ကျွန်တော်နှင့်ပင်လယ်ပျော်တို့၏ ဘဝ(၅) (သို့)အိမ်ပြန်ခရီး( Go Home)

in #myanmar7 years ago (edited)

image
ကျွန်တော်တို့တွေ့ဟာ ကံတရားကိုယုံကြည့်ကြပါတယ်၊
ကံတရားနဲ့သာဆိုင်ပြီး အန္တရာယ်ဖြစ်စေ ကံကောင်းခြင်း
ဖြစ်စေ ဖြစ်ကြတယ်လို့ထင်ကြတာပါ။ (ကံဆိုသည်မှာ အလုပ်ပဲဖြစ်ပါ
တယ်။)ငါတို့တော့ အန္တရာယ်မဖြစ်လောက်ပါဘူးဆိုပြီးနေကြတယ်။
တကယ်တော့ သူများထီပေါက်တယ်ဆိုပြီး ထီလိုက်ထိုးကြတာ။
သူများကားaccidentဖြစ်တယ်။ဆေးရုံရောက်သွားတယ် သေသွားတယ်။အဲလိုမျိုးကြတော့ ငါကတော့မဖြစိပါဘူးလေ ဆိုပြီးတွေးကြပါတယ်။
ထိုကဲ့သို့သောပေါ့ပေါ့တန်တန်တွေးကြတဲ့လူတွေများပါတယ်။
ဒါကြောင့်သူများတွေ မုန်တိုင်းတွေမိ
သဘောင်္တွေမှောက် ပေါက်ကွဲ နေတာ ငါတို့တော့
မဖြစ်ပါဘူးလေ ဆိုပြီး သဘောင်္ လိုက်နေကြတာ။
ပေါ့ပေါ့တန်တန်တွေးနေကြတာ။ အဲသလိုမျိုးမတွေး
ပဲ သတိဝီရိယနဲ့ လုပ်ကြရမှာပါ။
image
photo by google

သဘောင်္ပေါ်ရောက်သွားတော့လဲ ဘာပဲဖြစ်ဖြစ် ဖြစ်ချင်ရာဖြစ် ဖြစ်လာ
သမျှရင်ဆိုင်မယ် ပေါက်တဲ့နဖူးမထူးတော့ပါဘူးကွာ
ဆိုပြီး ခက်ခဲဟူသမျှ ရင်ဆိုင်မယ် ဖြတ်ကျော်မယ်လို့
နှလုံးသွင်းပြီး အလုပ်လုပ်ကြရတာပါပဲလေ။ကုန်းပေါ်လုပ်စရာ အလုပ်မရှိလို့ရေထဲ ဆင်းအလုပ်လုပ်တာပဲ ဒီလောက်တော့ရှိမှာပေါ့ဗျာ။အလုပ်လုပ်
ရင်းပျော်စရာဖန်တီးယူပြီး စိုးရိမ်စိတ်တွေ ဖျောက်ကြရတာပေါ့ဗျာ။
image
photo by google

လူစိတ်ဆိုတာ အရမ်းမွှန်းကျပ်ရင် မကောင်းဘူးလေ။
ထွက်ပေါက်တခုခုတော့ လုပ်ကြတာပါပဲ။ ပျော်ရွှင်စရာ
ဖန်တီးကြရတာပေါ့။ပျော်ရွှင်စရာမဖန်တီးနိုင်ဘူးဆိုရင်
တော့ လောကကြီးကို တခါတည်း "ဘိုင်ဘိုင် " လို့
နုတ်ဆက်ပြီးထွက်ပေါက်ရှာကြတာပေါ့။
image
အခန်းကျဉ်းလေးထဲလဲအားတဲ့အချိန်လူစု ပျော်ပါး

ထိုကြောင့်လဲ တချို့သော company များ သဘောင်္
အရာရှိများက ကမ်းဆင်းလို့ရအောင် လုပ်ပေးကြတာ
ပေါ့။ (တချို့နိုင်ငံများ ကမ်းဆင်းခွင့်မပေးပါ)။ကမ်းဆင်း
ပြီးစိတ် အပန်းဖြေရတာပေါ့ဗျာ။ ဟိုလျှောက်ဒီလျှောက်
ဟိုကြည့်ဒီကြည့် မစားဖူးတာ စားသောက်ပေါ့။ဓါတ်ပုံတွေရိုက်ပေါ့ ။
အပြင်အဝတ်စားက ထိုအချိန်မှ ဝတ်ရတာကိုးဗျ။ ရှိုးထုတ်ရတာပေါ့နော့်။
တခါတလေ သင်္ဘောပေါ်ကလူကလွဲလို တခြားလူ
မတွေ့ရတာ နှစ်လလောက်ရှိသကိုး။
ကုန်းပျော်တတ်ရင်တော့ သဘောင်္ပေါ်မှာစိတ်ညစ်တာ
တွေ့ တာဝန်တွေ စိတ်ဖိစီးမှုတွေ ခဏတော့ ပျေက်သွား
တယ်ဗျ။ရီစရာလေးတခုလောက်ပြောပြပါ့မယ်။
သဘောင်္ပေါ်မှာ လှိုင်းဒဏ်လေဒဏ်ကြောင့် လမ်းလျှောက်ရင် ဘေးနားက တန်းတွေ ကိုင်ပြီးလျှောက်ရပါတယ်။ တန်းမရှိရင်တော့ ခြေထောက်
နည်းနည်းကားပြီးလမ်းလျှောက်ရပါတယ်။ ဒါမှလဲ ဟန်ချက်ထိန်းနိုင်မှာကိုး။အဲသလိုနေစဉ်နှင့်အမျှသဘောင်္ပေါ်မှာလျှောက်လာရတော့
ကုန်းပေါ်လဲတတ်ရော အကျင့်က ပါပြီး ကားယားကားယားနဲ့ ဟိုယိမ်း
ဒီယိမ်းနဲ့ ဖြစ်နေရောပေါ့ဗျာ။ ရေ ကြောင်ကြောင်ချင်း တမျိုးပေါ့ ။ဟိ။
image

အဲ ။ ။ နောက်ပြီးသင်္ကြန်ဆိုလဲ သင်္ကြန်ပေါ့ ။
မြန်မာပြည်မှာ သူများတွေရေပက်ခံထွက်ပျော်နေတဲ့အချိန် ကိုယ်တွေ
ကတော့ နေဝင်မိုးချုပ် ဒီရေပြင်ပဲလေ ငေးပြီး
စိတ်ကူးနဲ့သင်္ကြန်ပေါ့ဗျာ ။ဒါပေမယ့်လဲ အခွင့်ရေးရရင်ရသလို
ကဲရတာပဲလေနော်။မြန်မာကြီးပဲတစ်စီးလုံးရှိလျှင်တော့ပိုကောင်း။
သင်္ကြန်သီချင်းလေးဖွင့်ရေလေးနည်းနည်းပါတ်
ကကြပေါ့။ ဒီလိုပဲ ပျော်စရာတွေ ဖန်တီးရတယ်ဗျ။
image
ရေနည်းနည်းပါတ်တယ်ဆိုလို စာဖတ်သူများကတော့
တွေးမိလိမ့်မယ်။ ဒီလောက်ပင်လယ်ပြင်ကြီးထဲ ဘယ်ကနေ ရေရှား သလဲ လို့ပေါ့နော် ။ပင်လယ်ပြင်ကြီးက ဆားငန်ရေပါ။
ရေချို ကဝယ်ရပါတယ် ဈေးလဲကြီးပါတဟ်။
ရေချိုမှမဟုတ်ပါဘူး သဘောင်္ပေါ်ရောက်သမျှပစ္စည်း
အကုန်ဈေးကြီးပါတယ်။
(ဥပမာ - လေအားနဲ့  ရေစုပ်စက်တစ်လုံး ကုန်းပေါ်မှာ
ဘယ်နိုင်ငံမှဝယ်ဝယ် အများဆုံးပေးရ နှစ်သိန်းသုံးသိန်းပေါ့။ သဘောင်္ ကနေမှာရင်တော့ သိန်း ၃၀ လောက်ပေးရပါတယ် ။အဲသလောက်ထိဈေးကြီးပါတယ်။စားစရာများလဲ ထိုနည်း လည်းကောင်းပါပဲဗျာ။)

သဘောင်္ ရက်ရှည်သွားနေစဉ် သို့မဟုတ် သဘောင်္ပေါ် လူသစ်ရောက်ရှိလာလို့ဖြစ်စေ ဒါမှမဟုတ် သုံးလတခါဖြစ်စေ တလတခါဖြစ်စေ
ship drill(ကြိုတင်လေ့ကျင့်) လုပ်ရပါတယ်။
ဒါမှလဲတကယ်ဖြစ်လာရင် လုပ်တတ်မှာကိုး။ မီးလောင်သည်ဖြစ်စေ
သေဘာၤေပါက္ကဲြ၍ သေဘာၤေပၚ ကနေ့စွန့်ခွါရမယ် အချိန် လုပ်ရမယ်
အလုပ်တွေပေါ့ဗျာ။တခြား shipdrill တွေလဲ များစွာရှိပါတယ်။
image
image
မီးသတ်ဝတ်စုံဖြင့် ပျော်စိန် လုပ်နေချိန်

ထိုကဲ့သို့သော လေ့ကျင့်ခန်းတွေ ။လှိုင်းဒဏ် လေဒဏ်
ကြား ကန်ဆေးတာတွေ ။အချိန်ခါ ညကြီးသန်းခေါင်
ကမ်းကပ်လို့ အိပ်ရေးပျက်တာတွေ ။သံပြားပေါ် ဖဲမွေ့ယာလို
သဘောထားပြီး အိပ်ခဲ့တာတွေ။

image
ကမ်းကပ်လို့ကြိုးပေးရင်လဲ ကြိုးကြားထဲ ခြေထောက်မညှပ်အောင်
သတိထားတာတွေ( ကြိုးပြတ်ပီး ပြန်ရိုက်လျှင် ခြေထောက်ထိရင်အပြတ်ပဲလေ)ဒုက္ခတွေကြားထဲက မိသားစုနဲ့ သူငယ်ချင်းများနဲ့
အဆက်သွယ်ရချင်ရ၍ အိပ်ရေးပျက်ခံ အင်တာနက်
သုံးခဲ့တာတွေ (လိုင်းမိတဲ့ အချိန်ပဲသုံးလို့ရတာကိုး)
နေပူထဲအမြင့်ထဲ ဆေးသုတ်တာတွေ။ ထိုကဲ့သို့သော
အလုပ်များနှင့်တရက်ပြီးတရက် စာချုပ်ပြည့်၍ အိမ်ပြန်ချိန်ကို လက်ချိုးရေတွက် နေရပါတယ်။ပြန်ချိန်နီလာလျှင် အချိန်တွေက ပိုကြာသလိုခံစား
ရတယ်ဗျ။
image
photo by google

ထိုကဲ့သို့သော ဆင်းရဲဒုက္ခများ ၊ပျော်စရာများတို့ဖြင့်
ဖြတ်ကျော်ရင်း စာချုပ်ပြည့်၍ အိမ်ပြန်ရတော့မည်။
စာချုပ်ပြည့်၍ သဘောင်္ပေါ်ကဆင်း ကျန်သော
မိတ်ဆွေများကို လက်ပြနှုတ်ဆက် အထုတ်ပိုးတွေ
ဆွဲရင်း တစ်နှစ်နီးပါ စီးခဲ့သောသဘောင်္ ကြီးကို ငေး
ရင်း ရင်ထဲမှာလွမ်းသလို ဆွေးသလိုနဲ့ ခံစား နောက်ဆုံး
အနေဖြင့် တချက်ကြည့်ရင်းကျောခိုင်း ထွက်လာရတော့
သည်။ကျောက်ကွင်းမှာ ဆိုလျှင်တော့ ဘုတ် နဲ့လာခေါ်
သဘောင်္ ကိုတပါတ်ပါတ်မောင်းရင်း သဘောင်္ကြီးနဲ့
တဖြေးဖြေးဝေးသွားရတာပေါ့ဗျာ။ရင်ထဲမှာတော့
မကောင်းဘူး ။(တစ်နှစ်ပါတ်လုံး ဒီလူတွေနဲ့ပဲအလုပ်
လုပ်ကြရတာကိုး။ တလှေထဲစီး တခရီးထဲ သွားကြတဲ့
လူတွေကိုးဗျ။)

သဘောင်္ သားတိုင်းနီးပါး ခက်ထန်ကြမ်းတမ်းတဲ့ လှိုင်းလုံးတွေမုန်တိုင်းတွေ ဖြတ်ခဲ့ဘူးကြပါလိမ့်မယ်။
အဲလို ခက်ထန်ကြမ်းတမ်းအန္တရယ်များတဲ့ဘဝမှာ
လုပ်ကိုင်ကြတဲ့ လူကြမ်းကြီးတွေရဲ့ ရင်ဘက်ထဲမှာလဲ
နူးညံတဲ့ အသဲနှတစုံရှိပါတယ်။

ပြန်ရောက်ရင်တော့။ ။သင်္ဘောသားတွေရဲ့ဘဝ
ကျွန်တော်တို့ သင်္ဘော သားမိသားစုတွေရဲ့ဘဝ
ကျွန်တော်တို့တွေရဲ့လွတ်လပ်မှု ကျွန်တော်တို့တွေရဲ့
အချိန်တွေ ကျွန်တော်တို့တွေရဲ့ခံစားမှုတွေ ကျွန်တော်
တို့တွေရဲ့ဘဝနဲ့ရင်းနှီးပြီးလုပ်ကိုင်နေရတဲ့ဘဝတွေ ကျွန်တော်တို့တွေရဲ့
ချွေးနဲ့ရှာဖွေအသက်နဲ့ရင်းပြီးရခဲ့တဲ့ငွေတွေဒါတွေအားလုံးဟာပေးဆပ်
ခြင်းတွေအပြည့်နဲ့ကျွန်တော်တို့ရဲ့ဘဝနဲ့ရင်းပီးရခဲ့သောငွေတွေဖြစ်တဲ့အ
တွက်ဒီငွေတွေဟာသန့်ရှင်းပါတယ်။ ရောင်းစားခံရတဲ့ဘဝတွေပေါ့။
အခက်ခဲတွေကိုရင်ဆိုင်ပြီးအဲဒီဒေါ်လာငွေရဖို့ဘယ်လိုအလုပ်လုပ်ကြ
ရတယ်ဆိုတာမသိကြဘူးဒေါ်လာတွေကိုညှစ်ကြည့်လိုက်ရင်ချွေးတွေတောက်တောက်ကျလာနိုင်ပါတယ်။ မိသားစုနဲ့နေရမဲ့အချိန်တွေပျော်ရွှင်မှုတွေကိုရောင်းစားပြီးရခဲ့သောငွေတွေကိုနှိုက်ထုတ်ပြီးခေါင်းပုံဖြတ်ချင်နေ
ကြသူတွေပုံစံအမျိုးမျိုးနဲ့ဥပဒေတွေခြိမ်းချောက်မှုတွေဲရုံးနဲ့ဌာနတွေက ပါးပါးလှီးဖို့ဓားသွေးပြီးဓားတပြင်ပြင်နဲ့စောင့်နေကြတယ်လေ ။သေပြီဆရာပေါ့ ။
တခါပြန်ရောက်တခါ update သင်တန်း( လုပ်စားသင်တန်း )တွေတတ်ရအုံးမလဲဆိုတာ တွေးရင်းပြန်ခဲ့ရမည်လေ။ ပြန်လာလျှင်လဲမပျော်ရတဲ့ ဘဝပါလေ။

-ဘယ်လိုပဲဖြစ်ဖြစ် အိမ်ကတော့ပြန်ရမှာပဲလေ။

မြန်မာအစားစာတွေလဲ လွမ်းလှပြီလေ။

အမိမြန်မာပြည်ကြီးကိုလဲ လွမ်းလှပြီလေ။ ။

*STEEMIT မှာလုပ်ကိုင်နေကြတော့ မြန်မာညီအစ်ကိုမောင်နှမများအားလုံး ထိုသို့သော ဆင်းရဲဒုက္ခများကင်းဝေးကြပါစေ။

*ခေါင်းပုံ့ဖြတ်ခံရတဲ့ ဘဝက လွတ်ကင်းကြပါစေ။

*သူများတိုင်းပြည်မှာ အလုပ်လုပ်ရသော ဘဝမှကျွတ်လွတ်ကြပါစေ။

*ကိုယ့်လူမျိုး ကိုယ်ဘာသာ ကိုယ်မွေးမြေမှာစိတ်ချမ်းသာ ကိုယ်ကျန်းမာ
စွာဖြင့် ကိုဟ်ပိုင်စီးပွါးရေးတွေအောင်မြင်တိုးတတ်ကြပါစေဗျာ။

writer @ayeminmaung

Sort:  

ကိုယ်ချင်းစာပါတယ် bro

ကိုယ်ချင်းစာ ပေးတဲ့အတွက်ကျေးဇူးပါ bro
ဒီထက်ဆိုးတာတွေတောက်ကျန်သေးတယ် bro ရေ

ခုလို ကိုယ်တွေ့လေးတွေ ဝေမျှပေးတာ ဗဟုသုတ ရပါတယ်ဗျာ။

ဟုတ်ကဲ့ အဆီလျော် မတည့်တဲ့စာကိုဖတ်ပေးတဲ့အတွက်
ကျေးဇူးပါဗျာ့

thanks bro & law

အရေးအသားပိုင်းကို ဂရုတစ်စိုက်ရှိသူတွေများလာတာ ဝမ်းသာစရာပါ။ ပြိးလျှင်ပြီး ရောစိတ်မျိုးဖြင့်ရေးသားခြင်းမဟုတ်ဘဲ၊ ဂရုစိုက်ရေးထားတာတွေ့ရပါတယ်။ သတ်ပုံစာလုံးပေါင်းကအစအမှားကင်းကင်းနဲ့ရေးနိုင်လို့ချီးကျူးပါတယ်သားရေ။

ဟုတ်ကဲ့ ကျေးဇူးပါ ဆရာ
ဒီထက်ကောင်းအောင်ရေးနိုင်ဖို့ ဆက်လျှက်
ကြိုးစားပါအုံးမည် ဆရာ

ကျေးဇူးတင်ပါတယ်ဆရာ
ဒီထက်ကောင်းအောင်ရေးနိုင်ဖို့ကြိုးစားပါမည် ဆ

အော်အော် အိမ်ပြန်လာသေးသကိုး အိမ်မြန်မြန်ပြန်ရောက်လာလို့ တော်သေးဟ မည်သို့ပင်ဖြစ်စေကာမူ ကျနော်လည်း မြန်မာအစားအစာကို တမ်းတမ်းတတ လွမ်းဆွတ်ဖူးပါတယ်ဗျာ

အိမ်မပြန်ရရင် ရူးသွားနိုင်တယ်ဗျို့

. love your post. but there is always bully in our life bro...

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 62959.39
ETH 2453.52
USDT 1.00
SBD 2.62