စီးပွားရေးအဆင်ပြေစေမယ့်မှော်နည်းလမ်း

in #myanmar7 years ago (edited)

image
(၄)ဂဏန်းဟာ အခြေခံကျကျစီးပွားရေးစနစ်
တည်ဆောက်နိုင်ခြင်း၊ ကိုယ့်ကိုယ်ကိုသာ အားကိုးအောင်မြင်ခြင်းနဲ့
ငွေရေးကြေးရေးအဆင်ပြေမှုနဲ့ပတ်သတ်တဲ့ကိစ္စများကို ကိုယ်စားပြု
တယ်လို့မှော်ပညာရှင်များက လက်ခံထားကြပြီး ငွေရေးကြေးရေး
အစီအရင်အတော်များများကို (၄)ဂဏန်းနဲ့ စီရင်ခဲ့ကြပါတယ်။
အခုအစီအရင်ကလည်း နံပါတ်(၄)နဲ့သက်ဆိုင်တဲ့အစီအရင်
တစ်ခုဖြစ်ပြီး စမ်းကြည့်ရာမှာငွေရေးကြေးရေးကိစ္စအတော်များများမှာ
အဆင်ပြေတာကိုတွေ့ရပါတယ်။
ဒီနည်းလမ်းကို လုပ်ငန်းတစ်ခုအစပြုလုပ်ကိုင်နေသူများ၊
ငွေကြေးအလွန်လိုအပ်နေသူများ စသောသူများအတွက်အဓိက
သင့်တော်ပြီးတော့ အစီအရင်လုပ်မယ်ဆိုရင်တော့ ပထမဆုံးအနေနဲ့
မိမိကိုယ်နဲ့ အတူအမြဲတမ်းဆောင်သွားတဲ့ပစ္စည်း (ဥပမာ - နာရီ၊
လက်ကောက်၊ ဆွဲကြိုး စသဖြင့်) ကိုယူပါမယ်။ ပြီးနောက်မှာတော့
အဲ့ဒီပစ္စည်းကို လက်ကိုင်ပဝါနဲ့ထုပ်လိုက်ပြီး တကယ့်ကို
သဘာဝတရားတွေချည်းရှိရာနေရာ သဘာဝရေကန်၊ သစ်ပင်များ၊
ပန်းပင်များရှိရာနေရာကိုသွားလိုက်ပြီးမြေသားနေရာတစ်နေရာကို
အနည်းငယ်နက်အောင်တူးလိုက်ပါ။ အဓိကကတော့
သဘာဝမြေသားဖြစ်နေဖို့လိုပါတယ်။ တူးလိုက်လို့ ကျင်းသေးသေးလေး
ရပြီဆိုရင်တော့ လက်ကိုင်ပဝါနဲ့ထုပ်ထားတဲ့ပစ္စည်းလေးကို
ထည့်ပြီး မြေပြန်ဖို့လိုက်ပါ။ ဘာဂါထာမန္တန်မှ ရွတ်ဖတ်နေစရာ
မလိုပါဘူး။
မြေမြှုပ်ပြီးနောက်မှာ အဲ့ဒီနေရာကို ပြန်လှည့်မကြည့်ဘဲ
ပြန်လာခဲ့ပါ။
ပစ္စည်းကိုတော့ လေးရက် (ဒါမှမဟုတ်) လေးလ စသဖြင့်
လေးဂဏန်းဆိုင်ရာကြာချိန်တစ်ခုမှာ ပြန်လည်လာရောက်ကာ
တူးဖော်ပါ။
( လေးနာရီအတွင်း ပြန်လည်တူးဖော်ခြင်းအတွက်
အစီအရင်အစွမ်းမထက်ပါ)
လာတူးဖော်ပြီး ကိုယ့်ဆီမှာ ပြန်အသုံးပြု ပြန်ဆောင်ထားပါက
အဲ့ဒီနောက်ပိုင်း သင့်ရဲ့ စီးပွားရေး၊ ငွေရေးကြေးရေးဆိုင်ရာ
ကံတရားများတဟုန်ထိုးတက်လာနိုင်ပါကြောင်း လက်တွေ့မှော်နည်း
လမ်းလေးကိုဖော်ပြပေးလိုက်ရပါတယ်။

ကာရှိုင်း (ကြယ်စင်ချစ်သူ)
@AuroKarshine
MSC-136

Photo Credit - Google

Sort:  

Hey cool post :)

Congratulations @aurokarshine! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

အစီအရင်​ ဂမ္ဗီရဆရကြီးနဲ့တူတယ်
မိတ်​ဖွဲ့ထားဦးမှ
စိတ်​ဝင်​စားတယ်​ဗျို့
များများတင်​ပါ

Nice,thz for sharing bro.by the way,volt and follow to u

Coin Marketplace

STEEM 0.15
TRX 0.12
JST 0.025
BTC 56556.00
ETH 2492.21
USDT 1.00
SBD 2.22