ပတ္တမြားသနပ်(ခေါ်)ငှက်ပျောဖူးသနပ်
ငှက်ပျောဖူးကိုချက်စား၍သော်လည်းကောင်း မန်းကျ ည်းမှည့်နှင့် ပြုတ်ပြီးအတို့ အမြုပ်ဖြစ်သော်လည်းကောင်းပြုလုပ်စားသုးံကြပါသည်။ငှက်ပျောဖူးများကိုချက်ရာတွင်အဖြူရောင်ငှက်ပျောဖူးခွံဖက်အနုကိုသာအသုံးပြုကြသည်။ငှက်ပျောဖူးအနီခွံဖက်များကိုဖယ်ရှားပြီးလွင့်ပစ်ကြပါသည်။
ထိုသို့ လွင့်မပစ်ဘဲပတ္တမြားသနပ်ပြုလုပ်စားသုးံလို့ ရပါသေးသည်။ကျွန်မတို့ ဆီမှာငှက်ပျောဖူးသနပ်ကိုပတ္တမြားသနပ်ဟုခေါ်ပါသည်။စောင်းလျားသီးပေါ်ချိန်ဆိုအိမ်မှာပတ္တမြားသနပ်ပြုလုပ်သည်မို့ ပတ္တမြားသနပ်ပြုလုပ်နည်းနှင့်ပတ္တမြားသနပ်သုပ်နည်းကိုတင်ပြချင်ပါသည်။
ပါဝင်ပစ္စည်း
ငှက်ပျောဖူး ၄ဖူးခွာထားသောအခွံနီဖက်
စောင်းလျားသီး ၁၀လုံး
ဆားဟင်းစားဇွန်း ၂ဇွန်း
ပြု လုပ်နည်း
ခွာထားသောငှက်ပျောဖူးအခွံဖက်များကိုပါးပါးလှီးပြီးရေစင်အောင်ဆေးပါ။စောင်းလျားသီးများကိုရေဆေးပြီးဇောင်းလေးများကိုလှီးပစ်ပြီးခပ်နုပ်နုပ်လှီးပါ။ပြီးလျင်လှီးထားသောငှက်ပျောဖူးဖက်ထဲထည့်ပါ ဆားထည့်ပြီးသမအောင်နယ်ပါ။ပြီးလျင်ဖန်ပုလင်း(သို့ )စဥ့်အိုးငယ်တွင်ထည့်သိပ်ြ့ပီးလေလုံအောင်ပိတ်ထားပါ။၂ရက်ဆိုလျင်ပတ္တမြားသနပ်သုပ်စားလို့ ရပါပြီ။
(မှတ်ချက်) ။ ငှက်ပျောဖူးခွာထားသောအခွံနီဖက်မှာအပေါ်ဆုံးအဖက်များသည်အလွန်ရင့်သဖြင့်ထည့်မသုးံပါ။
ပတ္တမြားသနပ်သုပ်
ပါဝင်ပစ္စည်း
ပတ္တမြားသနပ် ဟင်းပန်းကန်သေး၁လုးံ
ကြက်သွန်နီ ၂လုးံ
ဆီဟင်းစားဇွန်း ၂ဇွန်း
ငရုတ်သီးစိမ်း ၅တောင့်
အရသာမှုန့်  အနည်းငယ်
ဆား အနည်းငယ်
ပတ္တမြားသနပ်ကိုကတ်ကြေးဖြင့်ညှပ်ထားပါ။ကြက်သွန်နီပါးပါးလှီးပြီးရေဆေးထားပါ။ငရုတ်သီးစိမ်းကိုလှီးပါ။ပြီးလျင်သုပ်မည့်ပန်းကန်ထဲကိုထည့်ပါ ဆီထည့်ပါ ။အရသာမှုန့် ထည်ပြီးရောမွှေပါ။အရသာရှိသောပတ္တမြားသနပ်သုပ်ရပါပြီ။ပတ္တမြားသနပ်သုပ်ကို ပဲနီလေး(ခေါ်)ပဲရာဇာ ဟင်းချို ပုစွန်ခြောက်မှုန့် ကြော်နှင့်တွဲဖက်စားသုးံနိုင်ပါသည်။
photo @ayeayethaw
Author @ayeayethaw
Congratulations @ayeayethaw! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Award for the number of posts published
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
Nice.
Thanks
စားကောင်းမဲ့ပုံလေး တစ်ခါမှ မစားဖူးသေးဘူး ညီမ
ဟုတ်လုပ်စားကြည့်ပါ
ကြိုက်တယ် ဆွာ
ကြိုက်ရင်စားပါ
စားချင်ထာ အချဉ်က သွားရည်ယိုစေတယ်
စားပါ
Resteemed your article. This article was resteemed because you are part of the New Steemians project. You can learn more about it here: https://steemit.com/introduceyourself/@gaman/new-steemians-project-launch