ကိုယ်ချင်းစာတတ်ပြီ

in #myanmar6 years ago

" ကျော်လတ်သတ္တဝါတွေကိုသနားရတယ်အဲ့ဒီလိုမလုပ်ပါနဲ့ဆိုတာပြောမရဘူးနင်ဝဋ်လည်လိမ့်မယ်"
ကျော်လတ်အမေဈေးရောင်းရင်းမှကျော်လတ်ကိုလှမ်းဆူနေသည်ကိုအငြိမ်းစားကျောင်းအုပ်ကြီးဦးမြခိုင်ကြားနေရသည်။download (15).jpg
ကျော်လတ်မိဘများသည်ဆရာကြီးဦးမြခိုင်ကိုလေးစားကြည်ညိုအားထားသည်။ကျော်လတ်သည်သတ္တဝါငယ်လေးများကိုဖမ်းပြီလှောင်ထားတဲ့အကျ င့်ရှိကြောင်းဖမ်းထားသည်များသိရှိကလွတ်ပေးပြီးကျော်လတ်ကိုထိုသို့ မလုပ်ရန်ဆုးံမပေမဲ့မရဖမ်းမြဲလှောင်မြဲပင် မနေ့ ကအိမ်မြှောင်ဖမ်းပြီးဘူးထဲထည့်ပိတ်ထားတဲ့တွက်အိမ်မြှောင်မှာမွန်းပြီးသေသွားသောကြောင့်သတ္တဝါတွေသေစေတဲ့ထိဖြစ်လာသည့်တွက်ရင်လေးနေရကြောင်းကိုကျော်လတ်မိဘများကဆရာကြီးဦးမြခိုင်အားပြောပြသည်။
"တစ်နေ့ တော့သူ့ ကိုခေါ်ပြီးဆုးံမပါအုးံမယ်"ဟုဆရာကြီးမှပြောပြီးပြန်သွားသည်။

ကျော်လတ်မိဘများသည်အိမ်တွင်ချ က်သောဟင်းများကိုဆရာကြီးဦးမြခိုင်ဆီသို့ ဦးဦးဖျားဖျားတစ်ခါတစ်လေပို့ တတ်သည်။ဒီနေ့ လည်းစောင်းလျားသီးနှင့်ငါးကြော်ချက်သည့်တွက်သားဖြစ်သူကျော်လတ်ကိုဆရာကြီးအိမ်သို့ ပို့ ခိုင်းလိုက်သည်။
မိဘများပို့ ခုင်း၍သာပို့ ရသည်ဆရာကြီးကိုသူကြောက်သည်။
ဆရာကြီးအိမ်သို့ ကျော်လတ်ရောက်လာသည်ဆရာကြီးအားမမြင်
"
ဆရာကြီး. . . . . . .ဆရာကြီး"

ကျော်လတ်အော်ခေါ်လိုက်သည်။

"ဝင်ခဲ့ဟေ့ငါစာကြည့်ခန်းမှာ"ဟုဆရာကြီးကပြန်ပြောသံကြားရတဲ့တွက်ကျော်လတ်လည်းဆရာကြီးရှိရာစာကြည့်ခန်းသို့ ဝင်ရောက်သွားတဲ့အခါ " ကျော်လတ်ပါလားဘာတွေလာပို့ တာလဲကွ" ဟုဆရာကြီးကစာဖတ်နေရင်းမှလှမ်းမေးသည်။

" စောင်းလျားသီးနဲ့ငါးကြော်ချက်အမေကပို့ ခိုင်းလို့ ဆရာကြီး"
" အေး ထိုငိအုးံကွာရော့စာဖတ်နေဦး ချို င့်သွားလှယ်လိုက်အုးံမယ်"
ဟုပြောပြီးအခန်းအပြင်သို့ ထွက်သည်။ကျော်လတ်လည်းထိုင်ခုံလေးမှာထိုင်ရင်းဆရာကြီးပေးထားခဲ့သောစာအုပ်ဖတ်နေစဉ်တံခါးပိတ်သံကြားလိုက်သည်ကျော်လတ်လန့် သွားပြီးတံခါးကိုလှမ်းကြည့်ကာခဏပဲဆရာကြီးပြန်ဝင်လာပါဟုစိတ်ထဲပြောရင်းဆရာကြီးပေးခဲ့သောစအုပ်ဖတ်နေရာစိတ်ကထိတ်လန့် နေ၍ဖတ်နေသောစာစိတ်မဝင်စား မိနစ်အနည်းငယ်ကြာလာတဲ့အခါကျော်လတ်တံခါးဆီသွားပြီးဖွင့်ကြည်သည်မရ ဆရာကြီးကိုအော်ခေါ်သည်ဘာမှထွက်မလာ အခန်းတံခါကိုမရ ရအောင်ဖွင့်ကြည့်သည်မရကြောက်စိတ်နှင့်ချွေးများပင်ပြန်လာသည်။ဘာကြောင့်ဆရာကြီးတံခါးပိတ်သွာတာလဲစဉ်းစားမရ။၄၅မိနစ်လောက်အကြာမှတံခါးဖွင့်ပြီးဆရာကြီးဝင်လာသည်။

ဆရာကြီးက " ကျော်လတ်ကြောက်နေလား" ဟုမေးသည်။
ကျော်လတ်ကထိတ်လန့် မှုမပြေသေးသောအသံဖြင့် " ဟုတ်ကဲ့" ဖြေသည်။

"
ကျော်လတ်"
" ဗျာဆရာကြီး"

" မင်းမကြာကြီးပိတ်လှောင်ထားတဲ့သတ္တဝါလေးတွေနေရာကိုတွေးမိလား"

ကျော်လတ်ရင်ထဲဒိန်းခနဲ့ဖြစ်သွားပြီးတစ်ခါမှမတွေးဘူးပါသူ့ ကြောင့်သေသွားတဲ့အိမ်မြှောင်လေးကိုသတိရသွားသည်။
ဆရာကြီးက" ကျော်လတ်သတ္တဝါတွေဖမ်းပြီးပိတ်လှောင်တာလုပ်အုးံမှာလား"

" မလုပ်တော့ပါဘူးဆရာကြီး" ကျော်လတ်မဆိုင်မတွဘဲဖြေလေသည်ပိတ်လှောင်ခံရသောခံစားမှုမျိုးကိုကိုယ်ချင်းစာတတ်သွားပြီလေ။

" ကဲ. . . ပြန်တော့မင်းမိဘတွေမျှော်နေရော့မယ်" ဟုဆရာကြီးကပြောသည်။

ကျော်လတ်သည်ဘာပဲလုပ်လုပ်ကိုယ်ချင်းစာစိတ်နှင့်လုပ်မည်ဟုစိတ်ဆုးံဖြတ်ရင်းအိမ်အပြန်လမ်းတွင်ခြေလှမ်းများသွက်နေလေတော့သည်။

photo-crd:Image-source

Author @ayeayethaw

Sort:  

Hmmmmm.... good Bro....
Ok v4v

wow vote ပီ ဗျား

ကျေးဇူးပါ

သိပ်ကောင်းတယ်သမီး
ပညာပေးလေးနဲ့ဆိုတော့ ပိုပြီးဖတ်ကောင်းတာပေါ့

ဟုတ်ကဲ့ကျေးဇူးပါ

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 61830.32
ETH 2914.09
USDT 1.00
SBD 3.62