ကွမ်း၏ကောင်းကျိုးဆိုးကျိုးsteemCreated with Sketch.

in #myanmar7 years ago

ကွမ်းကိုမြန်မာနိုင်ငံတစ်ဝန်းတွင်စီးပွားဖြစ်စိုက်ပျိုးကြသည်။ကွမ်းရွက်သည်မြန်မာဆေးများဖော်စပ်ရာတွင်အသုးံဝင်သောပစ္စည်းဖြစ်သည်။ကလေးငယ်များရင်ကြပ်လျှင်ကွမ်းရွက်နှင့်နှမ်းဆီသုတ်လိမ်းပေးရခြင်းချောင်းဆိုးလျှင်ကွမ်းရွက်နှင့်လျက်ဆားကိုထုတ်ငုံပေးရခြင်း မျက်စိအတွက်ကွမ်းရွက်နှင့်ဆားအနည်းငယ်ထည့်ညှစ်သတ္ထုရည်ကိုမျက်စိတွင်ခတ်ပေးခြင်းကွမ်းရွက်ကိုမျက်ခွံပေါ်အုံပေးလျှင်မျက်စိနာမျက်ရိုးကိုက်သက်သာပျောက်ကင်းသည်။တစ်ချို့ မြန်မာဆေးများတွင်ကွမ်းရွက်ပြုတ်ရည်နှင့်သောက်ရသောဆေးများလည်းရှိပါသည်။ယခုချန်ထိကွမ်းရွက်ကိုအိမ်တွင်းဆေးမြီးတိုအဖြစ်အသုးံပြုနေကြပါသည်။"သုးံတတ်လျင်ဆေးမသုံးတတ်လျ င်ဘေး" ဆိုတဲ့ရှေးလူကြီးသူမတို့ ၏ဆိုရိုးစကားအတိုင်းကွမ်းကိုဆေးအဖြစ်အသုးံပြုလျှင်ကောင်းကျိုးများရနိုင်သလိုဆိုးကျိုးများလည်းရှိပါသည်။IMG_20180218_142352.jpg
ယနေ့ လူကြီးလူငယ်တော်တော်များများကွမ်းစားနေကြတာမြင်တွေ့နေကြရပါသည် ကွမ်းယာကိုအရင်ခေတ်က ထုံး ရှားစေး ကွမ်းသီးမြန်မာဆေးရွက်ကြီးနှင့်ယာသည်ကိုတွေ့ရသည် "တံတားဦးကကွမ်းနုဝါ ငမြာကဆေး ကွမ်းသီးတောင်ငူနှင့်ကိုင်းထုးံဖြူ ပြည်ရှား သာဝါးလို့ ထွေး" ဆိုတဲ့စာချိုးရှိခဲ့ပါသည်။ယနေ့ ခေတ်မှာရှားစေးထည့်ယာတာမမြင်တော့ပါ ထုးံ ကွမ်းသီးနှင့်နှပ်ဆေးဆိုတာတွေနဲ့ယာတာကိုတွေ့ရပါသည်အဲ့ဒီလိုယာထားတာတွေကိုနေ့ စဉ်အမြဲစားနေကြတဲ့သူတွေမှာကြာသောအခါသွားများတွင်ကွမ်းချိုးများတက်ခြင်း သွားများယိုင်နဲ့ပြီးသွားကျိုးခြင်းတစ်ချို့ တွင်ကျောက်ကပ်မှာကျောက်တည်ခြင်း ပါးစောင်ကင်ဆာများဖြစ်ကြပါသည်။IMG_20180218_143641.jpg
ကွမ်းကိုအကြောင်းအမျိုးမျိုးနဲ့စားကြပါသည်ပါးစပ်နံလို့ စားခြင်း ခံတွင်းချဉ်လို့ စားခြင်းစမ်းပြီးစားရင်းနဲ့ကွမ်းစွဲသွားတာတွေရှိပါသည် ဘယ်လိုအကြောင်းနှင့်စားစားကွမ်းသည်ကောင်းကျိုးရှိသလိုဆိုးကျိုးပါကြောင်းကွမ်း၏ကောင်းကျိုးများကိုလက်တွေ့ဘဝမှာအသုံးချနိင်ပြီးကွမ်းစွဲသွားလျှင်အင်မတန်မှကြောက်စကောင်းသောကင်ဆာရောဂါဆ်ုးများဖြစ်တတ်ကြောင်းသတိပြုဆင်ခြင်ကြစေလိုပါသည် ။
ကွမ်း၏ကောင်းကျိုးဆိုးကျိုးများကိုသိရှိကာဆောင်နိုင်ရှောင်နိုင်ကြပါစေ။

Sort:  

Resteemed your article. This article was resteemed because you are part of the New Steemians project. You can learn more about it here: https://steemit.com/introduceyourself/@gaman/new-steemians-project-launch

Nice pic friend

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 63725.17
ETH 2619.74
USDT 1.00
SBD 2.82