ခရီးသွားခြင်း
လူတိုင်းလူတိုင်းနေ့ စဉ်ဘဝမှာစီးပွားရေးလူမှုရေး အိမ်မှုကိစ္စများ တာဝန်များနှင့်နေလာရသည်မှာငြီးငွေ့ပြီးပင်ပမ်းနွမ်းနယ်မှုတွေဖြစ်လာတတ်ကြပါသည်။ထို့ ကြောင့်အားလပ်ရက်လေးများတွင်နွမ်းနယ်မှုတွေပြေပျောက်စေဖို့ စိတ်ရွှင်လန်းလာအောင်ပတ်ဝန်းကျင်သစ်မှာခရီးထွက်သင့်ပါသည်။
credit-Image source
ခရီးသွားရင်းမှလည်းဒေသန္တရဗဟုသုတရရှိပြီးအကြားအမြင်ဗဟုသုတတိုးပွားစေပါသည်။မသိရှိသောအရာမရောက်ဖူးတဲ့အရပ်ဒေသမှာမမြင်ဖူးသောရိုးရာဓလေ့ထုးံတမ်းများကိုမြင်တွေ့ရမည်ဖြစ်ပါသည်။
photo by @ayeayethaw
ကျွန်မတို့ မြန်မာနိုင်ငံထဲမှာဆိုလျှင်တိုင်းရင်းသားတို့ ၏လေယူလေသိမ်းစကားသံများကိုကြားရမည်။ကိုယ့်စီမှာမရှိသောရိုးရာပစ္စည်းများကိုမြင်တွေ့ရမည့်အပြင်မစားဖူးသောအစားအစာများကိုလည်းစားဖူးကြရပါမည်။ခရီးသွားရာတွင်ခရီးတိုသည်ရှည်သည်ကအဓိကမဟုတ်ပါသွားလိုသည့်ဆန္ဒနှင်စိတ်ကသာအဓိကဖြစ်ပါသည်။ခရီးသွားခြင်းသည်လူလည်းကျန်းမာ၍စိတ်လည်းချမ်းသာမှုကိုပေးစွမ်းနိုင်သောကြောင့်စိတ်ရွှင်လန်းပြီးဗဟုသုတရစေဖို့ တွက်ခရီးသွားသင့်ကြောင်းရေးသားလိုက်ပါသည်။
photo by @ayeayethaw
Author-@ayeayethaw
me too မမလည်း ၁ နှစ် ကို အနည်းဆုံး ၃ခါတော့ ခရီးထွက်ပေးတယ်
စိတ်ရွှင်လန်းပြီးပျော်စရာနော်
သိပ်ကိုမှန်ပါတယ်
စိတ်ကိုအပန်းပြေစေပါတယ်
ဟုတ်ပါတယ်ရှင့်