နွားချစ်သူနှင့်စုန်းကဝေမလေး အပိုင်း(၆)

in #myanmar7 years ago (edited)

image
"အမယ် . . .အမယ် . . အားချင်းကြီး ဧည့်သည်ကို ဘယ်လိုတောင်လုပ်လိုက်သလဲ . . အမယ်"
အဖြစ်အပျက်များအားလုံးကို မယ်နန်းဘုံလေးမြင်ရပြီးနောက် ရုတ်တရက်ထိုင်နေရာမှပြေးထွက်လာပြီးပြောလိုက်သည်။ လူငယ်လေးမှာတော့ ဟင်္သာအလေးဖြင့် အရှိန်ပြင်းစွာထုရိုက်ခံထားရသဖြင့် ကြမ်းပြင်ပေါ်မှာလဲလျောင်းကျလျက်ရှိနေချေသည်။ မယ်အိုစာက မယ်နန်းဘုံကို တစ်ချက်လှည့်ကြည့်လိုက်ရင်း -
"စပ်စုစိန် မလုပ်စမ်းပါနဲ့အေ . . . ဒါတွေလုပ်နေတာ နင့်အတွက်ပါ . . ကဲ . . သွား . . ဆေးကျိုအိုး သွားပြင်ချေ ."
ဟု ပြောလိုက်သည်။ မယ်နန်းဘုံက သက်ပြင်းတစ်ချက်သာ ကြိတ်ချလိုက်ပြီး ဆေးကျိုအိုးပြင်ရန် အနောက်သို့သွားပါတော့သည်။ အပြင်ဘက်တွင်တော့ လသည် ကောင်းကင်ယံတည့်တည့်တွင် အလွန်ပင်တောက်ပစွာ ထွန်းလင်းလို့နေပြီး အရာအားလုံးကို လသာသာတွင် ကောင်းစွာမြင်နေရချေသည်။
မယ်နန်းဘုံဆေးကျိုအိုးပြင်ပြီးတော့ မယ်အိုစာက ဆေးကျိုအိုးထဲသို့ ရေများထည့်လိုက်ပြီး ရေများပွက်ပွက်ဆူလာသောအခါ ထိုရေထဲသို့ ဟင်္သာအလေးကို ထည့်လိုက်သည်။ မယ်နန်းဘုံက စပ်စုဟန်ဖြင့် မေးလိုက်သည်။
"ဒီလို ပိဿာချိန်တဲ့ အလေးတွေက ဆေးကျိုတဲ့ နေရာမှာသုံးလို့ရလို့လား. အမယ်"
"အရင်ခေတ် ပိဿအလေးတွေလုပ်စဉ်က ဘယ်အလေးမှ သတ်မှတ်အလေးချိန် ကွက်တိမရှိသလို အလေးချိန်တွေက အမြဲတမ်းလျော့နေတတ်တယ်။ တစ်ခါတလေလည်းပိုနေပြန်တယ် . . . ဒါတွေကို ညှိဖို့ အချို့ကအလေးတွေကို အခေါင်းဖောက်ပြီး အထဲမှာ တန်ဆာပလာတွေသွပ်ကြတယ် . . . အချို့က စက္ကူတွေ။ အချို့က သံစသံနတွေ အချို့ကျတော့ ပြဒါးကို သွပ်သွင်းကြတယ် . များသောအားဖြင့် ပြဒါးကို သွပ်သွင်းကြသူတွေဟာ ဆေးတွေ ခြင်တွယ် တိုင်းတာရတဲ့ ဂမ္ဘီရလောကီပညာရှင်တွေပေါ့ . . . နှစ်အတော်ကြာသွားတဲ့အခါတော့ အဲ့ပြဒါးဟာ ပိတ်လှောင်ခြင်းဓာတ်သင့်သွားပြီး ပိတ်လှောင်ခြင်းဆိုတဲ့ ပညတ်ကို ဓာတ်သတ်တစ်ခုအနေနဲ့သွားဖို့ သုံးကြတယ် . ကဲ . ကြည့် . ."
မယ်အိုစာက ပြောပြောဆိုဆိုနှင့် ဆေးကျိုအိုးရှိရာကိုပြလိုက်တော့ အပူဒဏ်ကြောင့် ဟင်္သာအလေးထဲမှတစ်ဆင့် ပြဒါးအရည်များက စိမ့်ထွက်ကာ ပြဒါးအရည်တစ်လုံးပြီးတစ်လုံး ရေပေါ်သို့ပွက်ပွက်ဆူလာအောင် ပေါ်လာသည်ကိုတွေ့ရလေသည်။ မယ်အိုစာက ဆက်ပြီး -
"ကဲ . . . ဒါဆိုပိတ်လှောင်ခြင်းရဲ့ ဓာတ်သတ်ကိုရပြီ . . ဒီသူငယ်ရဲ့စိတ်ကို ပိတ်လှောင်ဖို့လုပ်မှာဆိုတော့ ၃၂ ကောဋ္ဌာသ ထဲက ကောဋ္ဌာသ တစ်ခုကို ကိုယ်စားပြုအနေနဲ့ယူရမယ် . . ."
ဟုပြောလိုက်သည်။ မယ်နန်းဘုံလေးက စိတ်ဝင်တစားဆက်မေးလိုက်သည်။
"ကောဋ္ဌာသ ဆိုတာ ဘာကိုပြောတာလဲ . . အမယ်"
"ကောဋ္ဌာသဆိုတာ လူ့ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ခွဲခြမ်းစိတ်ဖြာလိုက်ရင် အဓိကဖွဲ့စည်းထားတဲ့အမျိုးအစားကို ပြောတာ . . . လူမှာဆိုရင် အသွေး၊ အမွှေးအမျှင်၊ အရေပြား၊ လက်သည်းခြေသည်း စသဖြင့် ပြန်ခွဲတာပေါ့ . . ."
မယ်အိုစာက ပြောပြောဆိုဆိုနှင့်ပင် လူငယ်၏ ဆံပင်မွှေးကို နှုတ်လိုက်ပြီးနောက် ဆေးကျိုအိုးထဲသို့ ကောက်ထည့်လိုက်လေရင်းနှင့် မယ်နန်းဘုံလေးကိုကြည့်လိုက်ကာ မီးဖိုအလယ်မှ ပြာလက်တစ်ဆုပ်ကို ယပ်တောင်ပေါ်တွင် ဖြန့်ကျဲလိုက်ပြီးနောက် မယ်နန်းဘုံရဲ့ မျက်လုံးတစ်ဝိုက်ကို ဖြန့်ကျက်ကာ ယပ်တောင်ကို ယတ်ခတ်လိုက်ရင်း -
"ကဲ . . .အိပ်တော့ . ."
ဟုပြောလိုက်ရာ မယ်နန်းဘုံ၏ မျက်လုံးတို့က မှေးစင်းလာပြီးနောက် ချက်ချင်းပင်အိပ်ပျော်သွားချေတော့သည်။
မယ်အိုစာက ဆေးကျိုအိုကို သစ်သားယောင်းမနှင့် မွှေရင်း မန္တန်အချို့ကိုရွတ်ဆိုပြီးနောက် အမိန့်ပေးလိုက်သည်။
"ပိတ်လှောင်ခြင်းဓာတ်သက်နဲ့အတူ ဒီလူသားရဲ့ စိတ်တွေအားလုံး ဒီထဲမှာပိတ်လှောင်ပြီး အချစ်သည် ပျော်ရည်တစ်ခုအဖြစ်ဖြင့် ပြောင်းလဲလတ္တံ့ . . .
ပိတ်လှောင်သော အချစ်ရဲ့ပျော်ရည်အဖြစ် ပြောင်းလဲလတ္တံ့ . . .
ပိတ်လှောင်သော အချစ်ရဲ့ပျော်ရည်အဖြစ် ပြောင်းလဲလတ္တံ့ . . .
ပိတ်လှောင်သော အချစ်ရဲ့ပျော်ရည်အဖြစ် ပြောင်းလဲလတ္တံ့ . . ."
ရွတ်ဆိုပြီးနောက်မှာတော့ ဆေးရည်များအားလုံးကို ခွက်တစ်လုံးထဲသို့ ငှဲ့ထည့်လိုက်လိုက်ရင်း ပြတင်းပေါက်မှတစ်ဆင့် နက္ခတ်ပွဲသဘင်ဆင်ယင်နေရာကိုကြည့်ကာ
"အဟားဟားဟား"
ဟု တိတ်တဆိတ်လေး ရယ်မောလိုက်ပါတော့သည်။
× × × × × × ×
တစ်ချိန်တည်းမှာပင် . . ။
တောင်ကုန်းထိပ် . . .။
နက္ခတ်ပွဲသဘင်ဆင်ယင်ကျင်းပရာနေရာ . .။
အရိုးကိုဆံထိုးအဖြစ်ထိုးထားသော စုန်းမအိုကြီး ကတုန်ကယင်နှင့်ပင် နက္ခတ်ပွဲသဘင် အခမ်နားကြီးတစ်ခုလုံးကို ဦးဆောင်ကာ ကျင်းပနေလျက်ရှိသည်။ ယဇ်ပုလ္လင်ကြီးပေါ်တွင် စုန်းမအိုကြီးက အမိန့်သားထိုင်လိုက်ပြီး အေက်တွင်မူ ရွာသူ ရွာသား ချေးစားစုန်းများအားလုံး တန်းစီပြီး အညီအညာပင် မတ်တပ်ရပ်နေကြသည်။ တောင်ကုန်းပေါ်တွင် လေက အလွန်တိုက်နေသောကြောင့် စုန်းမအိုကြီး၏ အနက်ရောင်ဝတ်ရုံကြီးမှာ လေထဲတွင် လှပထည်ဝါစွာ ဝဲလွင့်လို့နေလေသည်။ စုန်းမအိုကြီးက တောင်ဝှေးကြီးကို အပေါ်သို့ မြောက်လိုက်ပြီးနောက်
"ကဲ . . အားလုံးအသင့်ဖြစ်ပြီလား . . "
ဟုအော်လိုက်လေသည်။ အသံမှာ အလွန်ပင်ကျယ်လောင်လွန်လှသောကြောင့် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တစ်ခုလုံးပင် ပဲ့တင်ထပ်သွားသည်။ ချေးစားစုန်းများအားလုံးကလည်း အသင့်အနေအထားရှိနေကြောင်းြ့ပသည့်အနေဖြင့် ညာခြေထောက်ကို တစ်ဖက်ညီညာစွာ ဆောင့်လိုက်သည်။ ပြီးနောက်တွင်တော့ စုန်းမအိုကြီးက ဦးစွာပင် သီချင်းတစ်ပုဒ်၏ အစကိုဆိုလိုက်သည်။
"တကောင်းအဘိရာဇာ၊ တို့ဗမာသာကီမျိုးဟာမို့၊ မညှိုးဂုဏ်တေဇာ၊

ယိုးဒယားနဲ့ကုလားကိုပါ တိုက်ထုတ်ခါ…..အောင်ခဲ့တာ"
ဟုအစပျိုးလိုက်သော် ကျန်သော စုန်းများအားလုံးက -
"တို့ဗမာ"
ဟုပင်ဆက်ဆိုကြပြီး သီချင်းကိုဆက်လက်ကြွေးကြော်ကြလေတော့သည်။ သူတို့၏ ထိုခေတ်ထိုအခါက အမျိုးသားသီချင်းအဖြစ် လတ်တလော သတ်မှတ်ထားသော "တို့ဗမာ" သီချင်းသံသည် ကြက်သီးထမတတ်ပင် ကျယ်လောင်စွာ ပေါ်ထွက်နေခဲ့ပြီး သံပြိုင်ဆိုရသော -
"ကမ္ဘာမကြေ–ဗမာတစ်တွေ
ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ပြည်
ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ပြည်
ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ပြည်"
ဟူသောနေရာများတွင် သီချင်းသံပြိုင်သီဆိုသံများကို ပတ်ဝန်းကျင်တစ်ခုလုံးနေပင် ကြားနေရလေသည်။ အမှန်စင်စစ်အားဖြင့် မြန်မာပြည်သည် လွတ်လပ်ရေးရပြီဖြစ်သောလည်း လွတ်လပ်ခွင့်ကြေငြာစာတမ်းအရ လွတ်လပ်ရေးရသူများထဲတွင် ချေးစားစုန်းများအပါအဝင် အချို့လူသားမဟုတ်သည့် စုန်းများမပါဝင်သောကြောင့် ထိုခေတ်ထိုအခါက မြန်မာပြည်လွတ်လပ်ရေးရပြီးသော်လည်း အာာစက်အရဆိုလျှင်မူ မြန်မာပြည်၏ စုန်းအမျိုးစားအချို့သည် ဗြိတိန်နိုင်ငံ၏ အချုပ်အခြာ အာဏာအောက်တွင်သာ ရှိနေပါသေးသည်။ ဆိုလိုသည်မှာ ဗြိတိန်နိုင်ငံ၏ ဥပဒေ အချုပ်အခြာအာဏာစက်များအရ ထိုစုန်းများအား အမိန့်ပေးစေခိုင်းနိုင်နေခြင်းပင်ဖြစ်သည်။
"တို့ဗမာ" အမျိုးသားသီချင်းကို ချေးစားစုန်းများအားလုံးက သီဆိုပြီးနောက်တွင်တော့ ဆံထိုးတွင် အရိုးထိုးထားသော စုန်းမအိုကြီးမှ အားလုံးကို အရင်ဆုံးပြောလိုက်သည်။
"အားလုံးပဲ . . .မကြာလေးမီလေးကမှ ဗမာပြည်ကြီးလွတ်လပ်ရေးရခဲ့ပေမယ့် အဲ့ဒီလွတ်လပ်ရေးကြေငြာစာတမ်းမှာ ကျုပ်တို့စုန်းတွေ မပါဝင်လာခဲ့ဘူး . . .ဖုန်အလိမ်းလိမ်းတက်နေတဲ့ ပုံပြင်တွေထဲမှာသာ လူတွေက ကျုပ်တို့ကို လက်ခံထားကြတဲ့အတွက် အားးးလုံး လူတွေရှေ့ကို ထွက်ပြီ ပညာခန်းပြရမယ် . . . အားလုံး ပညာခန်းပြဖို့အချိန်တန်ပြီ . . .မဟုတ်ခဲ့ရင် အခြားနိုင်ငံက အာဏာစက်နဲ့ ရှင်သန်ရတဲ့ စုန်းကဝေတွေဖြစ်တာကြောင့် ဗမာပြည်အာဏာစက်ပိုင်နယ်မြေထဲမှာ ပညာကွန့်မြူးတောက်စားဖို့ဆိုတာ နောက်ဆိုသိပ်မလွယ်တော့ဘူး . . .ကဲ . . .ဒီတော့ ငါအမိန့်ပေးမယ် . . .အားလုံး ကိုယ့်ရဲ့မူရင်းပုံစံအသွင်ကို ယူကြ . . ယူကြဟေ့ . . ယူကြဟ . . ."
ဟု ကျယ်လောင်စွာအော်ဟစ်ရင်း အောက်ပါမန္တန်ကို ရွတ်ဆိုလိုက်သည်။
"ဟိတ် ကာမဇိဋ္ဌိ ကိုယ်တွင်းရှိသည်
ငါတွင်းငါပြင် ငါပြင်ငါပ
စောင့်ရှောက်ကြသော ဂန္ဓဗ အသူရကာယ်
စတုမဟာရာဇ်တို့အားဖြင့်လည်း . .
ပြောင်းဟ . . ပြောင်းဟ . .ပြောင်းဟ"
မန္တန်ရွတ်ဆိုပြီးပြီးချင်း ချက်ချင်းဆိုသလိုပင် အားလုံးသည် ချေးစားစုန်းများ၏ မူလသွင်ပြင်ဖြစ်လေသော ရွှံ့လုံးကြီးအသွင်သို့ ပြောင်းလဲသွားပါတော့သည်။

အပိုင်း(၇)ဆက်ရန်

Own Feeling @ 2018 by
@AuroKarshine
MSC-136

Photo Credit - Google

Sort:  

Giving out free votes to the little guys, I hope you appreciate.

ဖတ်သွားသည် Bro
ရေးသမျှကို ကောင်းနေတော့တာ

Good writing

ကျေးဇူးပါဗျ . . .ဆက်ကြိုးစားပါ့မယ်

ဟု ကျေးဇူးပါဗျ . . .အခုလိုအားပေးတဲ့အတွကိ

Ok,I'll be waiting the next episode :-)

နောကိတပိုင်းမျှေိာနေပါတယ်နေိာ

ဟုတ်ကဲ့ . . ကျေးဇူးတင်ပါတယ်ဗျ

အပိုင်း(၇) မျှော်

ဟုတ်ကဲ့ . . စောင့်မျှော်ပေးပါဦးနော်

အပိုင်း(၇) မြန်​မြန်​​ရေး​ပေးပါ

ဟု . . . နောက်အပတ်ကျရင် ဆက်ဖတ်ရပါမယ်ဗျ

စိတ်​ဝင်​စားစရာပဲ​ဗျာ

ကျေးဇူးပါနော် . . .ဒီ့ထက်ပိုကြိုးစားပါ့မယ်ဗျ

အပိုင်း ၇ ကိုစောင့်မျှော်နေပါတယ် ခင်ဗျ

ဟုတ်ကဲ့ . . အားပေးလို့ကျေးဇူးတင်ပါတယ်ဗျ

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.029
BTC 57646.26
ETH 3029.18
USDT 1.00
SBD 2.26