ရှောက်သီးသနပ်

in #myanmar6 years ago

ရှောက်သီးသနပ်ကိုအိမ်တွင်ပြုလုပ်သဖြင့်steemitမိတ်ဆွေများကိုရှောက်သီးသနပ်ပြု လုပ်နည်းမျှဝေချင်ပါတယ်။ရှောက်သီးများကိုအိမ်တွင်ကိုယ်တိုင်ပြု လုပ်လျှင်သန့် ရှင်းလတ်ဆက်ပြီးအရသာကောင်းမွန်စွာအချိန်မရွေးစားသုးံနိုင်ပါတယ်။IMG_20180924_070152.jpg

ပြု လုပ်နည်း

ရှောက်သီးများကိုရေဆေးပြီးဓါးဖြင့်ပိုးတီလှီးသလိုလှည့်ပြီးလှီးပါ။မလှီးတတ်လျှင်ရှောက်သီးကိုရှစ်စိပ်စိပ်လျှင်လည်းရပါတယ်။လှီးပြီးသားရှောက်သီးများကိုဆားလူးပြီးဖန်ပုလင်း(သို့ )စဥ့်အိုးငယ်တွင်ထည့်သိပ့်ပြီးနေပူထဲတွင်၃ရက်၎ရက်ထားပါ။၎ရက်မြောက်တွင်ရှောက်သီးများနပ်လာပါကအပြင်သို့ ထုတ်ပြီးလိုသလောက်ရှောက်သီးသနပ်ပြု လုပ်ရပါပြီ။IMG_20180924_070301.jpg

ကျန်ရှောက်သီးများကိုဗန်းထဲတွင်ထည့်၍၂ရက်လောက်နေတွင်ပြန်လှန်းပါ။နေလှန်းပြီးရှောက်သီးများကိုဖန်ပုလင်း(သို့ )ပလပ်စတစ်အကြည်အိတ်ဖြင့်ထည့်ပြီးလေလုံအောင်ထားပါကစားချင်သောအချိန်တွင်ရှောက်သီးသနပ်သုပ်ပြု လုပ်စားသုးံနိုင်ပါတယ်။IMG_20180924_102627.jpg

ရှောက်သီးသနပ်သုပ်

ပါဝင်ပစ္စည်း

ရှောက်သီးဆားစိမ် ၁လုံး

ကြက်သွန်ဖြူ ၂ဥ

ဆီ ၂ကျပ်ခွဲသား

ငရုတ်သီးကြော်တောင့် ၅တောင့်

အရသာမှုန့် အနည်းငယ်

သကြားဟင်းစားဇွန်း ၁ဇွန်း

မဆလာ အနည်းငယ်

ပိုးတီလှီးထားသောရှောက်သီးဆားစိမ်ကိုလိုအပ်သလိုဓါးဖြင့်လှီးထားပါ။ကြက်သွန်ဖြူ ကိုအခွံခွာပြီးထက်ခြမ်းခြမ်းထားပါ။ငရုတ်သီးကြော်တောင့်ကိုထောင်းထားပါ။ဆီကိုတစ်ချို့သူများကချက်သည်။ကျွန်မကတော့အစိမ်းထည့်ပါတယ်။ထို့ နောက်နယ်မည့်ပန်းကန်ထဲကိုရှောက်သီးလှီးပြီးသားထည့်ပါ။ကြက်သွန်ဖြူ ထက်ခြမ်း ငရုတ်သီးထောင်း ဆီ အရသာမှုန့်  သကြား ထည့်ပါ။မဆလာထည့်ပြီးသမအောင်မွှေပါ။သန့်ရှင်းလတ်ဆက်အရသာရှိသောရှောက်သီးသနပ်စားသုးံနိုင်ပါပြီ။

IMG_20180924_102541.jpg

သံပုရာသီးများကိုလည်းထိုနည်းတူစွာပြု လုပ်နိုင်ပါသည်။

Photo by @AyeAyeThaw

Author @AyeAyeThaw

Sort:  

စားကောင်းမှာနော်

ဟုတ်ကဲ့

စားကောင်းမဲ့ပုံလေးဘဲ ညီမရေ အမ စမ်းလုပ်ကြည့်အုံးမယ် လုပ်နည်းလေးတင်ပြပေးလို့ကျေးဇူးပါနော်

Posted using Partiko Android

ဟုတ်ကဲ့လုပ်ကြည့်ပါ

Congratulations @ayeayethaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

Award for the number of comments received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Support SteemitBoard's project! Vote for its witness and get one more award!

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 64176.22
ETH 2624.19
USDT 1.00
SBD 2.78