♡Morning♡
♡နံနက်ခင်း♡
နံနက်မိုးသောက်
နှင်းစက်ပျောက်တို့
ဖွဲဖွဲကျဆင်း
စက်စက်စိုရွှဲ
မြက်ခင်းစိမ်းပေါ်...။
ကျေးငှက်သံသာ
တစ်စာစာနှင့်
အော်မြည်သံကျူး
မြူးထူးပျော်ပါး
ဆော့ကစားကြ...။
အရှေ့နေရီ
ရောင်နီလင်းတက်
အနွေးဓါတ်တို့
ဖြန့်ကျက်လွှမ်းခြုံ
တောက်ပလျှက်...။♡♡♡
@aungzin
MSC No. 242
🌞
Good bro
Thz u😊