အချစ်အတွက်မှော်ပေါင်ဒါစီရင်အသုံးပြုနည်းများ

in #myanmar6 years ago

image
အမျိုးမျိုးသောစွမ်းအင်များဟာ နေရာအနှံ့ရှိနေကြပေမယ့်လည်း
တချို့သောစွမ်းအင်များကိုတော့ ကျွန်တော်တို့ခန္ဓာကိုယ်က
တိုက်ရိုက်ခံယူနိုင်စွမ်းမရှိတာကြောင့် မှော်စွမ်းအင်အချို့ကို
ခံယူအသုံးချနိုင်ဖို့အတွက် စွမ်းအင်ခံယူရာပစ္စည်း (Power Receiver)
များအဖြစ် အဆောင်ပစ္စည်းများကို များသောအားဖြင့် အသုံးချကြပါတယ်။
ဒီနည်းကလည်း ကိုယ့်ရဲ့အတွင်းစွမ်းအင်ကို
အဆောင်ရဲ့မှော်စွမ်းအင်နဲ့ပေါင်းစပ်ပြီး အချစ်စိတ်ကိုရယူပေးနိုင်မယ့်
နည်းတစ်နည်းဖြစ်ပါတယ်။
image
နည်းလမ်းက အနည်းငယ်ရှုပ်ထွေးနေပေမယ့်
ဒီအဆောင်ကိုအသုံးပြုသူတော်တော်များများ အဆင်ပြေသွားတာကိုတွေ့ရတာကြောင့်
ဖော်ပြပေးလိုက်ရပါတယ်။ ပထမဆုံးအဆင့်အနေနဲ့ သန့်စင်တဲ့ရေတစ်ခွက်ရဲ့
အခြေမှာကိုယ့်ချစ်သူရဲ့ ဓာတ်ပုံကိုဖြန့်ခင်းကာ
အပေါ်ကနေကြည်လင်တဲ့ရေကိုဖြည့်ပါ။ အဲ့ဒီနောက်မှာ ဆားအချို့ကို
ရေထဲကိုထည့်ကာ လက်နဲ့မွေရင်းနဲ့ စိတ်ကနေလည်း -
“ငါသူ့ကိုအရမ်းချစ်တယ်၊
ဆားမှုန်တွေရေမှာ ပျော်ဝင်နေသလိုမျိုး
ငါ့အချစ်တွေလည်း သူ့နှလုံးသားမှာပျော်ဝင်နေပါစေ။”
လို့ရှစ်ကြိမ်တိတိရွတ်ဆိုပေးပါ။ ရွတ်ဆိုတဲ့နေရာမှာလည်း တကယ့်ရင်ထဲက
လှိုက်လှိုက်လှဲလှဲလာတဲ့ ခံစားချက်နဲ့ ရွတ်ဆိုပေးရမှာပဲဖြစ်ပါတယ်။
image
အဲ့ဒီနောက်မှာတော့ လရောင်ကျရောက်တဲ့နေရာမှာ မှန်တစ်ချပ်ကိုထောင်ထားပြီး
လရောင်ဟာ ကြေးမုံပြင်ကနေတစ်ဆင့် ခုနဖျော်ထားတဲ့ ဆားရည်ခွက်ထဲကို
ကျရောက်နေပါစေ။ အဲ့ဒီလိုထားတဲ့အချိန်မှာလည်း လကိုမော့ကြည့်ကာ -
“လရဲ့အေးမြတဲ့စွမ်းအင်ကနေတစ်ဆင့် ငါ့ရဲ့ချစ်ခြင်းတရားတွေကို
သူ့ရဲ့နှလုံးသားဆီ ငြိမ်းချမ်းစွာပို့လွတ်ပြီး ကြေးမုံပြင်တစ်ချပ်လိုပဲ
တူညီတဲ့ချစ်ခြင်းတရားကို ပြန်လည်ရရှိပါစေ . . ."
လို့ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ရှစ်ကြိမ်တိတိဆုတောင်းပေးပါ။
အဲ့ဒီလိုဆုတောင်းပြီးသွားရင်တော့ မှန်ကိုမှောက်လိုက်ကာ ဆားရည်ခွက်ကို
အိပ်ရာထဲသို့ယူလာပါ။ အဲ့ဒီနောက်ဆားရည်အနည်းငယ်ကို
မိမိအိပ်စက်ရာခုတင်ပေါ်သို့ ပက်ဖြန်းပါ။ အဲဒီနောက်မှာ မိမိနှစ်သက်ရာ
ပေါင်ဒါမှုန့်ဘူးတစ်ဘူးကို ယူပြီး ခုတင်ပေါ်မှာအိပ်စက်အနားယူလိုက်ပါ။
အိပ်စက်အနားယူရာမှာတော့ ပေါင်ဒါမှုန့်ဘူးကို နှလုံးသားရှိရာကိုတင်ထားပြီး
လက်နှစ်ဖက်နဲ့ သေချာဖိထားရင်း မအိပ်ပျော်မချင်း မိမိချစ်ရသူကို
မိမိတတ်အားသရွေ့ မေတ္တာပို့ပေးနေရမှာပဲဖြစ်ပါတယ်။
တစ်ခုကြိုတင်မှာထားချင်တာကတော့ တချို့လူတွေစီရင်ရာမှာ အိပ်စက်ချိန်
ဝိဥာဉ်ခဏထွက်သွားတတ်ပေမယ့် အသက်အန္တရာယ်အတွက်ကတော့
ဘယ်လိုမှမထိခိုက်နိုင်ပါဘူး။
image
မနက်ရောက်တဲ့အခါ အထဲကပေါင်ဒါကို လိမ်းလို့လည်းရသလို
ပေါင်ဒါမှုန့်ဘူးကိုလည်း ချစ်သူနဲ့တွေ့ချိန် ပီယအဆောင်အဖြစ်
ဆောင်သွားလို့ရပါတယ်။နောက်ပြီး ပေါင်ဒါမှုန့်ကို လက်ဖဝါးထဲထည့်ပြီး
ချစ်သူရှိရာကို မှုတ်ထုတ်ခြင်းဖြင့်လည်း အသုံးချနိုင်ပါတယ်။ ဒီအဆောင်ကတော့
တစ်ဖက်သတ်ချစ်သူများနဲ့ အကြောင်းအမျိုးမျိုးကြောင့်ကွဲကွာနေသူများကို
အဆင်ပြေစေနိုင်စွမ်းရှိပြီးတော့ အဆောင်ကို မီးနေသည်များ
မကိုင်မိစေဖို့နဲ့ သုဿန်နေရာ၊ အိမ်သာနဲ့ အဝတ်ကြိုးတန်းများအောက်ကို
မရောက်စေမိဖို့ အထူးဂရုပြုရမှာကိုလည်း သတိပေးလိုက်ရပါတယ်။

အခုဆက်လက်ဖော်ပြမယ့်အစီအရင်ကတော့
အဲ့ဒီထဲကပေါင်ဒါမှုန့်နဲ့စီရင်ရမှာဖြစ်ပြီးတော့ ကိုယ့်အသည်းကိုခွဲခဲ့တဲ့
ကိုယ့်ကိုနာကျင်အောင်လုပ်ခဲ့တဲ့ချစ်သူကို
ပြန်လာအောင်လုပ်တဲ့အစီအရင်ပဲဖြစ်ပါတယ်။ ကြာသပတေးနေ့ည(၁၂)နာရီ
(ကြာသပတေးကနေသောကြာနေ့ကိုကူးပြောင်းချိန်) မှာ ကိုယ့်ချစ်သူရဲ့ဓာတ်ပုံကို
ကိုယ့်အိပ်ရာခေါင်းရင်းမှာချထားပြီးတော့ ဓာတ်ပုံကိုရှေ့ထားကာ
မိမိကိုးကွယ်ရာဘာသာရဲ့ ဘုရားစာရွတ်ဖတ်ခြင်းကိုပြုလုပ်ပါ။
ပြီးနောက်မှာတော့ ချစ်သူဆီကို တကယ့်ရင်ထဲက
လှိုက်လှိုက်လှဲလှဲလာတဲ့ခံစားချက်တဲ့ မေတ္တာပို့သပေးပါ။
အဲ့ဒီနောက်မှာတော့ စိတ်ကိုတည်ငြိမ်အောင်လုပ်ပြီး
သူနဲ့ချစ်ခဲ့တဲ့အချိန်ကနေစပြီး ကွဲကွာခဲ့တဲ့အချိန်ထိ
မျက်ရည်ကျသည်အထိထိုင်တွေးပေးပါ။
image
အဲ့ဒီလိုတွေးပြီးနောက်မှာတော့
ချစ်သူကိုပြန်လာစေလိုတဲ့ဆန္ဒအပြည့်ထည့်ကာ မျက်ရည်စက်များကို
ချစ်သူရဲ့ဓာတ်ပုံပေါ်မှာသုတ်လိုက်ပါ။
ထွက်သမျှမျက်ရည်အားလုံးကိုချစ်သူရဲ့ဓာတ်ပုံပေါ်မှာ
သုတ်ပေးရမှာဖြစ်ပြီးတော့
မျက်ရည်တွေသုတ်စရာမရှိလောက်အောင်ကုန်သွားပြီဆိုရင်တော့
မှော်ပေါင်ဒါဘူးထဲက ပေါင်ဒါအချို့ကို ဓာတ်ပုံပေါ်မှာဖြူးချလိုက်ပါ။
အဲ့ဒီနောက် အဲ့ဒီဓာတ်ပုံပေါ်ကို
ပန်းရောင်ဖယောင်းတိုင်တစ်ချောင်းတင်ထွန်းပြီးတော့
ဖယောင်းတိုင်မီးကိုအသေအချာစူးစိုက်ကြည့်ကာ တတိယမျက်လုံးက
ရွှေကြိုးမျှင်လေးထွက်လာပြီး ဖယောင်းတိုင်မီးကနေတစ်ဆင့် ချစ်သူရဲ့
တတိယမျက်လုံးရှိရာကိုဆက်သွယ်နေတယ်လို့ အာရုံပြုကာ -
"(----ချစ်သူအမည်-----) မင်းရဲ့စိတ်ကိုငါပိုင်သွားပြီ . .
မင်းရဲ့စိတ်ဝိဥာဉ်ကိုငါပိုင်သွားပြီ . .
မင်းရဲ့နှလုံးသားကိုငါပိုင်သွားပြီ . . .၊
မင်းငါ့ဆီပြန်လာရမယ်
မင်းငါ့ကိုပဲသေချာပေါက်ပြန်ချစ်လာရမယ်၊
မင်းငါ့ကိုပဲသေချာပေါက်ပြန်ချစ်လာရမယ်၊
မင်းငါ့ကိုပဲသေချာပေါက်ပြန်ချစ်လာရမယ်"
အဲ့ဒီစကားတွေကို
တတိယမျက်လုံးကထွက်တဲ့ရွှေကြိုးမျှင်လေးကနေတစ်ဆင့်
တိုက်ရိုက်ပို့ဆောင်ပေးနေတယ်လို့အာရုံပြုကာ
ဖယောင်းတိုင်မီးငြိမ်းသည်အထိရွတ်ဆိုပေးပါ။ ဖယောင်းတိုင်ကုန်သွားပြီးနောက်
ဓာတ်ပုံကိုခေါင်းအုံးအောက်မှာထားကာ ချစ်သူကိုမိမိရင်ထဲမှာ
တကယ်ခံစားရတဲ့အတိုင်း အသံထွက်ပြီးရင်ဖွင့်ကာ ခေါင်းအုံးကိုပွတ်သပ်ပေးပါ။
အဲ့ဒီနောက်မှာတော့ အစီအရင်ပြီးမြောက်ပြီဖြစ်လို့ အိပ်စက်လိုက်ပါ။
မကြာမီရက်ပိုင်းအတွင်း သင့်ရဲ့ချစ်သူသင့်ဆီစိတ်ပြန်လည်လာမှာကို
မယုံနိုင်စရာကြုံတွေ့ရမှာဖြစ်ကြောင်း
နည်းလမ်းကောင်းလေးကိုမျှဝေပေးလိုက်ရပါတယ်။ အသည်းခွဲခဲ့တဲ့ချစ်သူကို
ပြန်ကြိုက်လာစေပြီး ပြန်ခံစားရအောင် လက်စားချေခြင်းမျိုးကိုလည်း
ရှောင်ကျဉ်ကြဖို့ အထူးတိုက်တွန်းလိုက်ရပါတယ်ဗျာ . .။

@AuroKarshine
MSC-136

Sort:  

စိတ်ဝင်စားဖို့ကောင်းပါတယ်။လုပ်တော့ မလုပ်ရဲပါ။

အဟီး . .ဟုတ်

မှော်ဆရာလား။ ဘယ်လိုများလေ့လာထားလဲဗျ။

😁😁
ကြာဘီဗျ . . လေ့လာနေတုန်းပဲ . မှော်ဆရာတော့ဟုတ်သေးဘူး

ဟား steemit mamber တွေအစွမ်းထက်လှပါလား

😁😁 steemit မှော်ဆရာတွေလေ

Haha....ment တွေဖတ်ကြည့်ပီးရယ်နေရတယ် ၊ မလုပ်ရဲဘူးတွေချည်းပဲ 😁

မလုပ်​ရဲပါ။

အဟီး . . အချို့နည်းတွေကနည်းနည်းကြမ်းတယ် . .ဒါတော့သိပ်မကြမ်းသေးဘူးရယ်

မန့်တွေကို reply လုပ်ပေးပါ Bro

ဟုတ်ကဲ့ . . တင်ပြီးပြီးချင်း အခြားပို့စ်တွေဖတ်နေလို့ပါ . . အပတ်တိုင်းလည်း ment တွေ reply ပြန်ဖြစ်ပါတယ်ဗျ

စိတ်​ဝင်​စားဖို့​တော့​ကောင်းတယ်​​နော်​။

ဟုတ် . . ဒီနည်းလေးကလည်း ကိုယ်တွေ့နည်းလေးပါဗျ

အဆန်းပဲနော်

ဟုတ် ကိုယ်တွေ့နည်းလေးပါ

မလုပ်ရဲပါဘူး ကြောက်စရာ

အရမ်းတော့ကြမ်းသေးပါဘူးဗျ အဟီး

ထူးဆန်းတယ်ဗျာ...plz v and m me back @mgtoetat...

အင်း မှော်နည်းလေးတွေဆိုတော့

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.030
BTC 67773.95
ETH 3733.37
USDT 1.00
SBD 3.69