bitcoin အခြေအနေ

in #myanmar7 years ago

digital currency တွေရဲ့တန်ဖိုးဟာဆိုရင် ပြီးခဲ့တဲ့အပတ်မှစပြီး တောင်ကိုးရီးယားရဲ့ပိတ်ပင်မှုကြောင့်တောက်လျောက်ကိုထိုးကျခဲ့ပါတယ် လက်ရှိအချိန်ထိလည်း တည်ငြိမ်မှုမရှိသေးပဲ တက်လိုက်ကျလိုက်ဖြစ်နေဆဲပါပဲ
ဒီဇင်ဘာလလယ် လောက်မှာပဲ bitcoin ရဲ့ဈေးဟာ $19,850 ထိကို စံချိန်တင်မြင့်တက်ခဲ့ပါတယ်
bitcoin ရဲ့တန်ဖိုးကို အရင်တုန်းက ခန့်မှန်းရခက်ပေမယ့် အခုချိန်မှာ တည်ငြိမ်မယ်လို့ခန့်မှန်းထားနေတုန်းမှာရှိသေး မနေ့တုန်းကပဲ coinbase exchange လဲနှုန်းအရ 10,995 ထိကိုထိုးကျခဲ့ပါတယ် လက်ရှိလမှာ 22%ထိ ကျဆင်းခဲ့ပါတယ်
january 30 ရက်နေ့အထိ တောင်ကိုးရီးယားအစိုးရဟာ
bitcoin နှင့်အခြား digital currencies များကိုရောင်းဝယ်ခြင်းမပြုဖို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်
bitcoin ရဲ့ဈေးနှုန်းဟာ ခရစ္စမတ်တုန်းက တနာရီကို $2000 နီးပါးကျဆင်းခဲ့ပီး ဇန်နဝါရီလ အလယ်မှာမှ $11,000 ကိုပြန်တက်လာတာပါ ၎င်း bitcoin ငွေကြေးတန်ဖိုးကို ဆက်လက်ပီးတည်ငြိမ်မှု ရှိသေးမှာမဟုတ်သေးဟု ခန့်မှန်းထားကြပါတယ် bitcoin ရဲ့နောက်မှာတော့ အခြား currencies တေဖြစ်တဲ့ ethereum,litecoin နဲ့ ripple တို့က အစဉ်လိုက် ရှိနေပီး လူအများကလည်း ရင်းနှီးမြုပ်နှံဖို့ မျော်လင့်နေကြပါတယ်
သို့သော်လည်း ယခုအခါ ဘက်ပေါင်းစုံမှ တိုက်ခိုက်မှုတွေကြောင့် bitcoin ရဲ့အနေအထားကိုစိုးရိမ်နေကြပီး ရင်းနှီးမြုပ်နှံသူများကိုလည်း bitcoin နှင့်အတူပါဝင်လာတဲ့ scammers ခေါ် လူလိမ်များကို ရှောင်ဖို့ ကျွမ်းကျင်သူများက သတိပေးထားပါတယ် bitcoin ဟာ onlineမှာတည်ရှိပြီး မည်သည့်ပြည်နယ်ကမှ စည်းမျဉ်းချသတ်မှတ်ထားခြင်းမရှိတဲ့ digital ငွေကြေးဖြစ်ပါတယ် bitcoin များကို blockchain လို့ခေါ်တဲ့ အများသုံး ledger ပေါ်မှာသိမ်းဆည်းထားပါတယ်
ရင်းနှီးမြုပ်နှံသူများတဲ့ bitcoin currency ဟာဆိုရင် cybercriminal များရဲ့ပစ်မှတ်လည်းဖြစ်လာခဲ့ပါတယ် ဒီလိုနဲ့ပဲ bitcoin ကို ကျွမ်းကျင်သူများက 1$m အထိတက်လာဖို့ ခန့်မှန်းထားကြပါတယ်
image

Coin Marketplace

STEEM 0.17
TRX 0.12
JST 0.027
BTC 61861.45
ETH 2995.16
USDT 1.00
SBD 2.48