အမှားတစ်ခုမှသင်ခန်းစာရ

in #myanmar7 years ago (edited)

image
Steemit members အားလုံး မင်္ဂလာပါရှင်။ မိုမနေ့က ocean မှာ ပစ္စည်းလေး တစ်ခု ဝယ်မလို့ မဝယ်ခင် တစ်နေ့က အဲဒီ ပစ္စည်းလေး ဝယ်ဖို့ online ကနေ သူတို့ pageကို အရင် လှမ်းမေး ထားတာ သူတို့က company ပစ္စည်း ဆိုတော့ လစဉ် promotion တို့ discount တို့ ရှိတက်တာ သိထားတယ်လေ။ နောက်ပြီး ocean မှာ ရှိမရှိ သေချာအောင်လည်း မေးဖြစ်ခဲ့တာပါ။ မေးတော့လည်း ocean မှာရှိသလို promotion လည်း ရှိပါတယ် ဆိုတဲ့ အကြောင်းလေး သေချာစွာ ပြန်ဖြေပေးပါတယ်။
image
ဒါနဲ့ပဲ ocean မှာရှိတာ သေချာတော့ မောင်လေးကို အလုပ်ပြန်ချိန် ocean လိုက်ပို့ခိုင်းတော့တာပေါ့။ မိုက တစ်ခုခုလိုချင်ရင် ရအောင် ဝယ်တတ်တဲ့ အကျင့်က ဖျောက်လို့ မရ။ မောင်လေးက အချိန်မရဘူး မြန်မြန်သွား မြန်မြန် ပြန်ဆင်းလာဆိုတော့ တစ်ယောက်တည်းက သွားလေ့မရှိ ကြောက်ကြောက်နဲ့ပဲ တက်သွားတာပေါ့။ ကိုယ်က လိုချင်နေပြီး ဆိုတော့လည်း ဝယ်ချင်စိတ်က တားမရတော့ ရောက်သွားတာလေ။ ကောင်တာလည်း ရောက်ရော လောနေတဲ့စိတ်နဲ့ ကိုယ်ဝယ်မယ့် ပစ္စည်းကို ဈေးမေးပြီး discount ရှိလားမေးတော့ မရှိဘူးတဲ့။ ညီမတို့ကို ဒီဈေးတိုင်းပဲ ရောင်းခိုင်းတာတဲ့။ အဲလို ပြောတော့ စိတ်ထဲမှာတော့ တွေးမိ တာပေါ့။

Online ကမေးတော့ discount ရှိတယ် အခုကျတော့ မရှိဘူး ဘယ်လိုမှန်းလည်း မသိဘူးပေါ့။ ဒါပေမယ့်လည်း ကိုယ်ကရောက်နေပြီး လိုချင်တဲ့ ပစ္စည်းကလည်း တွေ့နေပြီး ဆိုတော့ ဝယ်ခဲ့လိုက်တော့တယ်။ နောက်တစ်ခါ ပြန်မေး ပြန်လာနဲ့ဆို အလုပ်ရှုတ်ပါတယ်လေ။ ကိုယ့်ဘာသာကိုဆိုလည်း ဆိုင်ကယ်မစီးတတ် တစ်ယောက်တည်းက မသွားရဲတော့ ဘယ်မှ ခရီးမရောက် သူများပို့မှ ရောက်တဲ့သူ ဆိုတော့ စဉ်းစား မနေတော့ပဲ ဝယ်လာဖြစ်ခဲ့တာလေ။ ဘယ်လောက် စိတ်က လောနေလည်းဆို ဝယ်မယ့် ပစ္စည်း ဘူးခွံတောင် မဖွင့်ကြည့် ဖြစ်ခဲ့ ကျသင့်ငွေ ရှင်းပြီးတာနဲ့ မြန်မြန်ပြန်ဆင်း လာတာပေါ့။ အောက်ရောက်တော့ ငါ့ကိုဘောင်ချာလည်း မပေးလိုက်ပါလား စဉ်းစားမိသေးတယ်။ ငါလောနေလို့ပဲ မပေးဖြစ်တာလား သူက သီးသန့် နေရာမှာ ကောင်တာ ဖွင့်ထားလို့ပဲလား ဆိုပြီး အိမ်ပြန်ခဲ့တာပေါ့။ အိမ်မရောက်ခင် ဆိုင်ကယ်ပေါ်မှာတောင် စဉ်းစားမိသေးတယ် လိုချင်စိတ်ကြောင့် အပြေးအလွှား လောလောနဲ့ သွားဝယ်တာ ပါကင် ဘူးခွံတောင် မဖွင့်ကြည့်မိ ကောင်တာက ကောင်မလေး ထည့်ပေးတဲ့တိုင်း ငါယူလာမိတာ ဘူးခွံပဲပါပြီး ပစ္စည်းပါမလာရင်တော့ ဒုက္ခ ဘောက်ချာကလည်း မရှိ ငါတော်တော်ရူးတာပဲလို့ တွေးရင်း အိမ်ရောက်လာတာပေါ့။
image
အိမ်ရောက်တော့ အပြေးအလွှား ဖွင့်ကြည့်မိ ပစ္စည်းကိုတွေ့တော့မှ တော်ပါသေးရဲ့လို့ ကိုယ့်ကိုကိုလည်း ငါတော်တော် ရီရတာပဲလို့ တွေးပြီး ပြုံးမိတယ်။ ပစ္စည်းက ဝယ်တော့ ဝယ်ခဲ့တယ် စိတ်ထဲက discount မရတာတော့ မတင်မကျနဲ့ပေါ့။ ပေးတယ်လို့လည်း ပြောပြီး မပေးတော့ စိတ်ထဲ တစ်မျိုးကြီးမို့ online က page မှာ ပြန်ပြောပြမိတာပေါ့။ promotion ရှိတယ်ဆိုလို့ ပစ္စည်းတော့ သွားဝယ်ခဲ့ပြီး အမရေ promotion လည်းမရဘူးကောလို့ ပြောလိုက်မိတာကနေ ဇာတ်လမ်းလေး စတော့တာပေါ့။ ကိုယ်ကတော့ ဘာရယ်မဟုတ် ရှိတယ်ပြောပြီး သွားဝယ်မှ မရှိဘူး ပြောတော့ စိတ်ထဲမတင်မကျလေး ဖြစ်နေတာကို ဘာရယ်မဟုတ် ပေါ့ပေါ့လေး ရင်ဖွင့် ပြောမိလိုက်တာ ကိုယ်စကား တစ်ခွန်းက ကြီးကျယ် ခမ်းနား သွားပါလေရော။ အဲ့မှာ အမရယ် တောင်းပန်ပါတယ် သူတို့မှားတာပါ။ သူတို့ သေချာအောင် ပြန်မေးပြီး အမကို ဖုန်းပြန်ဆက်ပေးပ့ါမယ်။ ဖုန်းနံပါတ်နဲ့ နာမည်လေး ပေးခဲ့ပါပေါ့။ မိုကလည်း ရတယ်နေပါစေတော့ ပြန်လိုချင်လို့ ပြောတာမဟုတ်ပါဘူး သိချင်လို့ မေးကြည့်ရုံလေးပါလို့ ပြောလည်း မရပဲ။ pageက ညီမလေးကလည်း တောင်းပန် ရုံးချုပ်ကလည်း ဖုန်းဆက်ပြီး တောင်းပန် သူဝန်ထမ်း ပေါ့လျော့မှု ဆိုပြီး ကိုယ်ကလည်း အဲလိုမျိုးကြီး တောင်းပန်ခံချင်လို့ ပြောတာမဟုတ်တော့ နေရခက်တာပေါ့။ ကိုယ်ကပဲ ပြန်တောင်းပန်ပြီး နေပါစေ တစ်ခါတစ်လေ အမှားဆိုတာ ရှိမှာပေါ့ ကိုယ်လည်း အရောင်းဝန်ထမ်း တစ်ယောက်မို့ နားလည်ပါတယ်လို့ အဆင်ပြေသွားအောင် ပြန်ပြောလိုက်တယ်။ ဒါတောင် မပြီးသေး ကောင်တာ ကောင်မလေးက ဖုန်းဆက်ပြီး တောင်းပန်လာပြန်တယ် သူတို့မှားသွားပါတယ် ဝန်ထမ်းက အသစ်ဖြစ်နေလို့ မသိသေးလို့ပါ discount တန်ဖိုးကိုလည်း ပြန်ပေးပါ့မယ် လာပြီးလည်း တောင်းပန်ပါ့မယ် လိပ်စာပါအတင်းတောင်း ပေးလိုက်ရတယ်။ ရုံးချုပ်က ဖုန်းဆက်လာရင်သာ အဆင်ပြေအောင် သူတို့အလုပ်မပြုတ်အောင် ကြည့်ပြောပေးပါနော်နဲ့ တောင်းပန်ရှာတယ်။ ကိုယ်ကလည်း အဲလိုဖြစ်မှာစိုးလို့ အဆင်ပြေအောင် ပြန်ပြောပေးထားပြီးသားပါ။ ဒါပေမယ့် သူတို့အဲလိုပြော တောင်းပန်နေကြတော့ တကယ်စိတ်မကောင်း ဖြစ်သွားတယ်။
image
မိုရဲ့ မရည်ရွယ်ပဲ ပြောလိုက်တဲ့ စကားတစ်ခွန်းက သူတစ်ပါးတွက် အကြီးကြီး ဖြစ်သွားပါလား နစ်နာသွားမှာလား ဆိုတဲ့စိတ်နဲ့ တကယ်ကို စိတ်မကောင်း ဖြစ်မိပြီး ဝမ်းနည်းရပါတယ်။ တကယ်တော့ ပြန်လိုချင်စိတ်နဲ့ ပြောခဲ့တာလည်းမဟုတ် တောင်းပန်ခံချင်လို့ ပြောခဲ့တာလည်း မဟုတ် သိချင်စိတ် တစ်ခုနဲ့ပဲ ပေါ့ပေါ့လေး မေးခဲ့မိတာပါ။ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် သူတစ်ပါး အဆူခံရ အလုပ်ထုတ်ခံရမယ်ဆိုရင် မိုရဲ့အမှား ဖြစ်သွားပြီးပေါ့ ဆိုပြီး တွေးရင်း pageက ညီမလေးကို အကူညီတောင်းပြီး ကောင်မလေးကို မဆူပါနဲ့ အလုပ်လည်းမထုတ်ပါနဲ့ ရုံးချုပ်ကို ပြောပေးပါ ပြန်တောင်းပန်လိုက်ရတယ်။ တကယ်လည်း ကောင်မလေးက လာတောင်းပန်ရှာပါတယ် ကိုယ်လည်း သူ့ကို အားလည်းနာ စိတ်မကောင်း ဖြစ်လို့ ပြန်တောင်းပန်နဲ့ ဒီနေ့တစ်နေကုန်ပါလေရော။ မိုအဓိက ပြောချင်တာလေးက ကောင်မလေးက မှားတယ် ဆိုပင်မယ့်လည်း မိုရဲ့ မရည်ရွယ်ဘဲ ပေါ့ပေါ့လေး ပြောမိတဲ့ စကားဟာ သူတစ်ပါး ထိခိုက်နစ်နာ သွားစေနိုင်တယ် ဆိုတာ မိုတွေးခဲ့ရမှာပါ။ အခုတော့ ရုံးချုပ်ကို မိုကပြန်တောင်းပန် ပေးတော့ ကောင်မလေး အဆင်ပြေသွားပင်မယ့် ကိုယ့်မှာတော့ စိတ်မကောင်းတွေ ဖြစ်ရ စကားလေး တစ်ခွန်းဟာ သူတစ်ပါး အမှားကို ကိုယ်အမှား ဖြစ်အောင် ပြန်ဖန်တီး မိပါလားလို့ ဆင်ခြင် သုံးသပ်မိလို့ပါ။ စကားဆိုတာ ကိုယ့်အတွက်တော့ ပေါ့ပေါ့လေး ပြောလိုက်တယ် ဆိုပင်မယ့် သူတစ်ပါး ထိခိုက်နစ်နာ သွားနိုင်တယ် ဆိုတာလေး သတိလေးနဲ့ ဆင်ခြင်သုံးသပ်ပြီး ပြောသင့် မပြောသင့် စဉ်းစားရမှာပါလားလို့ သင်ခန်းစာလေး ရလိုက်လို့ပါ။ မိုရဲ့ စကားတစ်ခွန်း အမှားကို ပြန်လည် ရင်ဖွင့်ရင်း မိုလို့အမှားမျိုး မဖြစ်အောင်လို့ပါ။ လူတိုင်းဟာ တစ်ခါတစ်လေမှာ စကားကို လွယ်လွယ်လေး ပြောမိတက်ကြတာလေး ရှိလို့ပါ။ ဥပမာ မိုလိုပေါ့နော်။ steemit members အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး မိုလိုအမှားမျိုး မဖြစ်အောင် သင်ခန်းစာ ယူနိုင်ဖို့ မိုရဲ့ ကိုယ်တွေ့လေး မျှဝေတာပါ။
Author @ayemomo (MSC-051)
Photo by google

Sort:  

မှားတယ်လို့တော့မဟုတ်ပါဘူးလေ

ဟုတ်ပါတယ်
ဒါပေမယ့်ကိုယ့်စကားကြောင့်သူနစ်နာသွားမယ်ဆိုအမှားဖြစ်သွားမှာပေါ့နော် အားပေးတာ ကျေးဇူးပါ

ထူးထူးဆန်းဆန်းပါလားနော်

ဘာထူးဆန်းတာလဲ

ကိုယ်မှားတာ လို့လဲ မဟုတ်ပါဘူးလေ

ဟုတ်ကဲ့ကျေးဇူးပါ

အကိုအန်ပြောသလိုပါဘဲ အမမှားတာ လို့လဲ မဟုတ်ပါဘူးလေ

ဟုတ်ကဲ့ပါအားပေးတာကျေးဇူးပါ

Company တွေက နောက်ပိုင်း customer care သေချာလုပ်လာကြလို့ပါ။

ဟုတ်တယ် စိတ်မကောင်းဖြစ်ရတာပေါ့

မှား​တော့မမှားပါဘူး။ ဒါ​ပေမယ့်​ မမို့ရဲ့စိတ်​ဓာတ်​ကို​တော့ အရမ်း​လေးစားမိပါတယ့။

ကျေးဇူးတင်ပါတယ်ရှင့်
အခုလိုအားပေးတဲ့တွက်ပါ စိတ်မကောင်းဖြစ်နေလို့

thank for sharing

တစ်ခါတလေတော့လည်းနမော်နမဲ့ဖြစ်နိုင်ပါတယ်
တစ်ခါတလေတော့လည်းမထင်မှတ်တဲ့အရာတွေကဖြစ်လာတက်ပါတယ်

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 62405.22
ETH 2436.36
USDT 1.00
SBD 2.62