အမေကအမေပေါ့ဗျာ
မောင်ထင်ဆိုတဲ့လူငယ်လေးတစ်ယောက်ရိုးလွန်းအလွန်းတဲ့အပြင်သူ့ မှာမေ့ တတ်တဲ့အကျင့်ရှိသည်။
ငယ်ငယ်လေးကတည်းကမေ့တတ်လွန်း၍သူ့ အမေဒေါ်သိန်းညွန့် မှာသားကိုစိတ်မချ ကျောင်းသွားမည်ဆိုပြီးကျောင်းသွားရာလွယ်အိတ်မေ့ကျန်တဲ့တွက်ဒေါ်သိန်းညွန့် မှာအမြဲလိုက်ပေးနေရသည်။ရွာထဲကအိမ်တစ်အိမ်ကိုကြက်သွန်မျိုးဥသွားယူခိုင်းလိုက်ရာထိုအိမ်ရှေ့ရောက်မှသူ့ အမေယူခိုင်းသည့်ပစ္စည်းကိုအမည်ဖော်မရအိမ်ရှင်ကမောင်ထင်ကိုမြင်သောအခါ"မောင်ထင်လာပြီဟေ့ကြက်သွန်မျိုးဥတွေထည့်ပေးလိုက်အုးံ" ပြောသံကြားမှယူခိုင်းသောပစ္စည်းကိုသတိယတော့တယ်။
မောင်ထင်အရွယ်ရောက်လာပြီးအိမ်ထောင်ကျသွားခဲ့တယ် မကြာခင်မှာပဲမောင်ထင်တို့ မှာသမီးလေးတစ်ယောက်မွေးဖွားလာတယ်။သူ့ သမီးကိုအမည်ပေးဖို့ မောင်ထင်နေ့ ရောညရောစဉ်စားနေခဲ့ရာတစ်နေ့ တော့သူ့ သမီးအမည်ပေးဖို့ ရသွားခဲ့တယ်။ဒါနဲ့မောင်ထင်တစ်ယောက်ရွထဲကိုသူ့ သမီးအမည်ကဒီရွာမှာဘယ်သူမှမပေးတဲ့အမည်ဘယ်သူနဲ့မှမတူတဲ့အမည်ပေးတာဆိုပြီးသူ ပေးတဲ့အမည်ကိုကြွားတော့တယ်။ရွာထဲကလည်းသူ့ အကြောင်းသိမေတော့ဘာမှမပြောကြဘူးပြုံးပဲနေတယ်။မောင်ထင်သူ့ သမီးအမည်ကြွားပြီးပြန်ရင်းသူ့ အမေအိမ်ရောက်တော့
"အမေ ကျု ပ်သမီးကိုဒီရွာမှာဘယ်သူမှမမှည့်တဲ့အမည်ပေးပြီးပြီ "
"ဟုတ်လား ဘယ်လိုအမည်ပေးထားတာလဲ"
" ကျု ပ်သမီးအမည်မျိုးဒီရွာမှာမရှိဘူးအမေရ"
" အေးပါ ပြောစမ်းပါ ဘာတဲ့လဲ"
"သိန်းညွန့် လို့ ပေးထားတယ်"
"စဉ်းစားပါအုံးသားရယ်နာမည်တူရှိတယ်လေ"
"မရှိပါဘူးဒီရွာမှာအဲ့လိုနာမည်မျိုးမရှိပါဘူး"
"ဟဲ့သား မောင်ထင် အမေကဘယ်သူလဲ"
"အမေကအမေပေါ့ဗျာ"
ဒေါ်သိန်းညွန့် သူ့သားမောင်ထင်ကိုစိတ်တိုနေလေပြီ
"အမေအမည်ကဘယ်သူတုန်းမေးတာဟဲ့"
မောင်ထင်စဉ်းစားနေစဉ်ဒေါ်သိန်းညွန့် စိတ်မရှည်တော့ပဲမောင်ထင် ကိုလှမ်းရိုက်ရင်း
"နင့်အမေအမည်ကသိန်းညွန့် ဟဲ့နင့်သမီးကိုပေးတဲ့အမည်ကတစ်ရွာလုးံမှာမရှိဘူးတဲ့လား အမေနာမည်ကိုတောင်မေ့ ရလားဟဲ့"
"ကျု ပ်ကအမေ့ကိုတစ်သက်လုးံကအမေလို့ ခေါ်လာတာသိန်းညွန့် လို့ ခေါ်ခဲ့တာမဟုတ်တော့မေ့ တာပေါ့ဗျ "
ဒေါ်သိန်းညွန့်လည်းသူ့ သားကိုဘာမှမပြောနိုင်ပဲမျ က်လုးံပြူးပြီးကြည့်နေပါတော့တယ်။
photo credit -Image Source
Author @ayeayethaw
ဟုတ်သားပဲနော်
အမေလို့ခေါ်တာပဲ အမေ့နာမည်မေ့မှာပေါ့
မေ့တတ်တဲ့သူဆိုတော့မေ့တာ ဟီးး
Resteemed your article. This article was resteemed because you are part of the New Steemians project. You can learn more about it here: https://steemit.com/introduceyourself/@gaman/new-steemians-project-launch