ပင်လယ်ပျော်တို့၏ ကျန်းမာရေး (သို့) ဂျပန်ကျန်းမာရေးဝန်ထမ်းများ ၏ စိတ်ဓါတ် (၂)

in #myanmar7 years ago (edited)

image

အချိန်နဲ့ဒီရေသည်‌လူကိုမ‌စောင့်‌ဆိုသလိုပါပဲကျွန်တော်တိုတွေ
အသက်တွေကြီးလာကြတယ်။်ငယ်ရွယ်တဲ့အချိန်တွေမှာတော့အားမာန်
အပြည့်နဲ့တက်တက်ကြွကြွနဲ့တာဝန်မလစ်ဟင်းအောင်လုပ်ဆောင်နိုင်ပေ
မယ့်လဲ အသက်တွေကြီးလာကြ တဲ့အခါ ငယ်ရွယ်ချိန်ကလို စိတ်သွားတိုင်းကိုယ်မပါတော့ပါဘူး။ လုပ်ချင်စိတ်ရှိပေမယ့် အသက်ရွယ်ကြောင့်မလုပ်လာနိုင်တာတွေရှိပါတယ်။
image
photo by google

ဂျပန်နိုင်ငံက ကျန်းမာရေးဝန်ထမ်းတွေ အကြောင်း ပြန်ဆက်ရအောင်ဗျာ။
ကျွန်တော်တို့သဘောင်္က ဂျပန်လူမျိုးပိုင်သဘောင်္ဗျ။
ဒါပေမယ့် ကိုးရီးယား company ကိုအာဏာကုန်လွှဲထားတယ်ဆို
ပါတော့။ ဒါပေမယ့် ဂျပန်ကသူ့ကိုယ်ပိုင် ဆိပ်ကမ်းနဲ့ ကိုယ်ပိုင်ကုန်ကြမ်းရှိတယ်။
ကိုယ်ပိုင်သင်္ဘော ကိုယ်ပိုင်ကုန်ကြမ်း ကိုယ်ပိုင်ဆိပ်ကမ်းဆိုပါတော့ဗျာ။
သဘောင်္ကလဲ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ထိုင်ဝမ်၊ ရုရှား
အဲသေလာက္ပဲသြားတဲ့သေဘာၤေပါ့။ နှစ်ရက် သုံးရက်ခရီးပေါ့။ တခါတလေ မုန်တိုင်းတွေ ဘာတွေရှိလို့ လမ်းမှာကြာမှ ငါးရက်ပေါ့။
Chemical Tanker သမားတွေက သွားတဲ့ရက်အရမ်းနည်းရင်
တော်တော်ပင်ပန်းတယ်ဗျ။သဘောင်္ သားတွေမှာ ငယ်ရွယ်တဲ့ လူ ပါသလို
အသက်ရွယ်ကြီးသူတွေလဲ ပါပါတယ်။ အသက်ရွယ်ကြီးပေမယ့်လဲ
မိသားစုအရေး သားသမီး ရှေ့ရေးအတွက် အနားမယူနိုင်ပဲ
မာယာများပြီးကြမ်းတမ်းတဲ့ ပင်လယ်ပြင်မှာ အလုပ်လုပ်ကြရတာပေါ့။
ကျွန်တော် ဆရာ Bosun တစ်ယောက် စိတ်ဖိစီးမှုတွေ အလုပ်ပင်
ပန်းမှုတွေ ဆေးလိပ်သောက်တဲ့ ဒဏ်တွေကြောင့်
တစ်နေ့မှာ ရင်ဘက်အောင့် လာပါတော့တယ်။
ကံကောင်းချင်တော့ သဘောင်္က ဂျပန် (ယိုကာရှိ ) ဆိုတဲ့
မြို့လေးကို ကပ်ဖို့တစ်ရက်လောက်အလိုပေါ့။
ရင်ဘက်အောင့်တော့ ကိုယ့် မြန်မာ အရာရှိကိုပြောတာပေါ့။ အရာရှိက လဲ သူကြီး (Captain)ကိုပြောပြတာပေါ့။ အဲဒါနဲ့ ထုံးစံ အတိုင်း အထက်ကို အဆင့်ဆင့် စာတင်ရတာပေါ့။ဂျပန် ပိုင် ဂျပန်ဆိပ်ကမ်းမှာဆိုတော့
သဘောင်္ ကပ်ပြီးတာနဲ့ချက်ချင်း အေးဂျင့်ရောက်လာပါတယ်။
သဘောင်္က တခြားနိုင်ငံရောက်နေလျှင် ထိုကဲ့သို့ချက်ချင်းရောက်မလာနိုင်။
အဲဒါနဲ့ ဆေးခန်းပြဖို့ အေးဂျင့်နဲ့ ပါသွားတာပေါ့ဗျာ။သာမန်အောင့်တာပဲထင်ပြီး အဝတ်တစ်ထည် ဖုန်းတစ်လုံးနဲ့ ဆေးခန်းသွားပြတယ်။
ဆေးစစ်ကြည့်တော့ နှလုံးသွေးကြော က ၉၀% နည်းပါးလောက်ပိတ်နေပါပြီ။ opertation လုပ်ရမယ်လိုပြောပါတယ်။ မလုပ်ရင်သေမယ်။ ဒီဆေးရုံမဟုတ်လဲ နောက်ဆေးရုံသွားလဲ ဒီတိုင်းမခွဲဘူးဆိုသေမယ်လို့ပြောပါတယ်။
ကျွန်တော့် တို့ Bosun က လဲ မလုပ်ချင်ဘူးလို့ပြောပါတယ်။ ဘာကြောင့်လဲ ဆိုတော့ကိုယ်နိုင်ငံလဲ မဟုတ် ကိုယ့်လူမျိုးလဲမဟုတ် စကားလဲနားမလည်၊ ပြုစုပေးမဲ့ မိသားစုဝင်လဲ မရှိတာကြောင့်ပါ။
image

မိတ်ဆွေများပဲစဉ်းစားကြည့်ပါ့။ ရေမြေခြားမှာဆွေမျိုးသားချင်း မရှိဘဲနဲ့
ဆေးရုံတတ်ဖို့ဘယ်လိုအင်အားရှိမလဲ။သဘောင်္ကလူတွေလဲ
လိုက်ပြုစုလို့မရဘူးလေ။ အလုပ်တာဝန်တွေက ရှိသေး တာကိုး။
အဲဒါကြောင့် operation မလုပ်ဘူးဟုသာတွင်တွင် ငြင်းပါတယ်။
ခွဲစိတ်ကုသရမလုပ်ရင် သေမှာသေချာတယ်လေ။အခုချိန်မှာ သွားလာ စားသောက်လို့ရပေမယ့် သဘောင်္ သွားနေချိန်ကြမှ နှလုံးရောဂါ ဖြစ်ရင်ဘယ်လိုလုပ်မလဲ။ ဆရာဝန်က ဒီရောဂါကို မကုသရင် ဒီမှာမကုပဲ သောက်ဆေးနဲ့သဘောင်္ အလုပ်လုပ်နေမယ်ဆိုရင် သဘောင်္ပေါ်မှာသေသွားမယ်လို့ပြောပါတယ်။Bosunနာမည်က ကိုတင့် လိုကျွန်တော်တို့ခေါ်တယ်။
ကိုတင့် ကလဲ operation မလုပ်ဘူးပဲ ငြင်းတယ်။
အဲအချိန်မှာ ဆေးရုံမှာရှိတဲ့ ဆရာဝန်တွေ သူနာပြုတွေ
အကုန်လုံး မျက်နှာမကောင်းကြပါဘူး။ ဘယ်လိုပြောပြော
မရတော့ အသက်တစ်ချောင်းဆုံးရှုံးရမှာ ဆိုးလို့ စိတ်မကောင်း ဖြစ်နေကြတာပေါ့။ အော် ဒါနဲ့ သူနာပြုတွေဆရာဝန်တချို့ က အင်္ဂလိပ်စကား
သိပ်မပြောတတ်ဘူးဗျ။နားလည်း မလည်ကျဘူး။
ဒါပေမယ့်လဲ သူတို့တတ်တဲ့ ဘာသာစကားနဲ့ ပြုံးပြုံးလေးပဲ ရှင်ြး့ပကြပါတယ်။ အဲလိုမျိုးက ဆေးရုံမှမဟုတ်ပါဘူး။ ဈေးဆိုင်တွေ အစားသောက်ဆိုင်
တွေက အစ အဲလို ပဲပြုံးပြီး ရှင်းပြကြပါတယ်။ ချစ်စရာ အကျင့်လေးပေါ့ဗျာ။
အဲလိုမျိုးအချိန်မှာ e လိုကောင်းကောင်းပြောတတ်တဲ့
ဆရာဝန်လေးရောက်လာတယ်ဗျ။ ကိုတင့် ကိုမေးတယ် အလုပ်အကြောင်း၊
မိသားစု အခြေနေတွေနဲ့တခြားအကြောင်းတွေ မေးတာပေါ့။ ပြီးတော့မှ
ကျန်းမာရေးအကြောင်းပြောပါတယ်။အဲအချိန် ကိုတင့်စိတ်ထဲ
မှာတခုတွေးမိတယ်တဲ့။ သွေးကြောချဲ့တာက
လက်သွေးကြောကနေ တဆင့် ဒါမှမဟုတ် ပေါင်ကသွေးကြောကနေတ
ဆင့် ချဲ့လို့ရတယ်ဆိုတာတွေးမိသွားတယ်။ အဲဒါနဲ့ ကိုတင့် ကမေးလိုက်ပါတယ်။ ဘယ်လို operation လုပ်မှာလဲလို့မေးလိုက်တယ်။
(ပထမက operation ကို ရင်ဘက်ခွဲစိတ်ရမယ်ပဲ ထင်ခဲ့တာကိုး)
လက် သို့ မဟုတ် ပေါင် ကသွေးကြောကနေ ချဲ့မှာလိုပြန်ပြောပါတယ်။
အဲလို Operation ဆို လုပ်မယ်လို့ပြောလိုက်တယ်။
အဲချိန်မှာ ဆရာဝန်တွေ သူနာပြုတွေ အရမ်းပျော်သွားကြတယ်။ သူတို့လူအသက်တချောင်းကို ကယ်လိုရလို့ ဝမ်းသာသွားကြတယ်။
ဂျပန်တွေဟာ လူအသက်တစ်ချောင်းကို ဘယ်လိုကယ်ရမလဲ ဆိုတာ
အမြဲစိတ်ကူးနေကြတာပါ။မြန်မာနိုင်ငံကဆေးရုံ ဆေးခန်း အများစုကတော့ ပိုက်ဆံ ကအဓိကပေါ့ဗျာ။မြန်မာ နိုင်ငံကတချို့ ဆေးရုံ ဆေးခန်းနဲ့ ကွာပါ့။
အဲလိုနဲ့ operation လုပ် ၆ နာရီနဲ့လောက်ကြာသွားတယ်။
သဘောင်္ကတော့ ရှေ့ဆက်ခရီးဆက်သွားရတာပေါ့။ကိုတင့် တစ်ယောက်ထဲဆေးရုံမှာဆေးကုသမှုခံယူနေရတာပေါ့။အစားအသောက် အပေါ့အပါး
ကအစ သူတို့ဆီက ဝန်ထမ်းတွေ လုပ်ပေးပါတယ်။ ရေပါတ်တိုက်တာက
အစပေါ့ဗျာ။ အဝတ်စားလဲ သူတို့ပဲ လျော်ပေးပါတယ်။သေဘာၤေပၚက
ကိုတင့် ရဲ့အဝတ်အစားတွေ အသုံးဆောင်ပစ္စည်းတွေကတော့ အေ့ဂျင့်က စာရင်းနဲ့ မှတ်ပြီး ဆေးရုံကို ယူသွားပေးပါတယ်။ ဆေးရုံကပဲ ဆေးကုသမှု ၁၀ ရက် ခံယူပြီး ကျန်းမာစွာဖြင့် အိမ်ပြန်ရောက်သွားပါတယ်။ပိုက်ဆံ
တပြားမှုမကုန်သွားခဲ့ပါဘူး။ စိတ်အေးချမ်းသာစွာဆေးကုသ
ခွင့်ရသွားပါတယ်။ သဘောင်္ပိုင်ရှင်ကပဲ ဆေးကုသစရိတ်အကုန်လုံး တာဝန်ယူသွားပါတယ်။အကယ်၍ များ တခြားနိုင်ငံမှာ ဆိုလျှင်တော့ မတွေးဝံ
စရာပါပဲ။ကောင်းလာဖို့ ၅၀ % လောက်သာရှိပါမည်။
နွေးထွေး ပျူငှာသော ကုသ မှုလဲ ရမှာမဟုတ်ဘူးလို့ထင်ပါတယ်။
ဂျပန်လူမျိုးတို့ရဲ့ စိတ်ဓါတ်ကတော့လေးစားစရာပါပဲဗျာ။
ကျွန်တော်တွေ့ခဲ့ဖူးသော ဂျပန်လူမျိုးအကြောင်းလေးတွေတချို့ရှိပါသေး
တယ်။
-bus စောင့်လျှင်တောင် တန်းစီ စောင့်စီးကြသည်။
-ကြမ်းတမ်းသော စကား ရိုင်းစိုင်းသော အမူအရာ လုံးဝ မတွေ့ရ ။
-လမ်းပေါ်တွင် ဟွန်းသံတညံညံ လုပ်ခြင်း ကျော်တက်ခြင်းများမရှိ
အချင်းချင်းနားလည် ပေးမှု့ရှိသည်။

- အလယ်ကြောတွင် အရေးပေါ် လမ်းရှိသည်။ထို အလယ်လမ်းကို
ကားများပိတ်နေပါစေ အရေးပေါ်လမ်းမှမသွားကြပါဘူး။

် - အတုယူစရာစိတ်ဓါတ်လေးတွေပေါ့။

ကိုတင့်ကြီးလဲ ဂျပန်သူနာပြုမလေးတွေလအပြုစုကောင်းလို့ ကျန်းကျန်း
မာမာဖြင့် ကျွန်တော့်တို့နှင့် စီးခဲ့သောသဘောင်္သို့နောက်တစ်ခေါက် ပြန်
တတ်သွားပါတော့သည်။ - - - - -


steemit myanmar မှ ဆရာများ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေအပေါင်းသင်းများကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ။

writer@ayeminmaung

Sort:  

တိုင်းပြည် တိုးတက်တာ ပြည်သူတွေရဲ့ စိတ်ဓါတ်နဲ့လည်း အများကြီး ဆိုင်ပါတယ်။ ဆက်ရေးပါအုံး... ပင်လယ်ပြင် အလုပ်အကြောင်းရေတာ အစ်ကို တယောက်တည်း ရှိတယ်။ အားပေးနေမယ်။

ဟုတ်ကဲ့ အစ်ကို ဆက်ရေးပါ့မယ်။ ကျွန်တော်တို့တိုင်းပြည် တိုးတတ်ဖို့
အတွက် အရိုးစွဲနေတဲ့အကျင့်ပျက် စိတ်ဓါတ်တွေ အများကြီးပြုပြင်ရအုံး
မယ်ထင်တယ်အစ်ကို ဟင်! ရေ. . .

Coin Marketplace

STEEM 0.19
TRX 0.18
JST 0.033
BTC 89688.42
ETH 3103.55
USDT 1.00
SBD 2.80