တောင်ပြုံးပွဲတော်
မြန်မာနိုင်ငံ၏ထင်ရှားသောနတ်ပွဲဖြစ်သည့်တောင်ပြုံးပွဲတော်သည်ဝါခေါင်လတွင်ကျ င်းပပါသည်။မြန်မာနိုင်ငံအရပ်ရပ်မှယုံကြည်ကိုးကွယ်သူများသည်ဝါခေါင်လဆန်းရောက်သည်နှင့်တောင်းပြုံးမင်းနှစ်ပါးထံတွငါစီးပွားရေးလူမှုရေးများအတွက်ကန်တော့ပွဲများလာရောက်ဆက်ကြသည။်
တောင်ပြုံးပွဲတော်ကိုယုံကြည်ကိုးကွယ်သူများ အပျော်လာကြသူများနှင့်အလွန်စည်ကားလှပါသည်။ယခင်ကကြည်လိုက်တာနှင့်တောင်ပြုံးမှပြန်လာသည်ကိုသိသည်။ကျောက်ပန်းခွေကိုခေါင်းမှစွပ်ပြီးလည်ပင်းတွင်တောင်ပြုံးလက်ဆောင်ဆိုသည့်စာပါသညမ့ဆွဲပြားကြီးနှင့်ဆွဲကြိုးများကိုဝတ်ဆင်ထားကြသောကြောင့်တန်းပြီးသိသည်။ယခုကျောက်ပန်းခွေများခေါင်းတွင်စွပ်လာတာမမြင်ရတော့ပါ။
တောင်ပြုံးပွဲတော်ရက်သည်ဝါခေါင်လဆန်း၈ရက်မှဝါခေါင်လပြည့်နေ့ အထိကျင်းပသည်။ပွဲတော်ရက်များထဲမှဝါခေါင်လဆန်း၁၁ရက်ချိုးရေတော်သုးံသည့်နေ့ တွင်အစည်ကားဆုးံနေ့ ဖြစ်ပါသည်။ညပိုင်းများတွင်းလည်းအနီးအနားရှိရွာများမှဇာတ်ပွဲ ရုပ်ရှင်ကြည့်သူများဈေးတန်းလျှောက်ကြသူများနှင့်စည်ကားသည်။ယခင်ကတောင်ပြုံးပွဲသို့ လာရန်မီးရထာဖြင့်အများဆုးံလာကြသည်။ယခုလမ်းပန်းဆက်သွယ်ရေးကောင်းမွန်၍မီးရထားအပြင် ကား ဆိုင်ကယ်များနှင့်လည်းသွားလာနိုင်ပါသည်။တောင်ပြုံးပွဲတော်ချိန်နှင့်မြစ်ရေတိုးချိန်တိုက်ဆိုင်လျှင်တောင်ပြုံးရွာအနောက်ဘက်ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှရွာများသည်စက်လှေများဖြင့်လာကြရာချိုးရေတော်သုးံသည့်နေ့ တွင်စက်လှေများပေါ်တွင်အော်လန်များတင်ပြီးသီချင်းများအပြိုင်ဖွင့်ကာခုတ်မောင်းလာကြသည်မှာအမြင်တစ်မျိုးဆန်းလှသည်။
အချို့ စက်လှေများမော်တော်မျာသည်၃ရက်၎ရက်ညအိပ်ရပ်နားထားပြီးမော်တော်ပေါ် စက်လှေများပေါ်တွင်ချက်ပြုတ်စားသောက်ပြီးညပိုင်းပွဲများကိုတက်ကြည့်ကြသည်များလည်းရှိသည်။အချို့မှာပွဲအစအဆုံးထိနေကြသည်များလည်းရှိသည်။
တောင်ပြုံးပွဲတော်သည်အနယ်နယ်အရပ်ရပ်မှလာရောက်ကြသောကြောင့်အလွန်စည်ကားလှသည်။
photo credit -Image source
Author @ayeayethaw
Resteemed your article. This article was resteemed because you are part of the New Steemians project. You can learn more about it here: https://steemit.com/introduceyourself/@gaman/new-steemians-project-launch
Congratulations @ayeayethaw! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Award for the number of comments received
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP