ကျန်းမာဖို့ဂရုစိုက်ကြစို့

in #myanmar7 years ago

image
Steemit members များအားလုံး ကောင်းသောနေ့လေး ဖြစ်ပါစေ။ လူသားအားလုံးအတွက် ကျန်းမာခြင်းဟာ ချမ်းသားခြင်းထက် အလွန်ပင် အရေးကြီးပါတယ်လို့ မိုပြောပါရစေနော် ကျန်းမာမှ လုပ်ဆောင်တာမှန်သမျှ အဆင်ပြေပြေ ချောချောမွေ့မွေ့ လုပ်နိုင်မယ်ဆိုတာ မိုကိုယ်တွေ့ပဲလေ ချမ်းသာဖို့အတွက် ငွေဆိုတာ အချိန်မရွေး ရှာလို့ရပါတယ် ကျန်းမာဖို့ကတော့ အချိန်မရွေး ပြန်ရှာဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့ အရာပါ ချမ်းသာတယ် ငွေတွေ အများကြီး ရှိလည်း ကျန်းမာခြင်းကို ငွေနဲ့ဝယ်လို့ မရဘူးဆိုတာ လူတိုင်းသိလောက်ပါတယ်
image
လူတိုင်းဟာ နေ့စဉ်ဘဝကို ဖြတ်သန်းဖို့ စားဖို့ နေဖို့ လှူဖို့ စသော အမျိုးမျိုးသော အရေးတွေအတွက် ငွေဆိုတာကို မဖြစ်မနေ ရှာဖွေနေကြရတယ် အဲ့ငွေတွေ ရှာဖွေနိုင်ဖို့ လူတစ်ယောက်အတွက် အရေးကြီးဆုံးက ဘာလဲ ကျန်းမာခြင်းပဲ မဟုတ်လား မကျန်းမာလို့ အိပ်ယာထဲ လဲနေရသူမဆိုထားနဲ့ ခန္ဓာကိုယ်မှာ တစ်ခုခုထိခိုက်တာ နာကျင်တာ ခံစားနေရပြီး ဆိုရင်တောင် အလုပ်ပျက်အကိုင်ပျက် ဟိုဟာမစားချင် ဒီဟာမစားချင်ဖြစ်တော့ ဘယ်လိုလို့ ငွေရှာနိုင်အုန်းမှာလဲနော် ဒါကြောင့် မိုပြောတာပေါ့ ကျန်းမာခြင်းဟာ ချမ်းသာခြင်းထက် ပိုအရေးကြီးပါတယ်လို့ ဟုတ်တယ်ဟုတ်။
image
ကျန်းမာရေး မကောင်းတဲ့သူ တစ်ယောက်ဟာ စိတ်ထောင်းလို ကိုယ်ကျေ ဆိုသလိုပဲ စိတ်ဖိစီးမှုတွေကြောင့် ရောဂါပိုတိုးစေပါတယ် မိုတို့မိသားစုလေးမှာလည်း ကျန်းမာရေး ချို့တဲ့သူတွေ များလွန်းလို့ ကျန်းမာရေးက လူတစ်ယောက်အတွက် ဘယ်လောက်အရေးကြီးမှန်း တကယ်ကိုသိရတာပါ ကြုံဖူးမှသိ ဆိုတဲ့အတိုင်းပဲပေါ့ မိုတို့ရဲ့ဘဏ်ဟာဆေးရုံဆေးခန်းလို့ပင် ပြောရလောက်အောင် မိုတို့မိသားစုလေး ရှာသမျှငွေဟာ ဘဏ်မဟုတ်ပဲ ဆေးရုံဆေးခန်းမှသာ မြှုပ်နှံနေရတာလေ မိုတို့မိသားစုလေးသာ ကျန်းမာရေးကောင်းရင် အခုချိန် သူဌေးဖြစ်နေလောက်ပြီ မှန်တာပြောတာပါနော် အိမ်မှာလူကများသလို လူတိုင်းနီးပါး ဆေးရုံဆေးခန်းနဲ့ အခုချိန်ထိ ချိတ်ဆက် ထားနေရတုန်း ပြသနေရတုန်းပဲ ဘာလို့လဲဆိုတော့ မသေခင်ချိန်လေးထိတော့ လှုပ်ရှားရုန်းကန် နေရအုန်းမှာဆိုတော့ ကျန်းမာဖို့အတွက် ဆေးခန်းတွေနဲ့ ချိတ်ဆက်ထားရတာပေါ့ မကျန်းမာပဲကိုး။အဲ့ထဲမိုလည်း အပါအဝင်ပေါ့ မိုလွန်ခဲ့တဲ့ လေးငါးနှစ်လောက်က သွားနာလို့ သွားဆေးခန်း သွားပြရာက စတာပေါ့ သွားက ဘယ်နေရာက နာမှန်းမသိ ဆရာဝန်က အဖြေရှာမရလို့ သွားဂျိုးခြစ်ပေးလိုက်ရာကစလို့ မိုလည်း ယနေ့ထိ ဆေးခန်းနဲ့ မိတ်ဖွဲ့နေရတာလေ
image
သွားရောဂါကြောင့် ဆေးရုံတက်ရတဲ့အထိ ဖြစ်ရတယ်လို့ ပြောရင်လူတော်တော်များများက မယုံကြဘူးလေ ကိုယ့်အဖြစ်ကိုသာသိပေါ့ မလမမြို့လေးရဲ့ မဖွံ့ဖြိုးမှုလို့ပဲ ဆိုရမလားပဲ အဲဒီသွားဂျိုးခြစ်ပြီး နောက်နေ့ မနက်အိပ်ယာထတော့ ပါးစပ်ကဖွင့်လို့မရ တစ်ခြမ်းလုံးရောင်ကိုင်းပြီး ငိုခဲ့ရတာပေါ့ မလမက ရှိသမျှသွားဆေးခန်း ကုန်သွားတယ် မပျောက်ပိုပိုပြီးပဲ ဆိုးလာတာ အစားလည်းစားမရ အရည်ပဲဝင် ပါးစပ်ကဟမရတော့ သွားဆရာဝန်တွေက ကုမရ မလမမှာက သွားစိုက်တာနှုတ်တာလောက်ပဲ လုပ်ကြတာ ရောဂါကို ကုမနိုင်ကြ ဒုက္ခအကြီးကျယ် ရောက်ခဲ့တာ အိမ်ကလူတွေကတော့ ဘယ်လောက်ကုန်ကုန် ဘယ်လောက်ပင်ပန်းပင်ပန်း လိုက်ကုပေးကြရှာပါတယ်
ဒီလိုရောဂါမျိုးကလည်း ရှားတော့ ဆရာဝန်တွေတောင် ဘာရောဂါလို့ အမည်တပ်ရမှန်းမသိတာ နောက်သွားဆရာဝန် မရတော့ နားနှခေါင်း လည်ချောင်းဆီ ရောက်သွားတာ အဲ့မှာလည်း အပြင်ကရောင်တာပဲ မြင်ရတာ အထဲကိုမမြင်ရတော့ ပါးချိတ်ရောင်တာ ဖြစ်မယ် ဆေးငုံ ဆေးလူးပေါ့ မပျောက်ရင်တော့ အပြင်ကဖေါက်ထုတ်မှ ရမယ်တဲ့လေ တစ်နေ့တစ်နေ့ကိုက်တာ အိပ်လို့မရ ညတိုင်းငို အိမ်ကလူတွေကလည်း စိတ်ဘယ်ချမ်းသာမလဲ ကိုငိုနေတော့ နောက်ဆုံးမရရင်လည်း ဖေါက်တာပေါ့ ဖေါက်မှကောင်းမယ်ဆို ဘယ်တော့ဖေါက်ချင်မှာလဲ ပါးကနေဖေါက်ရမှာဆိုတော့ အဲဒါနဲ့ ဆရာဝန်ဆီ သွားပြန်ပြတော့ ဆရာဝန်က ရန်ကုန်သွားနေတယ်တဲ့ ကိုယ့်အတွက် အဆိုးထဲကအကောင်း ဖြစ်ခဲ့တာပေါ့ အဲ့မှာဟိုလူမေး ဒီလူမေးရင် ကလေးလေးတစ်ယောက်လဲ ဖြစ်ဖူးတယ် ကောင်းသွားတယ်ဆိုပြီး ဆက်စပ်မိရာ ရန်ကုန်ဆေးရုံကြီးမှ လမ်းညွှန်ပေးမှုနဲ့ ရန်ကုန်အနောက်ပိုင်းဆေရုံမှာ မျက်နှာမေးရိုးခံတွင်းကုသဆီ ရောက်မှပဲ ရောဂါရဲ့အဖြေမှန် ကုသမှုမှန်ကန်စွာနဲ့ ကောင်းခဲ့ရတာ ဖြစ်ရတဲ့အကြောင်းရင်းကတော့ သွားဂျိုးခြစ်ရင်း အကြောထိရောင်တော့ အချိန်တွေကြာ အဖြေမရတော့ ဆိုးသထက်ဆိုးစေခဲ့တာလေ ဘယ်သူမပြုမိမိမှု့ပါ ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး ကိုယ့်ဝတ်ကြွေးပေါ့ ကိုယ့်ဟိုဘဝက သူများကို ဘာလုပ်ခဲ့မိလည်းမှ မသိတာနော် ကုတာရိုးရိုးကုရတာမဟုတ် ဆေးရုံတက်ပြီးအချိန်ကြာကြာ ကုရတဲ့ထိဖြစ်ခဲ့တာ၊ကောင်းသွားပေမယ့် အခုချိန်ထိ ဆေးခန်းတော့ ပြနေရဆဲပဲလေ ပြနေရပေမယ့်လဲ ဆရာကောင်းသမားကောင်း ဆေးကောင်း နေရာမှန်ရောက်သွားလို့သာပေါ့ နို့မို့ဆို အခုsteemitမှာ မိုဆိုတာတောင် ရှိချင်မှရှိနေတော့မှာလေ
image
မိုရောဂါအကြောင်းကြီး ရေးနေတာ ဖတ်ရတာ ပျင်းရောပေါ့နော် ဒါကြောင့် အတိုချုံးပဲ ရေးထားတာ အရှည်ရေးရင် ဖတ်တဲ့သူတွေ အိပ်ပျော်သွားမှာစိုးလို့ပါ မိုအဓိက ပြောချင်တာကတော့ မိုအဲ့ချိန် ကျန်းမာရေး မကောင်းတော့ အလုပ်တွေပျက် မစားနိုင် မသောက်နိုင် အိပ်ရေးတွေပျက် ဒုက္ခတွေရောက်တာ ကိုယ်တင်မဟုတ် ကိုယ့်မိသားစုတွေ ငွေတွေ အချိန်တွေအားလုံးဟာ ကျန်းမာရေးမကောင်းလို့ ဖြစ်ရတာတွေမဟုတ်လား အဲဒါကြောင့် ကျန်းမာရေးဟာ လူတစ်ယောက်အတွက် အလွန်အရေးကြီးတာမို့ ဂရုစိုက်စေချင်တာပါ ငွေရှာမလား ပညာရှာမလား ခရီးထွက်မလား ဘာတွေပဲလုပ်လုပ် ကျန်းမာနေဖို့က အဓိကပါလို့ ပြောပါရစေ မိုရောဂါအကြောင်းလေး ထည့်ပြောရတာက တစ်ချို့က ရောဂါ အသေးအမွှားလေးဆို ဂရုမစိုက်တက်တာ ရှိလို့ပါ ဒါတောင်မိုတို့အိမ်က တစ်အားဂရုတစိုက်နဲ့ ကုတာတောင် သေးသေးကနေ ကြီးကြီးဖြစ်သွားသေးတာမို့ ဂရုစိုက်စေချင်လို့ ရည်ရွယ်ပါတယ် ကျန်းမားခြင်းသည် လာဘ်တစ်ပါး ဆိုတဲ့အတိုင်း ကျန်းမာရေး ကောင်းသူဟာ ဘဝမှာ ကံကောင်းခြင်းတွေ ပိုင်ဆိုင်ထားသူတွေပါ ဒါကြောင့် ကျန်းမာရေးကို အထူးဂရုစိုက်ကြပြီး ကံကောင်းသူတွေဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း။
Author. @ayemomo
Photo by google

Sort:  

ခုတလောမကောင်းဘူး ကံညံ့နေလားမသိ

ဂရုစိုက်ပါfri

ငယ်ငယ်ကတော့ဗျာ ကျောင်းကျန်းမာရေးဆိုလာပြီး နာတဲ့သွားမချိုးဘဲ အံသွား အကောင်းကြီး တစ်ဝက်ကလာချိုးသွားတယ် အောက်ခြေနားလေးကျန်နေတော့ သွားက သုံးစားမရတာ ခုထိ ဘယ်ဘက်တစ်ဖက်ထဲ ဝါးစရာရှိတော့ ခုကျအဲ့ဒါလေးတောင်မကောင်းတော့ဘူး

ဂရုစိုက်ပါမောင်လေး
သွားရောဂါဆိုးတာခံစားဖူးတဲ့သူပဲသိတယ်
ကိုယ်ချင်းစာပါတယ်

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64689.90
ETH 3450.92
USDT 1.00
SBD 2.50