ကောင်မလေးကိုယ့်အပေါ်သစ္စာရှိစေဖို့မှော်နည်းလမ်း

in #myanmar6 years ago

image
မိန်းကလေးချစ်သူရှိတဲ့
ကောင်လေးတွေသုံးရမယ့်အစီအရင်ဖြစ်ပြီးတော့ ဒီအစီအရင်သုံးခြင်းအားဖြင့်
မိမိရဲ့ချစ်သူကောင်မလေးက မိမိအပေါ်မှာ သစ္စာရှိစေမှာဖြစ်ပါတယ်။
အစီအရင်ကိုတော့ လကွယ်ညမတိုင်ခင် တစ်ညအလိုအချိန်မှာ သုံးရမှာဖြစ်ပြီးတော့
ပထမဆုံးအနေနဲ့ မှော်စားပွဲတစ်ခုကို မိမိရဲ့ အခန်းတွင်းက
အပြင်သဘာဝအလင်းရောင်ကျရောက်ရာနေရာမှာလုပ်ရမှာဖြစ်ပါတယ်။
အစီအရင်လုပ်နေစဉ်မှာ အခန်းတွင်းမှာ မီးမထွန်းပါနဲ့။
အပြင်အလင်းရောင်နဲ့မမြင်ရဘူးဆိုမှသာ မှန်ပျပျအလင်းရောင်လေးကို
ထွန်းစေချင်ပါတယ်။ အလင်းရောင်ကျရောက်ရာနေရာရဲ့ စားပွဲတစ်လုံးပေါ်မှာ
အနက်ရောက်ပိတ်စကို ပထမဆုံးဖြန့်ခင်းပါမယ်။
image
ပြီင်္းနောက်မှာတော့ အလယ်မှာ
ကိုယ့်ရဲ့ကိုယ်ပိုင်မှော်အစီအရင်များရေးထားတဲ့ မှော်မှတ်စုစာအုပ် (Book of Shadow) ကိုထားတာ ပတ်ပတ်လည်မှာတော့ မှော်တုတ်တံ၊ ဝိုင်သောက်ခွက်၊
ဓားတစ်ချောင်းနဲ့ ငါးထောင့်ကြယ်ပုံဆွဲထားတဲ့ ကတ်ထူပြားတို့ကို
ခြံရံထားပါ။ သင့်ချစ်သူပုံနဲ့ သင့်ပုံတို့ကို
နှစ်ပုံမျက်နှာချင်းဆိုင်ကပ်ကာ မှော်စားပွဲပေါ် သင့်ရဲ့ရှေ့တည့်တည့်မှာ
ထားပါ။ ဆက်လက်ပြီး ချစ်သူကောင်မလေးနဲ့ ပတ်သတ်တဲ့အမှတ်တရတွေ
သူပေးဖူးတဲ့လက်ဆောင်တွေ၊ ပို့စ်ကတ်တွေ၊ ဆံပင်တွေ စတာတွေမရှိရင်တောင်မှ
သူ့ရဲ့အမူအကျင့်တွေ အမှတ်တရဖြစ်ရပ်တွေကို
ပန်းရောင်စာရွက်အပိုင်းအစလေးတွေမှာရေးကာ အမှတ်တရ(၆)ခုအထိရအောင် လုပ်ကာ
အမှတ်တရ အပိုင်းအစလေးများကို မှော်စားပွဲပေါ် ပတ်ပတ်လည်မှာ
နေရာချထားပေးပါ။
ပြီးနောက်မှာတော့ အဖြူရောင်ဖယောင်းတိုင်တစ်ချောင်းကို
အဖြူရောင်နှင်းဆီပန်းမှ ဆူးတစ်ချောင်းနဲ့ သုံးချက်တိတိခြစ်ချရင်း
အောက်ပါမန္တန်ကို (၃)ကြိမ်တိတိရွတ်ဆိုပေးရမှာပဲဖြစ်ပါတယ်။
တစ်ကြိမ်ခြစ်ချတိုင်း တစ်ခါရွတ်ဆိုပေးရမှာပါ။
"Oh Gods of all the things that be,
Let (ကောင်မလေးအမည်) remain forever faithful to me."
ရွတ်ဆိုပြီးနောက်မှာတော့ မှော်စားပွဲပေါ်ကို
ဖယောင်းတိုင်ကိုတင်လိုက်ကာမီးထွန်းညှိလိုက်ရင်း ဖယောင်းတိုင် မကုန်မချင်း
ဖယောင်းတိုင်မီးတောက်ကိုကြည့်ကာ "ချစ်ခြင်းတရားတွေလည်း တည်မြဲလာသလို
ချစ်သူကောင်မလေးရဲ့သစ္စာရှိမှုကလည်းပိုလာပြီ" လို့ အာရုံပြုပေးနေပါ။
image
ဖယောင်းတိုင် ငြိမ်းတဲ့အခါမှာတော့ စီရင်ထားသမျှ ပစ္စည်းများအားလုံးကို
ပြန်လည်သိမ်းဆည်းကာ အိပ်ရာဝင်နိုင်ပါပြီ။

ကာရှိုင်း (ကြယ်စင်ချစ်သူ)
@AuroKarshine
MSC-136

Sort:  

နညးလမ်းတွေ က စမ်းလဲ စမ်းကြည်ချင်တယ် စမ်းလဲ မစမ်းရဲ့ ဘူးဟီဟီ

စာဖတ့်ရရင် တော်တော် ဖတ့်ကောင်းမဲ့ ပုံစံပဲ ကိုယ်လည်း ဝါသနာပါတယ် စာဖတ်မရ့ voteပဲ ပေးခဲ့တယ်

ဟုတ် . . steemit မှာ အချို့ဖုန်းတွေမြန်မာစာမမြင်ရတာအတော်ဆိုးတယ် . .

ကျေးဇူးပါဗျ

စုံစုံလင်​လင်​ပါပဲ​နော်​နည်းလမ်း​တွေအများကြီး​နော်​။

ဟုတ် နည်းလမ်းတွေရှိသေးတယ်ဗ

ကြောက်​​တောင်​လာပြီ ​မှော်​ဆရာကို။
Sbd ​ဈေးတက်​​အောင်​ ​မှော်​ပညာနဲ့လုပ်​ပါအုံးဗျ။တအားကျ​နေလို့။

1$ ထိအကျစောင့်နေတာ . . ကျွန်တော်ဝယ်မလို့လေ :P

ဟားဟား အကြံတူ😁😁

ဗဟုသုတရပါတယ်

ဟုတ်ကဲ့ အားပေးလို့ကျေးဇူးတင်ပါတယ်ဗျ

နည်းလမ်းအစီအရင်တွေအများကြီးကပင်ပန်းပါတယ်။ ဒီတိုင်းမေတ္တာလေးသာပို့ပေးနေရင် အေးချမ်းတဲ့မေတ္တာတွေကိုယ့်စီပြန်ရောက်လာမှာအမှန်ပါရှင်။

အမှန်ပေါ့ မေတ္တာက ခွန်အားအကြီးဆုံးလေ

တော်တော်လေ့လာထားတယ်ဖြစ်မယ်

ဟူတ်ကဲ့ . . လေ့လာထားတာဗျ

ဗဟုသုတရပါတယ်ဗျာ

ဟုတ် ကျေးဇူးပါဗျ အားပေးတဲ့အတွက်

လုပ်ကျိအူးမှဘဲ ငိငိ

အဟီး . . အဆင်ပြေပါစေဗျ

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.030
BTC 68362.52
ETH 3747.89
USDT 1.00
SBD 3.66