ကိုယ့်အတွက်အကျိုးရှိပါစေ

in #myanmar7 years ago

image

Steemit members အားလုံး မင်္ဂလာပါရှင်။
မို proတွက် ရည်ရွယ်ပြီး အားရပါးရ ရေးထားတာ postလေးလည်း တင်ပြီးရော pro နားတဲ့ရက်နဲ့ တိုက်ဆိုင်သွားပြန်လေတော့ နောက်တစ်ပုဒ် ကြိုးစားရေးဖို့ စဉ်းစားရပြန်ရော ဘာရေးရင် ကောင်းမလဲပေါ့။ ကိုယ်တွေက စာရေးဆရာ မဟုတ်တော့ တစ်ပုဒ်ထွက်ဖို့ မနည်း စဉ်းစား နေရတာလေ။ အခုလည်း တွေးနေရင်းနဲ့ ချရေးတာ အကြောင်းအရာက မပေါ်သေး။ မိုက နည်းပညာပိုင်းလည်း နားမလည် စာဖတ်အားကလည်းနည်း ဖတ်တာနဲ့ အိပ်ကငိုက်သေး အဲလိုဆိုတော့ ဗဟုသုတက မကြွယ် အခုတောင် steemitရဲ့ ကျေးဇူနဲ့မို့ မဖြစ်မနေ စာတွေဖတ်လာရတာမို့ မသိတာတွေ သိလာရသလို အနယ်နယ် အရပ်ရပ်က အသိမိတ်ဆွေတွေလည်း တိုးလာတာမို့ steemitကို ကျေးဇူးတင်မိတာ အမှန်ပါ။

image

မို ဖုန်းက တစ်နေ့နေလို့ တစ်ခါဖုန်းလာတယ် ဆိုတာ ရှားမှရှား မို ဖုန်းကိုင်တဲ့ အဓိက ရည်ရွယ်ချက်က ခေတ်နဲ့ အမှီလိုက်နိုင်ဖို့ သူများတွေ သိသလို ကိုယ်မသိလိုက် ရရင် ဒီခေတ်ခါကြီးထဲ နောက်ကျကျန်နေမှာ အမှန်ပဲလေ။ ခေတ်စနစ်ကြီး ပြောင်းလဲလာတာနဲ့ အမျှ လူတွေမှာလည်း ပိုတော် ပိုတက် လာကြသလို အတုမြင် အတက်သင် မကောင်းတာတွေဘက် ရောက်သွားသူတွေလည်း အများကြီးပါ။ ဒါကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင် ပညာ ဥာဏ်စွမ်းနဲ့ စဉ်းစား ချင့်ချိန်တက်ကြရမှာပဲလေ။ မိုကတော့ ခေတ်မှီလာတာ ကောင်းလာ ဆိုရင်တော့ ကောင်းတယ်ပဲ ပြောမှာပဲ။ ဘာလို့ဆို ခေတ်မှီတိုးတက် ပြောင်းလဲလာလို့ အခုလို ဖုန်းတွေ ပေါ်လာတယ်။ ဖုန်းတွေပေါ်လာလို့ ကောင်းတာလား ဆိုတော့ ကောင်းတာတွေ အများကြီးပဲလေ။ ဖုန်းမပေါ်ခင်က တစ်ခုခု လိုချင် ရချင်ရင် ၊ ကိုယ့်ရဲ့အနားမှာ မရှိတဲ့ မိဘ ဆွေမျိုး သူငယ်ချင်းတွေနဲ့ စကားပြောချင် အဲဒီနေရာထိ ရောက်အောင် သွားမှ ဖြစ်ပေမယ့် အခုလို ဖုန်းပေါ်လာတော့ မသွားဘဲနဲ့လည်း အလုပ်ကိစ္စတွေကို လွယ်လင့်တကူ လုပ်နိုင်သလို အချိန်ကုန်လည်း သက်သာလာတယ်လေ။ ဒါပေမဲ့လည်း သုံးတက်ရင်ဆေး မသုံးတက်ရင်ဘေး ဆိုသလိုပဲ ဘယ်အရာမှာပဲ ဖြစ်ဖြစ် ကောင်းစွာ အသုံးချလျှင် ကောင်းကျိုး ခံစားရမယ် ၊ မကောင်းတဲ့ နေရာမှာ အသုံးချလျှင် မကောင်းကျိုး ခံစားရမှာ အသေချာပဲလေ။

image

ဖုန်းပေါ်လာလို့ ရေမြေတွေ ဘယ်လောက်ခြားခြား ဆက်သွယ်လို့ ရလာသလို internet ချိတ်ဆက်မှုတွေ ရှိလာလို့လည်း တစ်ကမ္ဘာလုံးမှာရှိတဲ့ သတင်းတွေ ၊ဗဟုသုတတွေ ၊ သိမှတ်ဖွယ်ရာတွေ ၊ မမြင်ရမတွေ့ရပဲ တစ်နယ်တစ်ကျေးမှ လူအချင်းချင်း မိတ်ဆွေတွေ သူငယ်ချင်းတွေ ဖြစ်လာကြရတာ မဟုတ်လား။ ခေတ်မှီ တိုးတက် လာတာနဲ့ အတူ လူတိုင်းလိုလို ဖုန်းသုံးစွဲသူ အများအပြား ရှိလာသလို internet ချိတ်ဆက် online သုံးစွဲသူမှာလည်း အများအပြားပါ။ မသုံးသူက မရှိသလောက် ရှားတယ်လေ။ ဖုန်းနဲ့သုံးမလား ၊ ကွန်ပျူတာနဲ့ သုံးမလား onlineကို ကမ္ဘာနှင့် တစ်ဝန်း သုံးစွဲနေကြတဲ့ ဒီလို ခေတ်ကြီးထဲမှာ မသုံးစွဲဘဲ နေရင် ကိုယ့်ကခေတ်နောက်ကျသူ သူများနဲ့ယှဉ်ရင်လည်း ကိုယ်က အသိနောက်ကျနေမှာလေ။ ဒါကြောင့် ခေတ်မှီလာတာနဲ့ အမျှ ကိုယ်ကလည်း အမှီလိုက်ရမှာပဲ။ ဘာလို့ဆို ကိုယ်က ဒီခေတ် ဒီကာလမှာ လူလာဖြစ်တာကိုး။

image

မိုသိတဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် သူချမ်းသာတယ် ငွေရှာနိုင်တယ် online ဆိုတာ ကြားဖူးတယ်။ ဒါပေမယ့် ဘယ်လိုသုံးရမလဲ သူမသိ သုံးတက်အောင်လည်း သူမသင် သူ့အတွေးမှာ ဒါတွေ မတက်လည်း သူငွေရှာနိုင်တာပဲ ဆိုပြီး သင်လည်းမသင်ဘူး စိတ်လည်းမဝင်စားဘူး။ တစ်နေ့ သူစီးပွါးရေးလုပ်ငန်းနဲ့ ပက်သက်ပြီး နိုင်ငံရပ်ခြားမှ စီးပွားရေး လုပ်ငန်းရှင်မှ ပါတနာ ဖြစ်ဖို့ ဖိတ်ကြားခြင်း ခံရတယ်။ ရေမြေမတူပေမယ့် လုပ်ကိုင်တဲ့ စီးပွားခြင်းက တူတာမို့ မြန်မာနိုင်ငံမှာ သူတို့ပွဲလေးလာလုပ်တဲ့ အခါ ဖိတ်ကြားပြီး ပါတနာ အကျိုးတူ ပူးပေါင်းဖို့ အခွင့်အလမ်း ရပေမယ့် စကားပြောဖို့ Eကလည်း အားနည်း ကမ်းလှမ်းချက်များကို mail က တစ်ဆင့် ပို့ပေးဖို့ mailတောင်းတဲ့ခါ email ဆိုတာ သူဘာမှန်းမသိ သူမတက်လည်း ဘာမှမဖြစ်ဘူးလို့ ထင်ခဲ့တဲ့အရာ အခုသူလိုလာပြီး မသုံးတတ်သလို သူ့မှာလည်း mailဆိုတာ မရှိတာမို့ လုပ်ငန်းအခွင့်လမ်း ရပါသော်လည်း ဆုံးရှုံးခဲ့ရပြီ။ စီးပွားရေး လုပ်ငန်းကြီး တစ်ခု ဒီထက်မက တိုးတက်အောင်မြင် နိုင်ပါသော်လည်း အောင်မြင်သင့်သလောက် မအောင်မြင်နိုင်တာ ခေတ်အခါလိုက် မျက်စိပွင့် နားပွင့် သူများနည်းတူ သင်သင့်တာသင်ပြီး တက်မြောက်မထားလို့ မဟုတ်ပေဘူးလား။ မိုပြောချင်တာ ခေတ်မှီမှ ခေတ်ဆန်မှ ကောင်းတယ်လို့ ဆိုလိုတာ မဟုတ်ဘူးနော်။ အကောင်း အဆိုးကို ခွဲခြားပြီး ခေတ်နဲ့အညီလိုက်နိုင်ဖို့တော့ လိုတယ်လို့ မိုထင်ပါတယ်။

image

တစ်ချို့က online သုံးတာ ခေတ်နဲ့ အညီလိုက်နိုင်ဖို့လို့ မထင်ပဲ အချိန်ဖြုန်း ပိုက်ဆံကုန် ပျက်စီးဖို့ပဲလို့ တွေးနေသူတွေ ရှိသလို သူတို့တွေးသလို ဖြစ်နေတဲ့သူတွေလည်း ရှိနေတာပါပဲလေ။ onlineမှာ ကိုယ့်ဘဝ တိုးတက်ဖို့ ကိုယ့်လုပ်ငန်းတက်ဖို့ အကျိုးဖြစ်စေမယ့် အရာတွေ အများကြီး ရှိသလို ကိုယ့်ကို ဖျက်ဆီးမယ့် အရာတွေ ပျက်စီးစေမယ့် အရာတွေလည်း အများကြီးပါ။ ပျက်စီးမှာကြောက်လို့ onlineမသုံးဘူးလား။ online မသုံးရင်ရော မပျက်စီးတော့ဘူးလား။ စဉ်းစားကြည့်ရင် သိနိုင်တာပဲ ။ အရာအားလုံးဟာ ကိုယ့်ရဲ့ ကိုယ်ပိုင် ပညာ စဉ်းစားဥာဏ်နဲ့ပဲ ဆိုင်လိမ့်မယ်လို့ မိုတော့ ထင်တယ်။ onlineသုံးစွဲသူ အများအပြားမှာ ကောင်းတာတွေ ရှာဖွေ အသိပညာတွေ တိုးဖို့ ကြိုးစားနေသူတွေရှိသလို မကောင်းတာတွေ ရှာဖွေနေ မကောင်းကျိုး ဖြစ်အောင် လုပ်နေသူတွေလည်း ရှိနေကြတာပါပဲ။ လူအမျိုးမျိုး စိတ်အထွေထွေမို့ တစ်ဦးနဲ့ တစ်ဦး onlineသုံးစွဲပုံလည်း တူနိုင်မှာ မဟုတ်လို့ မကောင်းတာတွေပဲ ကြည့်ပြီး မကောင်းတာ ဖြစ်မှာစိုးလို့ onlineမသုံးပဲ ခေတ်နောက်ကျခံမလား ၊ တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ အမှားနဲ့အမှန် ကိုယ်ပိုင် ပိုင်ခြားလို့ ခေတ်နဲ့အညီ ရင်ဘောင်တန်းနိုင်ဖို့ onlineသုံးစွဲမလား ဆိုတာတော့ ကိုယ့်ဘာသာကို ဆုံးဖြတ်ကြရမှာပဲလေ။ မိုအတွက်တော့ onlineဆိုတာ သုံးတက်ရင်ဆေး မသုံးတက်ရင်ဘေးလို့ပဲ ယုံကြည်တာမို့ မိုကတော့ ခေတ်နဲ့ညီဖို့ ခေတ်မှီဖို့ onlineသုံးစွဲနေမှာပါပဲ။ အခုလည်း online သုံးစွဲမှုကြောင့် onlineပေါ်က ငွေရှာလုပ်ငန်း အများအပြားကို သိရှာလာရသလို အတွေ့အကြုံများလည်း ရရှိလာပါတယ်။ အခုလို စာတွေရေးပြီး ကိုယ်ပေးချင်တဲ့ အရာ ကိုယ်ရင်ဖွင့်ချင်တဲ့အရာ ကိုယ့်ရဲ့ခရီးသွားမှတ်တမ်း တစ်ခြားခြားသောသူများရဲ့ ပညာပေး၊ ဗဟုသုတရဖွယ်ရာ၊ နည်းပညာများ ဝေငှထားကြတဲ့ ဒီpostလေး တည်ရှိရာ steemitကြီးနဲ့ တွေ့ဆုံခွင့် ရခဲ့တာမို့ သမာအာဇီဝကျကျ ငွေရှာနိုင်သလို ပညာ၊ ဗဟုသုတ၊ အတွေ့အကြုံ၊ မြန်မာနိုင်ငံသားချင်း၊ တစ်နယ်တစ်ကျေး မိတ်ဆွေ သူငယ်ချင်းများ ဖြစ်ကာ တစ်ဦးကို တစ်ဦး ကူညီကြသူတို့နှင့် ဆုံတွေ့ခဲ့ရတာမို့ onlineပေါ်က steemit ဟာ မိုအတွက်တော့ online သုံးစွဲခွင့်ရလို့ ကျေးဇူးတင်သလို ကောင်းကျိုးပါလို့ ပြောပါရစေ။ online ပေါ်က steemitမှာ ပျော်သလို steemit myanmar msc familyကြီးကို အမြဲ ကျေးဇူးတင်နေမှာပါ။ အားလုံး ကိုယ်စိတ်နှပါး ကျန်းမာ ချမ်းသာ ကြပါစေရှင်။
Author@ayemomo(MSC-051)
Photo by google

Sort:  

ကောင်းတယ်​​ဗျာ

စာမပေါ်ပင်မယ့်၊ကျေးဇူးပါ

ရေးထားတာ​ပြည့်​စုံ​နေတာပဲ

စာမပေါ်ဘူး၊ကျေးဇူးပါနော်

အမှန်ပဲပေါ့ဗျာ . .

ဟုတ်တယ်ဟုတ်

ဟုတ်တယ်မမိုရေ။
ယူတတ်မယ်ဆို ဗဟုသုတတွေ informationတွေ နယ်ပယ်ပေါင်းစုံကမိတ်ဆွေသူငယ်ချင်းတွေ အများကြီးရရှိလာမယ့်အခွင့်အရေးတွေပါ

ဟုတ်တယ်နော်၊ဒါကြောင့်လည်းzin zinတို့နဲ့ခင်မင်ခွင့်ရနေတာလေ။း

မှန်ပါတယ်၊ online ကို မှန်ကန်စွာအသုံးချတတ်ဖို့ပဲလိုတာပါ

အဲဒါပဲလိုတာပါ၊ကျေးဇူးပါ

ဟုတ်ပေါ့ကွယ်။

အသုံးချတက်သူချင်းဆိုတော့နားလည်တာပေါ့နော်

အားပေးခဲ့သည် ငါ့မမကြီး

ကျေးဇူးတင်ပါတယ် ငါ့မောင်လေးငရဲ

ဟုတ်တယ် steemit ကစာရေးတတ်စေရုံမကဘူး ။လူကိုစာမဖတ် ဖတ်အောင်လုပ်တယ်

မိုလိုငပျင်းတောင်ဖတ်နေရတာလေ

ဟုတ်တယ်။online သုံးတာကတော့ သုံးတဲ့သူပေါ်အဓိကမူတည်တာပဲ။

Right,thanks

ဟုတ်ပါတယ် အမ အကျိုးရှိအောင်သုံးတဲ့သူတွေတော့ လုပ်ငန်းတွေအတွက်လအများကြီးအထောက်အကူပြုနေတာပါ good အမ

Right,thanks

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 59139.97
ETH 2676.50
USDT 1.00
SBD 2.44