရေးထားလဲဖတ်မရဘူး၊ကျေးဇူးပါ

ငယ်ငယ်တုန်းက အချိန်တွေ သတိရမိပါတယ်.. ပျော်ပွဲရွှင်ပွဲတွေမှာ ပါဝင်ဆင်နွှဲရတာလေးတွေ

ငယ်တုန်းချိန်ပဲကောင်းတယ်နော်

မြန်မာပြည်အောက်ပိုင်းမှာ အလုပ်များတယ်နော် ကျန်တဲ့ဖက်တွေသိပ့်မတွေ့ရဘူး ဗျ ပျော်စရာကောင်းတဲ့ပွဲ ဓလေ့လေးတစ်ခုပါ

ဟုတ်ကဲ့ရှင့်

ပျော်စရာကြီး

ဟုတ်တယ်

တို့ဆီမှာလည်း နှစ်တိုင်းလုပ်တယ်
ဒီနှစ် တော့ မိုးတေ တစ်အားရွာနေလို့ လုပ်ဖြစ်တော့ဘူး

ဟုတ်တယ်နော်၊အဲ့ဘက်မှာမိုးတွေရွားနေတယ်လို့ကြားတာ

သူတို့လွတ်လပ်ရေးနေ့ကတော့ ကောင်းပါပေ့ တို့ဝန်ထမ်းတွေလွတ် လပ်ရေးကတော့ခုထိမလွတ်လပ်သေးဘူး

လွတ်လပ်ရေးနေ့ပိတ်ဘူးလား

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 61440.52
ETH 3447.43
USDT 1.00
SBD 2.52