နွားချစ်သူနှင့်စုန်းကဝေမလေး အပိုင်း(၁၁)

in #myanmar7 years ago

image
"မမနိုရာ . . . မမ"
မယ်နန်းဘုံက နွားချစ်သူရှိသော ရွာလေးမှ ပြန်လာလာချင်း အိမ်အပြင်မှပင် နိုရာ့ကို လှမ်းအော်လိုက်လေသည်။
"မယ်နန်းဘုံ . . ညီမလေး . . အခြေနေဘယ်လိုရှိလဲ . ."
ဟုနိုရာက ပြန်ပြောလိုက်ရာ မယ်နန်းဘုံက တဲရှေ့ကွပ်ပျစ်မှာ ထိုင်လိုက်ပြီး -
"အဲ့လူကလေ ဂွစာပုံစံနဲ့ တစ်မျိုးပဲ . .သိလားမမ . . မမ ကို ပြည့်တန်ဆာဖြစ်အောင်လုပ်တယ်ဆိုတာ မမ ပြောလို့သာယုံရတယ် . . သမီးလေ . အခြားသူပြောရင် ဘယ်လိုမှတောင်ယုံမိမှာမဟုတ်ဘူး . ."
ဟုပြောလိုက်သည်။ နိုရာကတော့ အနည်းငယ် ရယ်လိုက်ပြီးနောက် -
"ကဲ . . သူက မမ ကို ပြည့်တန်ဆာဖြစ်အောင်လုပ်တယ်ဆိုတာ လူကိုခေါ်ပြီး ရောင်းစားတာ ဘာညာပုံစံမျိုးမဟုတ်ပါဘူးကွယ် . . . ဒီလို . . မမတို့ငယ်ငယ်က လွတ်လပ်ရေး ရပြီးကာစ ကာလလည်းဖြစ်နေလေတော့ တိုင်းပြည် ငြိမ်းချမ်းမှုလည်းမရှိသေးဘူး . . ပြီးတော့ တော်လှန်ရေးခေတ်လက်ကျန် သူပုန်အဖွဲ့အချို့က မမတို့ရွာထဲဝင်ချည်ထွက်ချည်ရှိနေတဲ့အချိန်မှာ တစ်ရက် မမ တစ်ယောက်တည်း အပြင်သွားမိတယ် . . အဲ့ဒီမှာ အဲ့ဒီ တော်လှန်ရေးခေတ်လက်ကျန် သူပုန်အချို့နဲ့တွေ့မိပြီး သူတို့လူအုပ်ကြီးက မမကို မုဒိန်းကျင့်ဖို့ကြိုးစားကြတယ် . . မမက သူတို့အလစ်မှာ ကြောက်လို့ထွက်ပြေးလေတော့ သူတို့က မမနောက်ကို လိုက်လာကြတယ် . . သူတို့နဲ့ နီးလာတော့ မမ တစ်နေရာကို ပုန်းနေလိုက်ချိန်မှာ သူတို့က ကောင်လေးတစ်ယောက်ကို မေးလိုက်တယ် . . မမ ဘယ်သွားတာလဲဆိုတာ . . အဲ့ဒီကောင်လေးက မမပုန်းတဲ့နေရာကို မြင်လိုက်တော့ သူညွှန်ပြလိုက်တယ် . . သူညွှန်ပြတဲ့အတိုင်း လိုက်ကြတာ ဟိုလူအားလုံး မမကို မိပြီး မမကို မတော်မတရား ပြုကျင့်ပြီးနောက် မြို့ကိုသွားပြီး ဇိမ်ခန်းမှာ မကောင်းတဲ့မိန်းမအဖြစ်နဲ့ရောင်းစားခဲ့ကြတယ်လေ . . .နောက်ပိုင်းမှာ မမဟာ အခြေအနေအရဇိမ်ခန်းပျက်ချိန် စုထားတဲ့ ငွေလေးပိုက်ပြီး ဟောဒီမမရဲ့မွေးရပ်ဇာတိဖြစ်တဲ့ ဒီရွာကို ပြန်လာခဲ့တော့တာပါပဲ . . . မမ ဇိမ်ခန်းထဲမှာ နှစ်ပေါင်းများစွာဒုက္ခခံခဲ့ရတယ် . . . အဆီတဝင်းဝင်းနဲ့ တဏှာရနံ့တွေသင်းနေတဲ့ ရွံစရာလူတွေရဲ့ကြားထဲမှာ မမ ဘဝက ခေါင်းမဖော်နိုင်လောက်အောင်ကို အကြိမ်ကြိမ်ကျရှုံး သေဆုံးခဲ့ရတယ် . . . ဒီလို . . ဒီလိုဖြစ်တာက ဟို . . နွားချစ်သူ ဆိုတဲ့ အကောင်ကြောင့်ပဲ . . သူ့ပါးစပ်မစောင့်စည်းပဲ မမရှိတဲ့နေရာကို ထုတ်ဖော်ခဲ့လို့ . အဲ့တော့ သူ့အပြစ်ကို သူပြန်သိစေရမယ် . . . ဒါကြောင့် အခုလို မမ လုပ်ခိုင်းခဲ့တာပဲ . ."
ဟု ရှည်လျားစွာပြောပြလိုက်ပါတော့သည်။ စကားသံအဆုံးမှာတော့ နိုရာက အစတုန်းကလိုမရယ်နိုင်တော့။ နိုရာ့မျက်လုံးထဲက နာကျည်းခြင်းအငွေ့အသက်တွေကို ဘေးမှာထိုင်နေသော မယ်နန်းဘုံပင် ကောင်းကောင်းကြီးခံစားနေရသည်။ မယ်နန်းဘုံကတော့ အားတင်းထားဟု ရည်ရွယ်စေလိုသော အပြုံးလေးတစ်ခုနှင့်ပင် ပြုံးကာပြလိုက်ပြီး -
"မမ . . . မမ စိတ်မပျက်ပါနဲ့ . . မမနားမှာ အခု သမီးလည်းရှိနေတာပါပဲ . . ဒါကြောင့် မမ ဘာမှမဖြစ်စေရပါဘူး . . ဒါပေမယ့် မမ ပြောသလို နွားချစ်သူဆိုတဲ့လူ သင်ခန်းစာရသွားအောင် ညီမလေး လုပ်ပြပါ့မယ် . . ."
ဟုသာ ပြောလိုက်ပါတော့သည်။
အမှန်စင်စစ်အားဖြင့် နွားချစ်သူသည် မယ်နန်းဘုံနှင့်အတိတ်ဘဝက တစ်ခုခုတော်စပ်ခဲ့ဖူးသူဖြစ်ကြောင်း သေချာပင်သိနေမိသည်။ သို့သော် ခုန်ဆင်းခါးကျိုးကြီး သူတို့နှစ်ဦးကို သယ်ဆောင်သွားသော အချိန်နောက်ပိုင်း ဘာတွေဖြစ်ခဲ့သလဲဆိုတာတော့ မယ်နန်းဘုံ ဘာမှမမှတ်မိနိုင်ပါချေ။
× × × × × ×
ထိုည၏ သန်းခေါင်ယံ . . . ။
နွားချစ်သူဆိုသူက အိမ်သို့နေ့ခင်းကလာရောက်ခဲ့သည့် မယ်နန်းဘုံအကြောင်းကို နဖူးပေါ်လက်တင်ရင်း စဉ်းစားနေမိသည်။
"မင်းက ဘာကြောင့် ဒီလိုဘဝမျိုးရောက်နေရတာလဲ . . ငါနဲ့နောက်ဆုံးတွေ့တဲ့အချိန်ကို မင်း ဘာကြောင့်မမှတ်မိရတာလဲ . . ငါတို့ အရင်ဘဝက သေကွဲကွဲအောင် ဟိုစုန်းမကြီးလုပ်ခဲ့တာ မင်းဘာကြောင့်မမှတ်မိခဲ့ရတာလဲ . . ."
နွားချစ်သူက ထိုအကြောင်းများကို တစ်ကိုယ်တော်စဉ်းစားနေခိုက် သူ့အိမ်ထရံကို တစ်ခုခုက လာပုတ်လိုက်လေသည်။
"ဘုတ် . . ဘုတ် . . ဘုတ်"
"ဘယ်သူလဲ . . "
နွားချစ်သူက မေးလိုက်သော်လည်း ထိုထရံကို ပုတ်သံက ထပ်ထွက်လာပြန်သည်။
"ဘုတ် . . ဘုတ် . . ဘုတ်"
ဘာမှပြန်မထူးသဖြင့် နွားချစ်သူက ကျွတ်ခနဲ စုတ်တစ်ချက်သပ်လိုက်ပြီးနောက် ပြတင်းပေါက်မှကြည့်လိုက်သည်
ထရံအနားမှာတော့ ကိုင်းကိုင်းကွကွ ခါးကုန်းကုန်းနှင့် သတ္တဝါကြီးတစ်ကောင်ကိုတွေ့လိုက်ရသည်။
"ဟင် . . ခုန်ဆင်းခါးကျိုး . ."
နွားချစ်သူက တစ်ကိုယ်တည်းရေရွတ်လိုက်ရင်း တဲအိမ်လေးအပေါ်မှဆင်းလိုက်သည်။ ထိုခုန်ဆင်းခါးကျိုးသတ္တဝါကြီးသည် မယ်အိုစာ ရှေးယခင်ကတည်းက မွေးထားခဲ့သော သတ္တဝါကြီးပင်ဖြစ်သည်။
နွားချစ်သူက တဲအိမ်ပေါ်ကနေဆင်းလိုက်ပြီး ခုန်ဆင်းခါးကျိုးရှိရာသို့ လျှောက်သွားပြီး ခုန်ဆင်းခါးကျိုးကိုကြည့်ကာပြောလိုက်သည်။
"မတွေ့တာအတော်ကြာခဲ့ပြီ . . . မယ်နန်းဘုံ . . မယ်နန်းဘုံကြောင့် လာခဲ့တာလား . ."
ခုန်ဆင်းခါးကျိုးကြီးက နွားချစ်သူကို ပြန်ကြည့်လိုက်ပြီး ခေါင်းကိုညိတ်လိုက်သည်။
ခုန်ဆင်းခါးကျိုး၏ အသားအရည်မှာ ဆင်၏ အရေပြားလို ကြမ်းတမ်းရွတ်တွနေပြီး သာမန်လူလို ခြေနှစ်ဖက် လက်နှစ်ဖက် လက်ငါးချောင်း ခြေငါးချောင်း အလွန်ပြူးသောမျက်လုံးတို့ရှိပြီး သာမာန်ကြောက်တတ်သောသူဆိုပါက ခါးကိုင်းနေသော သရဲဟုပင်ထင်မြင်မိနိုင်သည်။ သို့သော် ခုန်ဆင်းခါးကျိုးတို့သည် မြန်မာစုန်းများ၏ မွေးမြူရာထဲမှ တစ်ခုပင်ဖြစ်သည်။
ခုန်ဆင်းခါးကျိုးကြီးက ခေါင်းကိုညိတ်ပြပြီး တစ်နေရာသို့ ထွက်သွားကာ နွားချစ်သူကို လှည့်ကြည့် လှည့်ကြည့်နှင့်ပင်လုပ်နေသည်။
ဒီလိုနှင့် နွားချစ်သူက ခုန်ဆင်းခါးကျိုးအနောက်သို့လိုက်သွားရာ ခုန်ဆင်းခါးကျိုးကလည်း တစ်လှမ်းပြီးတစ်လှမ်း ယိုင်နဲ့စွာလျှောက်လှမ်းရင်းနှင့်ပင် တစ်နေရာသို့ရောက်သော် ရပ်တန့်သွားပြီး နွားချစ်သူကို ကြည့်ကာ -
"သူ့ . . သူ့ကို နမ်းလိုက်ပါ . ."
ဟု အသံသြသြကြီးနှင့်ပင်ပြောလိုက်သည်။ နွားချစ်သူက နားမလည်ဟန်ဖြင့် . . .
"ဘယ်လို . . ဘယ် . .ဘယ်သူ့ကိုလဲ . . မယ်နန်းဘုံကိုလား . ."
ဟုမေးလိုက်ရာ ခုန်ဆင်းခါးကျိုးကြီးက တုန်ယင်စွာနှင့်ပင် ခေါင်းကို ဖြည်းညင်းစွာညိတ်လိုက်ပြီး သူ့ရှေ့တည့်တည့်မြေသားကို လက်ဖြင့်ပုတ်ပြလိုက်ရင်း -
"ဒီ . . .ဒီကိုလာ . ."
ဟုပြောလိုက်သည်။ ထူးဆန်းစွာနှင့်ပင် ထိုအခိုက်တွင်လေအေးများက ပြင်းထန်စွာတိုးဝှေ့တိုက်ခတ်လာပြီး ပတ်ပတ်လည်ရှိခွေးများက ဆွဲဆွဲငင်ငင်ပင် ထအူကြလေသည်။ နွားချစ်သူက ထိုနေရာရှိရာသို့ တစ်လှမ်းချင်းပင် လှမ်း၍ လျှောက်သွားလိုက်သည်။ ညက မှောင်နေသောကြောင့် ဘာကိုမှ သည်းသည်းကွဲကွဲမမြင်ရ . . မြူတို့ကြားထဲမှာ ခုန်ဆင်းခါးကျိုးရယ် အဝေးက အဖြူရောင်အရိပ်လိုဝေဝါးဝါးနှစ်ခုရယ်တို့ကိုသာ မသဲမကွဲမြင်နေရသည်။ နွားချစ်သူက ထိုနေရာသို့ တစ်လှမ်းချင်း တစ်ရွေ့ချင်းစီသာလျှောက်သွားရင်းနှင့် နောက်ဆုံးတွင်တော့ ခုန်ဆင်းခါးကျိုးလက်ဖြင့်ပုတ်ပြရာနေရာသို့ ရောက်ရှိလာခဲ့ပါတော့သည်။

အပိုင်း(၁၂)ဆက်ရန်

Own Feeling @ 2018 by
@AuroKarshine
MSC-136

Sort:  

အားပေးနေပါတဟ်ဗျာ

ဟုတ်ကဲ့ . . ကျေးဇူးတင်ပါတယ်ဗျ

ဆက်လက်အားပေးပါအုန်းမည်

ကျေးဇူးပါဗျ . . . ဒီ့ထက်ပိုကြိုးစားပါ့မယ်

အားပေးနေပါတယ် bro

ဟုတ်ကဲ့ . . ကျေးဇူးပါဗျ . . နောက်အပိုင်းတွေလည်း အားပေးပါဦး

အားပေးနေပါတယ်။

ကျေးဇူးပါဗျ . . ဆက်လက်အားပေးကြပါဦး

အပိုင်း ၁၁ တောင်ရောက်လာပြီ။
ဆက်လက်အားပေးပါအုံးမည် :D

ဟုတ် . .အားပေးလို့ကျေးဇူးပါဗျ

ပုံက​ကြောက်​စရာသတ္တ၀ါကြီး 😖

ခုန်ဆင်းခါးကျိုးနဲ့တူအောင်ပါ

ကဝေ မလေး ပဲ သဘောကျတယ် ဟီဟီ

bro တော့ ပြုစားခံလိုက်ရပြီ

အခန်းဆက်ဝတ္ထုရှည်ရေးနိုင်တာ လေးစားတယ်ဗျာ...plz v and m me back @mgtoetat

အားပေးလို့ ကျေးဇူးပါဗျ . . နောက်အပိုင်းတွေလည်း ဆက်ကြိုးစားပါ့မယ်

ဝတ္ထုရှည်ကြီးလားကွယ်။

ဟုတ်ကဲ့ . . .ဝတ္ထုရှည်ပါဗျ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 58972.92
ETH 2315.53
USDT 1.00
SBD 2.50